29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အိပ်ရေးပျက်လျှင် ရောဂါဝင်

ဆောင်းနံနက်ခင်းဖြစ်၍ ပတ်ဝန်းကျင်က အေးမြနေ၏။

 ဒေါက်တာကျော်ဆွေသိန်း သည် နက်(စ်)ကော်ဖီတစ်ခွက်ကို ဇိမ်ခံသောက်နေ၏။

ထိုစဉ် ဖုန်းမြည်သံကြား၍ ကောက်ကိုင်လိုက်၏။

''ဟဲလို၊ ဝိဇ္ဇာကြီး၊ ဒင်ဆမ်းစား ချင်လို့ရလား၊ ရတယ်၊ ဆိုင်ကောင်း ကောင်းရှိတယ်၊ ဝိဇ္ဇာကြီးက ဝိုင်း တော်သားတွေ ခေါ်ပြီး လာခဲ့ပေ တော့''

မကြာမီ ဒေါက်တာကျော်ဆွေ သိန်းသည် E 200 အမျိုးအစား မာ စီးဒီးကားနက်ကြီးကို မောင်းကာ Crystal Jade Restaurant သို့ ရောက်ရှိသွား၏။

Crystal Jade Restaurant က အမှတ် (၂၅/၂၇)၊ တက္ကသိုလ် ရိပ်သာလမ်းသစ်တွင် တည်ရှိ၏။ ကုက္ကိုင်း၊ ဗဟန်းမြို့နယ် အတွင်း၌ ဖြစ်၏။

 ဒေါက်တာကျော်ဆွေသိန်း ရောက်ရှိပြီးနောက် မကြာမီ အ ငြိမ်းစား ကျောင်းအုပ်ကြီး ဦးရွှေ သာ၊ စာပေတိုက်ပိုင်ရှင် ဦးလွင် ဆင့်၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်း၊ ကဗျာ ဆရာမ မကြည်ဆွေ၊ ဝတ္ထု တိုဆရာမ မစပယ်၊ အယ်ဒီတာ မနှင်းဆီတို့ ရောက်ရှိလာကြ၏။

''ကဲ-ဆရာကျော် ဘာတွေရ လဲ လုပ်ပါဦး''

''အစုံရတယ် ဝိဇ္ဇာကြီး၊ နေ့ တိုင်း ဒင်ဆမ်း အမျိုးပေါင်း ၆ဝ ကျော်ရတယ်၊ ကြက်ရတယ်၊ ဝက် ရတယ် ထူးခြားတာက ဝက်ပုစွန် ဖက်ထုပ်ကို အရည်နဲ့ရတယ်၊ ပြီး တော့ ကြက်သားသုပ်လည်းရတယ်၊ ပုစွန်ဆိုရင် ပုစွန်အကောင်လိုက် ထည့်ပေးတယ်၊ သန့်ရှင်းတယ်၊ လတ်ဆတ်တယ်၊ ဝန်ဆောင်မှု ကောင်းတယ်ဗျ''

''အေးဗျ၊ နိုင်ငံခြားသားတွေ လည်း အားပေးနေတာတွေ့တယ်''

''ဒါပေါ့ဗျာ၊ သန့်ရှင်းလတ် ဆတ်တော့လည်း နိုင်ငံခြားသားပါ အားပေးတာပေါ့''

''ကဲ-ဆရာကျော်၊ အမျိုး ၆ဝ ကျော် အကုန်မှာဗျာ''

''ဟာ-ဝိဇ္ဇာကြီး ကုန်ပါ့မလား၊ အများကြီးဗျ''

''နောက်ထပ်တောင်မှ မှာရဦးမယ်၊ လေဒီဒေါက်တာအုပ်စုက သတင်းရသွားပြီ၊ ခုလာမှာက အ ရင်က အုပ်စုတစ်စုထဲ မဟုတ်ဘူး။ နောက်ထပ် မိတ်ဆွေသစ်အုပ်စုပါ ပါတယ်၊ အမျိုးပေါင်း ၆ဝ ကျော်ကို ခဏလေးနဲ့ ကုန်အောင်စားပစ်မှာ''

''ဟာ-လန့်စရာပါလား''

