19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ဆီးချိုအတွက် ထိုခြောက်ချက် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ

မိုးလေကင်းစင်၍ ရာသီဥတု သာယာနေ၏။

 ဒေါက်တာရဲလှကျော်သူ  သည် ကော်ဖီတစ်ခွက်ကို ဇိမ်ခံ သောက်နေ၏။

ထိုစဉ် ဖုန်းခေါ်သံကြား၍ ကောက်ကိုင်လိုက်၏။

''ဟဲလို၊ သူငယ်ချင်းလား၊ ပြောလေး မိကျောင်းသားစားချင်လို့၊ ရပါတယ်။ THE STRE$T BAR ကို လာလေး လိပ်စာလား၊ အမှတ် ၂၅ဝ၊ ယမုံနာလမ်း၊ ဒေါပုံမြို့နယ်ကွ၊ လာတတ်တယ်မဟုတ်လား။ မင်းညီမ မေဦးနောင်ချိုကို လိုက်ပို့ခိုင်း၊ သူရောက်ဖူး တယ်၊ အေးအေး ဟုတ် ပြီ၊ ငါစောင့်နေမယ်''

တစ်ဖက်မှ ငယ်သူငယ်ချင်း ဒေါက်တာ မင်းလှသီဟသူက လှမ်း ဖုန်းဆက်ခြင်းဖြစ်၏။

မကြာမီ ဒေါက်တာ မင်းလှ သီဟသူနှင့် ညီမဖြစ်သူ ဒေါက်တာ မေဦးနောင်ချိုတို့ ရောက်ရှိလာ၏။

''လာ၊ သူငယ်ချင်း ငါစီစဉ် ထားပြီးပြီ၊ အေးအေးဆေးဆေးစား''

''အေးကွာ၊ ကျေးဇူးပါပဲ၊ အဂ္ဂိရတ်ထိုးတဲ့ အငြိမ်းစား ကျောင်းအုပ်ကြီး ဦးရွှေသာပေါ့ကွာ၊ သူက ဗေဒင်လည်း ဟောတယ်၊ ငါလည်း ခုတလောစိတ်ရှုပ်စရာ တွေ ကြုံနေလို့ သူ့ဆီ ဗေဒင်သွား ကြည့်တာကွ၊ သူက မေတ္တာနဲ့ ဟော ပေးတာပါ။ အညံ့တွေရှိနေတယ်တဲ့၊ ယတြာချေရမယ်တဲ့၊ ဒီပြင် ယတြာ တွေက လုပ်ပြီးပြီ၊ တစ်ခုကျန်နေ တယ်။ မိကျောင်းသားစားရမယ်တဲ့၊ ငါလည်း တစ်မြို့လုံးနှံ့နေပြီ၊ တစ် ဆိုင်ပြီး တစ်ဆိုင် လိုက်ရှာတာ ဖတ်ဖတ်မောနေပြီ၊ ခုမှ စိတ်အေးရ တယ်''

''ရပါတယ် သူငယ်ချင်းရာ၊ ငါက ဘော်ဒါ တစ်ယောက်ရှိတယ်။ ဒီငနဲက ဆိုင်မျိုးစုံသိတယ်၊ သူပြော လို့ ငါသိတာ၊ ဒီဆိုင်က Thailand Cuisine ကွ၊ Special Menu တွေ လည်းရှိတယ်။ မိကျောင်းသားအ ပြင်ထူးဆန်းတာတွေရသေးတယ်။ ဘဲပါးစပ်ကြော်၊ ကြက်ဒူးဆစ်ကြော်၊ ငါးရံ့ဆားကင်တွေလည်း ရတယ်။ Seasonal Fresh Fruits Drink တွေလည်းရတယ်''

''ဆိုင်နာမည်ကလည်း ထူး ခြားတယ်ကွ''

''ဟုတ်တယ်၊ THE STRE$T BAR ကွ၊ STREET မဟုတ်ဘူး။ E တစ်လုံးကို တစ်မျိုးရေးထားတယ်။ မင်းသတိထားကြည့်''

''ဟုတ်တယ် သူငယ်ချင်း၊ ငါသတိထားမိတယ်''

''နာမည်ထူးခြားသလို လက် ရာကလည်း ထူးခြားတယ်၊ ငါ့ဘော် ဒါကျွေးလို့ တစ်ခါစားဖူးတယ်၊ တော်တော်ကောင်းတယ်ကွ၊ မေဦး လည်း သိမှာပါ''

''ဟုတ်ကဲ့ရှင့် Boy Friend လိုက်ကျွေးလို့ စားဖူးပါတယ်''

