14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ဇီကာကို ဒီတစ်ခါ မျိုးဖြုတ်မည်

မိုးလေကင်းစင်၍ ရာသီဥတု က သာယာနေ၏။

 ရွှေဘုံသာလမ်း တစ်လျှောက် လူစည်ကားနေ၏။

အနော်ရထာလမ်းနှင့် ရွှေဘုံ သာလမ်းထောင့်ရှိ မီးပွိုင့်နှင့်များစွာ မဝေးကွာလှသော အရပ်တွင် 'လေ ညိုကုန်း' လက်ဖက်ရည်ဆိုင် ကလေး တည်ရှိ၏။

ထိုဆိုင်ကလေးသည် စာပေ လောကသားများစုဝေးရာဖြစ်၏။

ယနေ့ညနေတွင် အငြိမ်းစား ကျောင်းအုပ်ကြီး ဦးရွှေသာ၊ ကဗျာ ဆရာကျော်ခေါင်၊ ကဗျာဆရာ မောင်တိုင်ပြာ၊ ဝတ္ထုတို ဆရာမ မစပယ်၊ မဂ္ဂဇင်း အယ်ဒီတာ မနှင်း ဆီတို့ စုဝေးရောက်ရှိနေကြ၏။

စာပေရေးရာများ ဆွေးနွေးနေ ကြစဉ် ဒေါက်တာရဲလှမင်းခေါင် နှင့် ဒေါက်တာမင်းလှသီဟသူတို့ ရောက်ရှိလာ၏။

''ဆရာတို့ ကြွပါ၊ အတော်ပဲ မေးစရာရှိတယ်''

ဦးရွှေသာက ဆီးကြိုရင်း ပြောလိုက်၏။

''အန်ကယ်က ဘာများမေး ချင်လို့လဲ၊ ရပါတယ် မေးပါ''

''ဒီလို ဆရာတို့ရေ၊ ဇီကာ ရန်ကုန်ရောက်နေပြီဆို၊ ကျွန်တော် လန့်နေလို့''

''မလန့်ပါနဲ့၊ ကျန်းမာရေး ဝန် ကြီးဌာနက ကြိုတင်ကာကွယ်ရေး တွေ ဖိဖိစီးစီးလုပ်နေပါပြီ။ ပြီးတော့ သိပံ္ပပညာရှင်တွေက ဇီကာကို မျိုး ဖြုတ်ဖို့ လုပ်နေပါပြီ။ သတင်း ကောင်းပါပဲ အန်ကယ်''

 ''ဟာ-ဟုတ်လား၊ အသေးစိတ် ပြောပါဦး၊ စိတ်ဝင်စားစရာပဲ၊ ဘယ် လိုမျိုးဖြုတ်မှာလဲ၊ ဘယ်သူတွေက လုပ်မှာလဲ''

 ''ဒီလိုပါ၊ ပါရဂူတွေက Modified Mosquito ဆိုတာ တီ ထွင်ထားတယ်၊ ဒီလို ပြုပြင်ထားတဲ့ ခြင်ကောင်ရေ သန်းချီပြီး လွှတ်ပေး မယ်၊ ခုလောလောဆယ် ဘရာဇီး နိုင်ငံနဲ့ ကိုလံဘီယာနိုင်ငံမှာ လုပ် မှာပါ''

''သြော်-ဟုတ်လား၊ ခြင် ကောင်ရေက သန်းချီလွှတ်မှာပေါ့''

''ဟုတ်တယ် အန်ကယ်၊ ခြင် ကနေ သယ်ဆောင်တဲ့ ရောဂါတွေ ကို တိုက်ဖျက်ဖို့ ရည်ရွယ်တာပါ။ ပါရဂူတွေက ဒါကို 'Revolutionary Protection' လို့ နာမည်ပေး ထားတယ်၊ သမားရိုးကျနည်းလမ်း တွေ မသုံးဘဲ အစဉ်အလာကနေ ခွဲထွက်ပြီး ထူးဆန်းတဲ့ နည်းလမ်း တွေ သုံးတာကို ဆိုလိုတာပါ ဒီနည်းက ဇီကာတင်မကဘူး၊ Chikungunya ဆိုတဲ့ ရောဂါကိုပါ တိုက်ဖျက်မှာ ပါ''

''Chikungunya ဆိုတာ နာ မည်တောင် မကြားဖူးဘူး၊ ဒီရောဂါ ကလည်း ခြင်ကပဲ သယ်ဆောင် တာဘဲလား''

