23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
မိတ်ဆွေကောင်းသဟာ ကောင်းကျိုးဖြာ

ဆောင်းညနေခင်းဖြစ်၍ နေ စောစောဝင်၏။

 မှောင်ရီသမ်းလာပြီဖြစ်၍ ဆိုင် အများစု မီးထွန်းကုန်ကြ၏။

 ရွှေဘုံသာလမ်းတစ်လျှောက် ဘုရားပွဲတော်မှ များပြားလှသော  လူအုပ်ကြီးကို တွေ့ရ၏။

 ဒေါက်တာကျော်ဆွေသိန်း သည် လူအုပ်ကြီးကြားမှ တိုးဝှေ့ သွားနေရ၏။

မကြာမီ ရွှေဘုံသာလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ မီးပွိုင့် နှင့်များစွာ မဝေးကွာလှသော အ ရပ်တွင် တည်ရှိသည့် 'လေညို ကုန်း' လက်ဖက်ရည်ဆိုင်ကလေး သို့ ရောက်ရှိသွား၏။

လာနေကျ ဝိုင်းတော်သား များမှာ အငြိမ်းစားကျောင်းအုပ် ဆရာကြီး ဦးရွှေသာ၊ စာပေတိုက် ပိုင်ရှင် ဦးလွင်ဆင့်၊ ဓာတ်ခွဲမှူးကြီး ဦးÓဏ်အုန်း၊ ကဗျာဆရာမ မကြည် ဆွေ၊ ဝတ္ထုတိုဆရာမ မစပယ်၊ အယ်ဒီတာ မနှင်းဆီတို့ဖြစ်ကြ၏။

ထိုဆိုင်ကလေးတွင် တွေ့ဆုံရာ မှ ခင်မင်ရင်းနှီးသွားကြ၏။ အ ကြောင်းတစ်စုံတစ်ရာရှိပါကလည်း ဝိုင်းဝန်းကူညီကြ၏။

ထိုနေရာကလေးသည် သာ မန် စာပေဝိုင်းအဆင့်မှ လူမှုရေး ကူညီတတ်သော စာပေအုပ်စုဘဝ သို့ တက်လှမ်းသွား၏။

ညနေခင်းများတွင်သာ တွေ့ ဆုံလေ့ရှိသော်လည်း အရေးကြီးပါ က ညဥ့်နက်သန်းခေါင်ဖြစ်သော် လည်း တစ်နေရာတွင် စုဝေးလုပ် ဆောင်ကြ၏။

ကဗျာဆရာမောင်ဒေါနနှလုံး သွေးကြောပိတ်၍ ရင်ဘတ်အောင့် စဉ်က ဝိုင်းဝန်းကူညီရာ အချိန်မီ ဆေးရုံတင်ပေး၍ အသက်ချမ်းရာ ရခဲ့ဖူး၏။

ဦးရွှေသာ အိမ်တွင် မိုးကြီး၍ ရေလျှံစဉ်ကလည်း တစ်ဖွဲ့လုံး အ ချိန်မီသွားရောက်၍ ရေလွတ်ရာသို့ ပစ္စည်းများ ဝိုင်းဝန်းရွှေ့ပြောင်းပေး ခဲ့၏။

ယနေ့ညနေတွင် လူစုံနေပြီး လက်ဖက်ရည်လည်း မှာပြီးဖြစ်နေ ၏။

''လာ-ဆရာကျော်၊ လက်ဖက် ရည်လည်းရပြီဗျ၊ သုံးဆောင်ဗျ''

ဦးရွှေသာက ဆီးကြိုကာ ဖိတ် ခေါ်လိုက်၏။

''ဟာ-ဒီနေ့ တယ်လူစုံပါလား၊ များများသာမှာဗျာ''

''စိတ်ချ ဆရာကျော်၊ မှာသာ မှာပါ၊ မိတ်ဆွေသစ်တွေလာဦးမှာ''

 ''ဟုတ်လား၊ ကောင်းတယ်ဗျာ၊ မိတ်ဆွေတိုးတာပေါ့''

