23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ဆေးလိပ်ကို ဘာကြောင့် ရှောင်သင့်သလဲ

ညဥ့်နက်ပြီဖြစ်၍ ဒေါက်တာ ရဲလှမင်းခေါင်သည် အိပ်ရာဝင်ရန် ကြည့်လက်စ တီဗီကို ပိတ်လိုက်၏။

ထိုစဉ်ဖုန်းခေါ်သံကြား၍ ကောက်ကိုင်လိုက်၏။

''ဟဲလို၊ ဆရာရဲ၊ ကော်ဖီ သောက်ရအောင်''

 ''ဟာ-ဆရာသီဟသူပါလား၊ ညဥ့်နက်ပြီဗျ၊ ဆိုင်တွေပိတ်ရော ပေါ့''

''မနက်သုံးနာရီအထိ ဖွင့်တဲ့ 'အလင်းဆိုင်' Coffee Shop ရှိ တယ်လေ''

''ဟာ-ဟုတ်လား၊ လိပ်စာ ပြောလေ၊ လာခဲ့မယ်''

''လိပ်စာက မြောက်ဒဂုံ ၇/၈ လမ်းဆုံနားမှာ၊ လာခဲ့ဗျာ၊ အန် ကယ်ဦးလွင်ဆင့်ကို ဝင်ခေါ်ခဲ့၊ သူ သိတယ်၊ သူလမ်းပြလိမ့်မယ်''

''ဟုတ်ပြီ လာခဲ့မယ်''

 ဒေါက်တာရဲလှမင်းခေါင် သည် ကိုယ်ပိုင်ကားဖြင့် ထွက်လာ ကာ စာပေတိုက်ပိုင်ရှင် ဦးလွင်ဆင့် အား ဝင်ခေါ်၏။ ဦးလွင်ဆင့်၏ လမ်းပြမှုကြောင့် မကြာမီ ၇/၈ လမ်းဆုံအနီးရှိ 'အလင်းဆိုင်' Coffee Shop သို့ ရောက်ရှိသွား၏။

ထိုဆိုင်ကို စာပေ၊ ဂီတ၊ ပန်းချီ စသော အနုပညာဘာသာရပ်များ ဖြင့် ချယ်သပြင်ဆင်ထား၍ အမြင် ဆန်းနေ၏။

ထိုဆိုင်တွင် စိတ်ဝင်စားဖွယ် ရာ ပန်းချီကားပေါင်းစုံ ချိတ်ဆွဲထား ၏။

¤င်းပြင် စာအုပ်ပေါင်းစုံကို လည်း ကော်ဖီသောက်ရင်းငှားရမ်း ဖတ်ရှုနိုင်၏။

စနေနေ့တိုင်း ည ၇ နာရီတွင် Unplugged Show လည်း ရှိ၏။

ဆိုင်ထောင့်တစ်နေရာတွင် ဒေါက်တာမင်းလှသီဟသူ၊ အငြိမ်း စား ကျောင်းအုပ် ဆရာကြီး ဦးရွှေ သာ၊ ကဗျာဆရာကျော်ခေါင်၊ ကဗျာ ဆရာမောင်တိုင်ပြာ၊ ဓာတ် ခွဲမှူးကြီး ဦးÓဏ်အုန်းနှင့် မဂ္ဂဇင်း အယ်ဒီတာမောင်နန္ဒတို့ရောက်ရှိ နေ၏။

''ဟာ-ဆရာသီဟသူ၊ လူစုံလှ ချည်လား၊ ခုလို ညဥ့်နက်တာ တောင် လူစုံအောင်စုနိုင်တယ်ဗျာ၊ အံ့ရော အံ့ရော''

''ဟာ-ဆရာရဲကလည်း ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ အကုန် ရောက်လာတာပဲ၊ ဘာခက်လို့လဲ ဗျာ၊ ခုလို အချိန် မဆုံဖူးသေး ဘူး လေ၊ အထူးအဆန်းပေါ့ဗျာ''

