21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ရင်သွေးငယ်ရှေ့ရေး ထောက်ကူပေး

မြို့စွန့်တစ်နေရာတွင် ကြီးမား သော ခြံဝင်းကြီးရှိ၏။

ခြံအဝင်တံခါးပေါက်မှ အ တွင်းသို့ ဝင်သော မြေနီလမ်း ကလေး၏ ဝဲယာတစ်လျှောက်ကြီး မားသော ခရေပင်ကြီးများ အစီအ ရီပေါက်နေ၏။

 မြောက်ပြန်လေတစ်ချက် အ ဝှေ့တွင် ခရေပွင့်များ ကြွေကျလာ ၏။

သင်းပျံ့သော ခရေရနံ့က နှာဝသို့ ရောက်ရှိ၏။

 ဒေါက်တာကျော်ဆွေသိန်း သည် လင်ကရူဇာဆစ်ဂနပ်(စ်) ကားကြီးကို ဖြည်းညှင်းစွာ မောင်း နှင်နေရင်း သင်းပျံ့သော ခရေ ရနံ့ ကြောင့် လန်းဆန်း သွား၏။

မကြာမီခေတ်မီနှစ်ထပ်တိုက် ကလေး ရှေ့တွင် ကားရပ်သွား၏။

တိုက်အတွင်းမှ ဆူညံသံများ ကြားရ၍ ဧည့်ခန်းအတွင်းသို့ ဝင် ကြည့်လိုက်ရာ သုံးနှစ်အရွယ် ကလေးငယ်သုံးဦး ပျော်ရွှင် စွာ ဆော့ကစားနေသည်ကို တွေ့ရ၍ အံ့သြသင့်သွား၏။

''ဟာ-မောင်ကျော်၊ ထိုင်လေ၊ ကလေးတွေ တွေ့လို့ ထူးဆန်းနေ တာလား။ ဒါကတူမဝမ်းကွဲက မွေး တဲ့ မြေးကလေးတွေလေ၊ တူမ ဝမ်း ကွဲ ခရီးသွားနေလို့ ခဏခေါ်ထား တာကွယ့်''

တိုက်ပိုင်ရှင်အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင် အေးက ရှင်းပြလိုက်၍ ဒေါက်တာ ကျော်ဆွေသိန်းသိရှိသွား၏။

''ကောင်းပါတယ်၊ အန်တီ အေးလည်း မပျင်းတော့ဘူးပေါ့''

''မောင်ကျော်လာတုန်းမေးရ ဦးမယ်၊ ကလေးတွေက ဝမ်းကွဲတွေ ပေါ့ကွယ်၊ နှစ်ယောက်က အမြွှာ၊ တူမအကြီးက မွေးတာ၊ ကျန် တစ် ယောက်က တူမအငယ်က မွေးတာ၊ ဒါပေမယ့် မတူကြဘူး၊ Óဏ်ရည် ကွာနေတယ်''

 ''အဲဒါ စိတ်ဝင်စားစရာ ကောင်းတယ်၊ ဒီကိစ္စကို ပါရဂူတွေ လည်း စိတ်ဝင်စားတယ်၊ New Zealand မှာ သုတေသနလုပ်ခဲ့ တယ်၊ သုတေသနကို Nature Human Behaviour ဆိုတဲ့ ဆေး ပညာဂျာနယ်မှာ ဖော်ပြထားတယ်''

''ဟုတ်လား၊ ရှင်းပြပါဦးကွယ်''

''ကလေးတွေကို သုံးနှစ်အ ရွယ်ကတည်းက Brain Test တွေ လုပ်တယ်၊ ရလဒ်ကို မူတည်ပြီး ကလေးရဲ့ အနာဂတ်အလားအ လာကို ခန့်မှန်းနိုင်တယ်တဲ့၊ ဥပမာ- Cognitive Test လို့ ခေါ်တဲ့ Óဏ်ရည်စမ်းသပ် ချက်တွေမှာ ရမှတ်နည်းနေရင် ကလေးဟာ ဦးနှောက် ဖွံ့ဖြိုးမှုနည်း နေတာကို ပြတယ်တဲ့၊ ဒီလို ကလေးမျိုးဟာ ကြီးလာရင် Óဏ်ရည်ချို့တဲ့ပြီး သူ များကို မှီခိုနေရတတ်တယ်တဲ့''

