12 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြောက်ဦး ရှေးဟောင်းမြေ အတွင်း၌ သောက်စား မူးယစ်ကာ ဆောင်းဘောက်တီး ကခုန်ခြင်းများကို တရားဝင် တားမြစ်သွားမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 996
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
နှလုံးသန်ဖို့ ဆင်ခြင်စို့

ညနေခင်းဖြစ်၍ ရွှေဘုံသာ လမ်းတစ်လျှောက် လူစည်ကားနေ ၏။

 ဒေါက်တာမင်းလှသီဟသူ သည် လူအုပ်ကြီးကြားမှ တိုးဝှေ့ကာ ဂျေဒိုးနပ်ဆိုင်သို့ ဦးတည် သွားနေ ၏။

ဆိုင်အတွင်း ဝင်လိုက်သော အခါ စားပွဲအားလုံးပြည့်ကျပ်နေ၍ အနည်းငယ် စိတ်ပျက်သွား၏။

ဆိုင်ထောင့်တစ်နေရာတွင် ဒေါက်တာရဲလှမင်းခေါင်၊ ဓာတ်ခွဲ မှူးကြီးဦးဥာဏ်အုန်း၊ စာပေတိုက် ပိုင်ရှင် ဦးလွင်ဆင့်၊ အငြိမ်း စား ကျောင်းအုပ်ကြီး ဦးရွှေသာ၊ ကဗျာ ဆရာမ မကြည်ဆွေ၊ ဝတ္ထုတို ဆရာမ မစပယ်တို့ကို တွေ့လိုက်ရ ၍ ဝမ်းသာသွား၏။

 ''လာ-ဆရာ၊ ကော်ဖီရော ဒိုးနပ်ရော အစုံရောမှာထားပြီးပြီ''

''ဆရာတို့နေရာဦးတာ တယ် တော်ပါလား''

''ဒါက တပည့်လေးမောင်စိန် ဝင်းတော်လို့ဗျ''

 ''ဒါနဲ့ ကဗျာဆရာ မောင်စာ ကလေးရော''

''မနေ့ညက များသွားတယ် ဆရာ၊ ခုမနက် မထနိုင်ဘူး''

''အင်း-အသက်ငယ်တယ်ဆို ပြီး၊ မဆင်ခြင်ဘဲကိုး''

 ''အသက်ငယ်လည်း ရောဂါ ဖြစ်တတ်လား''

 ''ဖြစ်တာပေါ့၊ တလောက စာပေလောကသားတစ်ဦး နှလုံး ရောဂါနဲ့ ဆုံးသွားတယ်၊ အသက် ငယ်ငယ်ပဲ ရှိသေးတယ်''

''ဟုတ်လား၊ နှလုံး ရောဂါအ ကြောင်း ပြောပါဦး''

''ဒီလိုဗျ၊ နှလုံးနဲ့ ပတ်သက်တဲ့ အလေ့အကျင့် တချို့ပြောပြမယ်၊ အားလုံးပေါင်း ရှစ်ချက်ရှိတယ်။ သတိထားစရာတွေပေါ့ဗျာ''

 ''ပြောပါ ဆရာ၊ မောင်စာ ကလေးလာရင်ပြန်ပြောပြလို့ရ တာပေါ့''

''ဟုတ်ကဲ့၊ ပထမအချက်က ကိုယ်လက်လှုပ်ရှားမှုဗျ၊ ကိုယ်လက် လှုပ်ရှားမှုလုပ်တာ နှလုံးသန်မာစေ တယ်၊ ဒါပေမယ့် မှန်မှန်လုပ်ရမယ်၊ တချို့က တစ်ရက်လောက် ပြင်း ပြင်းထန်ထန်လုပ်တယ်၊ ပြီးတော့ သုံးလေး ရက်လောက် ငြိမ်နေရော၊ ဒါလည်း နည်းလမ်းမဟုတ်ဘူး''

