29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ခေတ်အမြင် ခေတ်အတွေးနှင့် ပညာရေး - ၄၈

ညနေခင်းဖြစ်၍ ရွှေဘုံသာ လမ်းတလျှောက် လူစည်ကားနေ ၏။

အနော်ရထာလမ်းနှင့် ရွှေဘုံ သာလမ်းထောင့်ရှိ မီးပွိုင့်နှင့်များစွာ မဝေးကွာလှသော အရပ်တွင် 'လေ ညိုကုန်း' လက်ဖက်ရည်ဆိုင် က လေးတည်ရှိ၏။

ထိုဆိုင်ကလေးသည် သာမန် လမ်းဘေးဆိုင်ကလေးဟု ထင်ရ သော်လည်း ထူးခြားချက်ရှိ၏။

 ရွှေဘုံသာလမ်း တလျှောက် လမ်းဘေးဆိုင်ကလေးများ များစွာ ရှိသော်လည်း ထိုဆိုင်ကလေးက ထူးဆန်းသည့် အရာများရှိနေ၏။

ယနေ့ညနေတွင် အငြိမ်းစား ကျောင်းအုပ်ကြီးဦးရွှေသာ၊ စာပေ တိုက်ပိုင်ရှင် ဦးလွင်ဆင့်၊ ဓာတ်ခွဲမှူး ကြီး ဦးÓဏ်အုန်း၊ ကဗျာဆရာမ မကြည်ဆွေ၊ ဝတ္ထုတိုဆရာမ မ စပယ်တို့ ရောက်ရှိနေကြ၏။

မကြာမီ နိုင်ငံခြားမှ ခေတ္တ ရောက်ရှိနေသော အငြိမ်းစား ပါမောက္ခ ဦးလှအေးသည် ဒေါက် တာကျော်ဆွေသိန်းနှင့် အတူ ရောက်ရှိ လာ၏။

ဦးလှအေးသည် နိုင်ငံခြား တက္ကသိုလ်တစ်စုတွင် အချိန်ပိုင်း သင်ကြားရေးတာဝန်ထမ်းဆောင်နေ ရာမှ ခေတ္တအလည်လာခြင်းဖြစ်၏။

''ကြွပါ ဦးလှအေး၊ နေကောင်း တယ်နော်''

ဦးရွှေသာက ခရီးဦးကြိုပြုကာ နှုတ်ဆက်လိုက်၏။

''ကောင်းပါတယ် ဝိဇ္ဇာကြီး ဝိုင်းတော်သားတွေ စုံနေပါလား''

''ဟုတ်တယ်ဗျ၊ ဦးလှအေး လာမယ်ဆိုလို့ စောင့်နေကြတာ''

''အေးဗျာ၊ ကြုံတုန်း ပညာ ရေးအကြောင်းဆွေးနွေးကြတာပေါ့''

''ကောင်းတာပေါ့၊ နိုင်ငံတကာ  အတွေ့အကြုံတွေသိရတာပေါ့''

''နိုင်ငံခြားမှာက အားသာ ချက်ရှိသလို အားနည်းချက်လည်းရှိ တယ်၊ ပြီးပြည့်စုံတော့ မဟုတ်သေး ဘူး''

''ဒါပေါ့ဗျာ၊ ကောင်းတာတွေ ရွေးယူရမယ်၊ ကိုယ့်တိုင်းပြည်နဲ့ ကိုက်ညီတာကိုဘဲ အသုံးချရမယ်''

''ခုတစ်ပတ်ကျောင်းတွင်း ဖြစ် စဉ်ဆိုတာပြောပြမယ်ဗျာ။ ကျောင်း တွင်းဖြစ်စဉ်မှာပါဝင်တဲ့ အချက် လေးချက်ရှိ တယ်။ ကျောင်း တွင်း ဖြစ်စဉ်က ကျောင်းသူကျောင်းသား တွေ အမူအကျင့်ကောင်းလာစေဖို့ အရေးပါတယ်။ ကျောင်းသူကျောင်း သားတွေ လိမ်မာရေးခြားရှိလာ အောင် လုပ်ပေးတယ်၊ ဆရာ သမားကို ရိုသေလေးစားအောင် လုပ်ပေးတယ်၊ စည်းကမ်းလိုက်နာ အောင် လုပ်ပေးတယ်''

