19 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရန်ကုန် မန္တလေး အမြန် လမ်းမကြီးတွင် ဆိုင်ကယ် မတော်တဆ ဖြစ်ပွားနေမှုများမှာ ခရိုင်ကျေးရွာ ချင်းဆက် လမ်းများ၊ ဆိုင်ကယ်လမ်းများ မဖောက် လုပ်နိုင်သေးခြင်းနှင့် စည်းကမ်းမဲ့ မော်တော် ဆို
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 997
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
မျိုးရိုးဗီဇ စစ်ဆေးကြ

ဆောင်းညတစ်ညဖြစ်၍ မြူ နှင်းတို့ ဝေ့ဝဲနေ၏။

 နှင်းစက်များက တံစက်မြိတ်မှ တစ်ပေါက်ပေါက်နှင့် ကျဆင်းနေ၏။

ပဲခူးရိုးမတောင်ခြေရှိ ရွာက လေးတစ်ရွာတွင် အစွန်အဖျား၌ သက်ငယ်မိုးတဲငယ်ကလေး တစ် လုံးရှိ၏။

ထိုတဲငယ်ကလေးအတွင်း၌ ဝါးကြမ်းခင်းပေါ်တွင် ဒေါက်တာ ကျော်ဆွေသိန်းသည် စာရွက်စာ တမ်းများဖြင့် အလုပ်ရှုပ်နေ၏။

 ရှေ့တွင် ရှိသော သစ်သား စားပွဲဝိုင်းကလေးပေါ်တွင်လည်း ဖိုင်တွဲများဖြင့် ရှုပ်ပွနေ၏။

ချမ်းအေးလှသော ဆောင်းရာ သီဒဏ်မှ ကာကွယ်ရန် ကုတ် အင်္ကျီရှည်ကြီးကို တင်းတင်းဆွဲစေ့ လိုက်၏။

''ဆရာကျော်၊ ညဥ့်နက်လှပြီ၊  မအိပ်သေးဘူးလား''

''တဲရှေ့မှ လက်ထောက်ကျန်း မာရေးမှူးကလေးမောင်သာကျော် က မေးလိုက်၏။

''အေးဗျာ၊ လုပ်လက်စ အ လုပ်ကလေးတွေ လက်စသတ်နေ လို့ဗျ၊ လာလေဗျာ။ ငါးခြောက်ဖုတ် နဲ့ ရေနွေးကြမ်းသောက်ရအောင်၊ အပြင်မှာ အေးတယ်ဗျ''

 ''ဟုတ်တယ် ဆရာကျော်၊ ရိုးမဘက်က လေတိုက်တာအေး လိုက်တာဗျာ''

ငှက်ဖျား သုတေသနလုပ်ငန်း ဖြင့် ကွင်းဆင်းလေ့လာရန် ထိုရွာ ကလေးသို့ ဒေါက်တာကျော်ဆွေ သိန်းနှင့် အဖွဲ့ရောက်ရှိနေရာ ရက် အနည်းငယ်ကြာသော် အဖွဲ့သား များ ပြန်ကုန်ပြီဖြစ်၍ တစ်ဦးတည်း ကျန်ရစ်ခဲ့၏။

 ''ကျွန်တော်လည်း ပြန်တော့ မှာ၊ စာရင်းဇယားတွေက ပြီးလုပြီ''

''ဟုတ်လား၊ ဒါဆို ဗန့်ဗွေး ကုန်းမသွားရတော့ဘူးပေါ့''

''ဟုတ်တယ်ဗျ၊ ဗန့်ဗွေးကုန်း သွားတုန်းက လှည်းစီးရတာ အဆင် ပြေပါတယ်။ နွားတွေက ထိန်းရ လွယ်တယ်''

''ဒါက ဒီလိုဗျ၊ ဒီနွားတွေက Óဉ်ကောင်းတဲ့ နွားတွေက ဆင်း သက်တာ''

