23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အနေမတတ်ရင် လေဖြတ်နိုင်တယ်

ဒေါက်တာရဲခေါင်မင်းညီ သည် ဖုန်းခေါ်သံကြား၍ ကောက် ကိုင်လိုက်၏။

''ဟဲလို၊ ဝိဇ္ဇာကြီးလား၊ ရှမ်းရိုး ရာ အစားအစာလား ရပါတယ်။ ကျိုင်းတုံ မုန့်တီစားမလား ရတယ် လေ၊ SRI WAN TAR Restaurant ကို လာလေ။ လိပ်စာလား၊ အန်ကယ် ဦးလွင်ဆင့်သိတယ်၊ သူ့ ပါခေါ်လာခဲ့လေ ဟုတ်ပြီ ဟုတ်ပြီ''

 ဒေါက်တာရဲခေါင်မင်းညီ သည် SRI WAN TAR Restaurant တွင် ကြိုတင်ရောက်ရှိနေ၏။ ထိုဆိုင်သည် ဒဂုံမြို့နယ် ဦးဝိစာရ လမ်းရှိ Myanmar Culture Valley Basement တွင် ဖွင့်လှစ်ထား၏။

မကြာမီ 'မြေလျှောက်ဝိဇ္ဇာ' ဟု အမည်ပြောင်ရထားသော အငြိမ်း စား ကျောင်းအုပ်ဆရာကြီး ဦးရွှေ သာ၊ စာပေတိုက်ပိုင်ရှင် ဦးလွင် ဆင့်၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်း၊ ကဗျာဆရာမ မကြည်ဆွေ၊ ဝတ္ထု တိုဆရာမ မစပယ်၊ ကဗျာဆရာ မောင်တိုင်ပြာ တို့ ရောက်ရှိ လာ၏။

''ဆရာလေး ဘာတွေရလဲ လုပ်ပါဦး''

''ရှမ်းရိုးရာ အစားအစာရ တယ်၊ ဒါ့အပြင် ယိုးဒယား အစား အစာလဲရတယ်၊ ဝိဇ္ဇာကြီးက ကျိုင်း တုံမုန့်တီစားမယ်ဆို''

''ဟုတ်တယ်၊ မှာပြီးပြီလား''

''မှာပြီးပြီ၊ ကျိုင်းတုံးမုန့်တီက ပဲပုပ်ကို အဓိကထားပြီး ချက်ထား တယ်၊ ဒီဆိုင်မှာ ရှမ်းပြည်တောင် ပိုင်း မိုးနဲဒေသထွက် အကောင်းဆုံး ပဲပုပ်ကို သုံးထားတယ်၊ မုန့်တီ ဟင်းရည်ထဲမှာ ပဲပုပ်အဓိကပါဝင် တယ်၊  ဝက်ရိုးရည်၊ ဝက်သား တောက်တောက် စဉ်း၊ ဝက်သွေးခဲ၊ ကြက်သွေးခဲ၊ လက်ပံပွင့်။ ပြီးတော့ တခြား အသီးအရွက်တွေပါ ပါ တယ်။ အရသာက လေးဆိမ့်မွှေး တယ်၊ မုန့်တီခြောက်ကလည်း ကျိုင်းတုံကနေသွင်းတာ၊ စားကြည့် ပေါ့ဗျာ''

 ''ဟုတ်ပြီ၊ စားကြည့်မယ်''

''ဒီမုန့်တီကို ရှမ်းလူမျိုးတွေရဲ့ ရိုးရာဓလေ့အရ အလှူပွဲတွေမှာ မနက်ခင်း  အစာအစားအနေနဲ့ ကျွေးတယ်၊ ပြီးတော့ ဒီဆိုင်မှာ အမဲစွယ်ဟင်းလျာလည်းရတယ်၊ ဒီ ဟင်းလျာက အမဲကြော်ကို အဓိက ထားပြီး ချက်တာဗျ၊ စပါးလင်၊ ချင်း၊ ဟင်းသီး ဟင်းရွက်တွေ လည်း ပါတယ်၊ အမဲသားချက်ပြီး အနှစ်ကို ထပ်ရောပေးထားတယ်၊ ထူးကဲတဲ့ စွပ်အမဲဟင်းလျာအရသာ ရှိတယ် မြည်းကြည့်ပါဦး''