 ''ဟုတ်ပါပြီ၊ မနက်အလင်း အားကြီး သုံးနာရီမှ ပိတ်တယ်ဆို တော့လည်း အေးအေးဆေးဆေး ပေါ့၊ ဒါနဲ့ ဘာတွေရလဲ လုပ်ပါဦး''

''မြန်မာ့ရိုးရာဟင်းလျာတွေရ တယ်ဗျာ၊ ကြက်ခွေးတောက် ဟင်း ချို၊ ခရမ်းသီးမီးဖုတ်သုပ်၊ ဆတ်သား ခြောက်သုပ်တွေရတယ်''

''ဟုတ်ပြီ၊ မှာဗျာ၊ ကြိုက်သွား ပြီ''

''ဦးရွှေသာက တောင်းဆိုလို့ ကြက်ကောင်လုံးကြော်၊ ကြက် တောင်ပံကြော်၊ ပုစွန်ကြော်၊ ဘူးသီး ကြော်တွေလည်း မှာထားတယ်''

''ကောင်းတယ်ဗျာ၊ သောက် စရာဘာရလဲ''

''ကော်ဖီမျိုးစုံရတယ်၊ သစ်သီး ဖျော်ရည်မျိုးစုံရတယ်ဗျ''

''ဟုတ်လား၊ ပေါ့ပေါ့ပါးပါး စားချင်တဲ့ လူလည်းပါဦးမှာ၊ ဘာမှာ ထားသေးလဲ''

''အဲဒါအတွက်လည်း မပူနဲ့ရ တယ်၊ လက်ဖက်သုပ်၊ ဂျင်းသုပ် မြင်းခွာရွက်သုပ်တွေ မှာထား တယ်''

''ဟုတ်ပြီ၊ ဒါလောက်များများ မှာထားရင် အတော်ကုန်မှာပဲ''

''ကုန်ကျစရိတ်အတွက် မပူနဲ့၊ တော်ကြာရင် ဝတ္ထုတိုဆရာမောင် ညိုပြာလာလိမ့်မယ်၊ သူ့အတက် ချီကေ့(စ်)ထဲမှာ တစ်သောင်း တန် တွေ အုပ်လိုက်ပါတယ်''

''ဟာ-ကောင်းတယ်၊ ကဲ-မှာ ကြဗျာ၊ အားမနာနဲ့ မှာကြမှာကြ''        

''သြော်-ဒါနဲ့ ဗေဒင်ဆရာကြီး ဦးလှကျော်ရော တွေ့သေးလား''

''အဆုတ်ကင်ဆာနဲ့ ဆေးရုံ တက်နေရတယ်၊ ဦးလှကျော်က ဆေးလိပ်သိပ်သောက်တာ၊ စီးကရက်ရော၊ ဆေးပေါ့ လိပ်ရော၊ ဆေး ပြင်း လိပ်ရော စုံအောင်သောက် တာ''

 ''ဟုတ်လား၊ ဆေးလိပ်နဲ့ ပတ် သက်လို့ ဆေးပညာဂျာနယ် တစ် စောင်မှာတွေ့ထားတာရှိတယ်''

''ပြောပါဦး ဆရာရဲ''

''ဒီလိုဗျ၊ Science ဆိုတဲ့ ဂျာ နယ်ဗျ၊ သုတေသန တစ်ခုအ ကြောင်းပါတယ်။ ဒီသုတေသနကို ပါရဂူတွေ စုပေါင်းလုပ်တာ၊ Wellcome Trust Sanger Institute က ပါရဂူတွေပါတယ်။ Los Alamos National Laboratory က ပညာရှင်တွေပါ တယ်''

''ပါရဂူတွေ အတော်စုံတာပဲ''