''ဟုတ်တယ်၊ ခြင်ကြောင့်ပါပဲ၊ ခုဒီခြင်တွေကို Wolbachia ဆိုတဲ့ ပိုးတစ်မျိုးကူးစက်စေလိုက်တယ်၊ ဒီ လို ကူးစက်ခံရတဲ့အခါ ခြင်ဟာ ဗိုင်းရပ်စ်ကို မဖြန့်ဖြူးနိုင်တော့ဘူး။ ပါရဂူတွေက ခုလို စီစဉ်ထားပါ တယ်''

''ခုလိုလုပ်တာ ငွေကုန်မှာပေါ့''

''ဟာ-ကုန်တာပေါ့၊ ကုန်ကျ စရိတ်မနည်းဘူး။ ဒါကြောင့် အ ပြည်ပြည်ဆိုင်ရာ လှူဒါန်းတဲ့ ဒါန ရှင်တွေက အမေရိကန်ဒေါ်လာ ဆယ့်ရှစ်သန်းလှူထားတယ်၊ အလှူ ရှင်စာရင်းထဲမှာ Bill and Melinda Gates Foundation လည်းပါ တယ်''

''သာဓုပါဗျာ၊ သာဓုပါ၊ ဒီလို အလှူရှင်တွေရှိမှလည်း ခုလိုစီစဉ် နိုင်မှာ''

''ဟုတ်တယ် အန်ကယ်၊ ခုအ စီအစဉ်ကို လာမယ့် ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ စလုပ်လိမ့်မယ်၊ အရပ်သား  အလှူရှင်တွေတင်မ ကဘူး။ အစိုးရတွေကလည်း ပံ့ပိုး ကြမယ်။ အထူးသဖြင့် လက်တင် အမေရိက ကနိုင်ငံတွေရယ်၊ အင်္ဂ လန်ရယ်၊ အမေရိကားရယ် ပါဝင် ကူညီကြမယ်''

''ကောင်းတယ်ဗျာ၊ ဒါနဲ့ စော စောကပြောတဲ့ Wolbachia ဆို တာက ဘယ်လိုပိုးမျိုးလဲ''

''ဒီပိုးက သဘာဝမှာတွေ့ရတဲ့ ဘက်တီးရီးယားတစ်မျိုးပါပဲ။ ဒီပိုး က လူကို အန္တရာယ် မပြုဘူး၊ သူ့ ကို တစ်ကမ္ဘာလုံးမှာ တွေ့ရတယ်။ အင်းဆက်ပိုး စုစုပေါင်းရဲ့ ၆ဝ ရာ ခိုင်နှုန်းမှာ ဒီပိုးကို တွေ့ရတယ်''

''ဒီပိုးက ခြင်မှာရှိသလား''

''သာမန်အားဖြင့် Aedes Aegypti ဆိုတဲ့ ခြင်ကို မကူးစက် ဘူး၊ ဒီခြင်မျိုးက အန္တရာယ်ကောင် ပဲ၊ ဒီခြင်က ဇီကာရယ်၊ သွေးလွန် တုပ်ကွေးရယ်၊ Chikungunya ရယ် ကူးစက်စေတယ်''

''ခုဘယ်လိုလုပ်မှာတဲ့လဲ''

''ပြီးတဲ့ ဆယ်စုနှစ်တွေက ပါရဂူတွေဟာ Dengue  ရောဂါ တိုက်ဖျက်ရေး သုတေသနကို လုပ် ရင်း Wolbachia ကို ခြင်ထဲကူး စက်အောင်လုပ်နိုင်တဲ့နည်းရှာတွေ့ လာတယ်၊ ဒါနဲ့ သုတေသနအသေး စာလေးတွေ လုပ်ခဲ့တယ်၊ ဘရာဇီး ကိုလံဘီယာ၊ သြစတြေးလျ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စတာတွေမှာလုပ် ခဲ့တယ်၊ ပြုပြင်ထားတဲ့ ခြင်ကို လက်တွေ့စမ်းကြည့်တော့ Dengue ကူးစက် မှု ကို တားဆီးတာတွေ့ရ တယ်''

''အံ့သြစရာပဲ''

''ခုလည်း ဓာတ်ခွဲခန်းမှာ စမ်း တော့ ဇီကာနဲ့ Chikungunya ကို မကူးစက်အောင်တားဆီးနိုင်တာ တွေ့တယ်၊ သတင်းကောင်းပဲ''

''ဟုတ်ပါတယ်၊ ဆရာပါရဂူ တွေက ဘာပြောလဲ''