ယခင်က ထိုဆိုင်ကလေးတွင် လက်ဖက်ရည်နှင့်ပေါင်မုန့်ထော ပတ်သုတ်သာရ၏။ လက်ကိုင်ဖုန်း များ ပေါများလာချိန်တွင် စားပွဲ ထိုးကလေး မောင်ြ<ွကက်နီပင်လျှင် ဖုန်းကိုင်နိုင်၏။ ရန်ကုန်မြို့ရှိ စား သောက်ဆိုင်များသို့ ဖုန်းဖြင့် ချိတ် ဆက်ကာမှာယူနိုင်၍ စားစရာမျိုး စုံရနိုင်၏။

''ဟုတ်တယ်၊ မိတ်ဆွေတိုး တယ်၊ ကောင်းတဲ့အချက်ပေါ့ဗျာ''

''မိတ်ဆွေဆိုလို့ အပေါင်းအ သင်းရှိတာ ကောင်းတဲ့အကြောင်း ပြောပြချင်တယ်၊ ဒါက သိပံ္ပနည်း ကျ အထောက်အထားရှိတယ်၊ သုတေသနကနေ တွေ့တာဗျ''

''ဟုတ်လား၊ ဆရာကျော် ရှင်း ပြပါဦး''

''ပထမအချက်က မိတ်ဆွေရှိ တဲ့ လူဟာ အသက်ရှည်တယ်၊ အ ထီးကျန်နေတဲ့ လူဟာ အသက်တို တယ်တဲ့၊ သုတေသနပြုလုပ်တဲ့ အခါ မိတ်ဆွေများများရှိတဲ့ လူနဲ့ နည်းနည်းပဲရှိတဲ့ လူနဲ့ ယှဉ်ကြည့် တယ်တဲ့၊ စာရင်းအင်းပညာ သဘောအရ ပြောရရင် မိတ်ဆွေ များတဲ့ လူက ၂၂ ရာခိုင်နှုန်း အ သက်ပိုရှည်တယ်တဲ့၊ ပါရဂူတွေ တင်ပြတာက မိတ်ဆွေများများရှိ တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံအတွက် အကြံ ကောင်း၊ Óဏ်ကောင်းပေမယ့် မိတ်ဆွေကောင်းတွေပါလာတယ် တဲ့၊ ပြီးတော့ မိတ်ဆွေကောင်းတွေ က စိတ်ဖိစီးမှုကို လျော့နည်းစေ တယ်တဲ့''

 ''သြော်-ဒါကြောင့် မိတ်ဆွေ ကောင်းလိုတာကိုး''

''ဟုတ်တယ်ဗျ၊ ဒုတိယ အ ချက်က မိတ်ဆွေနည်းပြီး အထီး ကျန်နေရင် ဆေးလိပ်လည်းပို သောက်မိတယ်၊ အရက်လည်း ပို သောက်မိတယ်။ ဒါကို Brigham Young University က သုတေသီ တွေက ရှာတွေ့ခဲ့တာ၊ ဆက်စပ်မှုက တော့ စိတ်ဖိစီးမှုနဲ့ သက်ဆိုင်တယ်၊ အထီးကျန်တော့ စိတ်ကျရောဂါရ မယ်၊ စိတ်ဖိစီးမှုများမယ်၊ အဲဒီအခါ ဖြေဖျောက်မှုအနေနဲ့ ဆေးလိပ်ပို သောက်တယ်၊ အရက်ပိုသောက် တယ်၊ ဒါက ကျန်းမာရေးကို ထိ ခိုက်စေတယ်လို့ ဆိုတယ်''

''မှန်တာပေါ့ ဆရာကျော်''

''တတိယအချက်က အိမ်မွေး တိရစ္ဆာန်မွေးသင့်တယ်တဲ့၊ ဥပမာ ခွေးတို့၊ ကြောင်တို့ပေါ့ဗျာ၊ ဒီလို မွေးထားတော့ ဝါသနာတူချင်းတွေ့ ဖို့ များတယ်၊ မိတ်ဆွေများလာ တတ်တယ်၊ မိတ်ဆွေတွေက အ ကြောင်းရှိရင် ကူညီလာတယ်၊ အ ကြံကောင်းတွေပေးကြတယ်တဲ့''
    ''ဒါလဲ ကောင်းတာဘဲ''

