6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ဟော်မုန်းညီမျှ ကောင်းကျိုးရ

မြို့စွန်တစ်နေရာတွင် ကျယ် ဝန်းသော ခြံကြီးတစ်ခြံရှိ၏။

ထိုခြံကြီးသို့သွားရာ မြေနီလမ်း တစ်လျှောက်ဘေးတစ်ဘက်တစ် ချက်တွင် ကြီးမားသော ခရေပင် ကြီးမျး အစီအရီပေါက်လျက်ရှိ၏။

ထိုလမ်းကလေးတွင် တရား ဝင် အမည်မရှိသော်လည်း အနီးရှိ ရပ်ကွက်မှ ပြည်သူများက 'ခရေ လမ်း' ဟု အလွယ်တကူအမည်ပေး ထားကြ၏။

 မာစီးဒီးကားနက်ကြီးတစ်စီး သည် ထိုခရေလမ်းတစ်လျှောက် ပြေးညှင်းစွာ တလိမ့်လိမ့်နှင့် ဝင် လာနေ၏။

ကားကို ဒေါက်တာပြုံးနွဲ့ရီက ကျွမ်းကျင်စွာ မောင်းနှင်နေ၏။

ကားပေါ်တွင် ဒေါက်တာ ယုစန္ဒာ၊ ဒေါက်တာ ခင်ဦးခင်ခင်၊ ဒေါက်တာမြတ်မွန်သက်တင်နှင့် ဒေါက်တာမြမြအေးတို့ လိုက်ပါ တယ်။

 ထိုဆရာဝန်မလေးများသည် တစ်တန်းတည်းသားသူငယ်ချင်းများ ဖြစ်ကြ၏။

ကားကြီးသည် ခြံအတွင်းဝင် သွားပြီး ခေတ်မီနှစ်ထပ်တိုက် ကလေးရှေ့တွင် ညင်သာစွာ ရပ် သွား၏။

ကားရပ်သံကြား၍ တိုက်ပိုင် ရှင်အပျိုကြီးဒေါ်ခင်အေးထွက်လာ ၏။

''တူမကြီးတို့ပါလာတာ  အ တော်ဘဲ၊ မုန့်ဟင်းခါးချက်ထား တယ်။ ဒေါ်ဒေါ်က ခု Scarlet Heart-Yeo ကိုရီးယားကြည့်နေ တာ''

''ဟာ၊ ကောင်းတယ် ဒေါ် ဒေါ်၊ လီဂျုံကီက တူမတို့ အကြိုက် လေ''

မကြာမီ တီဗွီရှေ့တွင် အား လုံးစုဝေးကာ တိုင်ကြ၏။

''ဒီကားက မင်းသားငယ်ငယ် ချောချောတွေ အများကြီးပါတယ်''

''ဟုတ်တယ် တူမကြီး၊အားလုံး ချောတယ်၊ ကြည့်လို့ကောင်းတယ်''

''ဒါနဲ့မေထူးနောင်ချိုတစ် ယောက် မမြင်ပါလား''

''တူမလေးကနေမကောင်း ရှာ ဘူး။ မလာနိုင်ဘူး၊ ဆရာဝန်နဲ့ ပြတော့ Premenstrual Syndro-me တဲ့၊ ငယ်ငယ်ရွယ်ရွယ် လည်း ဖြစ်တတ်သလား''

''ဖြတ်တတ်ပါတယ်၊ ဟော် မုန်းဓာတ်မညီမျှလို့ ဖြစ်တာပါ''

''ဟော်မုန်းဓာတ်က အရေး ကြီးလား''

 ''ကြီးတာပေါ့ ဒေါ်ဒေါ်၊ ဇီဝ ကမ္မဖြစ်စဉ်မှာ သိပ်ကို အရေးပါ တယ်၊ အမျိုးသမီးတွေမှာ  Oestro-gen က အရေးကြီးတယ်။ မ သဘာဝဟော်မုန်းပေါ့။ ဒီဟော်မုန်း က ပမာဏပုံမှန်ရှိမှ၊ များရင်လည်း မကောင်းဘူး နည်းရင်လည်း မကောင်းဘူး''

''ဟုတ်လား၊ ရှင်းပြပါဦး''

''ခုခေတ်မှာ ဟော်မုန်းမညီမျှ  တာ အဖြစ်များနေတယ်။ လူလုပ် ဟော်မုန်းတွေကြောင့်ပေါ့ ဒေါ်ဒေါ်၊ ဘဝနေထိုင်မှု ပုံစံတွေ ပြောင်းလဲ တာလည်းပါတယ်''