''ဟုတ်တယ်ဗျ၊ ဆေးလိပ်က DNA ကို ထိခိုက်ပျက်စီးစေတယ်၊ ခုသုတေသနမှာ ပါရဂူတွေ တွေ့ တာက ဆေးလိပ်ဟာ DNA Mutation တွေ ရာနဲ့ချီပြီး ဖြစ်ပွား စေတယ်တဲ့၊ ကင်ဆာဆဲလ်တွေရဲ့ မျိုးရိုးဗီဇဆိုင်ရာကို လေ့လာတော့ တစ်နေ့ကို ဆေးလိပ် အလိပ်နှစ် ဆယ်နှုန်းသောက် ခဲ့ရင် တစ်နှစ် တစ်နှစ်ကို အဆုတ်က ဆဲလ်တိုင်း ဆဲလ်တိုင်းမှာ Mutation ပေါင်း ၁၅ဝ နှုန်းဖြစ်စေ တယ်တဲ့''

 ''ဟာ-အများကြီးပဲဗျ''          

 ''ဟုတ်တယ်ဗျ၊ ခုလို ပြောင်း လဲခြင်းက ထာဝရပြောင်းလဲခြင်း တဲ့၊ ဆေးလိပ်ဖြတ်လိုက်ရင်တောင် ဒီပြောင်းလဲခြင်းက ဆက်ရှိနေဦး မှာတဲ့''

''ကြောက်စရာပဲဗျ''

''ပါရဂူတွေက ခုလို ကင်ဆာ ဆဲလ်တွေရဲ့ DNA ကို လေ့လာတာ အကျိုးများစွာ ရှိပါတယ်တဲ့၊ အ ဆုတ်ကင်ဆာသာမကဘူး၊ တခြား ကင်ဆာတွေဘာကြောင့် ဖြစ်ရ တယ်ဆိုတာကိုလည်း စူးစမ်းလေ့ လာနိုင်ပါတယ်တဲ့''

''ကောင်းတယ်ဗျာ၊ ဆက်ပါ ဦး''

''ခုသုတေသနမှာ အသက် ၆၉ အရွယ် Pamela Pugh ဆိုတဲ့ ကင်ဆာဝေဒနာရှင်ကို အင်တာဗျူး လုပ်တာလည်းပါတယ်။ သူက အ သက် ၁၇ နှစ်မှာ ဆေးလိပ်စ သောက်တယ်၊ အသက် ငါးဆယ် ပတ်ဝန်းကျင်မှာ ဆေးလိပ်ဖြတ် တယ်၊ ဒါပေမယ့် အဆုတ် ကင်ဆာ ဖြစ် လာတယ်၊ သူက ပြောတယ်၊ ဆေးလိပ် ဖြတ်လိုက်တာကြာပါပြီ တဲ့၊ ဒါပေမယ့် ဆေးလိပ်ဒဏ်က မ ပျောက်သွားဘူးတဲ့၊ ခုလို ဆေးလိပ် က ကင်ဆာဖြစ်စေမှန်းဆယ်ကျော် သက်ကတည်းက သိခဲ့ရင် ဆေး လိပ်ကို အစထဲက မသောက်ပါဘူး တဲ့''

''ဒါပေါ့ဗျာ၊ အစမလုပ်တာ အကောင်းဆုံးပဲ''

''ခု Pamela Pugh က လည်း ဆေးလိပ်ကို ဘယ်တော့မှ အစလုပ်ပြီး မသောက်ကြပါနဲ့လို့ လူတိုင်း လူတိုင်းကို တိုက် တွန်းနှိုး ဆော်ထားတယ်ဗျ''

 ''နှိုးဆော်သင့်ပါတယ်၊ မသိလို့ သောက်မိတဲ့လူလည်း ရှိသေးတာ ကိုး''