''Cognitive Test က ဘာကို စမ်းတာလဲ''

''လွယ်လွယ်ပြောရရင် ဘာ သာစကားကို ကျွမ်းကျင်မှုဆိုင်ရာ စမ်းသပ်ချက်ပေါ့ အန်တီ၊ ဒါဟာ ငယ်ရွယ်စဉ်မှာ ဦးနှောက်ကို လှုံ့ ဆော်မှုနည်းပါးခဲ့တာကိုလည်း ပြ နေတယ်တဲ့''

''စိတ်ဝင်စားစရာပဲ''

''အမေရိကန် သုတေသီတွေ ကလည်း ဒီလိုစမ်းသပ်ချက်မျိုးလုပ် ဖူးတယ်၊ Duke University က ပါရဂူတွေက ငယ်ရွယ်စဉ် အတွေ့ အကြုံတွေဟာ အရေးကြီးပါတယ် တဲ့၊ Óဏ်ရည်ချို့တဲ့တဲ့ ကလေးတွေ ကို ပံ့ပိုးမှုပေးရပါမယ်တဲ့''

''အေးပေါ့၊ ပံ့ပိုးပေးရမှာပေါ့''

 ''သုတေသီတွေက ကလေး ငယ်ပေါင်း တစ်ထောင်ကျော်ကို လေ့လာခဲ့တယ်၊ Language ရယ်၊ Behavioural Movement ရယ်၊ Cognitive Skill ရယ်၊ ဒီသုံးခုကို အမှတ်ပေးစနစ်နဲ့ အကဲဖြတ်ကြည့် တယ်၊ သုံးနှစ်အရွယ်မှာ ဒီအမှတ် ပေးစနစ်မှာ ရမှတ်နည်းရင် နောင် အတွက် အလားအလာ မကောင်း ဘူး။ ရမှတ်နည်းတဲ့ ကလေးတွေထဲ မှာ တချို့ကကြီးလာတဲ့အခါ ရာဇ ဝတ်ကောင်တွေဖြစ်လာတယ်၊ တချို့က လူစဉ်မမီလို့ လူမှုဝန် ထမ်းထောက်ပံ့ကြေးယူတဲ့ လူတွေ ဖြစ်လာတယ်။ အဲသလို တွေ့ရ တယ်''

''ဆင်းရဲတဲ့ ပတ်ဝန်းကျင်က လာတဲ့ ကလေးတွေ ထင်တယ်''

''ပါရဂူတွေ ယူဆတာက ဆင်းရဲတာတစ်ခုတည်းကြောင့် မဟုတ် ဘူးတဲ့၊ လူလတ်တန်းစား ပတ်ဝန်း ကျင်ကို လေ့လာတော့ ရ မှတ်နည်းတဲ့ ကလေးတွေ တွေ့ရ တယ်တဲ့၊ သူတို့ဟာ ကြီးလာတော့ အခက်အခဲရှိတာကို တွေ့ရတယ် တဲ့''

''ဒါဆို ပြုပြင်လို့ရပါမလား''

''ရတယ် အန်တီ၊ ပါရဂူတွေ ယူဆတာက ငယ်စဉ်မှာ Óဏ်ရည် ချို့တဲ့ပေမယ့် ပံ့ပိုးမှုပေးနိုင်တယ်တဲ့၊ Reabilitation Programme ဆို တာတွေရှိတယ်တဲ့၊ ပြုစုပျိုးထောင် ရေး နည်းလမ်းတွေပေါ့ အန်တီ၊ ဒီနည်းလမ်းတွေကြောင့် ကလေး တွေဟာ ဖွံ့ဖြိုးလာနိုင် ပါတယ်တဲ့''

''တော်ပါသေးရဲ့ကွယ်''

''North Carolina မှာရှိတဲ့ Duke University က Professor Terrie Moffitt ဆိုတဲ့ ပါရဂူက ခုသုတေသနမှာ တွဲဖက်ခေါင်း ဆောင်ပေါ့၊ သူက ပြောတယ်၊ စော စောပံ့ပိုးလေကောင်းလေပဲတဲ့၊ စောစောစီးစီးသိလို့ စောစောစီးစီးပြု စုပျိုးထောင်ရင် ရလဒ်ကောင်းပါ တယ်တဲ့''

''ဒါဆို စောစောလုပ်ရမယ်''