 ''ကောင်းတယ်၊ ကိုလွင်ဆင့် ကတော့ ယိုးဒယားစာတဲ့''

''ရပါတယ်၊ ယိုးဒယား အသား ကင်ဟော့ပေါ့ရယ်၊ ကော်ဖီရယ်၊ ရေ ခဲမုန့်ရယ်၊ သဘာဝသစ်သီးဖျော် ရည်တွေရယ် အစုံရတယ်၊ အန် ကယ် ဦးလွင်ဆင့်ကြိုက်ရာမှာပါ''

''ဟုတ်ပြီ မှာမယ်ဗျာ''

ထိုဆိုင်တွင် ရောင်စုံပုသိမ်ထီး များ၊ မီးလုံးများနှင့် အနုပညာ မြောက် စွာအလှဆင်ခင်းကျင်းထား၏။ ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်၏။

 ''အေးဗျာ၊ ဒီဆိုင်က အေး အေး ချမ်းချမ်း သုံးဆောင်ချင်ရင် ကောင်းတဲ့ နေရာလေးပဲ၊ မိတ်ဆွေ တွေနဲ့ အေးအေးဆေးဆေးဝိုင်းဖွဲ့ စားလို့ အဆင်ပြေတယ်ဗျ''

''ခုလို စားသောက်နေရတော့ မောင်ဒေါနကို သတိရတယ်''

 ''မောင်ဒေါနက ကဗျာဆရာ မဟုတ်လား၊ အသက်ကငယ်သေး တာဘဲ ဘာဖြစ်လို့လဲ''

''လေဖြတ်နေလို့ဗျ၊ ခုဆေးရုံမှာ''

 ''ဟား-ဟုတ်လား၊ အသက် ငယ်လည်း လေဖြတ်တတ်သလား''

 ''ဖြတ်တတ်တယ်၊ ကဲ ဆရာ ရဲခေါင် ရှင်းပြပါဦး''

''ဒီလိုဗျ၊ လေဖြတ်တာ နှစ်မျိုး ရှိတယ်။ ဦးနှောက်ကို သွေးထောက် ပံ့နေတဲ့ သွေးလွှတ်ကြောတွေရှိ တယ်၊ ပထမတစ်မျိုး က သွေးခဲနဲ့ ကြောပိတ်သွားတာ၊ ဒုတိယတစ်မျိုး က သွေးကြောနံရံပေါက်ထွက်တာ၊ ခုလိုဖြစ်ရင် ဦးနှောက်ကဆဲလ်တွေ သေတယ်၊ အချိန်မီ မကုရင် လူနာ သေတယ်၊ လေဖြတ်တာက အရေး ကြီးတယ်၊ ကံကောင်းလို့ မသေရင် လည်း ဒုက္ခိတဖြစ်သွား တယ်၊ လေ ဖြတ် တာက အရေးပေါ်ကျန်းမာ ရေး ပြဿနာဘဲဗျ၊ အဖြစ်များတဲ့ ရောဂါတစ်ခုပါဘဲ''

 ''ဟုတ်ကဲ့ ဆရာ''

''လေဖြတ်တော့မယ်ဆိုရင် ကိုယ်တခြမ်းလေးလံလာတယ်၊ြ<ွကက်သားတွေအားပျော့လာတယ်၊ ထုံကျင်လာတယ်၊ ဒါက ရုတ်တ ရက်ဖြစ်တာ၊ ပြီးတော့ မျက်စိတွေ ဝေဝါးလာတယ်၊ အမြင်မကြည် ဘူး။ အစာမျိုရခက်လာတယ်။ ရုတ်တရက် ပြင်းပြင်း ထန်ထန် ခေါင်းကိုက်တယ်၊ ခေါင်းကိုက်ရတဲ့ အကြောင်းရင်းကိုလည်း ရုတ်တ ရက် ရှာမတွေ့ဘူး၊ ရုတ်တရက် မူး ဝေတယ်၊ လမ်းလျှောက်ရခက် တယ်။ ယိုင်တိုင်တိုင်ဖြစ်လာတယ် ဟန်ချက် မထိန်းနိုင်ဘူး။ စကား ပြောရခက်လာတယ်၊ ဗလုံးဗထွေး ဖြစ်လာ တယ်၊ အာရုံတွေ နောက် ကျိပြီး စိတ်ရှုပ်ထွေးလာတယ်၊ ဒီ လက္ခဏာတွေပေါ်လာရင် ဆေးရုံ အမြန်ပြပေတော့''