''အေးဗျာ၊ ရှမ်းချောင်းရွာသွား တုန်းက ဆိုးလိုက်တာဗျာ''

''အဲဒီတုန်းက ကိုရင်သာဂိက နွားဆိုးတွေနဲ့ သွားတာကိုး၊ အဲဒီ နွားတွေက Óဉ်ဆိုးတဲ့ နွားတွေက ပေါက်ဖွားတာဗျ''

''သြော်-ဒါဆို နွားဆိုးနွား ကောင်းဆိုတာက မျိုးရိုးဗီဇနဲ့ဆိုင် တာပဲဗျ၊ ခုလက်တွေ့သိရပြီ''

''လူမှာရော ဒါမျိုးရှိလားဗျ''

''ဟာ-ရှိတာပေါ့၊ လူမှာလည်း ရှိတယ်။ မျိုးရိုးဗီဇက ရောဂါဖြစ် တာနဲ့လည်း သက်ဆိုင်နေတယ်''

''ကျွန်တော်ကြားဖူးတာက ကင်ဆာရောဂါကလည်း မျိုးရိုးဗီဇ နဲ့ သက်ဆိုင်နေတယ်ဆို၊ ရှင်းပြပါ ဦးဗျာ''

''ဟုတ်တယ်၊ သက်ဆိုင်နေ တယ်၊ ကျွန်တော်ရှင်းပြမယ်၊ ဒီလို ဗျ၊ တချို့ရောဂါတွေက မျိုးရိုးလိုက် တဲ့ သဘောရှိတယ်။ သုတေသန လုပ်ကြည့်လို့ သိရပြီး၊ ရောဂါအမျိုး အစားပေါင်းရာနဲ့ချီပြီး ရှိတယ်။ ဥပမာ ပြောရရင် နှလုံးခုန်မမှန်တဲ့ ရောဂါ၊ အာရုံကြောရောဂါ၊ ကင် ဆာရောဂါ၊ မှတ်Óဏ်ချို့ယွင်းတဲ့ ရောဂါတွေမှာ မျိုးရိုးဗီဇချို့ယွင်း ချက်က အရေးပါတယ်၊ မျိုးရိုးဗီဇ တစ်ခုတစ်လေပုံမမှန်တာနဲ့ ရောဂါ ရတဲ့ သဘောရှိတယ်''

''ဟုတ်ကဲ့ ဆရာ''

''အထူးသဖြင့် စိတ်ဝင်စား တာက ကင်ဆာပေါ့ဗျာ၊ သားမြတ် ကင်ဆာ၊ မျိုးဥအိမ်ကင်ဆာ၊ အူမ ကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ အ ရေပြား ကင်ဆာစတဲ့ ကင်ဆာရောဂါ တွေမှာ ဘယ်မျိုးရိုးဗီဇကြောင့် ကင် ဆာဖြစ်နိုင်ခြေပိုများ ရသလဲဆို တာကို တိတိကျကျသိလာပြီဗျ''

''သိလာတော့ ကြိုတင်ကာ ကွယ်နိုင်မှာပေါ့''

''ဒါပေါ့ဗျာ၊ ကြိုတင်ကာကွယ် နိုင်တာပေါ့၊ ခုခေတ်မှာ နည်းပညာ တွေတိုးတက်လာတော့ မျိုးရိုးဗီဇ စစ်ဆေးတာ လွယ်သွားပြီ၊ သွေး နမူနာယူပြီး စစ်လို့ရတယ်၊ တံတွေး  နမူနာယူပြီး စစ်လို့ရတယ်''

''ဟာ-ဒါဆို လွယ်တာပေါ့''