''ပါရဂူကြီးက ပြောတယ်၊ လက်ရှိ လူနေမှု အဖွဲ့အစည်းက Óဏ်ရည်နိမ့်တဲ့ လူတွေကို အထင် သေးတယ်၊ ပစ်ပယ်တယ်တဲ့၊ တကယ်က ဝိုင်းဝန်းပံ့ပိုးရမှာ ဖြစ် ပါတယ်တဲ့၊ လူများစုက ရှေး ဟောင်း အတွေးအခေါ်တွေကို စွန့် ပစ်ဖို့လိုပါတယ်တဲ့၊ အဲသလို ပြော ထားတယ် အန်တီ''

''ဟုတ်တာပေါ့၊ စွန့်သင့်တာ စွန့်ရမှာပေါ့''

''ဒီသုတေသနမှာပါတဲ့ နောက်ပါရဂူတစ်ယောက်ရှိသေး တယ်၊ သူက Professor Avshalom Capsi တဲ့၊ သူက London မြို့ က King's College က ပါရဂူတဲ့၊ သူက ပြောတယ်၊ ခုသုတေသန ရလဒ်ကြောင့် အုပ်ချုပ်တဲ့အစိုးရ ပိုင်းက ပုဂ္ဂိုလ်တွေ သဘောပေါက် လာမှာထင်ပါတယ်တဲ့၊ ပြုစုပျိုး ထောင်ရေး အစီအစဉ်မှာတွေ အ စိုးရက ရန်ပုံငွေတွေ ခုထက်ပိုပြီး သုံး လာမယ်လို့ မျှော်လင့် ပါတယ်တဲ့''

''ဟုတ်တာပေါ့၊ သုံးသင့်တာ ပေါ့''

''UK မှာတော့ အခြေအနေ ကောင်းတယ် အန်တီ၊ အစိုးရ အ ဆက်ဆက်က Nursery Education ကို အလေးထားခဲ့တယ်၊ ပံ့ပိုးခဲ့ တယ်၊ ကလေးငယ်တွေဟာ စော စောစီးစီး လေ့ကျင့်သင်ကြားမှုလို တယ်ဆိုတာကို အသိအမှတ်ပြုခဲ့ တယ်''

 ''ကောင်းတာပေါ့ကွယ်''

''UK မှာ Nuffield Foundation ဆိုတဲ့ အဖွဲ့ကြီးရှိတယ်။ ဒီအဖွဲ့ ကြီးက Director of Education ဖြစ်တဲ့ Josh Hillman ပြောတယ်၊ Early Years Education ဟာ အရေးကြီးကြောင်း အစိုးရပိုင်းက ပုဂ္ဂိုလ်တွေနားလည်သဘောပေါက် ခဲ့ပါတယ်တဲ့၊ ဒါပေမယ့် ခုထက်ပို ပြီး ဆောင်ရွက်ရပါဦးမယ်တဲ့''

''လိုရင်လည်း ထပ်ကြိုးစားရ မှာပေါ့''

''ဟုတ်တယ် အန်တီ၊ သုတေ သနတစ်ခုရဲ့ နာမည်က Dunedin Longitudinol Study တဲ့၊ ဒီ သုတေသနက လူပေါင်း ၁ဝ၃၇ ဦး ကို လေ့လာခဲ့တယ်။ သုတေသန ကာလက ၁၉၇၂ ခု ဧပြီလကနေ ၁၉၇၃ ခုမတ်လအထိ ကြာခဲ့ တယ်။ အစမ်းသပ်ခံပုဂ္ဂိုလ်တွေရဲ့ ကျန်းမာရေးနဲ့ အပြုအမူကို လေ့ လာခဲ့တယ်၊ သုတေသနရလဒ်တွေ အရ Óဏ်ရည်ချို့တဲ့သူတွေကို ပံ့ ပိုးမှုလုပ်သင့်တယ်ဆိုတာ သိလာ ရတယ်''

 ''ကောင်းတဲ့ သုတေသနတွေ ပါပဲ''

''UK ဟာ တိုးတက်တဲ့ နိုင်ငံ ဆိုပေမယ့် ပြီးပြည့်စုံတော့ မဖြစ် သေးဘူး။ Nursery တိုင်းမှာ Qualified Early Years Teacher တွေ မရှိသေးဘူး။ Nursery တိုင်း မှာရှိသင့်တယ်ဆိုတာ ပါရဂူတွေက ထောက်ပြကြတယ်၊ ဆရာလုံ လောက်မှ Speech Skill တို့၊ Language Skill တို့ကို ကောင်း ကောင်း ဖွံ့ဖြိုးအောင်လုပ်ပေးနိုင် မှာတဲ့''