 ''တကယ့် အရေးပေါ်ပေါ့နော်''

''ဟုတ်တယ် အချိန်မီ မကုရင် သေနိုင်တယ်၊ ဆရာဝန်တွေက လေဖြတ်တာနဲ့ ပတ်သက်လို့ စမ်း သပ်ချက်လုပ်လိမ့်မယ်၊ စမ်းသပ် ချက်ကို F.A.S.T လို့ အတိုကောက် ခေါ်တယ်။ Stroke Test ပေါ့ဗျာ၊ F က Face ဗျ၊ လူနာကို ပြုံးခိုင်း တယ်၊ လေဖြတ်ရင် ပါးရွဲ့နေတတ် တယ်၊ A က Arms ဗျ၊ လူနာကို လက်မြှောက်ခိုင်းတယ်၊ လေဖြတ် ရင် လက်တစ်ဖက်က တွဲလောင်း ဖြစ်နေတယ်၊ မမြှောက်နိုင်ဘူး၊ S က Speech ဗျ၊ လူနာကို စကား ပြောခိုင်းတယ်၊ စာကြောင်းကို ထပ် ခါတပ်ခါ ပြောခိုင်းတယ်၊ ပြောနိုင် လား၊ မပြောနိုင်လား၊ ကြည့်တယ်။စကားပီလား မပီလားကြည့်တယ်၊ လေဖြတ်ရင် မပီဘူး၊ ဝါးနေတတ် တယ်၊ စကားပြောရခက်တယ် T က Time အချိန်က သိပ်အရေးကြီး တယ်၊ စောစောကုမှ အသက်ရှင် မယ်။ လေဖြတ်နေတာသိရင် ဆေးရုံ ပြေးပေတော့''

''ဟုတ်ပြီ ဆရာပြောတာရှင်း ပါတယ်''

''လေဖြတ်ရောဂါကုသရာမှာ အချိန်က သိပ်ကိုအရေးကြီးတယ်၊ စက္ကန့်တိုင်း စက္ကန့်တိုင်းက အရေး ပါတယ်၊ ဦးနှောက်ဆဲလ်တွေ ဟာ အောက်ဆီဂျင်မရရင် မိနစ်ပိုင်းအ တွင်း သေကုန်တယ်၊ ခဲပျော်စေတဲ့ ဆေးတွေရှိပေမယ့် ကုသချက်က သုံးနာရီအတွင်း ဖြစ်ရ မယ်၊ ဒါမှ ပိတ်နေတဲ့ သွေးကြောက ပြန်ပွင့် ပြီး ဦးနှောက်ဆဲလ်တွေ သေတာ လျော့နည်းစေမယ်၊ ဆေးကို သုံးနာ ရီ မတိုင်မီ ကိုယ်ထဲသွင်းရမယ်။ကုတာနောက်ကျရင် ကံကောင်းလို့ မသေရင်တောင် ဒုက္ခိတဖြစ်သွား ရော''

 ''ဟုတ်ကဲ့ ဆရာ''

''လေဖြတ်တာက နှစ်မျိုးရှိ တယ်၊ ကုထုံးမတူဘူး၊ ဒါကြောင့် သွေးကြောထဲ ပိတ်တာလား၊ သွေး ကြောဘဲ ပေါက်တာလား၊ ခွဲခြားသိ ဖို့လိုတယ်၊ ဒါကြောင့် CAT Scan ရိုက်ရတယ်၊ ပြီးတော့ တခြားရောဂါ ရှာဖွေရေးတွေလည်း လုပ်ရတယ်၊ အဖြစ်အများဆုံး က သွေးကြော ပိတ်တာပဲ၊ Schaemic Stroke လို့ ခေါ်တယ်၊ တရားခံက သွေးခဲဘဲ၊ သွေးခဲက ဦးနှောက်ထဲက သွေး လွှတ်ကြော ကို သွားပိတ်တာ။ အဲဒီ သွေးခဲက ခန္ဓာကိုယ်တစ်နေရာရာ က ရောက်လာတာဘဲ''