''အဲဒီ လေးချက်က ဘာတွေ လဲ ဆရာကြီး''

ဦးလွင်ဆင့်က မေးလိုက်၏။

''ဒီလိုဗျ၊ တစ်အချက်က Institutional Requirement တဲ့ ဗျ၊ နှစ်အချက်က Teacher Requirements တဲ့ဗျ၊ သုံးအချက်က Group and Peer Requirements တဲ့ဗျ၊ လေးအချက်က Developmental Learning Requirements တဲ့ဗျ''

''ဟုတ်ကဲ့ ဆရာကြီး''

''ပထမအချက်ကို အရင်ရှင်း ပြမယ်၊ ကျောင်းသူကျောင်းသား တွေဟာ ကျောင်းတွင်းမှာ စည်း ကမ်းလိုက်နာဖို့လိုတယ်၊ ဥပမာ ဝတ်စားဆင်ယင်မှုမှာ စည်းကမ်း တွေရှိတယ်။ ကျောင်းဝတ်စုံဝတ်ရ မယ်၊ ဒါကို လိုက်နာရမယ်၊ ကျောင်း လာရင် အရပ်ဝတ်နဲ့ မလာရဘူး။ ကျောင်းကားစီးရင် ငြိမ်ငြိမ်သက် သက်စီးရမယ်၊ ဆူပူအော်ဟစ်တာ မလုပ်ရဘူး။ စည်းကမ်းတကျ စီးရ မယ်၊ ကျောင်းသား ဟာ ကျောင်း သား ပီသရမယ်၊ ဒါတွေကို Institutional Requirements လို့ ခေါ် တယ်''

 ''ဟုတ်ကဲ့ ဆရာကြီး''

''ဒုတိယ အချက်က ဆရာ တွေက ပံ့ပိုးပေးရမယ့် အရာတွေ ဘဲ၊ စာသင်ခန်းထဲမှာ စည်းကမ်း သေဝပ်ဖို့ ဆရာတွေက ထိန်းပေးရ မယ်၊ စာသင်နေရင် မဆူရဘူး။ စိတ်ပါဝင်စားစွာ နားထောင်ရမယ်၊ ကျောင်းချိန်အတွင်း အုပ်စုလိုက် သွားဖို့လိုရင် တန်းစီသွားရမယ်၊ ညီ ညီညာညာသွားရမယ်၊ ဖရိုဖရဲ မသွားရဘူး။ ပြေးလွှားပြီးမသွားရဘူး။ သင်ခန်းစာပြီးလို့  လေ့ကျင့် ခန်းတွေလုပ်ရရင် စည်းကမ်း တကျ လုပ်ရမယ်၊ အစမ်းစာမေးပွဲတွေ ဖြေရင်လည်း စည်းကမ်းတကျ ဖြေ ရမယ်''

''ဟုတ်ကဲ့ ဆရာကြီး''

''တတိယအချက်က ကျောင်း သားအချင်းချင်း ဝိုင်းဝန်းကူညီတဲ့ သဘောဘဲ၊ စုပေါင်းလုပ်ဆောင် တတ်ရမယ်၊ အုပ်စုနဲ့လုပ်တတ်ရ မယ်၊ အချင်းချင်းညှာတာရမယ်၊ အားနည်းသူကို ဝိုင်းကူတတ်ရမယ်၊ လေ့ကျင့်ခန်းကို အုပ်စုလိုက်လုပ်ရ ရင်မပြီးသေးတဲ့ ကျောင်း သူကျောင်း သားကို ကူညီရမယ်၊ တစ်ကိုယ် ကောင်းမဆန်ရဘူး၊ အသိုင်းအဝိုင်း ကို လေးစားရမယ်''