''ဆရာ လုံလောက်ဖို့ လိုတာ ပေါ့ကွယ်''

''Early Years Teacher ဖြစ် ဖို့ကလည်း အရေးကြီးတယ်၊ လို အပ်ချက်တွေက များတယ်၊ တစ်ခု က ဘွဲ့ရရမယ်၊ ပြီးတော့ အင်္ဂလိပ် စာ၊ သင်္ချာ၊ သိပံ္ပဘာသာရပ်တွေမှာ GCSE C Grade  ရရမယ်၊ ပြီးတော့ Professional Test တွေမှာ ဖြေဆို အောင်မြင်ရမယ်၊ Initial Teacher Training ရခဲ့ရမယ်၊ ဒါမှ ဆရာဖြစ် မှာတဲ့''

 ''အေးပေါ့၊ အရည်အချင်း ပြည့်စုံရမှာပေါ့''

''UK မှာ Save The Children ဆိုတဲ့ လူမှုရေးအဖွဲ့ကြီးလည်း ရှိ တယ်၊ ဒီအဖွဲ့ကြီးက University College London လက်အောက်ခံ  Institute of Child Health နဲ့ ပေါင်းပြီး အစီရင်ခံစာတစ်စောင်ပြု စုခဲ့တယ်။ ဒီအစီရင်ခံစာ နာမည် က "Lighting Up Young Brains" တဲ့၊ ဒီအစီရင်ခံစာမှာ Preschool Year တွေဟာ အရေး ကြီးကြောင်း ဖော်ပြထားတယ်၊ Preschool ကာလမှာ Key Skill တွေ ဖွံ့ဖြိုးဖို့ အချိန်အခါကောင်းလို့ ဆိုထားတယ်''

 ''အစီရင်ခံစာက ကောင်းတာ တွေ ပြောထားတာပဲ''

''ဟုတ်ပါတယ်၊ အစီရင်ခံ စာက အရည်အချင်းပြည့်ဝတဲ့ ဆရာတွေ ကြီးကြပ်ကွပ်ကဲပြီး "Bran Time" ဆိုတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်သင့်ပါတယ် တဲ့၊ ကောင်းတဲ့ အကြံÓဏ်ပေးတာ ပေါ့ အန်တီရယ်''

''ဟုတ်ပါတယ်၊ ပေးသင့်ပါ တယ်''

''UK မှာလည်း မပြည့်စုံသေး ဘူး၊ အားနည်းချက်တွေရှိနေသေး တယ်။ မနှစ်က လေ့လာချက်အရ ကလေးစုစုပေါင်း တစ်သိန်း သုံး သောင်းဟာ ဘာသာစကား အ ခက်အခဲတွေ့ကြုံနေရတယ်တဲ့၊ ဒါ ကြောင့် Nursery Education ကို အလေးထားဖို့ တိုက်တွန်းနေတာပါ တဲ့''

''မပြည့်စုံသေးတော့ ကြိုးစား ရဦးမှာပေါ့''

''သုတေသီတွေက ဆရာတွေ ကိုလည်း သုတေသနလုပ်ခဲ့တယ်၊ Professor Cathy Nutbrown က ၂ဝ၁၂ ခုနှစ်မှာ ဆရာတွေကို လေ့ လာခဲ့တယ်၊ လေ့လာချက်အရ Literacy Skill နဲ့ Numeracy Skill တွေမှာ ဆရာတွေဘက်က လိုအပ် ချက်တွေ ရှိနေသေးတယ်တဲ့''

 ''သုတေသနက ပြည့်စုံသား ပဲ''

''ဟုတ်တယ် အန်တီ၊ ကလေး တွေကိုလည်း လေ့လာတယ်၊ ဆရာ တွေကိုလည်း လေ့လာတယ်၊ ပြီး တော့ မိဘတွေကို လည်း လေ့လာ ခဲ့တယ်။ ပြီးတော့ ပြုပြင်သင့်တာ တွေလည်း ပြုပြင်ခဲ့တယ်၊ Childcare Minister ဖြစ်တဲ့ Elizabeth Truss က ဆရာတွေကို Óဏ်သစ်လောင်းသင်တန်းတွေ ပေးဖို့ စီစဉ်ခဲ့တယ်''