''ဟုတ်ကဲ့ ဆရာ''

''ဒုတိယတစ်မျိုးက သွေးကြော ပေါက်တာ Haemorrhatic Stroke လို့ ခေါ်တယ်၊ သွေးကြော နံရံအား ပျော့ပြီး သွေးဖိအားများ ရင် ပေါက် ထွက်ရော၊ ဒုတိယတစ်မျိုးက ပိုပြီး သေဖို့နီးတယ်၊ အရေးကြီးတယ်''

''ဟုတ်ကဲ့ ဆရာ''

''သွေးကြောနံရံ အဆီဖုံးတာ ကို Athero Sclerusis လို့ ခေါ် တယ်၊ ဒီရောဂါအခြေခံရှိရင် လေ ဖြတ်ဖို့ ပိုပြီး နီးစပ်တယ်၊ သတိထား ရမယ်''

''လေဖြတ်နိုင်ခြေများတဲ့ အ ချက်တွေ သိပါရစေ ဆရာ''

 ''ဒါတွေက သွေးတိုးရောဂါ သွေးထဲမှာ အဆီများတဲ့ အခြေအ နေ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ တွေဘဲ၊ ဒါတွေရှိနေရင် ဖိဖိစီးစီး ကုရမယ်၊ စောစောစီးစီးကုထားရင် လေဖြတ်နိုင်ခြေ လျော့သွားမယ်''

''ဘဝနေထိုင်မှု ပုံစံရောဆိုင် လား ဆရာ''

''ဆိုင်တယ်ဗျ၊ ဆေးလိပ် သောက်တာရယ်၊ ကျန်းမာရေး လေ့ကျင့်ခန်း မလုပ်ဘဲ နေတာရယ်၊ အရက်သောက်တာရယ်ဗျ၊ ဒါတွေရှိ နေ ရင် လေဖြတ်ဖို့ ပိုနီးစပ်တယ်''

''ဟုတ်ကဲ့ဆရာ၊ အစားရှောင် ဖို့ရောလိုလား ဆရာ''

''လိုတယ်ဗျ၊ ဝက်သား၊ ဝက် ဆီ၊ ကြက်အရေခွံ၊ ဘဲအရေခွံ၊ ထောပတ်၊ စားအုန်းဆီ၊ အုန်းသီး၊ အုန်းထွက်ပစ္စည်း စတာတွေရှောင် ရမယ်၊ စားသင့်တာက သစ်သီး ဝလံအမျိုးမျိုး၊ ဟင်းသီးဟင်းရွက် အမျိုးမျိုး၊ ကောက်နှံ၊ ငါး စတာတွေ ပဲ၊ ဒါတွေစား ရင်လေဖြတ်နိုင်ခြေ နည်းသွားလိမ့်မယ်''

''ဟုတ်ကဲ့ ဆရာ''

''လေဖြတ်က အသက်မသေ လည်း ဒုက္ခိတဖြစ်ပြီး ကျန်ခဲ့တတ် တယ်၊ ဒါကြောင့် စောစောကုတာ ကောင်းတယ်၊ ကိုယ်တစ်ခြမ်း သေ တာတို့ စကားမပြောနိုင်တာတို့ လမ်းမလျှောက်နိုင်တာတို့က ပြန် ကောင်းဖို့ ခက်တယ်၊ လေဖြတ်ပြီး ပြန်လည်ထူထောင်ရာမှာလည်း ကု သရေးက အရေးကြီးတယ်၊ ထိ ရောက်တဲ့ ကုသရေးရှိမှ အောင်မြင် တာဗျ''

''ဟုတ်ကဲ့ ဆရာ''