 ''ခုခေတ်က ကိုရီးယား ဇာတ် လမ်းတွဲ အခွေတွေပေါတော့ တချို့ က ညလုံးပေါက်ကြည့်ကြတယ်၊ ထိုင်ရာမထကြည့်ကြတယ်''

''မှန်တယ်ဗျ၊ တချို့က ဂိမ်း ဆော့တယ်၊ တချို့က Facebook လုပ်တယ်၊ ထိုင်ရာမထလုပ်တယ်၊ ကြာလို့ ကြာမှန်းမသိဘူး''

''နာရီပေါင်းများစွာ ငြိမ်နေ တာမကောင်းဘူး၊ အသက်ငယ် လည်း လေ့ကျင့်ခန်းလိုတယ်၊ အ လုပ်များရင်လည်း ခဏတဖြုတ်နား ပြီး လမ်းထလျှောက်ရမယ်''

''ဟုတ်ပြီ၊ အသက်ငယ်လည်း ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ် ရမယ်ပေါ့''

''ဟုတ်ကဲ့၊ ဒုတိယအချက်က ကိုယ်ကိုယ့်ကို အသက်သိပ်ငယ် တယ်ဆိုပြီး နှလုံးရောဂါမဖြစ်နိုင်ပါ ဘူးဆိုတဲ့ အချက်ဗျ၊ တချို့က ပစ် စလက်ခတ်နေတယ်၊ အသက်ငယ် တယ်ဆိုပြီး ဂရုမစိုက်ဘူး၊ ဒါမှား တယ်၊ သွေးပေါင်မှန်မှန်ချိန်ရမယ်၊ သွေးထဲက အဆီဓာတ် မှန်မှန်တိုင်း ရမယ်၊ သွေးထဲက သကြားဓာတ် မှန်မှန်တိုင်းရမယ်၊ ဒါတွေကို မှန် မှန်လုပ်ရမယ်၊ တချို့က အသက် ကြီးမှ လုပ်ရမယ် ထင်နေတာ၊ အ မှန်က ငယ်လည်းလုပ်ရမှာပဲ''

''လုပ်သင့်တာပေါ့ဗျာ''

''တတိယအချက်က အရက် သေစာသောက်စားတာပေါ့ဗျာ၊ ခု လက်တွေ့ပဲကြည့်လေ၊ မောင်စာ ကလေးက ငယ်သေးတယ်ဆိုပြီး အလွန်အကျွံသောက်တယ်၊ တကယ် ကငယ်လည်း အလွန်အကျွံမ သောက်ရဘူး၊ ဖြတ်ရင်ကောင်း တယ်၊ မဖြတ်နိုင်သေး ရင် လျှော့ သောက်၊ အရက်က သွေးပေါင် တက်စေတယ်၊ ပြီးတော့ သွေးထဲက အဆီဓာတ်များစေတယ်၊ ဒါက နှလုံးအတွက် မကောင်ဘူး''

''ဟုတ်ကဲ့၊ ဖြတ်နိုင်ရင် ကောင်းပါတယ်''

''စတုတ္ထအချက်က အစားအ သောက်ဗျ၊ စားတဲ့နေရာမှာ ရှောင် သင့်တာရှောင်ရမယ်ဆိုပေမယ့် တစ်ဖက်က အရသာရှိဖို့လည်းလို တယ်၊ မျှတအောင် စားရမယ်၊ အဆီလည်း ရှောင်ရသလို အရသာ လည်းရှိရမယ်၊ ဥပမာပြောရရင်မြေ ထဲ ပင်လယ်ပုံစံ အစားအစာမျိုးစား သင့်တယ်၊ ပါရမယ့် အရာတွေက သံလွင်ဆီရယ်၊ အခွံမာသီးမျိုးစုံ ရယ်၊ သစ်သီးမျိုးစုံရယ်၊ ကောက်နှံ မျိုးစုံရယ်၊ ငါးရယ်၊ အဆီမပါတဲ့ အသားရယ် ပါရမယ်၊ ဒီအစားအ စာမျိုးက အရသာလည်းရှိတယ်၊ နှလုံးအတွက်လည်းကောင်းတယ်''