 ''ပါရဂူတွေက ပျမ်းမျှခြင်းတစ် နေ့ကို စီးကရက်တစ်ဘူး သောက် ရင် ဘာတွေဖြစ်နိုင်လဲဆိုတာ ဆက်လေ့လာကြတယ်၊ ခုလို လေ့ လာတော့ ဆေးလိပ်နဲ့ DNA Mutation ဆက်စပ်ပုံကို တွေ့လာ ကြတယ်။ အဆုတ်က ဆဲလ်တွေ ဆိုရင် နှစ်စဉ်နှစ်တိုင်းမှာ အဆုတ် ဆဲလ်တိုင်းဆဲလ်တိုင်းမှာ Mutation ၁၅ဝ ရှိတယ်တဲ့၊ ပြီးတော့ Larynx and Voice Box က ဆဲလ်တွေဆိုရင် နှစ်စဉ်နှစ်တိုင်း၊ ဆဲလ်တိုင်း ဆဲလ်တိုင်းမှာ Mutation  ၉၇ ခု ရှိတယ်တဲ့၊ အသံအိုးတစ် ဝိုက်ပေါ့ဗျာ၊ ပါးစပ်ထဲမှာဆိုရင် Mutation  က ၂၃ ခုရှိတယ်။ ဆီး အိမ်မှာဆိုရင် ၁၈ ခုရှိတယ်၊ အ သည်းမှာဆိုရင် ခြောက်ခုရှိတယ် တဲ့''

''ဟာ-ဒါဆိုရင် ကင်ဆာဖြစ် တာက အဆုတ်တစ်ခုတည်းမှ မဟုတ်ဘဲ တခြားအင်္ဂါ အစိတ်အ ပိုင်းတွေမှာလည်း ဖြစ်နိုင်ခြေရှိနေ တာပဲ''

''ဒါကြောင့် ဆေးလိပ်ကို ဝေး ဝေးရှောင်သင့်တာပေါ့ဗျာ''

''ပါရဂူတွေက ဘာတွေပြော ထားသေးလဲ''

''Professor Sir Mike Stratton ဆိုတဲ့ ပါမောက္ခကြီးက Wellcome Trust Sanger Institute ကဗျ၊ သူက ပြောတယ်၊ Mutation များလာလေလေ ကင်ဆာဖြစ်ဖို့ နီးစပ်လာလေလေပါပဲတဲ့၊ ပြီးတော့ သုတေသီတွေတွေ့ ထားတာက ဆေးလိပ် မီးခိုးငွေ့ ထဲ မှာ Carcinogen လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုဒြပ် ပေါင်းတွေက အနည်းဆုံး အမျိုး ၆ဝ ပါတယ်တဲ့''    

''ဟာ- ၆ဝ ဆိုတော့ အများ ကြီးပဲ''

''ဒါပေါ့ဗျာ၊ ဆီးအိမ်လိုနေရာ ကတော့ ဆေးလိပ်မီးခိုးနဲ့ တိုက်ရိုက် တော့မတွေ့ရဘူး။ ဒါပေမယ့် ဆေး လိပ်မီးခိုးက ဓာတုဒြပ်ပေါင်းတွေ က Natural Mutation Process ကို ပိုပြီး မြန်ဆန်လာစေတယ်လို့ ယူဆ တယ်ဗျ''

''ဟုတ်ကဲ့ ဆရာရဲ''

''Professor Stratton ပြော တာက တခြားကင်ဆာတွေမှာ လည်း Genome တွေကို လေ့လာ ရပါမယ်တဲ့၊ ခုမှ အရင်ကဘယ်လို ဓာတုဒြပ်ပေါင်းတွေကြောင့် Mutation တွေဖြစ်လာသလဲဆို တာ သဲလွန်စရနိုင်ပါတယ်တဲ့၊ ဒီက နေ တစ်ဆင့်ကြိုတင်ကာကွယ်ရေး အဆင့်ကို ရောက်နိုင်ပါတယ်တဲ့''

 ''ကောင်းတာပေါ့ဗျာ''

