22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းများ

ညနေခင်းဖြစ်၍ ရွှေဘုံသာ လမ်းတစ်လျှောက် လူစည်ကားနေ ၏။

အထူးကု ဆရာဝန်ကြီးများ ထိုင်သော နာမည်ကြီးဆေးတိုက်များ၊ တည်ရှိရာ ရွှေဘုံသာ အ ထက်လမ်းတွင် ဘုရားပွဲတော် တမျှများပြားသော လူအုပ်ကြီးကို တွေ့နိုင်၏။

 ရွှေဘုံသာ အထက်လမ်းရှိ ဂျေဒိုးနပ်ဆိုင်တွင်လည်း လူပြည့် နေ၏။

တပည့်ကလေး မောင်စိန်ဝင်း က ကြိုတင်နေရာယူထား၍ ဓာတ် ခွဲမှူးကြီး ဦးÓဏ်အုန်းရောက်ရှိလာ သောအခါ နေရာထိုင်ခင်းအဆင် သင့်ဖြစ်နေ၏။

 ''မောင်စိန်ဝင်းရေ၊ ကော်ဖီ ငါးခွက်၊ မုန့်တွေလည်း အစုံမှာ ကွာ''

 ''ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် ကြိုမှာထားပြီးပါပြီ။ လာပါလိမ့် မယ်''

''အေးအေး၊ ကောင်းတယ်ကွာ ပြောရင်းဆိုရင်းလာကြပြီ''

ဆိုင်ထောင့်တစ်နေရာတွင် ထိုင်နေသော ဆရာတပည့်နှစ် ယောက်ဆီသို့ ဒေါက်တာကျော်ဆွေ သိန်း၊ အငြိမ်းစား ကျောင်းအုပ်ကြီး ဦးရွှေသာနှင့် စာပေတိုက်ပိုင်ရှင် ဦးလွင်ဆင့်တို့ တန်းတန်းမတ်မတ် ရောက်ရှိလာ၏။

''ဦးÓဏ်အုန်းရေ၊ လူအုပ်ကြီး ကြားထဲက မနည်းတိုးခွေ့လာရ တယ်။ နည်းနည်းနောက်ကျသွား တယ်ဗျာ''

''ရပါတယ် ဝိဇ္ဇာကြီး။ အချိန် မီပါတယ်။ စားစရာတွေ မလာသေး ဘူး''

''ဟုတ်ပြီ ဟုတ်ပြီ၊ ကျွန်တော် ဓာတ်လုံးအောင်ရင် ပြန်ကျွေးမယ်''

ဦးရွှေသာက အဂ္ဂိရတ် ဝါ သနာပါသူဖြစ်၏။ အငြိမ်းစားယူပြီး နောက် ဖိုထိုးခြင်းကို စွဲစွဲမြဲမြဲလုပ် နေ၏။ ရင်းနှီးသူများက 'မြေ လျှောက် ဝိဇ္ဇာ'ဟု အမည်ပြောင်ပေး ထားကြ၏။

 ''ရပါတယ်။ ဒါပေမယ့် ဓာတ် လုံးအောင်ရင် ကျွေးရုံနဲ့ မရဘူး''

''ဘာလုပ်ပေးရဦးမလဲ၊ ပြော ဗျာ''

''ကြေးတွေရှာလာမယ်၊ ရွှေ ဖြစ်အောင်လုပ်ပေးလေ''

 ''ဟားဟား၊ လုပ်ပေးမယ်၊ လုပ်ပေးမယ်၊ လောလောဆယ် လုပ်နေတုန်းဆိုတော့ မီးသွေးဖိုလေး မစပါဗျာ''

''ရပါတယ်၊ ဒါနဲ့ ဝိဇ္ဇာကြီးရဲ့ အတူတူဖိုထိုးနေကျ ဦးစိန္ဒာရော''

''ကင်ဆာဖြစ်လို့ ဆေးရုံတက် နေရတယ်''