''စားသင့်တာပေါ့ဗျာ''

''ပဉ္စမအချက်က ကျန်းမာရေး အတွက် အရေးကြီးတဲ့ တိုင်းတာမှု တွေကို အချိန်မှန်လုပ်ရမယ်၊ တစ်ခု က သွေးပေါင် ဗျ၊ သွေးပေါင်မှန်မှန် ချိန်ရမယ်၊ နောက်တစ်ခုက သွေးထဲက အဆီဓာတ်ဗျ၊ သွေးထဲက အဆီဓာတ်ကို မှန်မှန်တိုင်းရမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သွေးပေါင် တက်နေရင်လည်း မသိသာဘူး။ တစ်ခါတစ်လေ လူက ကျန်းမာနေ သယောင်ယောင်ရှိနေတယ်။ ဒါပေ မယ့် သွေးပေါင်က တက်နေတတ်တယ်၊ ထိုနည်းတူ သွေးထဲက အ ဆီဓာတ်များနေရင်လည်း ဘာ လက္ခဏာမှ မပြတတ်ဘူး၊ ဒါ ကြောင့် ပါရဂူတွေက အသက်နှစ် ဆယ်အရွယ်ကတည်းက ပုံမှန်စစ် ဆေးသင့်တယ်တဲ့''

''ဟုတ်တယ် အသက်နှစ် ဆယ်ဆိုရင်ကို သတိထားသင့်ပြီ''

''ဆဋ္ဌမအချက်က ခါးပတ်လည်အတိုင်းအတာဗျ၊ ဗိုက်ပတ် ဝန်းကျင်က အဆီပြင်ရှိရင် နှလုံး အတွက် မကောင်းဘူး။ ဒါကြောင့် ပေကြိုး နဲ့ ဗိုက်ကို မှန်မှန်တိုင်းရ မယ်၊ အမျိုးသားတွေအတွက် လက် မလေးဆယ်အထက်ရှိရင် မကောင်း ဘူး။ အမျိုးသမီးတွေအတွက် သုံး ဆယ့်ငါးလက်မ အထက်ရှိရင် မ ကောင်းဘူး။ အဲဒါဆိုရင် ကိုယ်အ လေးချိန်များနေပြီး ဗိုက်ပတ်လည် မှာလည်း အဆီပြင်ရှိနေပြီ၊ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ရမယ်''

''ဟုတ်တယ်၊ အဆီရှောင်ရ မယ်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ရ မယ်''

''သတ္တမအချက်က စိတ်ကျန်း မာရေးဗျ၊ တစ်ခါတစ်လေ အလုပ် အဆင်မပြေတာ၊ တစ်ခါတစ်လေ မိသားစု ပြဿနာရှိမယ်၊ ပြဿနာ ရှိလာရင် လူ့သဘာဝစိတ်ဓာတ်ကျ တတ်တယ်၊ စိတ်ဓာတ်ကျပြီး လုပ် နေကျလေ့ကျင့်ခန်း မလုပ်တော့ ဘူး၊ ဒါလည်း မှားတယ်၊ စိတ်ဓာတ် ကျနေရင် ပညာရှင်နဲ့ တိုင်ပင်ရမယ်၊ စိတ်ကျနေတဲ့ အခြေအနေကို ကုစားရမယ်၊ စိတ်ဓာတ် တက်ြ<ွက အောင်လုပ်ရမယ်''

''ဒါပေါ့၊ စိတ်ဓာတ်က အရေး ကြီးတယ်''