''ဟာ-ဆရာကျော်ကလည်း၊ ဝိဇ္ဇာကြီးမှာ ဓာတ်လုံးပါတာပဲ၊ ရွှေဖြစ်အောင်လုပ်ပြီး ရွှေတုံးရွှေခဲ တွေ ပေးလိုက်ရုံပေါ့ ဟဲဟဲ''

အငြိမ်းစား ကျောင်းအုပ်ကြီး ဦးရွှေသာက အဂ္ဂိရတ် ဝါသနာအိုး ဖြစ်၍ ခင်မင်သူများက 'မြေ လျှောက်ဝိဇ္ဇာ'ဟု နာမည်ပြောင်ပေး ထားကြ၏။

''ကိုလွင်ဆင့်ကလည်း လုပ်ပြီ ဗျာ၊ ခုက ကြိုးစားတုန်းဗျ၊ ဓာတ် လုံးမအောင်သေးဘူး၊ မီးသွေးဖိုး ကုန်တာပဲ ရှိတယ်''

''အန်ကယ် ဦးလွင်ဆင့် မစိုး ရိမ်ပါနဲ့၊ ကယ်တင်ရှင်လာမှာပါ။ လေဒီဒေါက်တာအုပ်စုတစ်စုမက ဘူး။ နှစ်စုသုံးစုလာလည်း မဖြုံဘူး၊ ဒင်ဆမ်းအမျိုး ၆ဝ ကျော်လောက် က ပျင်းတောင်ပျင်းသေးတယ်''

''ကယ်တင်ရှင်က ဘယ်သူလဲ''

''ခဏတော့ ဝှက်ထားလိုက်ဦး မယ်၊ ဒါမှ လျှို့ဝှက်သည်းဖိုဖြစ် အောင်''

ထိုစဉ် ကဗျာဆရာ မောင်ဒေါန အူယားဖားယားဖြင့် ဝင်လာ၏။

''ဟာ-မောင်ဒေါန၊ အဝတ် အစားတွေလည်း ဖရိုဖရဲနဲ့ ဘာဖြစ် လာတာတုန်း''

''ဘာမဖြစ်ပါဘူး။ ခုမှ အိပ်ရာ ကနိုးတာ၊ ဒေါက်တာ ညိုညိုဇော် ခင် ဖုန်းနဲ့သတင်းပေးလို့ ကမန်း ကတန်းလိုက်လာတာ၊ ဒင်ဆမ်းမှ ကျန်သေးရဲ့လား''

''ကျန်ပါတယ်ဗျာ၊ ဒါနဲ့ မောင် ဒေါနကြည့်ရတာ မျက်တွင်း ဟောက်ပက်နဲ့၊ အိပ်ရေးဝဝ မအိပ် ရဘူးထင်တယ်''

''ဟုတ်တယ် ဝိဇ္ဇာကြီး၊ ညည Facebook ကြည့်တယ်၊ နောက်ပြီး ဘောလုံးပွဲမိုး အလင်းကြည့်တယ်၊ ပရီးမီးယားလိဂ်၊ ဆီးရီး(စ်) အေ၊ လာလီဂါ၊ အကုန် မလွတ်တမ်း ကြည့်တယ်''

''ဟာ-သိပ်အိပ်ရေးပျက်မခံနဲ့၊ ကျန်းမာရေးထိခိုက်မယ်''

''ဟုတ်တယ် ကိုဒေါန၊ အိပ် ရေးပျက်တာကဆိုးတယ်၊ Rand Europe ဆိုတဲ့ သုတေသန အဖွဲ့ အစည်းတစ်ခုကတွေ့ရှိချက်တွေ ထုတ်ပြန်ထားတယ်၊ သုတေသီတွေက လူပေါင်းခြောက်သောင်းနှစ် ထောင်ကို လေ့လာထားတယ်၊ တစ်ညကို ခြောက်နာရီထက် နည်း ပြီး အိပ်ရင် သာမန်ကျန်းမာတဲ့ လူ နဲ့ နှိုင်းယှဉ်ရင် စောစောစီးစီးသေဖို့ ပိုပြီး နီးစပ်တယ်တဲ့''

''ဟာ-ကြောက်စရာပါလား ဆရာကျော်''