''စတုတ္ထအချက်က မိတ်ဆွေ တွေများဖို့လိုတယ်တဲ့၊ ပြီးတော့ မြဲမြံ တဲ့ ခင်မင်မှုလည်း လိုတယ်တဲ့၊ သံ ယောဇဉ်ကြီးရမယ်ပေါ့ဗျာ၊ သံယော ဇဉ်ကြီးတဲ့ မိတ်ဆွေ များများရှိရင် ဖိစီးမှုနည်းတယ်တဲ့၊ မိတ်ဆွေရှိရင် လည်း မေ့မထားရဘူး။ မကြာခဏ တွေ့ဆုံရမယ်၊ စကားဝိုင်းဖွဲ့ပြောရ မယ်၊ အိမ်နီးနားချင်းတွေ၊ လုပ်ငန်း ခွင်က မိတ်ဆွေတွေ၊ ဘုရားသွား ကျောင်းတက် အတူလုပ်တဲ့ အ ပေါင်းအသင်းတွေလည်း ပါပါစေ တယ်၊ မိတ်ဆွေများများရှိတော့ ဘဝဟာ စိုပြေလာတယ်တဲ့၊ လှုပ် ရှားမှုတွေ သွက်လက်လာ တယ်တဲ့''

''ဓမ္မမိတ်ဆွေတွေလည်း အ ရေးကြီးတာပဲဗျ၊ ဓမ္မမိတ်ဆွေတွေ က ကုသိုလ်များများလုပ်အောင် တိုက်တွန်းလေ့ရှိတယ်''

''မှန်တယ်ဗျာ၊ ပဉ္စမအချက် က မိတ်ဆွေတွေ ပျော်ရွှင်နေတဲ့ အခါ ပျော်ရွှင်မှုဟာ ကူးစက်တတ် တယ်တဲ့၊ သုတေသီတွေ အဆိုအရ ပျော်ရွှင်မှုဟာ ၂၅ ရာခိုင်နှုန်း၊ ကူး စက်တတ်တယ်တဲ့၊ ပျော်ရွှင်နေတဲ့ မိတ်ဆွေဟာ စိတ်ချမ်းသာစရာ တွေ ဖြန့်ဝေလေ့ ရှိတယ်တဲ့၊ ဒါက ကျန်တဲ့ အပေါင်းအသင်းတွေဆီကို ပျံ့နှံ့သွားတတ်တယ်တဲ့''

 ''ဒါလည်း ဟုတ်တယ်၊ ကျွန် တော်ကိုယ်တွေ့ပဲ၊ ကျွန်တော်ဝန် ထမ်းဘဝက ကြုံဖူးတယ်၊ ဝန်ထမ်း တစ်ယောက် ရာထူးတိုးရင် ကျန် တဲ့ ဝန်ထမ်းတွေ စိတ်ချမ်းသာ တယ်၊ ပျော်ကြတယ်၊ ဝိုင်းပြီး မုဒိ တာပွားတာလည်း ပါတာပေါ့ဗျာ''

''မုဒိတာ မပွားဘဲ မနာလိုတဲ့ လူပါလာရင်တော့ မကောင်းဘူးဗျ''

''ဟုတ်ပါတယ်၊ များသောအား ဖြင့် မုဒိတာပွားကြပါတယ်''

''ဆဋ္ဌမအချက်က မှတ်Óဏ် ကောင်းတဲ့ အချက်ဗျ၊ မိတ်ဆွေတွေ နဲ့ အချိန်ပေးပြီး ပြောဆိုဆွေးနွေး တာဟာ မှတ်Óဏ်ထက်သန်စေ တယ်တဲ့၊ မိတ်ဆွေတွေက စိတ်ကူး Óဏ်မျိုးစုံရစေတယ်တဲ့၊ ဦး နှောက်ကို လှုံ့ဆော်ပေးတယ်တဲ့၊ ဒါ ကြောင့် မှတ်Óဏ်ကောင်းဖို့ အ ထောက်အကူရစေတယ်တဲ့''

''ဒါလည်း မှန်တယ်ဗျ၊ မိတ်ဆွေ ပေါတဲ့ လူဟာ မှတ်Óဏ်ကောင်း တယ်၊ ဥပမာ-ဦးÓဏ်အုန်းကို နမူနာ ကြည့်ဗျ၊ သူက မိတ်ဆွေပေါတယ်၊ မှတ်Óဏ်လည်းကောင်းတယ်''