''ဟုတ်လား၊ သတင်းသွားမေး ဦးမှာပဲ၊ ခုတလော မိတ်ဆွေတွေ ထဲမှာ ကင်ဆာဖြစ်တာတွေတွေ့နေ ရတယ်။ ဆရာကျော်ကြိုတင် ကာကွယ်ရေး နည်းလမ်းလေးများ မရှိဘူးလား''

''ရှိပါတယ်။ ပထမဆုံး ကင် ဆာဖြစ်စေတဲ့ အရာတွေ အ ကြောင်း နည်းနည်းပြောပြမယ်၊ ပြီး တော့ ကြိုတင်ကာကွယ်ရေး အ ကြောင်း ဆွေးနွေးတာပေါ့''

 ''ဟုတ်ပြီ၊ ပြောပါဗျာ''

''ဆေးပညာ သဘောအရ ပြောရရင် ကင်ဆာဖြစ်စေတဲ့ အ ရာတွေကို Carcinogen လို့ ခေါ် တယ်။ Carcinogen အနေနဲ့ လူသိ များတာက ဆေးလိပ်ပေါ့ဗျာ၊ ဆေးလိပ်ကြောင့် ကင်ဆာဖြစ်တယ်။ ဦးစိန္ဒာဆိုရင် ဆေးလိပ်သိပ် သောက်တာ၊ ဆေးပေါ့ လိပ်၊ ဆေး ပြင်း လိပ်၊ စီးကရက်၊ ဆေးတံ၊ မျိုးစုံသောက်တယ်။ဒါကြောင့် ကင် ဆာဖြစ်တာ၊ ဒါက အများလည်း သိတယ်။ ထင်ထင်ရှားရှားသိသာမှု လည်း ရှိတယ်''

''ဒါဆို မထင်ရှားတာတွေရှိ သေးလား''

''ဟုတ်တယ်၊ ရှိတယ်၊ အဲဒါ ပြောချင်လို့ Everyday Health ဆို တဲ့ ဆေးပညာ စာစောင်မှာပါလာ တယ်။ ဒါကို အများမသိသေးဘူး။ ကင်ဆာနဲ့ မပတ်သက်ဘူးလို့ ရုတ် တရက်ထင်စရာရှိတယ်။ ဒါပေ မယ့် ပါရဂူတွေ သေသေချာချာ လေ့လာပြီးပြီ၊ ဒါကို သိထားမှ လည်း ကြိုတင်ကာကွယ်နိုင်မှာ''

''ဒါဆို အဲဒီ မထင်ရှားသေးတဲ့ အကြောင်းတရားတွေကို ရှင်းပြပါ ဦး''

''ပထမတစ်ခုက ဆယ်ကျော် သက်အရွယ်မှာ အဝလွန်ရောဂါ ဖြစ်တာဗျ၊ American Cancer Society ဆိုတဲ့ အသင်းကြီးရဲ့ အဆိုအရ ကင်ဆာဖြစ်တာက DNA ချို့ယွင်းချက်ကြောင့်ဖြစ် တာ၊ Carcinogen တွေက DNA ကို တိုက်ရိုက်ထိခိုက်ပျက်စီးစေ တယ်။ ဒါပေမယ့် တချို့သော ဘဝ နေထိုင်မှုပုံစံတွေက တိုက်ရိုက်ဖြစ် စေတာ မဟုတ်ဘူး။ သွယ်ဝိုက်ပြီး ဖြစ်စေတာ၊ သဘောက ကင်ဆာ ဖြစ်ဖို့ အခွင့်အလမ်းပိုပြီးများလာ စေတာ''

''သဘောပေါက်ပြီ၊ သာမန် အခြေအနေနဲ့ နှိုင်းယှဉ်ရင် ကင် ဆာဖြစ်ဖို့ ပိုပြီး နီးစပ်လာတဲ့ သဘောမဟုတ်လား''