''ဟုတ်တယ်၊ ကိုဒေါန၊ ပါရဂူ တွေက လျှပ်စစ်နဲ့ဆိုင်တဲ့ ကိရိယာ တွေကို လွန်လွန်ကဲကဲ မသုံးဖို့ သတိပေးနေကြပြီး၊ ဥပမာ ကွန်ပျူ တာတို့၊ စမတ်ဖုန်းတို့ပေါ့ဗျာ၊ ပြီး တော့ အိပ်ရေးပျက်တာက လူတစ် ဦးချင်းစီရဲ့ ကျန်းမာရေး သာမက ဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ကိုပါ ထိခိုက်တာ၊ အလုပ်သမား တွေဟာ အိပ်ရေးပျက်တော့ စွမ်း ဆောင်ရည်ကျဆင်းတယ်၊ အလုပ် မပြီးဘူး။ လုပ်ငန်းခွင် ပျက်ကွက်မှု တွေလည်း များတယ်၊ Rand Europe  သုတေသန အဖွဲ့ကြီးက ဦး ဆောင်ပညာရှင် Marco Hafner က ဒီအကြောင်း ကို အသေးစိတ် ရှင်းပြထားတယ်''

''ဟုတ်ကဲ့ ဆရာကျော်''

''အိပ်ခြင်းနဲ့ ပတ်သက်တဲ့ ပါရဂူ Dr.Guy Meadows က လည်း ပြောတယ်။ အိပ်ရေးမဝရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင် ရာပါ ထိခိုက်တယ်တဲ့ စိတ်ခံစားမှု အပိုင်းမှာလည်း ထိခိုက်တယ်တဲ့၊ ခုခေတ်မှာ အပြိုင်အဆိုင်များ တယ်။ စိတ်ဖိစီးမှုများတယ်၊ တချို့ ကျတော့ အိပ်ချိန်လုံလုံလောက် လောက်ယူတယ်၊ အိပ်ရာဝင်တယ်၊ ပြဿနာက အိပ်မပျော်ဘူး။ အိပ် ချိန် လုံလောက်ပါလျက်နဲ့ အိပ်ရေး မဝတဲ့ ပြဿနာဗျ''

''မောင်ဒေါနတို့က အိပ်ပျော် လျက်နဲ့ မအိပ်တာ၊ တခြားလူတွေ က အိပ်ပါလျက်နဲ့ အိပ်မပျော်တာ၊ ပြဿနာက အမျိုးမျိုးပဲဗျ''

''ဟုတ်တယ် ဝိဇ္ဇာကြီး၊ အိပ် ရေးမဝတဲ့ လူတွေအတွက် Dr.Guy Meadow  က အကြံပေးထားတာ ရှိတယ်။ သူရှင်းပြတာက လူတစ်ဦး နဲ့ တစ်ဦးမွေးကတည်းက သဘာဝ ချင်း မတူပါဘူးတဲ့၊ မျိုးရိုးဗီဇ မတူ လို့ ကွဲပြားခြားနားတာပါတဲ့၊ တချို့ က အိပ်ချိန် အသင့်အတင့်လိုတယ် တဲ့၊ တချို့ကများများလိုတယ်တဲ့၊ ပျမ်းမျှခြင်းပြောရရင် ၉ဝ ရာခိုင် နှုန်းလောက်က တစ်ညတစ်ညကို ခုနစ်နာရီနဲ့ ရှစ်နာရီလောက်လို တယ်တဲ့''

''ဒါဆို လူများစုက ခုနစ်နာရီ ရှစ်နာရီလောက်အိပ်ရမှာပေါ့''

''ဟုတ်တယ် ဝိဇ္ဇာကြီး၊ ဒါ ကြောင့် ပထမအချက်က မိမိ သဘာဝအလျောက် အိပ်ရေးဝဝ အိပ်ရအောင် ကြိုးစားပါတဲ့၊ အချိန် ယူပါတဲ့၊ စိတ်ဖိစီးမှုကြောင့် အတွေး များနေတာကို ဖျောက်ပစ်ပါတဲ့''

''ဟုတ်ပြီ၊ နောက်တစ်ချက် ကရော''