 ''ဟုတ်လား၊ အစားအသောက် တွေပြောင်းလဲတာလား''

''ဟုတ်တယ် ဒေါ်ဒေါ်၊ လူ လုပ်ပစ္စည်းတွေမှာ  Xenohorm-one တွေပါနေတယ်။ Xenohor-mone က ဓာတုဗေဒ သဘောအရ Oestrogen နဲ့ ဆင်ဆင်တူတယ်၊ ဌနညသ့သမာသညန များလာရင် မမျှ တမှုဖြစ်လာတယ်''

''ဘယ်ပစ္စည်းတွေမှာ ပါတာ လဲ''

 ''စိုက်ပျိုးရေသုံး ပိုးသတ်ဆေး တွေ၊ ပလတ်စတစ်ပစ္စည်းတွေ၊ စက်ရုံကထွက်တဲ့ စွန့်ပစ်ပစ္စည်း တွေ၊ စက်ကိရိယာတွေကထွက်တဲ့ မီးခိုးငွေ့တွေမှာပါတယ်။ စိုက်ပျိုး ရေးမှာ ပိုးသတ်ဆေးတွေ အရမ်း သုံးကြတယ်။ သီးနှံအထွက်တော့ တိုးပါရဲ့၊ သီးနှံတွေမှာ ပိုးသတ်ဆေး အြ<ွကင်းအကျန်တွေပါလာတယ်။ ဒီကနေ Xenohormone တွေ ကိုယ်ထဲရောက်လာတယ်''

''Xenohormone တွေက အန္တရာယ်ရှိတာပေါ့''

''ဟုတ်တယ် ဒေါ်ဒေါ်၊ ခေါင်း ကိုက်တယ်၊ နှာခေါင်း ရောဂါဖြစ် တယ်။ မျက်လုံးခြောက်သွေ့တယ်၊ ပန်းနာရင်ကျပ်ဖြစ်တယ်၊ ကြာကြာ ထိတွေ့ရင် အဆစ်ရောင်ရောဂါ ဖြစ်တတ်တယ်။ ကြောက်စရာ ကောင်းတာက ကင်ဆာရောဂါ လည်းဖြစ်တယ်''

 ''ဒါဆို ရှောင်ရမှာပေါ့''

''ရှောင်ရမယ် ဒေါ်ဒေါ်၊ ဖြစ် နိုင်ရင် ပလတ်စတစ်အသုံးအ ဆောင်တွေ မသုံးနဲ့၊ Non-Plastic Container  တွေ သုံးရမယ်၊ ဥပမာ Metal Tiffin Carrier လိုဟာ မျိုးပေါ့၊ အိမ်ရှင်မတွေ သတိထား သင့်တယ်''

''သဘာဝနည်းနဲ့ ဟော်မုန်း မညီမျှတာကို ပြုပြင်လို့ရလား''

''ရပါတယ် ဒေါ်ဒေါ်၊ နည်း လမ်းရှစ်ချက်ရှိပါတယ်။

ပထမနည်းလမ်းက သဘာဝ အလျောက် ရှိနေတဲ့ကောင်းတဲ့ အဆီပါတဲ့ အ ရာတွေ စားရမယ်၊ မပြည့်ဝတဲ့ အဆီတွေပါတဲ့ အရာ ပေါ့၊ Omega - 3 တွေ၊ Omega - 6  တွေပေါ့။ အပင်ကရတဲ့ အဆီစား ရမယ်၊ ဥပမာ ဃညေသူေ ဥငူ တိှု့သပဘနညေ တို့ပေါ့၊  စားသင့်တဲ့ အရာတွေက ထောပတ်သီး၊ သံ လွင်ဆီ၊ ပင်လယ်စာ၊နို့ထွက်ပစ္စည်း တွေပါပဲ၊ ပင်လယ်စာမှာ ပင်လယ် ငါးတွေ စားရ မယ်၊ ဥပမာ Salmon  ငါးပေါ့''

''ဒါဆို စားသင့်တဲ့ အစားအ စာ စာရင်းရပြီ''

''ဒုတိယနည်းက ကော်ဖီ လျှော့ သောက်ရမယ်၊ ကော်ဖီမှာက အက်ဆစ်များတယ်၊ ကော်ဖီအစား၊ ရေနွေကြမ်းသောက် ပါ၊ ဒေါ်ဒေါ်က ကော်ဖီ ကြိုက် တယ်၊ လျှော့သောက်ပါ။ တစ်နေ့ကို နှစ် ခွက်သုံးခွက်ပဲ သောက်ပါ''