''မျိုးရိုးဗီဇ စစ်ဆေးတာနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ နမူနာ တစ်ခုပြောပြမယ်၊ နမူနာက BRCA ဆိုတဲ့ မျိုးရိုးဗီဇပဲ၊ ဒီမျိုးရိုး ဗီဇက လူတိုင်းမှာရှိတယ်၊ ဆဲလ် တွေ  သဘာဝအလျောက်ပွားများ တဲ့အခါ DNA ကို BRCA က ကာ ကွယ်ပေးတယ်။ ဒါပေမယ့် BRCA က အကြောင်းတစ်ခုခုကြောင့် ချို့ယွင်းတဲ့အခါမျိုးရိုးဗီဇမှာ မှားယွင်းမှု တွေဖြစ်လာတယ်၊ ဒါမျိုးကို Mutation လို့ခေါ်တယ်၊ Mutation ဖြစ် ရာ ကနေ ကင်ဆာဖြစ်လာတာပဲ''

'' Mutation ဖြစ်ရင် ကင်ဆာ ဖြစ်နိုင်ခြေက ဘယ်လောက်များ လာသလဲဆရာ သိပ်များသလား''

''များတယ်ဗျ၊ BRCA Mutation ကြောင့် ရင်သားကင် ဆာ ဖြစ်နိုင်ခြေက ၇ဝ ရာခိုင်နှုန်း ပိုများလာတယ်၊ မျိုးဥအိမ်ကင်ဆာ ၅ဝ ရာခိုင်နှုန်း ပိုများလာတယ်။ ဒါ ကြောင့် ခုလို Mutation ရှိ၊ မရှိ ကြိုတင်စစ်ဆေးဖို့လိုတယ်''

 ''ဟုတ်ကဲ့ ဆရာ''

''ခုနောက်ပိုင်း သိလာတာက BRCA Mutation မရှိလည်း စိတ် ချလက်ချနေလို့မရသေးဘူးတဲ့၊ တခြား Mutation တွေရှိသေး တယ်တဲ့၊ ဒါကြောင့် BRCA Normal ဖြစ်လည်း မျိုးရိုးဗီဇစစ် ဆေးတာကတော့ လုပ်သင့်ပါတယ် တဲ့''

 ''ဟုတ်ကဲ့ ဆရာ''

''အရင်က မျိုးရိုးဗီဇစစ်ဆေးရ တာ လက်ဝင်တယ်၊ အချိန်ကြာ တယ်၊ ငွေကုန်ကြေးကျများတယ်၊ တစ်ခါစစ်ရင် မျိုးရိုးဗီဇတစ်ခုပဲ စစ်နိုင်တယ်''

''ခုရော ဆရာ''

''ခုတော့ နည်းပညာတွေ အ ရမ်းတိုးတက်လာပြီး တစ်ကြိမ် တည်းမှာ မျိုးရိုးဗီဇတွေ အများကြီး တစ်ပြိုင်နက်တည်း စစ်နိုင်ပြီး ငွေ လည်း ကုန်တာ သက်သာတယ်၊ အချိန်လည်း သိပ်မကြာဘူး။ ပြီး တော့ ဥပဒေတွေလည်း ပြင်ဆင် ထားပြီးပြီ၊ စစ်ရဆေးရတာ လွယ် အောင်လို့တဲ့၊ ဒါကြောင့် ခုခေတ်မှာ အရမ်းလွယ်နေပြီ''

''ကောင်းတယ် ဆရာ''

''၂ဝ၁၃ ခုနှစ် မတိုင်ခင်က BRCA က မူပိုင်ခွင့်ရထားတယ်၊ ကုမ္ပဏီတစ်ခုတည်းက လက်ဝါး ကြီး အုပ်ထားတယ်၊ စစ်ရတာ ငွေ ကုန်တယ်၊ စရိတ်ကြီးတယ်၊ အမေ ရိကန် ပြည်ထောင်စုမှာ တရား လွှတ်တော်ချုပ်က မူပိုင်ခွင့်ကို ဖျက် သိမ်းလိုက်တယ်၊ ခုကျတော့ လွတ် လွတ်လပ်လပ်စစ်နိုင်ပြီး ၂ဝ၁၃ နောက်ပိုင်းမှာ မူပိုင်ခွင့်မရှိတော့ဘူး၊ ဒါကြောင့် Risr Assessment Program တွေ လုပ်နိုင်ပြီး စရိတ် လည်း သက်သာသွားပြီ''