''ညအိပ်ရာဝင်ချိန်ကို သတ် မှတ်ပြီး နာရီကို အချက်ပေးအောင် လုပ်ပါတဲ့၊ နာရီကို Alarm ပေးထား ပေါ့ဗျာ၊ ဥပမာ ည ၉ နာရီမှာ အိပ် မယ်ဆိုရင် ၉ နာရီမှာ နာရီက နှိုး စက်မြည်လာရမယ်၊ ဒါမျိုးပေါ့ဗျာ''

''ဟုတ်ပြီ၊ နာရီနှိုးစက်သုံးရမယ်''

''နောက်တစ်ချက်က ကွန်ပျူ တာတွေ၊ စမတ်ဖုန်းတွေ၊ တီဗီတွေ အကုန်ပိတ်ရမယ်''

 ''ဒါပေါ့၊ ဒါတွေ ပိတ်မှအိပ်လို့ ရမှာ''

''နောက်တစ်ချက်က လက် ကိုင်ဖုန်းကို အိပ်ရာနားမှာ မထားရ ဘူး။ Mobile Phone တွေက Blue Light ထွက်တယ်၊ Blue Light  က နှစ်နှစ်ခြိုက်ခြိက်အိပ်ပျော်တာကို နှောင့်ယှက်တယ်၊ Blue Light ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်လို့ မရဘူးတဲ့''

''ဟုတ်ပြီ၊ ဖုန်းကို တစ်နေရာ မှာ သိမ်းရမယ်''

''Dr.Guy Meadows က အိပ် ခြင်းဆိုင်ရာ အကြံပေးလုပ်ငန်းတစ် ခုထူထောင်ထားတယ်၊ ကုမ္ပဏီတွေ က သူတို့ အလုပ်သမားတွေအိပ်မ ပျော်ရင် Dr.Meadows ဆီမှာလာ ပြခိုင်းတယ်၊ သူရဲ့ Sleep Consultancy ကို "Sleep to Perform" လို့ နာမည်ပေးထားတယ်''

''တယ် ဟုတ်ပါလား''

''သူ့ကို သုံးတာက ကုမ္ပဏီ တွေ အများကြီးဗျ၊ Pwc Lloyds, Unilever, Olympus, Ogilvy & Mather, Innocent စတဲ့ ကုမ္ပဏီ တွေဗျ၊ ဒီကုမ္ပဏီတွေ စဉ်းစားတာ က ဒီလိုဗျ၊ အိပ်ရေးမဝရင် ဝန် ထမ်းဟာ လုပ်ငန်းခွင်မှာပေါ့လျော့ မယ်၊ အမှားလုပ်မယ်၊ လုပ်ငန်းခွင် မှာ ပျက်ကွက်ရက်တွေများမယ်၊ ကုမ္ပဏီအနေနဲ့ ဆုံးရှုံးမယ်၊ Dr.Meadows ကုသလမ်းညွှန်လို့ ဝန် ထမ်းက အိပ်ရေးဝရင် ဆုံးရှုံးမှု လျော့နည်းမယ်၊ ဒီလိုစဉ်းစားတာ ဗျ''

''ကောင်းတယ်ဗျာ၊ ဝန်ထမ်း အတွက် ကျန်းမာရေးကိုပါ စဉ်း စားပြီးသား ဖြစ်သွားတာပေါ့''

''နောက်ထူးဆန်းတာ ပြောပြ ဦးမယ်၊ သူတို့ဆီမှာ ဝန်ထမ်းအိပ် ရေးဝဖို့ အရေးထားတယ်၊ အိပ် ရေးဝဖို့ ဝန်ထမ်းကို ဆုငွေပေးပြီး မက်လုံးနဲ့ ဆွဲဆောင်တယ်''

''ဟာ-တယ်ဟုတ်ပါလား၊ အိပ် ရေးလည်းဝ ငွေလည်းရ၊ တယ်ဟန် ကျပါလား''

''ဟုတ်တယ် အန်ကယ် ဦးလွင်ဆင့်၊ Insurance Group တစ်ခုဖြစ်တဲ့ Aetna မှာ ကျင့်သုံး တာဗျ၊ ဝန်ထမ်းတစ်ဦးဟာ ညမှာ အိပ်ရေးဝဝအိပ်ရင်ဆုငွေက တစ် နှစ်ကို အမေရိကန်ဒေါ်လာ ၃ဝဝ ဆုငွေရတယ်''

''ဆုကြေးရတော့ ဝန်ထမ်း တွေ အားတက်တာပေါ့''