''အဋ္ဌမအချက်က ဆေးလိပ် ဗျ၊ ဆေးလိပ်က နှလုံးရောဂါဖြစ်စေ ဖို့အားပေးတယ်၊ ဆေးလိပ်သောက် တတ်ရင် ဖြတ်ရမယ်၊ ခုခေတ်မှာ ဆယ်ကျော်သက်တွေ ဆေးလိပ် သောက်နေတယ်၊ ဒါက အရေးကြီး တယ်၊ နောက်တစ်ခုက ကိုယ်တိုင် ဆေးလိပ် မသောက်ပေ မယ့် ဘေး နားက ဆေးလိပ်သောက်ရင်လည်း ရှောင်ရမယ်၊ တစ်ဆင့်ခံ ဆေးလိပ် ငွေ့ကလည်း ကိုယ်တိုင်သောက်သ လို ဆိုးကျိုးပေး တယ်၊ ကိုယ့်မိသားစုကိုယ့်လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်မိတ် ဆွေစတာတွေက ဆေးလိပ်သောက်ရင် လွတ်ရာမှာ သွားသောက် ဖို့ မေတ္တာ ရပ်ခံရမယ်၊ တချို့နိုင်ငံတွေ မှာ အများပြည်သူစုဝေးရာနေရာ တွေမှာ  ဆေးလိပ်မသောက်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းထားတယ်၊ အဲဒါ သိပ်ကောင်းတယ်။ ကျွန်တော်တို့ ဆီမှာတော့ ဘေးကဆေးလိပ် သောက်နေရင် လွတ်ရာရှောင်သွား ပေါ့ဗျာ''

''ဟုတ်တယ်၊ ဆေးလိပ်က လည်း ဆိုးတယ်ဗျ''

''မောင်စာကလေးက နှစ် ဆယ်ကျော်လေးပဲ ရှိသေးတာ၊ လာရင် ပြောကြဗျာ၊ ငယ်လည်း သတိထားရမယ်လို့''

 ''ဟုတ်တယ်၊ ပြောရမယ်''

''ဒါနဲ့ မေးရဦးမယ်၊ နှလုံး ရောဂါက ဘယ်လိုဘဝနေထိုင်မှု ပုံစံတွေမှာ ပိုဖြစ်တတ်လဲ''

''ဒီလိုဗျ၊ နှလုံးရောဂါဖြစ်စေဖို့ အားပေးတာတွေက အဆီအဆိမ့် အစားများတာရယ်၊ ဒေါသကြီးတာ ရယ်၊ စိတ်ဖိစီးမှု များတာရယ်၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာရယ် ဒါတွေပေါ့ဗျာ''

 ''ဟုတ်ပြီဗျာ၊ မှတ်သားထားပါ မယ်''

''မှတ်ရုံနဲ့ မပြီးဘူး အန်ကယ်၊ လက်တွေ့လည်းလိုက်နာဦးဗျ''

 ''နှလုံးရောဂါနဲ့ ပတ်သက်လာ ရင် အဆီအကြောင်း ဆွေးနွေးတာ များတယ်၊ ဒါကြောင့် အဆီအ ကြောင်းလည်း ပြောပါဦး''

''ရှောင်သင့်တာနဲ့ စားသင့် တာ နှစ်မျိုးရှိတယ်ဗျ၊ ရှောင်သင့် တာက ပြည့်ဝဆီဗျ၊ အဆီရှောင်ရ မယ် မဟုတ်ဘူး။ ဝက်သား၊ ကြက် ရေခွံ၊ ဘဲအရေခွံ၊ အုန်းဆီ၊ အုန်းနို့၊ ထောပတ်၊ ဘာဂါ၊ အာလူးချောင်း ကြော် စတာတွေ ရှောင်ရမယ်၊ Pastries ရယ်၊ Pies ရယ်၊ Cream ရယ်လည်း ရှောင်ရမယ်''

''စားသင့်တာတွေ ပြောပါဦး''

''စားသင့်တာက မပြည့်ဝတဲ့ အဆီဗျ၊ Unsaturated Fats ပေါ့ ဗျာ၊ အခွံမာသီးတွေ၊ ထောပတ်သီး တွေ၊ ဟင်းသီးဟင်းရွက်ဆီတွေ စား ရမယ်၊ သံလွင်ဆီစားနိုင်ရင် ကောင်းတယ်၊ Flaxseed လည်း စားနိုင် တယ်၊ ငါးစားရမယ်၊ ဖြစ်နိုင်ရင် Salmon တို့ Mackerel တို့  Tuna တို့ စားပေါ့ဗျာ၊ မရရင် လည်း ပင်လယ်ငါးတစ်မျိုးမျိုးစား ဗျာ''