''အထွေထွေကု ဆရာဝန်တွေ လည်း လုပ်နိုင်ပြီလားဆရာ''

''BRCA Test က ရှုပ်ထွေး တယ်ဗျ၊ ရလဒ်ကို ဖော်ထုတ်ရာမှာ အခက်အခဲရှိတယ်။ ဒါကြောင့် အထူးကုဌာနတွေကို ညွှန်းပို့တာ များတယ်၊ Genetic Counselor တွေ၊ Medical Geneticist တွေ၊ Oncologist တွေ ဝိုင်းဝန်းဆွေး နွေးတာက ပိုကောင်းတယ်တဲ့၊ သူ တို့က ဝါရင့်တယ်တဲ့၊ အတွေ့အကြုံ ပိုများတယ်တဲ့၊ ရလဒ်ပေါ် မူတည် ပြီး ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်း စဉ်ကိုလည်း အကြံ ဥာဏ်ကောင်း တွေပေးနိုင်တယ်တဲ့''

 ''ဒါပေါ့ဆရာ၊ ကျွမ်းကျင်တဲ့ ပါရဂူတွေနဲ့ တိုင်ပင်ရမှာပေါ့''

''ရင်သားကင်ဆာမှာ ၁ဝ ရာခိုင်နှုန်းက မွေးရာပါမျိုးရိုးဗီဇ ချို့ ယွင်းချက်နဲ့ ဆိုင်တယ်တဲ့၊ မျိုးဥ အိမ်ကင်ဆာမှာ ၂၅ ရာခိုင်နှုန်း က မွေးရာပါမျိုးရိုးဗီဇ ချို့ယွင်းချက်နဲ့ ဆိုင်တယ်တဲ့၊ ဒါကြောင့် မိသားစု ရောဂါရာဇဝင်က အရေးကြီးပါ တယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''တချို့ မိသားစုမှာက မိသား စုဝင် အတော်များများရင်သားကင် ဆာ ဖြစ်ခဲ့ဖူးတာရှိတယ်။ ဒီလို ရောဂါ ရာဇဝင်မျိုးကို ဂရုစိုက်ရ မယ်၊ ပြီးတော့ မျိုးရိုးလိုက်တဲ့ ရောဂါလက္ခဏာစုတွေလည်းရှိတယ်။ Syndrome လို့ ခေါ်တာပေါ့၊ ထူး ခြားတဲ့ Syndrome တစ်ခုက Lynch Syndrome တဲ့၊ ဒီ Syndrome မှာ အူမကြီးကင်ဆာတွေ၊ အမ မျိုးပွား အင်္ဂါကင်ဆာတွေ ပိုပြီးအဖြစ်များတာတွေ့ရတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''မိသားစု ရောဂါရာဇဝင်မှာ မျိုးဥအိမ်ကင်ဆာဖြစ်ဖူးတဲ့ လူ တစ်ဦးရှိနေရင်တောင် ဂရုစိုက်ရ မယ်၊ တစ်ဦးတည်းပဲဆိုပြီး ပေါ့ပေါ့ ဆဆမနေရဘူးတဲ့၊ ဘာကြောင့်လဲ ဆိုတော့ ခုလို ဖြစ်တာ BRCA Gene နဲ့ သက်ဆိုင်ဖို့ အခွင့်အရေး များနေလို့တဲ့''

''ဒါပေါ့ဆရာ၊ ပေါ့ဆလို့ မဖြစ်ဘူး''