''ဟုတ်တယ်၊ ဟုတ်တယ်၊ ဦးÓဏ်အုန်းက နာမည်နဲ့ လိုက် တယ်၊ မှတ်Óဏ်ကောင်းတယ်၊  ဓာတ်ခွဲနည်းတွေက အဆင့်တွေ များပြီး ရှုပ်ထွေးတယ်၊ ဒါပေမယ့် ဦးÓဏ်အုန်းက အားလုံး အလွတ် ရတယ်၊ အာဂုံဆောင်နိုင်တယ်၊ လက်တန်းလုပ်နိုင်တယ်''

 ''သတ္တမအချက်က မိတ်ဆွေ ပေါတဲ့ လူဟာ စိတ်ဖိစီးမှုနည်း တယ်၊ ပြီးတော့ ကိုယ်ခံစွမ်းအား ကောင်းတယ်၊ နှလုံးရောဂါဖြစ်နှုန်း နည်းတယ်တဲ့၊ ဒါကလည်း တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်၊ စိတ်ဖိစီး မှုနည်းရင် ကိုယ်ခံစွမ်းအားကောင်း တယ်၊ နောက်ပြီး စိတ်ဖိစီးမှုနည်း ရင် နှလုံးသန်မာတယ်၊ ဒါတွေက သုတေသန အထောက်အထားရှိ တယ်၊ သုတေသနတစ်ခုမှာ အအေးမိရောဂါကူးစက်မှုကို လေ့ လာခဲ့တယ်၊ အထီးကျန်တဲ့ လူက အအေးမိရောဂါပိုပြီးကူးစက်ခံရ တယ်တဲ့၊ အအေးမိရောဂါက ဗိုင်း ရပ်စ်ပိုးကူးစက်လို့ ဖြစ်တာဗျ၊ နှိုင်း ယှဉ်လေ့လာတဲ့အခါ အထီးကျန်သူ က မိတ်ဆွေများတဲ့ လူနဲ့ ယှဉ်ကြည့် တော့ ရောဂါရ ဖို့ လေးဆပိုပြီး အခွင့်အရေးများတယ်တဲ့''          

 ''မိတ်ဆွေကောင်းရှိရင် ကိုယ် ခံစွမ်းအားကောင်းလာတာကိုး''

''ဟုတ်တယ်ဗျ၊ အဋ္ဌမအချက် က မိတ်ဆွေဆိုတာ ဝေးသည်ဖြစ် စေ နီးသည်ဖြစ်စေကောင်းကျိုးပြု တယ်တဲ့၊ ဝေးနေလို့ စိတ်ဓာတ်မကျ နဲ့တဲ့၊ အဆက်အသွယ်သာမှန်မှန် လုပ်ပါတဲ့''

''မှန်တာပေါ့၊ ဝေးနေလည်း မှန် မှန်ဆက်သွယ်ရမယ်၊ ခုခေတ် က လက်ကိုင်ဖုန်းတွေ ပေါတယ်၊ Facebook လည်းရှိတယ်၊ ဆက် သွယ်ပေါ့ဗျာ''

''ဟုတ်တယ်၊ Facebook က ကောင်းတယ်၊ ဆက်သွယ်ရေး ကောင်း တယ်၊ အနီးမှာရှိနေသလိုပါ ပဲ''

''မိတ်ဆွေဆိုပေမယ့် မိတ်ဆွေ ကောင်းတော့လိုတယ်''

''ဒါမှန်တာပေါ့၊ မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးကို လေ့လာကြည့် ဗျာ၊ ပထမအရေးကြီးဆုံးက လူ မိုက်ကို ရှောင်ရမယ်တဲ့၊ လူမိုက်ကို မပေါင်းရဘူး။ မိတ်ဆွေဆိုပေမယ့် လူမိုက်ဖြစ်နေရင် အားမနာနဲ့၊ ဝေး ဝေးရှောင်''

''ဟုတ်တယ်ဗျ၊ ကျွန်တော့် ကိုယ်တွေ့ပဲ ငယ်သူငယ်ချင်း တစ် ယောက်ရှိတယ်၊ အရင်က ကောင်း တယ်၊ နောက်တော့ အရက်စွဲလာ တယ်၊ အားနာပြီး ဆက်ပေါင်းနေ တော့ ကျွန်တော်လည်း အရက်စွဲ လာတယ်၊ သတိဝင်လာလို့ အ ဆက်ဖြတ်လိုက်မှ ကျွန်တော် လည်း အရက်သမားဘဝက လွတ်သွား တော့တယ်''