 ''လေ့ကျင့်ခန်း လုပ်ပုံ လုပ် နည်း အကြံပေးပါဦး''

''တစ်နေ့ကို အသင့်အတင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်း၊ မိနစ် ၃ဝ လောက်လုပ်ဗျ၊ ပျမ်းမျှခြင်း တစ်ပတ်ကို ၁၅ဝ မိနစ်လောက် ရရင်လည်း မဆိုးဘူး၊ သိပ်ပြင်းထန် တဲ့ လေ့ကျင့်ခန်းမျိုး လုပ်နိုင်ရင် တော့ တစ်ပတ်ကို ၇၅ မိနစ် လောက်ရနိုင်ရင် ကောင်းတယ်၊ အချိန်မရရင် ဆက်တိုက်မလုပ်ဘဲ ခွဲလုပ်နိုင် တယ်''

''ဘယ်လို ခွဲလုပ်ရမလဲ''

''တစ်ခါလုပ်ရင် ၁ဝ မိနစ်၊ ၁၅ မိနစ် လောက်လုပ်ပေါ့၊ နောက် တစ်ခါအချိန်ရရင် ထပ်လုပ်၊ အဲသ လိုလုပ်ရင်လည်းရတယ်''

''Muscle Strengthening Workout ဆိုတာကရော''

 ''ဒါက ကြွက်သားတွေ သန် စွမ်းစေတဲ့ လေ့ကျင့်ခန်းမျိုးဗျ၊ တစ်ပတ်နှစ်ခါလောက်လုပ်ရမယ်၊ တစ်ခုရှိတာက နည်းပြလိုတယ်၊ ရမ်း မလုပ်နဲ့''

 ''ဟင်းသီး ဟင်းရွက်က ဘာ တွေစားရမလဲ''

''အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်တွေ စားဗျ၊  ဥပမာ ဒေါက်ခွတို့ ပန်းဂေါ်ဘီစိမ်းတို့ပေါ့ ဗျာ၊ ပြီးတော့ အနီရောင်၊ အဝါ ရောင်နဲ့ လိမ္မော်ရောင်ရှိတဲ့ သစ်သီး တွေ စားရမယ်၊ ပန်းသီးတို့ လိမ္မော် သီးတို့ပေါ့ဗျာ''

 ''သကြားနဲ့ ပတ်သက်လို့ လမ်း ညွှန်ချက်ကရော''

''အချို့လျှော့စားရမယ်၊ American Heart Association က လမ်းညွှန်ထားတာရှိတယ်။ အ မျိုးသားတွေအတွက် တစ်ရက်ကို သကြား ကိုးဇွန်းပဲ စားရမယ်၊ အမျိုးသမီးတွေအတွက် တစ်ရက် ကို သကြား ခြောက်ဇွန်းပဲစားရ မယ်၊ ဇွန်းက လက်ဖက်ရည် ဇွန်း ဗျ၊ ဇွန်းအသေးပေါ့ဗျာ''

''ဒါဆို ဒိုးနပ်မုန့်တွေ မှာထား ပြီးပြီ စားရမလား''

''နည်းနည်းပဲစားဗျာ၊ ကျန် တာပါဆယ်ဆွဲသွားမယ်၊ အိမ်နား က ကလေးတွေ ကျွေးလိုက်မယ်''

''ဆားအကြောင်းပြောပါဦး''

''ဆားလည်း လျှော့ရမယ်၊ တစ် နေ့ကို ဆား ၂၄ဝဝ မီလီဂရမ် ပဲ စားရမယ်၊ ဒီလိုဆိုတော့ မှန်းရ ခက်တယ်၊ အလွယ်မှတ်ရမှာက လက် ဖက်ရည်ဇွန်းတစ်ဇွန်းစာ ထက်နည်းပြီးစားရမယ်၊ အငန် အစားများရင် နှလုံးဝန်ပိစေ တယ်''