''ဟုတ်တယ်၊ ဟုတ်တယ်၊ စာထဲကလို ပြောရရင် Increased Rik ပေါ့ဗျာ၊ Risk များလာတာပေါ့၊ မကြာသေးခင်က ပါရဂူတွေ သု တေသနတစ်ခုလုပ်ခဲ့တယ်။ အစ္စရေးနိုင်ငံမှာလုပ်တာ၊ လူပေါင်း တစ်သန်းကို လေ့လာခဲ့တယ်။ ဒီလူတွေရဲ့ ဆယ်ကျော်သက်ဘဝ က ဘဝနေထိုင်စားသောက်ပုံကို လေ့လာခဲ့တယ်။ တချို့လူတွေမှာ အစာရေမျိုကင်ဆာနဲ့ အစာအိမ် ကင်ဆာဖြစ်နှုန်းပိုများတာတွေ့ရ တယ်။ ဒီလူတွေက ဆယ်ကျော် သက်ဘဝမှာ အဝလွန်ရောဂါရှိခဲ့ ဖူးတယ်။ ဒါကြောင့် အဝလွန် ရောဂါနဲ့ ကင်ဆာဟာ ဆက်စပ်မှု ရှိတယ်တဲ့''

''စာရင်းအင်း သဘောအရ တင်ပြထားတာရှိလား''

''ရှိတယ်ဗျ၊ ဆယ်ကျော်သက် အရွယ်မှာ BMI က 85 TH Percentile  အထက်ရှိနေရင် အစာ ရေမျိုကင်ဆာဖြစ်နိုင်ခြေက ၂.၁ ဆပိုပြီး တိုးလာတယ်တဲ့၊ သဘော က အဝလွန်ရင် ပိုပြီး ကင်ဆာဖြစ် နိုင်ခြေရှိတာကို ပြတာပဲ၊ ဒါ ကြောင့် ဆယ်ကျော်သက်ဘဝမှာ ကတည်းက လေ့ကျင့်ခန်းများများ လုပ်ရမယ်၊ ဂိမ်းဆော့တာလျှော့ရ မယ်။ အစားအသောက် ဆင်ခြင်ရ မယ်။ အဆီအဆိမ့်လျှော့ရမယ်။ ဒါဆို အဝလွန်ရောဂါမဖြစ်တော့ ဘူး။ ကင်ဆာဖြစ်နိုင်ခြေလည်း နည်းသွားတာပေါ့ဗျာ''

''ဟုတ်ပြီ ရှင်းပါတယ်၊ ဒုတိ ယ အချက်ကရောဗျာ''

''ဒုတိယ အချက်က အရက် ဗျ၊ အရက်စာရင်းထဲမှာ အကုန်ပါ တယ်။ ဘီယာ၊ ဝီစကီ၊ ရမ်၊ ထန်း ရေ၊ အရက်ဖြူ၊ တောအရက် အ ကုန်ပါတယ်။ တချို့က ဘီယာဟာ အရက်မဟုတ်ဘူးဆိုပြီး ဆင်ခြေ ပေးတယ်။ မှားတယ်ဗျ၊ ဘီယာ လည်း အရက်ပဲ၊ အယ်လကိုဟော ပါတယ်။ အရက်က ရင်သားကင် ဆား၊ အူမကြီးကင်ဆာ၊ အသည်း ကင်ဆာ၊ အစာရေ မျိုကင်ဆာစတဲ့ ကင်ဆာဖြစ်နိုင် ခြေများစေတယ်တဲ့''

''ဒါဆို အရက်က တကယ်ဆိုး တာပေါ့''

''ဟာ-တကယ်ဆိုးတာပေါ့၊ Boston University လက်အောက် ခံ Schools of Medicine and Public Health ဆိုတဲ့ ဆေးပညာ မဟာဌာနတွေက သုတေသနတွေ လုပ်ခဲ့တယ်။ အရက်အသင့်အ တင့်သောက်ရင်တောင် ကင်ဆာ ဖြစ်နိုင်ခြေပိုများလာစတာ ကိုတွေ့ရ တယ်တဲ့။ ဒါကြောင့် အရက်ရှောင် ရမယ်။ သောက်တတ်ရင် အရက် ဖြတ်ရမယ်''