''ဒါပေါ့ဗျာ၊ မကောင်းရင် ဖြတ်ရမယ်''

''ဒုတိယ မင်္ဂလာက ပညာရှိ ကို ပေါင်းရမယ်တဲ့၊ ဒါလည်း လိုက် နာသင့်တယ်၊ စောစောက ပြော သွားတဲ့ ရှစ်ချက်က ပညာရှိကို ပေါင်းမှရမှာနော်၊ ဒီလိုကောင်းကျိုး မျိုးတွေက ပညာရှိကသာပေးနိုင် မှာ၊ ပညာရှိကို ရွေးပေါင်းရမယ်''

 ''ကျွန်တော်ထောက်ခံတယ်၊ ပညာရှိကို ရွေးပေါင်းရမယ်၊ ကျွန် တော် တက္ကသိုလ် ကျောင်းသား ဘဝကစာညံ့တယ်၊ ပထမနှစ်မှာ စာမလိုက်နိုင်ဘူး၊ စာတော်တဲ့ ကျောင်းသားကို ရွေးပေါင်းရတယ်၊ သူတို့ ကူညီလို့ စာလိုက်နိုင်တယ်၊ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တယ်၊ အ ဆင်ပြေသွားတယ်''

''ဒါပေါ့ဗျာ၊ အပေါင်းအသင်း အရေးကြီးတယ်၊ အပေါင်းအသင်း ကောင်းရင် ဂုဏ်တတ်တယ်၊ အ ပေါင်းအသင်းညံ့ရင် ဂုဏ်ပျက်တယ်''

''ဒါကြောင့် ရွေးပေါင်းရမှာ ပေါ့ဗျာ''

ထိုစဉ် အမျိုးသမီး ဆရာဝန် အုပ်စုရောက်ရှိလာ၏။ ထိုအုပ်စု တွင် ဒေါက်တာညိုညိုသိန်းကျော်၊ ဒေါက်တာ ဝါဝါဇော်ခင်၊ ဒေါက်တာ မေထူး ဝင်းချိုနှင့် ဒေါက်တာဝိုင်းနွဲ့ ဖြူသိန်းတို့ပါလာ၏။

''ဒေါက်တာတို့ ကြွကြပါ၊ လက် ဖက်ရည်လည်း သုံးဆောင်ပါ''

''ကျေးဇူးပါပဲ အန်ကယ်၊ ဒါနဲ့ နောက်တစ်စုလာဦးမယ် ရပါ့မလား အန်ကယ်''

''ရပါတယ်၊ စိတ်မပူပါနဲ့၊ စားစရာလုံလောက်ပါတယ်၊ ခွေးခြေ တွေလည်း ထပ်ရှာပေးပါ့မယ်၊ ခေါ် သာခေါ်လိုက်ပါ၊ မိတ်ဆွေ များလေ ကောင်းလေပါပဲ''

 ''ဟုတ်ပြီ အန်ကယ်၊ ဖုန်း ဆက်ခေါ်လိုက်ပါ့မယ်''

 ဒေါက်တာ ညိုညိုသိန်းကျော် က ဖုန်းဆက်ခေါ်လိုက်၏။

မကြာမီ ဒေါက်တာပွင့်နဒီချို ဒေါက်တာ ဖွေးဖွေးသက်တင်၊ ဒေါက်တာ ပြုံးနွဲ့ရီ၊ ဒေါက်တာ ယုဇ နဝင်းကျော်၊ ဒေါက်တာ ခင်ဦးခင် ခင်သို့ ရောက်ရှိလာ၏။

 ဒေါက်တာ ညိုညိုသိန်းကျော် က ဦးဆောင်ကာ အသစ်အုပ်စု အား ဝိုင်းတော်သားများနှင့် မိတ် ဆက်ပေး၏။

ဝိုင်းတော်သားများက ခင် တတ်သူများဖြစ်၍ မကြာမီရင်းနှီး ခင်မင်သွားကြ၏။

ထိုစဉ် 'လေညိုကုန်း' သို့ စာ ရေးဆရာမောင်ငွေအိုးရောက်ရှိလာ ၏။ ထိုပုဂ္ဂိုလ်သည် အမည်နှင့် မလိုက်အောင် ငွေရေးကြေးရေး ခက်ခဲနေသူဖြစ်၏။