 ''ဟုတ်ကဲ့ ဆရာကြီး''

''စတုတ္တ အချက်က ကျောင်း သားတွေ စိတ်ဝင်စားတာကို အား ပေးရမယ်၊ မြေတောင်မြှောက်ပေး ရမယ်၊ သင်ရိုးညွှန်းတန်းပြင်ပက ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကျောင်း သားတွေ ဆန္ဒအတိုင်းဖြည့်ဆည်း ပေးရမယ်၊ စည်းကမ်းဘောင်ထဲက နေခွင့်ပြုရမယ်၊ သူတို့ စွမ်းဆောင်ရည်နဲ့ လိုက်မယ့်ဟာကို လုပ်ခိုင်းရမယ်၊ သင်ကြားရေးပတ်ဝန်းကျင်ကို စိုစိုပြေပြေဖြစ်စေရမယ်၊ ပျင်းရိငြီး ငွေ့ လာအောင် မလုပ်ရဘူး''

''ဟုတ်ကဲ့ ဆရာကြီး။ ဒီလေး ချက်အောင်မြင်ဖို့က ကျောင်းသား ရယ်၊ ဆရာရယ်၊ မိဘရယ်၊ အုပ် ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေရယ်၊ အားလုံးက စုပေါင်းပြီး ဝိုင်းဝန်းလုပ် ဆောင်မှ အောင်မြင်မယ်ထင်တယ် ဆရာကြီး''

''ဟုတ်တယ်ဗျ၊ အားလုံးပါမှ အောင်မြင်မှာ။ ကျောင်းတိုင်း ကျောင်းတိုင်းမှာ မူဝါဒတွေချမှတ် ထားတာရှိတယ်၊ စည်းကမ်းတွေ ချ မှတ်ထားတာရှိတယ်၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပေါ့ဗျာ၊ ဒေသတစ်ခုနဲ့ တစ်ခုကလည်း ကွာခြားချက်တွေရှိ တာကိုး။ ဥပမာ ကျောင်း ဝတ်စုံပေါ့ဗျာ၊ ချမ်းသာတဲ့ မိဘတွေထားတဲ့ ကျောင်းမှာ ကျောင်းဝတ်စုံက တန် ဖိုးကြီးတဲ့ အဝတ်အစားတွေဖြစ်ချင် ဖြစ်မယ်၊ သာမန်လက်လုပ်လက် စား မိဘတွေထားတဲ့ ကျောင်းမှာ သာမန်ပဲဖြစ်ချင်ဖြစ်မယ်၊ ဘာပဲ ဖြစ်ဖြစ် ကျောင်းလာရင်တော့ ကျောင်း ဝတ်စုံ ဝတ်ရမယ်။ ပြီးတော့ သပ်သပ်ရပ်ရပ်ဝတ်ရမယ်၊ အဝတ် က ဟောင်းနေပစေ၊ ကိစ္စမရှိဘူး။ သပ်သပ်ရပ်ရပ်ဝတ်ဖို့ပဲလိုတယ်''

''ဟုတ်ကဲ့ ဆရာကြီး''

''ပြီးတော့ ကျောင်းတက်ချိန် မှန်ရမယ်၊ အချိန်မီကျောင်းရောက် ရမယ်၊ ကျောင်းသားဘဝထဲက အချိန်ကို လေးစားတဲ့ အကျင့် လုပ် ပေးရမယ်၊ နေ့လယ်စာစားရင် စည်းကမ်းတကျစားရမယ်၊ ပေပေ ရေရေ မစားရဘူး။ သန့်သန့်ရှင်း ရှင်းဖြစ်ရမယ်၊ ကစားချိန်မှာ လည်း ကစားကွင်းထဲမှာ စည်းကမ်းရှိရ မယ်။ နံနက်စောစောကွင်းကျယ် တစ်ခုခု ဒါမှမဟုတ် ခန်းမကြီးထဲ မှာ စုဝေးရင်လည်း စည်းကမ်းရှိရ မယ်၊ သြဝါဒပေးတဲ့အခါ ငြိမ်ငြိမ် သပ်သက်နားထောင်ရမယ်၊ ကျောင်းသားချင်းရန်မဖြစ်ရဘူး၊ လိမ်လည်လှည့်ဖျားတာ မလုပ်ရ ဘူး။ ပြစ်မှုကျူးလွန်ရင်ထိုက်သင့် တဲ့ ပြစ်ဒဏ်ချမှတ်ရမယ်''