''ဟုတ်ပြီ၊ လျှော့သောက်ပါ့ မယ်''

''တတိယနည်းလမ်းက အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ရှောင် ရမယ်''

''ဘာတွေရှောင်ရမလဲကွယ်''

''ပိုးသတ်ဆေး၊ ပလတ်စတစ် ပစ္စည်း၊ သန့်ရှင်းရေးလုပ်ရင်သုံးတဲ့ ဓာတုဒြပ်ပေါင်း စတာတွေပဲ။ ဒီ ပစ္စည်းတွေကြောင့် ခန္ဓာကိုယ်က သဘာဝဟော်မုန်းတွေ ထုတ်လုပ် တာ လျော့သွားတယ်။ ပြီးတော့ ဓာတ်တုဒြပ်ပေါင်းတွေပါတဲ့ အငွေ့ တွေလည်း မရှူရဘူး။ အထူး သဖြင့် စက်ရုံတွေက ထွက်တာတွေပေါ့''

''ဒါဆို စားစရာတွေကို ဖန်နဲ့ လုပ်တဲ့ ပန်းကန်ခွက်ယောက်မှာ ထည့်ရမှာပေါ့နော်''

''ဟုတ်တယ် ဒေါ်ဒေါ်၊ Non Plastic Container  တွေ သုံးရမယ်၊ ချက်ရင်ပြုတ်ရင် Non-Coated Metal Cookwdre တွေ သုံးရ မယ်''

''သုံးပါ့မယ်ကွယ်''

''စတုတ္ထနည်းလမ်းက လေ့ ကျင့်ခန်းလုပ်ရင် စနစ်တကျ လုပ် ရမယ်၊ နည်းလမ်းမကျတာ လုပ် မိရင်ဟော်မုန်း မညီမျှတာ ပိုဆိုး လာစေတယ်။ ဒါကြောင့် ဖြစ်နိုင် ရင် ကျွမ်းကျင်တဲ့ နည်းပြဆရာရှိ ရင် ကောင်းတယ်၊ လေ့ကျင့်ခန်း လုပ်ရင်လည်း Slower-Paced Exercise  တွေ လုပ်တာကောင်း တယ်၊ ဥပမာ ယောဂလုပ်တာ၊ လမ်းလျှောက်တာ၊ ဏငူအေန လေ့ ကျင့်ခန်းလုပ်တာတွေပေါ့၊ အလေး ပြားတွေနဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်သင့်တယ်၊ ဥပမာ Kettlebell  သုံးတာမျိုးပေါ့''

''ဟုတ်ပါပြီ လုပ်သင့်ပါတယ်''

''ပဉ္စမနည်းက အိပ်ရေးဝဝ အိပ်ရမယ်၊ ဟော်မုန်းတွေညီမျှဖို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့လိုတယ်၊ အိပ်ရေး မဝရင်ကျန်းမာရေး ထိခိုက်မယ်၊ ရေရှည်အိပ်ရေးပျက် ရင် ဆီးချို၊ သွေးတိုး၊ နှလုံးစတဲ့ ရောဂါတွေ ဝင်လာမယ်''

''ခေတ်ကလေးတွေက ဂိမ်း တွေ၊ ဖေ့(စ်)ဘွတ်တွေနဲ့ အိပ်ရေး ပျက်နေကြတယ်''

''ဒါကို မိဘတွေ အုပ်ထိန်းသူ တွေက ကြပ်မတ်ရမယ်၊ ဆယ် ကျော်သက်တွေ အိပ်ရေးဝအောင် ဂရုစိုက်ကြပ်မတ်ရမယ်''

 ''မှန်တာပေါ့ကွယ်''

''ဆဋ္ဌမနည်းလမ်းက ဗီတာ မင်တွေ၊ ဖသတ္ထုဓာတ်တွေ မချို့တဲ့ အောင် ဂရုစိုက်ရမယ်။ အထူးသ ဖြင့် မဂ္ဂနီဆီယမ် သတ္တုဓာတ်နဲ့ ဗီတာမင်ဒီ လုံလုံလောက်လောက် ရစေရမယ်။ အာဟာရဖြစ်အောင် မျှမျှတတ စားရမယ်၊ ခုခေတ်က အစားအသောက်တွေမှာ အာဟာရ လျော့နည်းလာတယ်။ ဒါကြောင့် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွက်စားရမယ်၊ Sullpement တွေကို လိုအပ်သလို သုံးရမယ်''