''နောက်ပါရဂူ တစ်ယောက် ရှိသေးတယ်၊ သူ့နာမည်က Dr. David Gilligan ဗျ၊ သူက Papworth Hospital  မှာ Consultant Oncologist ဗျ၊ အတိုင်ပင်ခံ ကင် ဆာ အထူးကုဆရာဝန်ကြီးပေါ့ဗျာ၊ ပြီးတော့ သူက Roy Castle Lung foundation Institute မှာလည်း လုပ်တယ်ဗျ၊ သူက တစ်နှစ် တစ်နှစ် မှာ ဆဲလ်တစ်ခုမှာ Mutation 150  ရှိတယ်ဆိုရင် ဒါဟာ အဆုတ်ကင် ဆာဖြစ်ဖို့ အခွင့်အရေးပေါင်း ၁၅ဝ ရှိနေတာပဲ ဖြစ်ပါတယ်တဲ့''

''ဟာ-ကင်ဆာဖြစ်ဖို့ သေချာ သလောက်ဖြစ်နေပြီ''

''မှန်တယ်ဗျ၊ ပြီးတော့ ဆက် ပြောသေးတယ်၊ လွန်ခဲ့တဲ့ ကာလ တွေက အဆုတ်ကင်ဆာဟာ စော စောစီးစီးသေကုန်တာ များတယ်တဲ့၊ ခုတော့ ကုထုံးတွေတိုးတက်လာပါပြီတဲ့၊ Immunotherapy ဆိုတာ ပေါ်လာပါပြီတဲ့၊ နောက်ပြီး Genetically Targeted Drus Treatment ဆိုတာလည်း ပေါ်လာ ပါပြီတဲ့''

''စောစောက လူနာက ဘယ် မှာကုနေလဲ''

''Pamela Pugh ကို Papworth and Addenrooke's Hospital မှာ ကုနေတယ်၊ ဒီဆေး ရုံက Cambridgeshire ဒေသမှာ ရှိတယ်၊ ဒီလူနာကို ဆေးသစ်တစ် မျိုးနဲ့ ကုနေတယ်၊ အဲဒီဆေးက ကင်ဆင်ကြီးထွားစေမယ့် Gene ကို ဟန့်တားထိန်းချုပ်တဲ့ ဆေးတဲ့ ဗျ''

 ''စောင့်ကြည့်ရတာပေါ့ဗျာ''

''ဟုတ်တယ်၊ စောင့်ကြည့်ရ မယ်၊ ခု Pamela Pugh ကို ကုတာ က ဆေးလက်တွေ့စမ်းသပ်ချက် တစ်ခုက အစိတ်အပိုင်းပဲ၊ Matrix
Trial လို့ ခေါ်တယ်၊ အောင်မြင်ရင် လူနာတွေအတွက် ကောင်းစားပေါ့ ဗျာ''

''အင်္ဂလန်မှာ သေပျောက်နှုန်း များလား''

''အဆုတ်ကင်ဆာနဲ့ သေတာ အတော်များတယ်၊ တစ်နှစ်တစ်နှစ် ကို လူနာစုစုပေါင်း ၃၅ဝဝဝ ဟာ အဆုတ်ကင်ဆာနဲ့ သေနေကြ တယ်၊ ပါရဂူတွေအဆိုအရ တချို့လူနာတွေဟာ ဆေးလိပ်မသောက် ခဲ့ရင် သေမှာမဟုတ်ဘူးတဲ့၊ ဆေး လိပ်ကို ဝေးဝေးက ရှောင်သင့် တာ ပေါ့ ဗျာ''

 ''ဟုတ်တယ်၊ ဆေးလိပ်ကို ဝေးဝေးက ရှောင်သင့်တယ်၊ လုံးဝ အစမလုပ်သင့်ဘူး၊ ကျောင်းတွေမှာ ကျန်းမာရေး ပညာပေးတာ များ များလုပ်ရမယ်၊ ဆေးလိပ်ရောင်းချ တာကိုလည်း အကန့်အသတ်လုပ် ရမယ်၊ ဥပမာ-ဆေးလိပ်ဘူးခွံတွေ မှာ ကင်ဆာလူနာပုံတွေ ထည့်ပေး ရမယ်၊ ဒါမှ ကြောက်လန့်ပြီး မသောက်ရဲမှာ''