''ဒါကြောင့် ဆရာဝန်နဲ့တွေ့တဲ့ အခါ မိသားစုရောဂါရာဇဝင်ကို ပြည့်ပြည့်စုံစုံတင်ပြရမယ်တဲ့၊ ဒါမှ လည်း ကြိုတင်ကာကွယ်ရေး လုပ် နိုင်မှာတဲ့၊ မိမိကိုယ်တိုင်မကဘူး၊ မိမိရဲ့ မိသားစုအတွက်ပါ ကြိုတင် ကာကွယ်နိုင်မှာပါတဲ့''

''မိသားစုရောဂါရာဇဝင်ကို သေ သေချာချာမှတ်ထားရမှာပေါ့နော်''

''ဟုတ်တယ်၊ မှတ်ထားသင့် တယ်၊ မိသားစုဝင်တွေကိုလည်း ဖြန့်ဝေပေးထားသင့်တယ်၊ တတ် နိုင်သမျှ စုံစုံလင်လင် စုဆောင်း ထားသင့်တယ်''

''ကျွန်တော်တို့ ဆီမှာက မှတ် တမ်းတင်တဲ့ ဓလေ့အားနည်းနေ သေးတယ် ဆရာ၊ ကျန်းမာရေး ပညာပေးလုပ်ငန်းတွေလိုနေသေး တယ်''

 ''ဟုတ်တယ်၊ လိုနေသေး တယ်၊ အားလုံး ဝိုင်းဝန်းဆောင်ရွက် ကြရမှာပေါ့ဗျာ''

''သူတို့ဆီမှာက မှတ်တမ်းတွေ စုံစုံလင်လင်ရှိလား ဆရာ''

''ရှိတယ်ဗျ၊ တကယ်လို့ ရောဂါရာဇဝင်က မတိကျရင် သေ ဆုံးသွားတဲ့ အမျိုးအဆွေရဲ့ သေ ဆုံးကြောင်း လက်မှတ်ကို ခြေရာခံ လို့ရတယ်၊ Death Certificate  ခေါ် တာပေါ့၊ ပြည်နယ်တိုင်းမှာ Vital Record Agency တွေရှိတယ်၊ အဲဒီ ဌာနတွေမှာ ခြေရာခံလို့ ရတယ်၊ ပြည့်စုံတဲ့ မှတ်တမ်းတွေရှိတယ်၊ အမေရိကန်ပြည်ထောင်စုမှာရော ကနေဒါမှာရောရှိတယ်''

''ကောင်းတယ်ဗျာ''

 'ပြီးတော့ Medical Family History နဲ့ ပတ်သက်လို့ အခက် အခဲရှိရင် အကူအညီပေးတဲ့ Online Tool တွေလည်းရှိတယ်၊ Free Online Tool  တွေဗျ၊ ငွေ ကုန်စရာမလိုဘူး၊ အခမဲ့ဗျ''

''ဟန်ကျတာပေါ့ ဆရာ''

''Centres for disease control and Prevention ဆိုတဲ့ ဌာနကြီးကလည်း အကူအညီပေး တယ်ဗျ၊ Online Tool အများကြီး နဲ့ ချိတ်ဆက်ထားတဲ့ Link တွေ ရှိတယ်၊ အကူအညီရတယ်''

''ကောင်းတယ် ဆရာ''

''California ပြည်နယ်က Burbank မြို့မှာ Providence St. Joseph Medical Center ရှိတယ်၊ ဒီ Center ရဲ့ လက်အောက်ခံ Roy and Patricia Disney Family Cancer Center ဆိုတာရှိတယ်၊ အဲဒီမှာ Dr.Ora Gordon ဆိုတဲ့ ပါရဂူရှိတယ်၊ သူ့ရာထူးက Directior of the Hereditary Cancer Prevention Program တဲ့ဗျ၊ ပြီး တော့ Los Angeles မှာ ရှိတဲ့ University of California မှာ Professor of Genetics ရာထူး လည်းရထားတယ်၊ သူကလည်း ကင် ဆာကြိုတင်ကာကွယ်ရေး လုပ်ငန်း တွေကို ပံ့ပိုးကူညီပေးနေ တယ်ဗျ''