''ဆေးဝယ်သောက်ရမှာပေါ့ နော်''

''ကျွမ်းကျင်တဲ့ ဆေးဝါးပညာ ရှင်တွေကိုယ်တိုင်ကြပ်မတ်တဲ့ ဆေး ဆိုင်က ဝယ်ရမယ် ဒေါ်ဒေါ်။ လမ်းထိပ်ကွမ်းယာဆိုင်ကဝယ်၊ မသောက်နဲ့။

သတ္တမနည်းလမ်းက အစာ အိမ်အူလမ်းကြောင်း ကျန်းမာရေး ကို ဂရုစိုက်ရမယ်၊ အူလမ်းကြောင်း မှာ အရေးပါတဲ့ Neurotrans
Mitter တွေထုတ်လုပ်တယ်။ ဟော် မုန်းညီမျှမှုကို ထိန်းပေးတယ်။ ဥပမာပြောရရင် Serotonin ပေါ့၊ Serotonin က အရေးပါတယ်။ Melatonin ထုတ်တာကို ကူညီ တယ်၊ အူလမ်းကြောင်းမှာရှိတဲ့ Serotonin ပမာဏက ဦးနှောက် မှာထက်များတယ်တဲ့၊ ဒါကြောင့် အူလမ်းကြောင်းကို ဂရုစိုက်ရမယ်၊ မတည့်တာတွေ ရှောင်ရမယ်''

''ရှောင်ရမှာပေါ့ကွယ်''

''အဋ္ဌမနည်းလမ်းက Leptin ကို ဂရုစိုက်ရမယ်''

'' Leptin က ဘာလဲကွယ်''

 ''Leptin ဆိုတာက ဟော်မုန်း တစ်မျိုးပါဘဲ၊ အဆီဆဲလ်တွေကို ထိန်းချုပ်တယ်၊ စွမ်းအင်အသုံးချမှု ကို ထိန်းချုပ်တယ်၊ သူကလည်း အ ရေးပါတယ်။ ပညာရှင်တွေက Master Hormone လို့တောင် ခေါ်ကြတယ်။ ဆာလောင်တာကို တားဆီးတယ်၊ မဆာတော့ မစား ဘူး။ အဝလွန် မဖြစ်ဘူး။ Leptin က တခြားဇီဝကမ္မ လုပ်ငန်းဆောင် တာတွေလည်း အများကြီးလုပ်ပေး သေးတယ်''

 ''သြော်၊ ဒီ Hormone က လည်း စိတ်ဝင်စားစရာပဲ''

''ဟုတ်တယ် ဒေါ်ဒေါ် Leptin မမျှတရင် တခြား Hormone တွေလည်း ကမောက်ကမဖြစ်ကုန် ရော၊ လူလည်း အဝလွန်ဖြစ်ရော။ ဒီဟော်မုန်းမျှတနေရင် ကိုယ်အ လေးချိန် လျှော့ချရတာလွယ်တယ်၊ အိမ်ထောင်သည်ဆိုရင် သားသမီး ရလွယ်တယ်၊ အိပ်ပျော်တယ်၊ ရောင်ရမ်းမှု သက်သာစေတယ်။ ဒါကြောင့် အရေးပါတယ်လို့ ပြော ကြတာတဲ့''

''ဟုတ်ပြီ၊ ဒါဆို ဟော်မုန်းမျှတ အောင် ဒီရှစ်ချက်ကို လိုက်နာရမှာ ပေါ့နော်''

''ဟုတ်တယ် ဒေါ်ဒေါ်၊ ရောဂါလက္ခဏာ တစ်စုံတစ်ရာပေါ် လာရင် ကိုယ့်ဘာသာကိုယ် မကု သင့်ဘူး။ ဆရာဝန်ကို ပြရ မယ်၊ ဟော်မုန်းမညီမျှရင် သင့်လျော်သ လိုကုရမယ်၊ ကုထုံးတွေက အမျိုး မျိုးရှိတယ်။ တချို့က သဘာဝ နည်းနဲ့ကုတယ်၊ တချို့က Bioidentical Hormone တွေနဲ့ ကုတယ်၊ ပါရဂူတွေ စမ်းသပ်စစ်ဆေးပြီး သင့် လျော်ရာနဲ့ ကုပေးမှာပါ။ အရေးကြီး တာက ဆရာဝန်ပြဖြစ်ဖို့ပဲ၊ ဟော် မုန်းမညီမျှတာက ဆယ်ကျော် သက်ရော၊ လူလတ်ပိုင်းရော၊ အဘွားကြီးရောဖြစ်နိုင်တယ်၊ ဒါ ကြောင့် အရွယ် သုံးပါး လုံး အကျုံး ဝင်တယ်။ အမျိုးသမီးအားလုံးက ဂရုစိုက်ရမယ်''