''မှန်တယ်ဗျ၊ ကုမ္ပဏီက ဝန် ထမ်းတွေကို အစီအစဉ်တစ်ခုမှာ ပါဝင်ဖို့ သဘောတူရင် လက်မှတ် ထိုးရတယ်၊ ပြီးတော့ တစ်ညကို ခုနစ်နာရီ အနည်းဆုံး အိပ်ရမယ်၊ ဒါကို ဝန်ထမ်းက တိတိကျကျ မှတ် တမ်းပြုစုရမယ်''

''ဆုငွေက ဘယ်လိုနှုန်းပေး တာလဲ''

''တစ်ညကို အနည်းဆုံး ခုနစ် နာရီ အိပ်ပျော်ရင် ညပေါင်း ၂ဝ ပြည့်တိုင်းပြည့်တိုင်း အမေရိကန် ဒေါ်လာ ၂၅ ရမယ်၊ ဒါပေမယ့် တစ်နှစ်လုံးတွက်ရင် ဒေါ်လာ ၃ဝဝ ထက်တော့ မများစေရဘူး၊ ဘာပဲ ပြောပြော ဒေါ်လာ ၃ဝဝ ပိုရရင် မနည်းဘူးလေ''

''မှတ်တမ်းတင်တာက ကာ ယကံရှင် ဝန်ထမ်းကိုယ်တိုင်လား''

''ဟုတ်တယ်၊ တစ်ခုတော့ရှိ တယ်၊ ဝန်ထမ်းက ရိုးသားရမယ်၊ အရှိကို အရှိတိုင်း မှတ်တမ်းတင်ရ မယ်၊ အမှန်အတိုင်းလုပ်ရမယ်၊ ပို မမှတ်ရဘူး''

''အဲဒါလည်း ချီကျူးသင့်တယ်၊ ဘယ်သူမှ စောင့်မကြည့်ဘဲကို ကိုယ့်အသိနဲ့ ကိုယ်မှတ်တမ်းတင် တာကို ချီကျူးရမယ်၊ ရိုးသားမှုရှိ ရင်ပေါ့ဗျာ''

''ဒါပေါ့ဗျာ၊ အဲဒီ ကုမ္ပဏီမှာ က ဝန်ထမ်းပေါင်း ၄၅ ၅ဝဝ ရှိ တယ်၊ အဲဒီအထဲက လွန်ခဲ့တဲ့ ၂ဝ၁၅ မှာ ၁၇၃ဝဝ က ပါဝင်ကြ တယ်။ ၂ဝ၁၄ ကတော့ ၁၂၃ဝဝ ပဲပါတယ်။ တစ်နှစ် ထက်တစ်နှစ် များလာတယ်''

''လူကြိုက်များလာတဲ့ သဘော ပဲ''

''ကုမ္ပဏီက အကြီးအကဲတစ် ဦးဖြစ်တဲ့ Kay Mooney က ပြော တယ်၊ သူ့ရာထူးက Vice-President of Employee Benefits တဲ့၊ အိပ်ခြင်းဆိုင်ရာ လေ့လာမှုက ဝန် ထမ်းကျန်းမာရေးအတွက် အရေး ပါ ပါတယ်တဲ့''

''ဒါပေါ့ဗျာ၊ ပါတာပေါ့''

''ပြီးတော့ ရှိသေးတယ်၊ ကျန်း မာရေး လေ့ကျင့်ခန်း လုပ်ရင်လည်း နောက်ထပ်ဆုငွေထပ်ရသေးတယ်''

''ဟာ-ဒါလည်း ကောင်းတာပဲ''