''Dr.Trevor Mundel ဆိုတဲ့ ပုဂ္ဂိုလ်က Bill and Melinda Gates Foundation ကပါ အန် ကယ်၊ သူက ပြောတယ်၊ ခုနည်းက Revolutionary Protection ပါပဲ တဲ့၊ ခြင်ကြောင့် ကူးစက်တဲ့ ရောဂါ တွေကို မျိုးဖြုတ်နိုင်မှာပါတဲ့၊ ခုနည်း က ကုန်ကျစရိတ် သိပ်အများကြီး မရှိပါဘူးတဲ့၊ တော်တော်များများ လက်လှမ်းမီနိုင်ပါတယ်တဲ့၊ ရေရှည် လည်း ခံပါတယ်တဲ့၊ ခုဒီနည်းရဲ့ ရလဒ် တွေကို လက်တွေ့လေ့လာဖို့ စီစဉ် နေပါပြီတဲ့၊ ရောဂါဖြစ်ပွားနေ တဲ့ နိုင်ငံတွေကို ဘယ်လိုကူညီနိုင်မ လဲဆိုတာ ဆောင်ရွက်နေပါပြီတဲ့''

''ကောင်းတယ်ဗျာ၊ ကွင်းဆင်း သုတေသနလုပ်ကြမှာပေါ့''

''ဟုတ်ပါတယ် အန်ကယ်၊ ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှာပါ၊ ကိုလံဘီယာမှာဆိုရင် Bello မှာ လုပ်မယ်၊ Antioquia ဒေသမှာ လုပ် မယ်၊ ပြီးတော့ Greater Riode Janeiro မှာ လုပ်မယ်၊ ပါရဂူတွေ ပြောတာက ပြုပြင်ထားတဲ့ ခြင်တွေ က သာမန်ခြင်တွေနဲ့ မိတ်လိုက် မယ်၊ ပြီးတော့ မွေးလာတဲ့ နောက် မျိုးဆက်တွေကလည်း ပြုပြင်ထား တဲ့ ခြင်တွေဖြစ်ကုန်မှာတဲ့''

''ဒါဆို ဇီကာမျိုးပြုတ်ပြီ''

''ဟုတ်ကဲ့ အန်ကယ်၊ ပါရဂူ တွေက သုံးနှစ်ဆက်တိုက်လေ့လာ မယ်၊ အဲဒီဒေသတွေမှာ ဇီကာတို့၊ Dengue တို့ Chikungunya တို့ ဖြစ်ပွားနှုန်းအနေအထားကို လေ့ လာကြမယ်၊ လျော့နည်းမှု ရှိ မရှိ ကြည့်ကြမယ်''

''တခြား ပါရဂူတွေကရော''

''Professor Scott O' Nell ဆိုတဲ့ ပါရဂူက The Eliminate Dengue Program က အန်ကယ်၊ သူက ပြောတယ်၊ လူတွေ စုဝေးနေ ထိုင်တဲ့ ဒေသတွေမှာ အရင်က စမ်းသပ်မှုလုပ်ခဲ့ပါတယ်တဲ့၊ လုပ်တဲ့ အခါ ဒေသခံတွေမှာ စိုးရိမ်မှုရှိခဲ့ပါ တယ်တဲ့၊ ခြင်တွေများ အန္တရာယ် ပေးမလား၊ ဒါမှမဟုတ် တခြားမ မျှော်လင့်တဲ့ အခက်အခဲတွေများ ပေါ်လာမလား၊ ဒါမျိုးစိုးရိမ်ခဲ့ပါ တယ်တဲ့၊ ဒါပေမယ့် ဆိုးကျိုးမတွေ့ ပါဘူးတဲ့၊ ဒေသခံတွေကလည်း သုတေသန အသင်းအဖွဲ့တွေကို ဝိုင်းဝန်းကူညီခဲ့ပါတယ်တဲ့''

''ဘယ်နှစ်နှစ်ကြာတယ်တဲ့လဲ''

''ခြောက်နှစ်ကြာခဲ့တယ်၊ ဆိုး ကျိုးမတွေ့ပါဘူး၊ Wolbachia ဆိုတဲ့ ဘက်တီးရီးယားကလည်း အင်း ဆက်မျိုးစုံမှာရှိနေတယ်၊ လူတွေနဲ့ ထိတွေ့နေတယ်၊ ထိတွေ့ပေးမယ့် ပြဿနာမရှိဘူး၊ ဒါကိုလည်း ဒေသ ခံတွေကို ရှင်းပြခဲ့ပါတယ်တဲ့''

''ရှင်းပြသင့်တာပေါ့ဗျာ''