''ကောင်းတယ် ဆရာ''

''ကဲ-အချမ်းပြေ ရေနွှေးကြမ်း သောက်ဦးဗျာ''

''ဟုတ်ကဲ့ ဆရာ၊ ငါးခြောက် ဖုတ်ကတယ်အရသာရှိပါလား၊ ငရံ့ ခြောက်ထင်တယ်၊ ဆီဆမ်းထားတာ ကလည်း ပဲဆီစစ်စစ်၊ မွှေးနေ တာပဲ၊ ဧကန္တရွာတောင်ဖျားက ဦးသာအိုး တို့အိမ်က ပို့ထားတာထင်တယ်''

''ဟုတ်တယ်၊ ခဏခဏပို့တယ် ဗျ၊ လက်ဖက်သုပ်တွေ၊ ပဲလှော် ကြော်သုပ်တွေ၊ မကျည်းရွက်သုပ် တွေ မကြာမကြာစားရသဗျ''

''ဟဲဟဲ၊ ဧကန္တဦးသာအိုး  သမီးမယ်ဖော့လက်ရာပဲထင်တယ်''

''ဟုတ်တယ်ဗျ၊ မကြာမကြာ လာပို့သဗျ''

''မယ်ဖော့ ကိုယ်တိုင် လာပို့ တာလား''

''ဟုတ်တယ်၊ သူကိုယ်တိုင်လာ တာ''

''ဆရာကျော်ကလည်း တယ် စန်းပွင့်သကိုး''

 ''ဟာဗျာ၊ ရိုးရိုးတန်းတန်းခင် လို့နေမှာပါ''

''ထားပါတော့ဗျာ၊ ဒါပေမယ့် ရိုးရိုးတန်းတန်း ခင်ချင်တဲ့ လူတွေ များနေတယ်ဗျ''

''ဘယ်လို၊ ဘယ်လို၊ ဘာကိုဆို လိုတာလဲ''

''ဒီလိုဗျ ရွာမြောက်ဖျားက ဦး တောကျော်ရဲ့ သမီးဂွက်ထော် ကလည်း မနက်ဖြန် ထမင်းစာြး<ွက ပါတဲ့၊ ရွာအလယ်ပိုင်းက ဦးရွှေအိုး ရဲ့ သမီးမိအေးကလည်း မနက်ဖြန် ထမင်းစာြး<ွကပါတဲ့၊ ဂွကျနေပြီ၊ ဘယ်လိုလုပ်ကြမလဲ''

''လွယ်ပါတယ်ဗျ၊ တစ် ယောက်က မနက်စာ တစ်ယောက် က ညနေစာပေါ့ဗျာ၊ ဟုတ်ဖူးလား''

''ခက်တာက နှစ်ယောက် စလုံး က မနက်စာစားစေချင်တာဗျ၊ နှစ် ယောက်စလုံးကလည်း ကျွန်တော် နဲ့ မကင်းရာမကင်းကြောင်းဗျ''

''အေးဗျာ၊ ဦးနှောက်ခြောက် လာပြီ၊ ဘယ်လိုကြံရပါ့''

 ခေတ္တကြာသော်ဒေါက်တာ ကျော်ဆွေသိန်းအကြံတစ်ခုရကာ မောင်သာကျော်ကို တိုးတိုးကလေး ပြောပြလိုက်၏။

 ဒေါက်တာကျော်ဆွေသိန်း အ ကြံသည်ကားထူးဆန်းလှပေတော့ သည် တကား။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။    ။ Everyday Health စာစောင်မှ "Genetic Testing What it Means For You And Your Remily"  ဆေးပညာ ဆောင်း ပါးကို မှီငြမ်းကိုးကားပါမည်။

အောင် (ဆေး - ၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.