 ''ကောင်းတယ်၊ ဒါလုပ်သင့် တယ်''

''UK မှာက လူမှုရေး အဖွဲ့ ပေါင်းစုံရှိတယ်။ Pre-School Learning Allianc ဆိုတဲ့ အဖွဲ့က Chief Executive ဖြစ်တဲ့ Nell Leit က ပြောတယ်၊ ဘွဲ့ရတွေဝင်လာလို့ အဆင်ပြေလာပေမယ့် ရန်ပုံငွေများများရဖို့ လိုသေးကြောင်း ထောက်ပြခဲ့တယ်၊ ရန်ပုံငွေ လုံ လောက် မှ လည်း လုပ်ငန်းတွေ အောင်မြင်မှာကိုး''

''မှန်တာပေါ့ကွယ်''

''University of Califonia  လက်အောက်ခံ Institute of Child Health က ပါရဂူ Professor Trosten Baldeweg ဆိုတာ Professor of Neuroscience ရာထူးရထားတယ်၊ သူက ပြော တယ်၊ Early Childhood ကာလ ဟာ သိပ်ကို အရေးကြီးပါတယ်တဲ့၊ ငယ်ရွယ်စဉ်မှာ ဦးနှောက်ထဲမှာ အာရုံကြော ဆက်သွယ်မှုတွေ ဖြစ် ပေါ်လာပါတယ်တဲ့၊ တကယ်လို့ မ ဖြစ်ပေါ် ခဲ့ရင် နောင်အခါမှာ ရုပ် ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုရော၊ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှုပါထိခိုက်နိုင်ပါ တယ်တဲ့''

''ဒါဆို ဂရုစိုက်ရမှာပေါ့''

''ပြီးတော့  Save The Children အဖွဲ့ကြီးက Director နောက်တစ်ဦးဖြစ်တဲ့ Gareth  Jenkins ကလည်း ပြောတယ်၊ Nursery Education ဟာ အရေး ကြီးပါတယ်တဲ့။ ဒါကြောင့် Nursery Quality ကို မြင့်မားအောင် လုပ် ဆောင်ရပါမယ်တဲ့''

 ''ဒါဆို အစိုးရကရော လူမှု ရေး အဖွဲ့အစည်းတွေကရော ဝိုင်း ဝန်းလုပ်ဆောင်ရမယ့် သဘောပဲ ကွယ့်''

 ''ဟုတ်ပါတယ်၊ အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ရမှာပါ''

ထိုစဉ် ခြံနီးချင်းဖြစ်သော အ ငြိမ်းစား တရားသူကြီးအိမ်မှ မုန့် ဟင်းခါးလာပို့၏။

''ဟာ-ဆရာကျော်ရောက်နေ တာကိုး၊ အတော်ပဲ၊ မုန့်ဟင်းခါး အဝစားသွားပေတော့''

 မုန့်ဟင်းခါးလာပို့သူ ပြုံးနွဲ့ရီက ပြောလိုက်၏။

 ''ဟာ-စားရမှာပေါ့၊ ပြုံးကိုယ် တိုင်ချက်တာလား''

 ''ဟုတ်တယ်၊ ပြုံးကိုယ်တိုင် ချက်တာ၊ ခုလာပို့တာ အစုံပါတယ်၊ ပဲကြော်၊ ဘူးသီးကြော်၊ ကြက်သွန် ကြော်၊ မန္တလေးပဲကြော်၊ ဘဲဥ၊ ငါး ဖယ်၊ ငါးသလောက်ဥ၊ စုံနေတာပဲ အဝစားပေတော့''

မုန့်ဟင်းခါးကြိုက်သော ဒေါက်တာကျော်ဆွေသိန်းအဖို့ ဝမ်း သာစရာဖြစ်၏။ ပြုံးနွဲ့ရီ ပြင်ဆင် ပေးသော မုန့်ဟင်းခါးကို သုံးပန်း ကန်ကုန်အောင်စားလိုက်၏။

အောင် (ဆေး-၁)
ရည်ညွှန်းချက်။    ။ (1) BBC News မှ "Toddlers Need Early Years Teachers in Nurseries"
    (2) BBC News မှ "Brain Tests Predict Children's Futures" ဆေးပညာဆောင်းပါး များကို မှီငြမ်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.