''လေဖြတ်ပြီး နောက်ဆက်တွဲ ကုသရေးမှာ Rehabilitation က အရေးကြီးတယ်၊ လူနာကို နဂို ကျွမ်းကျင်မှုတွေ ပြန်ရစေတယ်၊ လူနာကို သန်နိုင်သမျှ  သန်လာ အောင် ကုသပေးရမယ်၊ ဒီနေရာ မှာ Speech Therapy တို့ Language Therapy တို့က အ ရေးပါတယ်၊ ဒါကလည်း ကျွမ်း ကျင်တဲ့ ပညာရှင်တွေလိုတယ်၊ လူနာကို ဗဟိုအဆင့် ဆေးရုံကြီး တွေ ပို့ပြီး ကုသပေးရမယ်''

 ''ဟုတ်ကဲ့ ဆရာ''

''လေဖြတ်ပြီးရင်ြ<ွကက်သား တွေ အားပျော့တယ်၊ ဟန်ချက်မ ထိန်းနိုင်ဘူး။ ဒါကြောင့် Physical Therapy လိုတယ်၊ြ<ွကက်သားခွန် အားရယ်၊ ဟန်ချက်ထိန်းနိုင်တာ ရယ်၊ ဟန်ချက်ညီညီ လှုပ်ရှားနိုင် တာရယ်က Physical Therapy  နဲ့ မှ ပြန်ကောင်းတာ၊ အသေးစိတ် လှုပ်ရှားမှုတွေ၊ ဥပမာ စာရေးတာ ကြယ်သီးတတ်တာတို့ကျတော့ Occupational Therapy လိုတယ် ဗျ''

''ဟုတ်ကဲ့ ဆရာ''

''လေဖြတ်ရောဂါဖြစ်ပြီးရင် နောက်ဆက်တွဲက စိတ်ကျရောဂါ ဝင်လာတတ်တယ်၊ ဒါကိုလည်း ကု ရမယ်၊ စိတ်ရောဂါ အထူးကု ဆရာ ဝန်ကြီးနဲ့ ကုရမယ်၊ လူနာဟာ စိတ် တိုတတ်တယ်၊ ဒေါသကြီးတတ် တယ်၊ ကြောက်တတ်တယ်၊ ဒါတွေ ကို မိသားစုက နားလည်ရမယ်၊ ဝိုင်းဝန်းကူညီရမယ်၊ အားပေးရ မယ်၊ ဒါမှ လူနာ နာလန်ထူမယ်ဗျ''

''ကြိုတင် ကာကွယ်ရေးရော ဘာလုပ်ရမလဲ''

''ဒါလည်း အရေးကြီးတယ်ဗျ၊ လေဖြတ်ရောဂါရဲ့ သဘောက တစ် ခါဖြစ်ပြီးရင် နောက်ထပ် ထပ်ဖြစ် တတ်တယ်၊ ထပ်မဖြစ်အောင် ကြို တင်ကာကွယ်ရမယ်။ တစ်အချက် က ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ရမယ်၊ နှစ်အချက်က သင့်လျော် တဲ့ လေ့ကျင့်ခန်း မှန်မှန်လုပ်ရမယ်၊ သုံးအချက်က အဝမလွန်အောင်ထိန်းရမယ်၊ လေး အချက်က အရက်ရှောင်ရမယ်၊ ငါး အချက်က အငန်လျှော့စားရမယ်၊ ခြောက်အချက်က ဟင်းသီးဟင်း ရွက်ရယ်၊ ကောက်နှံရယ်၊ ငါးရယ် များများ စားရမယ်၊ ဒါဆို ကြိုတင် ကာကွယ်ရာရောက်ပါတယ်''

''ဟုတ်ကဲ့ ဆရာ''

''လေဖြတ်တာက နောက်တစ် ကြိမ်ထပ်လာနိုင်တယ်၊ ဒါကို လူနာ ရော မိသားစုပါ သတိထားရမယ်၊ စဉ်ဆက် မပြတ် စောင့်ကြည့်ရ မယ်၊ စိတ်ရှည်ရမယ်၊ ဆေးမှန်မှန် သောက်ရမယ်၊ ဆရာဝန်မှန်မှန်ပြ ရမယ်၊ ညွှန်ကြားချက်တွေ လိုက်နာ ရမယ်၊ ပြန်လည် ထူထောင်ရေးမှာ လုပ်ရတဲ့ ကုသရေးတွေက ကြာ တယ်၊ စိတ်ရှည်ရတယ်၊ ဇွဲကောင်း ရတယ်၊ ရေရှည်လုပ်မှ အကျိုးရှိ တယ်၊ ဒါကို နားလည်ရမယ်''