''ဟုတ်ပြီ၊ ငါးပါးသီလလည်း လုံခြုံအောင် စောင့်ထိန်းရာရောက် ပါတယ်''

''တတိယအချက်က အသား တွေကို မီးပြင်းပြင်းနဲ့ ကြော်လှော် ချက်ပြုတ်တာပေါ့ဗျာ၊ ဥပမာ-အမဲ သား၊ ဝက်သား၊ ဆိတ်သား၊ ကြက် သားစတာတွေကို Pan-Frying လုပ်တာ၊ Grill လုပ်တာတွေပေါ့ဗျာ၊ အဲဒါကို လေ့လာတော့ ကင်ဆာ ဖြစ် စေတဲ့ Heterocyclic Amine တွေ၊ Polycyclic Aromatic Hydro Carbon တွေ ထွက်လာတယ်။ ဒါ တွေက ကင်ဆာဖြစ်စေတဲ့ ဓာတု ဒြပ်ပေါင်းတွေပဲ၊ ဒါကို National Cancer Institute ဆိုတဲ့ သုတေ သနဌာနကြီးက လေ့လာခဲ့တယ်။ ဒီလို ချက်ပြုတ်တဲ့ ပုံစံက အူမကြီး ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေ ကို ပိုပြီးဖြစ်စေတယ်တဲ့''

''ဒါဆိုအစားဆင်ခြင်ရမယ်''

''စတုတ္ထအချက်က နေရောင် ခြည် ကာကွယ်တဲ့ လူးဆေးဗျ၊ နေ ရောင်ခြည်မှာ ခရမ်းလွန်ရောင် ခြည်ပါတယ်။ ခရမ်းလွန်ရောင် ခြည် က အရေပြားကင်ဆာဖြစ်စေတယ်။ ဒါကို လူသိများတယ်။ ဒါ ပေမယ့် လူသိနည်းတာရှိသေး တယ်။ ဒါက Sunecreen ဗျ၊ နေ ရောင်ခြည်ဒဏ်ကို ကာကွယ်ပေ မယ့် ဒီပစ္စည်းမှာက Zinc Oxide ပါတယ်။ Zinc Oxide က အရေ ပြားဆဲလ်တွေကို ပျက်စီးစေတယ်။  Missour,University of Science and Technology က ဒါကို လေ့ လာခဲ့တယ်။ ဒါကြောင့် Sunscreen သုံးရင် သတိထားသုံးဗျ၊ ဖြစ် နိုင်ရင် အရေပြားအထူးကုပါရဂူနဲ့ တိုင်ပင်ပြီးမှ သုံးပေါ့ဗျာ''

''ဒါပေါ့ဗျာ၊ ပါရဂူနဲ့ တိုင်ပင် တာကောင်းတာပေါ့''

''စတုတ္ထအချက်က ညဘက် အလုပ်လုပ်ရတာဗျ၊ တချို့က မလွှဲ သာမရှောင်သာဝမ်းရေးကြောင့် ညဘက်လုပ်ရတယ်။ ညဘက် အ လုပ်ဆင်းရင် ရင်သားကင်ဆာဖြစ် နိုင်ခြေပိုများလာတယ်။ ညမအိပ်ရ တော့ Circadian Disruption ဖြစ် တယ်။ ဇီဝနာရီက ကမောက်ကမ ဖြစ်လာတယ်။ ကင်ဆာဖြစ်နိုင်ခြေ ပိုများလာတယ်။ ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့ကြီးရဲ့ လက်အောက်ခံ International Agency for Research on Cancer ဆိုတဲ့ အဖွဲ့ ကြီးက ဒါကို လေ့လာခဲ့တယ်။ ဒီ အဖွဲ့ကြီးရဲ့ အဆိုအရ ညဘက်မ အိပ်ရတော့ Melatonin ဟော်မုန်း ထုတ်လုပ်မှုက ပုံမမှန်ဖြစ်လာတယ် တဲ့။ ဒါကနေ မျိုးရိုးဗီဇတွေကို ထိ ခိုက်စေတယ်လို့ ဆိုတယ်။ ညဘက် တာဝန်ထမ်းဆောင်ရတဲ့ သူနာပြု ဆရာမတွေ၊ လေယာဉ်မယ်တွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေများတာ တွေ့တယ်တဲ့''