''သူတို့ဆီမှာ The American Academy of Sleep Medicine ဆို တဲ့ ပညာရပ်ဆိုင်ရာ အဖွဲ့ကြီးရှိ တယ်။ အိပ်ခြင်းရဲ့ သဘာဝကို သုတေသနလုပ်တဲ့ အဖွဲ့ကြီးဗျ၊ ဒီ အဖွဲ့ကြီးရဲ့ အဆိုအရ အမေရိကား မှာ ဝန်ထမ်းတွေ အိပ်ရေးမဝလို့ ဆုံးရှုံးတာရှိတယ်တဲ့၊ ပျမ်းမျှခြင်း တွက်ရင် ဝန်ထမ်းတစ်ဦးဟာ လုပ် အားပေးတဲ့ရက်ပျက်ကွက်တာ တစ်နှစ်တစ်နှစ်ကို ၁၁.၃ ရက်ရှိ တယ်တဲ့၊ အိပ်ရေးပျက်လို့ ကျန်းမာ ရေးထိခိုက်ပြီး အလုပ်ပျက်တာပေါ့ ဗျာ၊ ငွေကြေးတန်ဖိုးနဲ့တွက်ရင် တစ်နှစ်တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၂၂ဝဝ ရှိတယ်တဲ့၊ ဒါက တစ်ဦးတည်းနော်၊ လူပေါင်းသန်းချီ တဲ့ တိုင်းပြည်တစ်ခုမှာ ဆုံးရှုံးမှုက အကြီးကြီးပဲ''

''ဟုတ်တယ်၊ ဒါကြောင့်လည်း Aetna က ဆုပေးတာပဲ''

''အဖွဲ့ကြီးက တစ်ပြည်လုံး အတိုင်းအတာနဲ့တွက်တာ တစ်နှစ် တာ ဆုံးရှုံးမှုက ဒေါ်လာ စုစုပေါင်း ၆၃.၂ ဘီလျံတောင်ရှိတယ်တဲ့ဗျ''

''အများကြီးပဲပါလား''

''San Francisco မြို့က University of California က ပါရဂူတွေကလည်း အိပ်ရေး၊ မဝ ရင် ရောဂါဝင်နိုင်တယ်လို့ သတိ ပေးထား တယ်၊ ဒါက သိပံ္ပပညာရှင် တွေက ပြောတာ၊ စီးပွားရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း ပြောထား တယ်၊ Sabrina Parson ဆိုတာက Palo Alto Software ကုမ္ပဏီပိုင်ရှင် ဗျ၊ သူက ပြောတယ်၊ အိပ်ရေးဝ ရင် အလုပ်လုပ်ရတာ Óဏ်ရွှင် တယ်တဲ့၊ အိပ်ရေးမဝရင် အလုပ် မတွင်ဘူးတဲ့၊ ဒါက သူကိုယ်တွေ့ ပြောတာဗျ''

''ဒါဆို အိပ်ရေးဝဝအိပ်သင့် တာ ထင်ရှားနေပြီဗျ''

ထိုစဉ် ဒေါက်တာဇီဇဝါသက် တင်ဦးဆောင်သော အမျိုးသမီး ဆရာဝန်တစ်စုနှင့် ဒေါက်တာပြုံးနွဲ့ ရီဦးဆောင်သော အမျိုးဆရာဝန် တစ်စုရောက်ရှိလာ၏။ အုပ်စုနှစ်စု ပေါင်းပါက လူနှစ်ဆယ်ကျော်ရှိ၏။

''ကဲ-ဆရာကျော် ဘယ်နှယ့်လဲ''

''အင်း၊ အမျိုး ၆ဝ ကျော်မှာ ရင်တောင် မလောက်ပါလား''

''ခုပဲ ဖုန်းဝင်လာတယ်၊ ဒေါက်တာဝိုင်းမျိုးဇင်သိန်းတို့ အုပ် စုလည်းလာနေပြီတဲ့''

''ဘုရား၊ ဘုရား၊ ကယ်တင်ရှင် လာပါတော့''

 ဒေါက်တာကျော်ဆွေသိန်း တမ်းတလိုက်၍လော၊ တိုက်ဆိုင်၍ လော၊ နှစ်မျိုးစလုံးဖြစ်နိုင်၏။ နိုင်ငံ ကျော် ဝတ္ထုတိုဆရာမောင်ညိုပြာ က ကယ်တင်ရှင်အဖြစ် အချိန်မီ ရောက်ရှိလာခြင်းက အမှန်ပင်ဖြစ် ပေတော့၏။

အောင် (ဆေး-၁)
ရည်ညွှန်းချက်။     ။ (1)BBC News မှ "The company That Pays its Staff to Sleep"
(2) BBC News မှ "Is Getting More Sleep Better For Your Career" ဆောင်းပါးများကို မှီငြမ်း ကိုးကားပါသည်။

အောင် (ဆေး - ၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.