''ဒါတွေက ကျောင်းကချမှတ် ရမှာပေါ့နော်''

''ဟုတ်တယ်၊ ကျောင်းအုပ်ချုပ် ရေးပိုင်းက ချမှတ်ရမယ်၊ ဒါက မူဝါဒပိုင်းနဲ့လည်း ဆိုင်တယ်။ ကျောင်း သားမိဘရောကျောင်း သားရောကို လည်း ကြိုတင်အသိပေးရမယ်၊ ရှင်းပြထားရမယ်၊ အရွယ်ကိုလိုက် ပြီ နားလည်လွယ်အောင်ပြောရ မယ်၊ ဆရာတွေဟာ မူဝါဒပိုင်နဲ့ မသက်ဆိုင်ပေမယ့် ချထားတဲ့ စည်း ကမ်းတွေလိုက်နာအောင် ထိန်း သိမ်းကြပ်မတ်ရမယ်၊ ကျောင်းသား တွေ လိမ်မာရေးခြားရှိအောင် လက် တွေ့လုပ်ရမှာက ဆရာတွေဘဲ၊ ပြီး တော့ အခက်အခဲရှိရင် ညှိနှိုင်းဖြေ ရှင်းပေးရမယ်၊ တချို့ ကလေးက နေရပ်ကဝေးတယ်၊ မိဘက ချို့တဲ့ တယ်၊ ကျောင်းချိန်မီ အောင်နေ့စဉ် လာဖို့ မလွယ်ဘူး။ 

ဒါမျိုးဆိုရင် ဆရာတွေဝင်ဆောင် ရွက်ပေးရမယ်၊ ညှိနှိုင်းပေးရမယ်''

''ဆရာတွေတာဝန်ကြီးတယ် ပါလား''

''မှန်တယ်၊ ဒါကြောင့်လည်း 'နာသုံးနာ' ရှိရမယ်လို့ ဆိုတာပေါ့၊ ဆရာဆိုတာ တာဝန်ကြီးပါတယ်၊ အုပ်ချုပ်ရေးပိုင်းက ညွှန်ကြား တာ တွေလည်းဖြစ်မြောက်အောင်လုပ် ဆောင်ရတယ်၊ မိဘတွေနဲ့ ပြေ လည်အောင်လည်း ဆက်ဆံရမယ်၊ မြို့ခံနယ်ခံ လူထုနဲ့ လည်းပြေလည် အောင် ဆက်ဆံရမယ်၊ စာလည်း သင်ရတယ်၊ တပည့်တွေ လိမ်မာ ရေးခြားရှိအောင်လည်း ဆုံးမရ တယ်၊ မလွယ်ဘူးဗျ၊ ဝါသနာရှိမှ ရေရှည်လုပ်နိုင်မယ်''

 ''ဟုတ်တယ် ဆရာကြီး၊ ဆရာ ဘဝဟာ လေးစားဂုဏ်ယူစရာပါ''

''မှန်တယ်ဗျ၊ တပည့်တွေနဲ့ အထိအတွေ့များတာက ဆရာပါဘဲ၊ မိဘထက်တောင် အချိန်များ များပိုပြီး ထိတွေ့ရတယ်၊ မနက် ကျောင်းတက်ချိန်ကနေ ညနေ ကျောင်းဆင်းချိန်အထိ ဆရာနဲ့ပဲ ထိတွေ့နေရတာ၊ ဆရာကလည်း တစ်ချိန်လုံးပဲ ပြင်နေရတာ၊ စည်း ကမ်းရှိအောင် ထိန်းရတာ၊ လိမ်မာ အောင် သွန်သင်ရတာဗျ''