''ဟုတ်ကဲ့ ဆရာ''

''ကဲ-ဆရာရဲခေါင် ဟင်းလျာ တွေစုံပြီ သုံးဆောင်ဗျာ''

''ဒါနဲ့ နေပါဦး၊ ဒီနေ့ ဒကာက ဘယ်သူလဲ''

''ဒကာလာပါလိမ့်မယ်၊ မပူပါ နဲ့ ဆရာ''

ထိုစဉ် အမျိုးသမီး ဆရာဝန် တစ်စုရောက်ရှိလာ၏။

''ဟာ-ဒေါက်တာ တို့ပါလားြ<ွကကြပါ''

ဝိုင်းတော်သားများက လူမှုရေး အရ ဖိတ်ခေါ်လိုက်ရသော်လည်း ဘယ်အတွက် သိသွားရသည်ကို စဉ်းစား၍ မရဘဲဖြစ်၏။

လူများလာ၍ စားသောက် ဖွယ်ရာများ ထပ်မံမှာယူရ၏။

စာပေတိုက်ပိုင်ရှင်ဦးလွင် ဆင့်က ဦးရွှေသာအနီးသို့ ကပ်ကာ တိုးတိုးကလေး မေးလိုက်၏။

''ဝိဇ္ဇာကြီး၊ အလှူဒကာပေး ထားတဲ့ ငွေက ဝိုင်းတော်သားတွေ အတွက်ဘဲ လုံလောက်တယ်၊ ခု လေဒီ ဒေါက်တာတွေအတွက်မပါ ဘူး၊ ဂွကျနေပြီး လုပ်ပါဦး''

''ဟား၊ ဟုတ်လား ဘယ်လို လုပ်ကြမလဲ၊ ဒီလေဒီဒေါက်တာ တွေကိုလည်း ဘယ်သူဖော်ကောင် လုပ်လိုက်သလဲ မသိဘူး''

''ဟုတ်တယ်ဗျ၊ ကျွန်တော်တို့ ချောက်ကျအောင် တစ်ယောက် ယောက်က ချွန်လိုက်တာဖြစ်မယ် ဗျ''

ထိုသို့ အကျပ်အတည်းဖြစ်၍ စိတ်အိုက်နေစဉ် စင်ကာပူမှ ပြန် ရောက်လာသော လူငယ်တစ်ဦး ရောက်ရှိလာ၏။ ထိုလူငယ်က ဦးရွှေသာအနားသို့ ကပ်ခါတိုးတိုး ကလေး ပြောလိုက်၏။

ဦးရွှေသာ၏ မျက်နှာသည် မှိုရသကဲ့သို့ ပြုံးရွှင်သွား၏။

ဦးလွင်ဆင့် မြင်သာအောင် မသိမသာ လက်မထောင်ပြလိုက် ၏။

ဧည့်သည်များက လိုက်ပွဲများ ထပ်မံမှာယူနေသော်လည်း ဦးရွှေ သာက ပြုံးပြုံးနှင့်လိုက်လံ ဧည့်ခံနေ ၏။

ပွဲပြီးပါက ကုန်ကျငွေများစွာ ရှင်းရမည်ဖြစ်သော်လည်း ဦးရွှေ သာမည်သို့ ဖြေရှင်းမည်ကို ဦးလွင် ဆင့် စဉ်းစား၍ မရပေ။

စင်ကာပူမှ လာသောလူငယ် ကိုလည်း ဦးလွင်ဆင့်မသိသဖြင့် ပွဲ ပြီးသည်အထိ ပဟေဠိမပါ လျှို့ ဝှက်ချက်တစ်ရပ်အနေဖြင့်သာ ကျန်ရှိနေသေးတော့၏။

အောင် (ဆေး-၁)
ရည်ညွှန်းချက်။    ။ Web MD မှ "Warning Signs of A Stroke"  ဆေးပညာဆောင်းပါးကို မှီငြမ်းကိုး  ကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.