''Professor O'Nell က ရှင်း ပြတာရှိသေးတယ်၊ Wolbachia က နှစ်မျိုးလုပ်ဆောင်ပါတယ်တဲ့၊ ပထမ အချက်က ဘက်တီးရီးယား ဟာ ခြင်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးပါတယ်တဲ့၊ ခြင်ဟာ ဗိုင်းရပ်စ်ပိုးကို ခံနိုင်ရည်ရှိလာပါ တယ်တဲ့''

''ဒုတိယတစ်မျိုးကရော''

''ဒုတိယတစ်မျိုးက ဘက်တီး ရီးယားဟာ မျိုးပွားဖို့လိုတဲ့ အရာ တွေကို ဗိုင်းရပ်စ်တွေနဲ့ အပြိုင်အ ဆိုင် ယူငင်တာပါတဲ့၊ ဘက်တီးရီး ယားက လိုတဲ့အရာတွေကို ယူသွား လို့ ဗိုင်းရပ်စ်တွေဟာ မျိုးမပွားနိုင် ဘဲ ကျန်ရစ်ခဲ့ရပါတယ်တဲ့၊ အဲဒီ အခါမှာ ခြင်ကလူကို ကိုက်ပေ မယ့် ဗိုင်းရပ်စ်က လူကို ကူးနိုင်စွမ်း မရှိ တော့ပါဘူးတဲ့''

''ထူးဆန်းတယ်ဗျာ''

''ဘရာဇီးနိုင်ငံမှာလည်း Oswaldo Cruz Foundation ဆို တာရှိတယ်၊ ဒီအဖွဲ့ကြီးကလည်း သုတေသန လုပ်နေတယ်၊ ခြင်ကို ဘက်တီးရီးယား သွင်းလိုက်တဲ့အခါ ခြင်ရဲ့ ကိုယ်ထဲမှာ ဇီကာပိုးကောင် အရေအတွက် နည်းနည်းပဲ တွေ့ရ တော့တယ်၊ ပြီးတော့ ခြင် ရဲ့ တံ တွေးထဲမှာ Inactive Form of Zike တွေ တွေ့ရတယ်တဲ့''

''Inactive Form ဆိုတာ ဘယ်လိုမျိုးလဲ''

''ဇီကာပိုးက မကူးစက်နိုင်တဲ့ ဘဝရောက်သွားတာကို ဆိုလိုတာ ပါ၊ သုတေသီတွေက ခုသုတေသန ကို Cell Host and Microbe ဆိုတဲ့ ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ တယ်။ ဒီသုတေသီတွေကလည်း Professor O'Neil ယူဆသလိုပါ ပဲ၊ Wolbachia က မျိုးပွားဖို့ လို အပ်တာတွေကို လုယူသွားလို့ ဇီ ကာပိုးတွေ မျိုးမပွားနိုင်ဖြစ်ကုန်တာ လို့ ယူဆကြတယ်''

''ဟုတ်ကဲ့ ဒေါက်တာ''

''သုတေသီတစ်ဦးဖြစ်တဲ့ Dr. Luciano Moreira က ပြောတယ်၊ ဇီကာကို မျိုးဖြုတ်ဖို့နည်းမျိုးစုံသုံးရ ပါမယ်တဲ့၊ ပြုပြင်ထားတဲ့ ခြင်တွေ လည်း လွှတ်ပေးရမယ်တဲ့၊ ကာကွယ်ဆေးလည်း ဖော်စပ်ရမယ်တဲ့၊ Insectcide တွေလည်း သုံးရမယ်တဲ့၊ ခြင်ပေါက်ပွား တဲ့ နေရာတွေကို ရှင်းလင်း သုတ်သင်ရမယ်တဲ့၊ ပြည် သူ့ကျန်းမာရေး ပညာဆိုင်ရာ နည်း လမ်းတွေလည်း သုံးရမယ်တဲ့''

''ဘက်စုံ သုံးရင် ပိုထိရောက် တာပေါ့ဗျာ''

''နောက်ပါရဂူ တစ်ဦးရှိသေး တယ်၊ သူက London School of Hygiene And Troical Medicine  ကဗျ၊ သူနာမည်က Dr.Tom Walker တဲ့၊ Professor Jonathan Ball ကလည်း ပါရဂူပဲ၊ သူက Nottingham University, ကဗျ၊ Dr.Tom Walker က သုတေသန ကို ဓာတ်ခွဲခန်းပြင်ပမှ ကျယ်ကျယ် ပြန့်ပြန့်လုပ်ကြည့်ဖို့ တိုက်တွန်း တယ်၊ Proressor Ball  ကတော့ ကျော်လွှားရမယ့် အခက်အခဲတွေ က အများကြီးပါပဲတဲ့၊ ဒါပေမယ့် ကာကွယ်ဆေးမပေါ်သေးမီမှာတော့ ခုနည်းဟာ စမ်းသပ်သင့်ပါတယ် တဲ့၊ ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရာမှာ အသုံးဝင်မယ့် လက်နက်ကောင်း တစ်ခု ဖြစ်လာနိုင်ပါတယ်တဲ့''