''ဟုတ်ကဲ့ ဆရာကြီး''

''ပြီးတော့ နိုင်ငံခြားမှာက ဆရာတွေ အများကြီးခန့်နိုင်တယ်၊ အခန်းတစ်ခန်းမှာ ကျောင်းသားဦး ရေက သင့်ရုံပဲရှိတယ်၊ ဆရာတွေ က နိုင်နင်းတယ်၊ သိပ်ငယ်လွန်းတဲ့ ကလေးတွေဆိုရင် အစစအရာရာ သင်ရတာ၊ သွားတာလာတာ၊ ထိုင် တာထတာကအစ သင်ရတာ၊ ကျွန်တော်တို့ဆီမှာ ဆရာနည်းပြီး ကျောင်းသားသိပ်များတယ်၊ မနိုင် ဘူး။ အတန်းငြိမ်အောင် မနည်း ထိန်းနေရတယ်၊ မလွယ်ဘူး''

''သူတို့ဆီမှာတော့ စာသင် ခန်းကို ပျော်စရာဖြစ်အောင် ဖန်တီးနိုင်တယ်၊ ပစ္စည်းပစ္စယလည်း ပြည့်စုံတယ်၊ သင်ကြားရေး အ ထောက် အကူ ပစ္စည်းရှိတော့ စိတ် ဝင်စားအောင် ဖန်တီးပေးနိုင် တယ်''

''ဟုတ်တယ် ဆရာကြီး''

''ဆရာတွေက စည်းကမ်း လိုက်နာတာက ဂုဏ်ယူစရာဖြစ် အောင် သင်ကြားပေးတယ်၊ ဆုံးမ ပေးတယ်၊ နားဝင်အောင် ပြော တယ်၊ ကျောင်းသားတွေက ဂုဏ် ယူစရာဖြစ်တယ်လို့ ခံယူလာရင် စည်းကမ်းကိုင်ရတာ လွယ်သွား ပြီဗျ''

''ဟုတ်ကဲ့ ဆရာကြီး''

''စာသင်ခန်းဆိုတာ Social Environment ပဲ၊ လူမှုရေးပတ် ဝန်းကျင်ပေါ့ဗျာ၊ ကလေးတွေဟာ ကလေး ကလေးချင်း အတုယူတတ် တယ်။ ကလေးကောင်းတွေရှိရင် ကျန်ကလေးတွေက အတုယူတယ်၊ လိမ်မာလာတယ်၊ ပြီးတော့ စုပေါင်း လုပ်ဆောင် တတ်အောင်လည်း ဆရာတွေက ဆွဲဆောင်ရမယ်၊ စုပေါင်းလုပ်ဆောင်ရာမှာ တစ်ဦး ချင်း တာဝန်ယူတတ်အောင်လည်း သင်ပေးရ မယ်၊ အချင်းချင်း ကူညီ တတ်အောင်လည်း သင်ပေးရမယ်၊ ပြီးတော့ အကျင့်စာရိတ္တကောင်း အောင်လည်း သင်ပေးရမယ်၊ Moral Value ရှိလာအောင် လုပ် ပေးရမယ်''

''ဟုတ်ကဲ့ ဆရာကြီး''

''Role Model  ဆိုတာကို လည်း သတိထားရမယ်၊ တပည့် တွေက ဆရာကိုလည်း အတုယူ တယ်။ ဆရာက စံပြပုဂ္ဂိုလ်ဖြစ်ရ မယ်၊ ဆက်ဆံရာမှာ ကျောသား ရင်သား မခွဲရဘူး၊ မျှတရမယ်၊ သမာသမတ်ရှိရမယ်၊ ဒါမှ ကျောင်း ဒသားက အတုယူစရာစံပြ ပုဂ္ဂိုလ် ဖြစ်မှာ''

''ဟုတ်ကဲ့ ဆရာကြီး''