''ဒါဆို ဖြစ်နိုင်ရင် ညဘက်လုပ် ရတဲ့ အလုပ်တွေ မလုပ်နဲ့ပေါ့ဗျာ မရှောင်နိုင်ရင်လည်း အုပ်ချုပ်သူ တွေနဲ့ ညှိပြီး တာဝန်ချိန် နည်း အောင် စီစဉ်ပေါ့ဗျာ''

''ဒါလည်း ဖြစ်နိုင်ပါတယ်။ ပဉ္စမအချက်က မြို့နေလူတန်းစား မှာ တွေ့ရတဲ့ လေထုညစ်ညမ်းမှုပေါ့ ဗျာ။ မြို့မှာက ယာဉ်မျိုးစုံရှိတယ်။ စက်ရုံတွေရှိတယ်။ Diesel Engine Exhaust က အဆုတ်ကင်ဆာဖြစ် စေတယ်၊ ဒါကို International Agency for Research on cancer  က လေ့လာပြီးပြီ၊ သတ္ထု တွင်း အလုပ်သမားတွေမှာလည်း လေထုညစ်ညမ်းတာရှိတယ်။ ဒါကို လည်း National Institute for occupational Safety and Health က လေ့လာပြီးပြီ၊ စုစု ပေါင်း သတ္ထုတွင်းအလုပ်သမား ၁၂ဝဝဝ ကို လေ့လာခဲ့ တယ်။ လေထုညစ်ညမ်းမှုဟာ အန္တရာယ် ကြီးတယ်တဲ့ဗျ''

''ဟုတ်ကဲ့ ဆရာကျော်''

''လေထုညစ်ညမ်းမှုကတော့ တစ်ဦးချင်းဖြေရှင်းလို့ မရဘူး။ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အ စည်းတွေနဲ့ ပြည်သူလူထု ပူးပေါင်း ဆောင်ရွက်ရမှာပဲ၊ လေထုညစ် ညမ်းမှု ကာကွယ်ရေးမှာ ဆေးလိပ် လည်း ပါတယ်။ ဆေးလိပ်ဖြတ်ရ မှာပေါ့ဗျာ''

''ဟုတ်ကဲ့ ဆရာကျော်၊ လူ စည်ကားရာနေရာတွေမှာ ဆေး လိပ်မသောက်ဖို့ စည်းရုံးရမယ်။ ပညာပေးရမယ်၊ တချို့ နိုင်ငံတွေ မှာ ဥပဒေပြဋ္ဌာန်းပြီး တိတိကျကျ အရေးယူတယ်။ ဒါဟာ နမူနာယူ စရာကောင်းတယ်''

''ပြည်သူတွေ နိုင်ငံကြီးသား ပီသဖို့လိုတယ်။ စည်းကမ်းလိုက်နာ ဖို့လိုတယ်၊ ကျန်းမာရေး အသိရှိ ကြဖို့ လိုတယ်''

''ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါတွေလိုတယ်''

''ခုပြောခဲ့တဲ့ အချက်ငါးချက် က သာမန်အားဖြင့်ကြည့်ရင် အရေးမကြီးသလို ထင်ရပေမယ့် တကယ်တမ်းက သိပ်ကို အရေး ကြီးပါတယ်။ ကြိုတင်ကာကွယ်ဖို့ ကလည်း သိပ်ပြီးအခက်အခဲမရှိပါ ဘူး။ လူတိုင်းလက်လှမ်းမီပါတယ်''

 ''ဟုတ်ပါပြီ၊ ကြိုတင်ကာကွယ် ရေး နည်းလမ်းတွေသိရလို့ ကျေး ဇူးတင်ပါတယ်၊ ဒါနဲ့လေဒီဒေါက် တာ အုပ်စုရော''