 ''တချို့ နိုင်ငံတွေမှာ ဆေးလိပ် ကို အခွန်တိုးကောက်တယ်၊ ဈေး ကြီးတော့ ဝယ်မသောက်နိုင်အောင် ပေါ့ဗျာ''

''ပြီးတော့ တရားမဝင်သွင်းနေ တဲ့ စီးကရက်တွေလည်းရှိသေး တယ်။ နယ်စပ်ဒေသတွေမှာ အ ကောက်ခွန်ဝန်ထမ်းတွေ နယ်စပ် လုံခြုံရေးဝန်ထမ်းတွေက ဖိဖိစီးစီး ရှာဖွေဖမ်းဆီးရမယ်''

 ''ဟုတ်တယ်၊ အဲဒါတွေလုပ် သင့်တယ်။ ပညာပေးတာရော ဥပဒေအတိုင်းတိတိကျကျ အရေး ယူတာရော လုပ်ရမယ်''

 ထိုစဉ် မာစီးဒီးကားနက်ကြီး တစ်စီး ရပ်လာ၏။

 ''ဟာ-ဆရာကျော်နဲ့ ဆရာ ဆွေဗျ၊ ဘယ်က သတင်းရသွားလဲ မသိဘူး''

ကားပေါ်မှ ဒေါက်တာကျော် ဆွေသိန်းနှင့် ဒေါက်တာတင်မောင် ဆွေတို့ ဆင်းလာကြ၏။

''ဟဲဟဲ၊ ဒီလို ကျိတ်ဝိုင်းလုပ် လို့ ဘယ်ရမလဲဗျ၊ Handphone နဲ့ ရိုက်ပြီး ဓာတ်ပုံပို့တဲ့ ခေတ်ရောက် နေပြီလေ၊ ဆရာရဲတို့ တစ်ဝိုင်းလုံး ဓာတ်ပုံရထားတယ်၊ ဒါကြောင့် ရောက်လာတာ၊ ဆရာမောင်ညိုပြာ ကို လမ်းမှာတွေ့လိုက်တယ်၊ သူက လင်ကရူဇာဆစ်ဂနပ်(စ်) ကြီး မောင်းလာတယ်၊ တော်ကြာရောက် တော့မယ်''

''ဟာ-ဘယ်လိုပါလိမ့်၊ ဘယ် သူမှလည်း ဓာတ်ပုံမရိုက်ပါဘူး၊ ဘယ်လိုကနေ ဘယ်လိုဆရာကျော် ဆီ ရောက်သွားပါလိမ့်''

ဝိုင်းတွင်ရှိသော ဝိုင်းတော်သားများက စဉ်းစားရခက်သွား၏။ ဓာတ်ပုံရိုက်သူမရှိပါဘဲလျက် ဒေါက်တာကျော်ဆွေသိန်း၏ Handphone ထဲသို့ မည်သို့ မည်ပုံ ရောက်ရှိသွားပါသနည်း။

''ကဲပါဗျာ၊ ဦးနှောက်ခြောက်ခံ ပြီး စဉ်းစားမနေပါနဲ့၊ နောက်ထပ် ကြက်ကောင်လုံးကြော်၊ ကြက် တောင်ပံကြော်၊ ပုစွန်ကြော်တွေသာ ထပ်မှာစမ်းပါဗျာ''

 ''ဒေါက်တာရဲလှမင်းခေါင်က စားသောက်ဖွယ်ရာများထပ်မှာ လိုက်၏''

စားသောက်ဖွယ်ရာများ ထပ်မံ ရောက်ရှိလာ၍ စားသောက်နေကြ စဉ်အဖြေရှာမရသော ပဟေဠိပုစ္ဆာ တစ်ပုဒ်ကို လေးလေး နက်နက်တွေး တော ကာ အဖြေရှာနေကြဆဲဖြစ် လေတော့၏။

အောင် (ဆေး-၁)

ရည်ညွှန်းချ။    ။ BBC News မှ "Smoking Causes Hundreds of DNA Changes" ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားပါ သည်။

အောင် (ဆေး - ၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.