 ဟောင်းနွမ်းနေသော အင်္ကျီ နှင့် လုံချည်ကို ဝတ်ဆင်ထားပြီး လွယ်အိတ်စုတ်တစ်လုံးကို လွယ် ထား၏။

 မောင်ငွေအိုးက သူ၏ ဒုက္ခ များကို ဦးရွှေသာအား ပြောပြနေ ၏။ ဇနီးဖြစ်သူက နာတာရှည်မီး ယပ်ရောဂါရနေ၍ အြေ<ွကး ယူကာ ဆေးကုနေရ၏။ ယခုလောလော ဆယ်တွင် အငယ်ဆုံးကလေးက အဆုတ်ရောင်ရောဂါဖြင့် ဆေးရုံ တင်ထားရ၏။ ကလေး အကြီးနှစ်ဦး က  ဈေးရောင်းကာ ဝင်ငွေရှာသော် လည်း အရောင်းအဝယ်မကောင်း မသဖ်ြင့် အခက်အခဲဖြစ်နေ၏။ လစဉ် အိမ်လခ အြေ<ွကးများလည်း မပေးနိုင်၍ အိမ်ရှင်က နှင်ချနေ၏။        

''ကဲ-ဝိဇ္ဇာကြီး၊ ဒါပါပဲ၊ မပါ ဦးဗျာ''

''ဘာမှမပူနဲ့၊ ဝိဇ္ဇာ မမယ် ကိုငွေအိုး၊ ကျွန်တော်မှာ ဓာတ်လုံး တော့မရှိဘူး။ မိတ်ဆွေတွေပေါ တယ်၊ မိတ်ဆွေတွေ အကူအညီနဲ့ ကိုငွေအိုးပြေလည်သွားမှာပါ''

ဦးရွှေသာက မိတ်ဆွေများ အား ရှင်းပြလိုက်ရာ အားလုံးက တက်ညီလက်ညီ အလှူငွေများ လှူ ဒါန်းကြ၏။ လောလောဆယ် ရင် ဆိုင်နေရသော အခက်အခဲအားလုံး ကို ဖြေရှင်းနိုင်မည့် အတိုင်းအတာ အထိ ငွေကြေးပြည့်စုံသွား၏။

စာရေးဆရာ မောင်ငွေအိုး သည် မူလက ကြေးအိုးပင်မရှိသော် လည်း ယခုအခါ ငွေကြေးပြည့်စုံ ကာ တကယ်ပင်ငွေအိုးရရှိသွား၏။

 ကျေးဇူးတင်စကား အထပ် ထပ်ဆိုကာ ထွက်ခွာသွား၏။

လှူဒါန်းသော အလှူရှင်များ လည်း ပီတိဖြစ်ကာ ကျန်ရစ်ခဲ့ကြ၏။

''ကဲ-ဝိဇ္ဇာကြီး၊ မိတ်ဆွေကောင်း ဆိုတာ ဒါပါပဲ၊ ခုဆို မောင်ငွေအိုး တစ်ယောက်ပြေလည်သွားပြီ၊ မိတ် ဆွေကောင်းကြောင့်ပေါ့''

''ဟုတ်ပါတယ် ဆရာကျော်၊ ဆရာကျော်ပြောတဲ့ အကျိုးတရား ရှစ်ပါးပြည့်စုံဖို့ကလည်း မိတ်ဆွေ ကောင်းရမှာ ဖြစ်မှာပါ၊ ပညာရှိ လည်း ဖြစ်ဖို့လိုလိမ့်မယ်နော်''

 ''ဟုတ်တယ်၊ ဝိဇ္ဇာကြီး၊ ကဲ-ဝိုင်းတော်သားတွေ လက်ဖက်ရည် နဲ့ ဝမှာမဟုတ်ဘူး။ မုန်ဟင်းခါး စီစဉ်ပေးဦးမှ''

မကြာမီ ဝိုင်းတော်သားများ မြောင်းမြဒေါ်ချိုမုန့်ဟင်းခါး အဝ စားကြလေတော့၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။    ။ BBC News မှ "Do You Know The Health Benerits of Friendship" ဆေး ပညာဆောင်းပါးကို မှီငြမ်းကိုးကား ပါသည်။

အောင် (ဆေး - ၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.