''ကလေးတွေကို ဘက်စုံဖွံ့ဖြိုး အောင် လုပ်ရာမှာ သူတို့စိတ်ဝင် စားတာကို အားပေးရမယ်၊ မြေ တောင်မြှောက်ပေးရမယ်၊ သိမ်ငယ် တဲ့ ကလေးတွေဆိုရင် ကစားနည်း ကို အခြေခံရတယ်၊ Play-Based Active Exploration ပေါ့ဗျာ၊ နည်းနည်းကြီးလာတော့ သင်ရိုး ညွှန်းတမ်းပြင်ပလှုပ်ရှားမှုတွေပါလာပြီ။ သူတို့ စိတ်ဝင်စားတာ ဖော် ထုတ်ပေးရမယ်၊ တာဝန်ယူတတ် အောင် လေ့ကျင့်ပေး ရမယ်၊ ပြဿနာကို မိမိဘာသာဖြေရှင်း တတ်အောင် သင်ပေးရမယ်၊ ကိုယ့် အားကိုယ်ကိုးတတ်ရမယ်''

''ဆရာကြီးတစ်ခါပြောဖူးတဲ့ ဥပမာရှိပါတယ်။ ငါးကို ဖမ်းနည်း ဘဲသင်ရမယ်၊ ဆရာက ငါးဖမ်းပြီး ကြော်မကျွေးရဘူးဆိုတာလေ''

''ဟုတ်တယ် ငါးဖမ်းနည်း တတ်မှ ကိုယ့်အားကိုယ်ကိုးတတ် မှာ၊ တစ်သက်လုံးရှာဖွေ စား သောက်တတ်မှာ၊ ငါးကြော် ပြီးကျွေး နေရင် ဆရာရှိမှဘဲ စားရမယ်၊ ဆရာနဲ့ ဝေးသွားရင်ငတ်မှာ''

''ဒါပေမယ့် ကျွန်တော်တို့ဆီ မှာက ငါးဖမ်းပြီးကြော်ကျွေးနေရုံ တင် မကဘူး။ အရိုးပါထွင်ပြီး ကျွေး နေရတယ်၊ ဒါတောင် ဝါးရမှာပျင်း လို့ ဝါးပြီးကျွေးပါလား ဆရာလို့ ပြောတဲ့ တပည့်လည်းတွေ့ဖူးတယ် ဆရာကြီး''

''ကျွန်တော်လည်းကြားပါ တယ်၊ စာစီစာကုံးမှာ ဆရာက ဝါ ဆိုလအကြောင်းရေးသားပေးတယ်၊ တပည့်က ၏သည်မကျန်အလွတ် ကျက်တယ်၊ ဝါဆိုလဆိုရင် ဂုဏ် ထူးထွက်တယ်၊ ဝါခေါင်လလည်းဆို ရော၊ မရေးတတ်တော့ဘူး။ အဲသ လို ဖြစ်နေ တယ်။ ပြင်စရာတွေက အများကြီးဘဲ''

 ''ဖြည်းဖြည်းချင်း ပြင်သွားရ မှာပါဘဲ ဆရာကြီး''

''ဒါပေါ့ဗျာ၊ အချိန်ယူရမှာပေါ့၊ နိုင်ငံတော်ကလည်း အားပေးနေပါ ပြီ၊ ပညာရေးအသုံးစရိတ်တွေ လည်း တိုးလာပါပြီ၊ ကောင်းလာမှာ ပါ''

''ဟုတ်ကဲ့ ဆရာကြီး လက် ဖက်ရည် သုံးဆောင်ပါဦး''

 ''ဟုတ်ကဲ့၊ ကျေးဇူးပါပဲဗျာ''

အောင်(ဆေး-၁)

ရည်ညွှန်းချက်။    ။ Indiana University of Pennsylvania မှ ပညာရေးပါရဂူ ပါမောက္ခ Fennimore ရေးသားပြုစုသော "Stuent-Centered Classroom Management" စာအုပ်ကို ရည်ညွှန်းကိုး ကားပါသည်။

အောင် (ဆေး - ၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.