 ''ဟုတ်ပြီ၊ အငန်လျှော့စားရ မယ်''

''စိတ်ဖိစီးမှုနည်းအောင် လည်း နေရမယ်၊ ယောဂလေ့ကျင့် ခးန်းလုပ်နိုင်တယ်၊ သမထထိုင်နိုင် တယ်၊ တရားအားထုတ်နိုင်တယ်၊ ဒါတွေက စိတ်ဖိစီးမှုကို လျော့ပါး စေတယ်၊ စိတ်ဖိစီးမှုများရင် နှလုံး ထိခိုက်စေတယ်''

 ''ဟုတ်ပြီ လိုက်နာရမယ်''

''နှလုံးရောဂါကမျိုးရိုးဗီဇနဲ့ လည်း ပတ်သက်တယ်၊ မိဘနှစ်ပါး မှာ နှလုံးရောဂါရာဇဝတ်ရှိနေရင် သားသမီးလည်း ဖြစ်နိုင်ခြေများ တယ်၊ ဒါကြောင့် မိသားစုရာဇဝင် ကိုလည်း လေ့လာထားသင့်တယ်''

''မောင်စာကလေးလို လူငယ် တွေအတွက် ပြောပြပြီးတော့ လူကြီးတွေ အတွက်လည်းပြောပြ ပါဦး''

''ဒီလိုဗျ၊ အသက်ကြီးလာရင် ဆီးချို၊ သွေးတိုး သွေးထဲက အဆီ ဓာတ်များတာ၊ ဒီသုံးမျိုးဖြစ်လေ့ဖြစ် ထရှိတယ်၊ ဒါကြောင့် ဒီသုံးမျိုးရှိခဲ့ ရင် ဖိဖိစီးစီးကုဗျ၊ ဒီသုံးမျိုးက နှလုံး ရောဂါကို အားပေးတယ်၊ ဒါက လူကြီးတွေအတွက်ပေါ့ဗျာ''

''ကျေးဇူးပါပဲဗျာ''

ထိုစဉ် အမျိုးသမီး ဆရာဝန် တစ်စု ရောက်ရှိလာ၏။ ဒေါက်တာ ဝိုင်းနွဲ့ခိုင်ဦး၊ ဒေါက်တာ ညိုညို မျိုးသိန်း၊ ဒေါက်တာ ဝါဝါလှခင်၊ ဒေါက်တာနွဲ့ဦးမြသာတို့က ထိုဝိုင်း တို့ တန်းတန်းမတ်မတ်ရောက်လာ ၏။

''ဟာ-ညိုညိုတို့ပါလား၊ ကျွန် တော်တို့ရှိမှန်း ဘယ်လို သိတာလဲ''

''သိတာပေါ့၊ Facebook ခေတ်လေ၊ ဒီဝိုင်းတစ်ဝိုင်းလုံးရဲ့ ဓာတ်ပုံတွေ တစ်ဒါဇင်လောက်ရ ထားပြီးပြီ၊ ကျွန်မဆီကို ပို့လိုက်တာ က စေတနာရှင်တစ်ဦးတဲ့။ ကဲ-ကော်ဖီတွေ၊ ဒိုးနပ်မုန့်တွေမှာပေ တော့''

''ဟုတ်ပြီ၊ ဟုတ်ပြီ၊ မှာပါ့မယ် ဗျာ''

ဓာတ်ပုံပို့လိုက်သော စေတနာ  ရှင်တစ်ဦးဆိုသူမှာ ဝတ္ထုတိုဆရာ မောင် ညိုပြာဖြစ်ကြောင်း နောင်အ ခါမှ သိရလေတော့၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။      ။ (1) Web MD မှ "Top Strategies to Keep Your heart working Right" ဆေး ပညာဆောင်းပါး။
(2) Web MD မှ "Elght Habits That Are Rad For Your Heart" ဆေးပညာဆောင်းပါးများ ကို မှီငြမ်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.