''ခုလို ရှင်းပြတာ ကျေးဇူးပါ ဘဲ တူမကြီးရယ်။ မုန့်ဟင်းခါးသုံး ဆောင်ကြပါဦး၊ လက်ဖက်လည်း သုပ်ထားတယ်၊ စားရင်းသောက် ရင်း ကိုရီးယား ခွေလည်း ဆက် ကြည့်ကြပေါ့၊ ဒီဇာတ်လမ်းတွဲက အတော် ရှည်တယ်၊ အပိုင်း (၂ဝ) ရှိတယ်၊ ညအထိကြည့်မှ ပြီးမှာ''

''ကြည့်မယ် ဒေါ်ဒေါ်၊ ညဥ့် နက်သွားရင် မပြန်ဘူး။ ဒီမှာဘဲ အိပ်မယ်''

''အိပ်ပါ ရပါတယ်၊ တစ်တိုက် လုံး ဒေါ်ဒေါ်တစ်ယောက်ထဲနေ တာ။ ဒါနဲ့ မန္တလေးက ဧည့်သည် တွေ ရောက်နေတယ်ဆို ဖိတ်လိုက် ပါလား''

''ဟုတ်သားဘဲ မေ့နေလိုက် တာ၊ ဒေါ်ဒေါ်ပြောမှ သတိရ တယ်''

 ဒေါက်တာပြုံးနွဲ့ရီက Samsung Galaxy A 2017 နောက်ဆုံး ပေါ် ဖုန်းဖြင့် လှမ်းဆက်ကာ ဖိတ် လိုက်၏။

မကြာမီ မုံရွာသူ ဒေါက်တာ မိုးမိုးခင်၊ မန္တလေးသူ ဒေါက်တာ ဝင်းနီလာ၊ ဒေါက်တာ ဝင်းဝင်းမြ၊ ဒေါက်တာ သီတာမိုးကြည် တို့ ရောက်ရှိလာ၏။

ကိုးရီးယားမင်းသားချောလီ ဂျုံကီပါဝင်သော ဇာတ်လမ်းတွဲဖြစ် ၍ အားလုံးက စိတ်ဝင်စားကြ၏။ မုန့်ဟင်းခါးစားရင်း ကြည့်ကြရာ တစ်ဦးလျှင် သုံးလေးပန်းကန်ပင် ကုန်သွား၏။

''မုန့်ဟင်းခါးကလည်း ကောင်း လိုက်တာ၊ မြောင်းမြဒေါ်ချိုလိုပဲ''

''ဟဲ့၊ နွဲ့ရဲ့ ဒါကဖျာပုံ ဒေါ်ချိုဟဲ့''

''ဟာ ဟုတ်လား၊ ဒေါ်ဒေါ်က ဆိုင်ဖွင့်ထားလား၊ ဘယ်နားမှာလဲ''

''မေမွန်က နောက်နေတာပါ။ ဒေါ်ဒေါ်က ဖျာပုံဇာတိလေ၊ နာမည်က ဒေါ်အေးအေးချို၊ ငယ် နာမည်က မချို၊ သက်တူရွယ်တူ တွေက ဖျာပုံဒေါ်ချိုဆိုပြီးနောက် ကြစကြတယ်လေ''

 ''သြော်-ဟုတ်လား၊ ဒါနဲ့ ဒေါ်ဒေါ်က ဘာလို့ အပျိုကြီးလုပ် နေတာလဲ''

''အိုကွယ်၊ လီဂျုံကီနဲ့တူတဲ့ လူရှာနေတာ၊ မတွေ့သေးလို့ပါ ဟဲဟဲ''

အပျိုလတ်နှင့် အပျိုငယ်များ က အပျိုကြီး၏ ဟာသကို သဘော ကျကာ တဝါးဝါးနှင့် ကျယ်လောင် စွာ ရယ်မောကြလေသတည်း။

အောင် (ဆေး-၁)
ရည်ညွှန်းချက်။    ။ မလေးရှားနိုင်ငံ ထုတ် Star သတင်းစာပါ Fit For Life ကဏ္ဍမှ "Balancing your Hormoes" ဆေး ပညာဆောင်းပါး ကို မှီငြမ်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.