''ဒီနေ့တော့ မလာအားကြဘူး၊ အလုပ်များနေကြတယ်''

''ကဲ-ကော်ဖီသောက်ကြပါ၊ ဂျေဒိုးနပ်တွေလည်း စားကြပါ''

''ဟာ-ဝိဇ္ဇာကြီးက တစ်ခွက် တောင်ကုန်သွားပြီ''

''ရပါတယ်၊ နောက်ထပ်တစ် ခွက်ထပ်မှာပေးမယ်''

''ဆရာကျော်၊ မွန်မလေးဆိုင် က ဘူးသီးကြော်လည်း စားချင် တယ်''

''ဝိဇ္ဇာကြီးက လုပ်ပြီဗျာ၊ ဒိုး နပ်စားရာက ဘူးဘီးကြော်စားချင် ပြန်ပြီ''

''ရပါတယ်၊ အန်ကယ် ဦးလွင် ဆင့်ရာ၊ စိတ်မပူပါနဲ့၊ မောင်စိန်ဝင်း ရှိပါတယ်''

 ''ဒါနဲ့ တလောကဒံပေါက်မှာ ပေးတာ ဘယ်သူလဲဗျ''

''ကျွန်တော်လည်းမသိဘူး၊ ဒါက ခုထိ လျှို့ဝှက်ချက်ပဲ ဦးလွင် ဆင့်''

''ဒါဆို လေညိုကုန်းကို လာ လာနေတဲ့ ပုဂ္ဂိုလ်ကြီးလား''

 ''ဘယ်သူလဲဗျ''

''အရပ်က ခြောက်ပေနီးပါးဗျ၊ ပိန်ပိန်ပါးပါး အသားညိုညိုဗျ၊ မုတ် ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေက အ ရှည်ကြီးဗျ၊ ဝတ်ထားတာက အ ထက်အောက် ယောဂီရောင်ဝတ်စုံ၊ လည်ပင်းမှာက ဧရာမပုတီးကြီးဆွဲ ထားတယ်၊ လွယ်အိတ်ကြီးကလည်း အကြီးကြီး၊ အဲဒီပုဂ္ဂိုလ်ကြီးများ လား''

''နာမည်က ဘာတဲ့လဲ''

''နာမည်လည်း မေးရင် မပြောဘူး။ ဒါပေမယ့် တချို့ကိစ္စတွေ အလိုလိုသိသိနေတယ်၊ ထူးဆန်း တယ်။ ပြီးတော့ သူပေးခဲ့တဲ့ ပြဒါး ပြာ က လည်း စွမ်းတယ်။ တချို့ ရောဂါတွေ ပျောက်တယ်၊ သူက လာချင်တဲ့အခါလာတယ်၊ တွေ့ချင် လို့ လိုက်ရှာရင်လည်း မတွေ့ဘူး။ အဂ္ဂိရတ် အကြောင်းလည်း အ တော်ထဲထဲဝင်ဝင်သိတယ်ဗျ''

''အင်း-အထက်လမ်းလိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်လိမ့်မယ် ထင်တယ်''

''ဒီလိုလုပ်ဗျာ၊ ဆရာမောင်ညို ပြာကို စုံစမ်းခိုင်းမယ်၊ သူက ဂမ္ဘီ ရစာရေးဆရာတွေနဲ့ ရင်းနှီးတယ်၊ သူစုံစမ်းရင်ရနိုင်မယ် ထင်တယ်''

''ဟုတ်ပြီ၊ ဟုတ်ပြီ ကောင်း တယ်၊ ကောင်းတယ်''

အားလုံးက ထိုဆုံးဖြတ်ချက် ကို ဝိုင်းဝန်းထောက်ခံကြလေ၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။    ။ Everyday Health စာစောင်မှ "Five Surprising Causes of Cancer" ဆေးပညာဆောင်းပါးကို မှီငြမ်းကိုး ကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
ayethaung said...
Wednesday 18 January 2017, 7:42 pm
like
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.