''ဒါပေါ့ဗျာ၊ သုတေသနလုပ် ရင် လွယ်လွယ်နဲ့ ဘယ်အောင်မြင် ပါ့မလဲ၊ အခက်အခဲတွေက အများ ကြီးပဲ၊ ဒါပေမယ့် ဇွဲမလျှော့ဘဲလုပ် ရင်အောင်မြင်တာပါပဲ၊ ကျောက် ကြီးရောဂါတို့၊ ဖိုလီယို အကြောသေ ရောဂါတို့မှာ အောင်မြင်မှုတွေရခဲ့ သားပဲ၊ ခုလည်း အောင်မြင် မှာ ပါ''

ထိုစဉ် ဒေါက်တာညိုညိုကျော် သိန်း၊ ဒေါက်တာဝါဝါမျိုးဇော်၊ ဒေါက်တာ ဝိုင်းနွဲ့ခိုင်ဇာ၊ ဒေါက် တာနီလာမင်းနောင်တို့ ရောက်ရှိ လာ၏။

''ဟာ-ဆရာတို့ပါလား၊ အတော် ပဲ ဗိုက်ဆာတယ်၊ ဘာကျွေးမှာလဲ''

''ကျွေးမယ်၊ ဘာစားမလဲ၊ ဆရာမောင်ညိုပြာက ဒိုင်ခံရှင်းလိမ့် မယ်''

''ဒံပေါက်စားချင်တယ်''

''ရမယ်၊ ကောင်းသန့်ဒံပေါက်၊ နီလာဒံပေါက်၊ ကြက်လျှာစွန်း ဒံပေါက် မျိုးစုံရမယ်၊ စားပွဲထိုးက လေးမောင်ကြွက်နီက မှာသမျှရ အောင် လုပ်ပေးလိမ့်မယ်''

''ဒါထက် ရန်ကုန်မှာ ဇီကာ ရောက်နေပြီဆို၊ ကျွန်မတို့က မိခင် လောင်းတွေဆိုတော့ စိတ်ပူတယ်''

''မပူပါနဲ့၊ ကျန်းမာရေး ဝန်ကြီး ဌာနက ကြိုတင်ကာကွယ်ရေးတွေ ဖိဖိစီးစီးလုပ်နေပါပြီ၊ ဒါပေမယ့် အစိုးရ တာဝန်ချည်းပဲ မဟုတ်ဘူး၊ ပြည်သူပြည်သားတွေကလည်း နိုင်ငံကြီးသား ပီသစွာ ဝိုင်းကူရ မယ်၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဝိုင်းလုပ်ရမယ်၊ ခြင် မပေါက်ပွား အောင် ဆောင်ရွက်ရမယ်၊ ဒါမှ ရောဂါနှိမ်နင်းရေး အောင်မြင်မှာ''

''ဟုတ်ပါတယ်၊ အားလုံးက ဝိုင်းကူရမှာပါ''

 ဒေါက်တာ မင်းလှသီဟသူက ဦးရွှေသာနှင့် ဆွေးနွေးခဲ့သည်များ ကို ပြန်လည် ရှင်းလင်းပြောပြနေ ၏။ ထိုစဉ် ဒံပေါက်ပန်းကန် များ ရောက်ရှိလာ၍ လွန်စွာအံ့သြသွား ကြ၏။

မှာကြားခြင်း မပြုသေးဘဲ ရောက်ရှိလာသော ဒံပေါက်ပန်း ကန်များကို ဝိုင်းတော်သားများ အားရပါးရအားပေးကြ၏။ သို့သော် မည်သို့ မည်ပုံရောက်ရှိလာသည် ဆိုသည်ကိုမူ စုံစမ်းဖော်ထုတ်နိုင် ခြင်းမရှိဘဲ လျှို့ဝှက်ချက်တစ်ရပ် အနေဖြင့်သာ ကျန်ရှိနေဆဲဖြစ်ပေ တော့ ၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။    ။ (၁) BBC News Health မှ "Bugged Mosquitoes Stop zika Spread" ဆေးပညာဆောင်းပါး၊

(၂) BBC News Health မှ "Mosquito Army Released In Zika Fight in Brazil & Colomisia ဆေးပညာဆောင်းပါးများကို ရည် ညွှန်းကိုးကားပါသည်။

အောင် (ဆေး - ၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.