''ငါ့ညီမ ကွီးက ခရိုနီပေါက်စ ကွ၊ ခုကုန်ကျစရိတ်ကို သူ့ကွီးက ရှင်းလိမ့်မယ်၊ CREDIT CARD တစ်ခါထဲ အပ်ထားတာကွ''

''ဟဲဟဲ၊ ဒါဆို ထပ်မှာဦးမယ် ကွာ''

''မှာမှာ၊ ကြိုက်သလောက်မှာ၊ ဒါနဲ့ ဆရာမကြီး ဒေါ်ခင်အေးဆီ ရောက်ပြီးပြီလား''

''တို့ High School တုန်းက ဆရာမကြီးကို ပြောတာလား''

''ဟုတ်တယ်၊ ခုဆီးချိုဖြစ်နေ တယ်၊ သွားကြည့်ဦးကွ''

''အေးသွားကြည့်မှပဲ တို့တစ် တွေ ဆေးတက္ကသိုလ်ရောက်လာ တာ ဆရာမကြီးက ဆယ်တန်းမှာ အသင်အပြကောင်း လို့ ရောက် လာ တာ၊ ဒါနဲ့ ရောဂါဗေဒပါမောက္ခကြီး ဘာတွေပို့ထားသေးလဲ''

''အတော်ပဲ၊ ဆရာမကြီးကို ကြုံတုန်းရှင်းပြလို့ရပြီ၊ ပါမောက္ခ ကြီး ပို့လိုက်တဲ့ ဆေးပညာဆောင်း ပါးထဲမှာ ဆီးချိုရောဂါရဲ့ နောက် ဆက်တွဲ ရောဂါတွေအကြောင်းပါ လာတယ်။ ကြောက်စရာက ခြောက်မျိုးတောင်ကွ''

''ဟေ-ဟုတ်လား၊ ငါ့လည်း ပြောပြစမ်းပါဦး။ အရင်က သိတာ တော့ရှိပါတယ်။ ခုတော့ Revision ပေါ့ကွာ''

''အေးအေး၊ ငါပြောပြမယ်၊ ဒီလိုကွ၊ ဆီးချိုရောဂါဟာ နောက် ဆက်တွဲရောဂါတွေကြောင့် အ သက်အန္တရာယ်ဖြစ်စေတာပေါ့ကွာ၊ အဲဒီတော့ သာမန်လူနာတစ် ယောက်အနေနဲ့ ဒီရောဂါဆိုးတွေရဲ့ လက္ခဏာတွေ သိထားရင် အချိန်မီ ဆရာဝန်ပြနိုင်တာပေါ့''

''မှန်တာပေါ့ကွာ၊ အရေးပေါ် အခြေအနေဖြစ်လာရင် အချိန်မီ ကုမှ၊ မကုရင် အသက်ဆုံးပါးတတ် တယ်''

''ပထမ နောက်ဆက်တွဲ ရောဂါက နှလုံးသွေးကြော ပိတ် တာကွ၊ အများသိကြတာက Heart Attack ပေါ့ကွာ၊ အများယူဆက ခုလို့ ဖြစ်လာရင် ရင်ဘတ်အရမ်း အောင့်တယ်လို့ သိထားတယ်။ ဒါ ပေမယ့် တချို့လူနာမှာနည်းနည်း ပါးပါးပဲ အောင့်တယ်၊ တချို့ ကျ တော့ မအီမသာရှိတယ်။ ဒါ လောက်ပဲ။ အဲဒီတော့ ဂရုမစိုက် မိဘူး။ အချိန်မီ မကုမိဘူး။ အန္တရာယ်နဲ့ ရင်ဆိုင်ရတယ်''

''ဒါဆို မသင်္ကာစရာ လက္ခဏာတွေ ပြောပြပါဦး''

''ဒီလိုကွ၊ Warning Sign တွေ ကို သိထားသင့်တယ်။ ရင်ဘတ် ပေါ်ကို တစ်ခုခုဖိထားသလို ခံစား ရတယ်။ ညှစ်ထားသလို ခံစားရ တယ်။ ဒါဆို သတိထားရမယ်၊ ဝေဒနာက ခဏာခံစားရပြီး၊ ပျောက်သွားတယ်။ ပြီးတော့ ပြန် ပေါ်လာတယ်၊ ပြီးတော့ ကျော ကုန်း၊ မေရိုး၊ လက်မောင်း၊ လည် ပင်းစတဲ့ နေရာတွေမှာလည်း အောင့်တတ်တယ်။ အသက်ရှူမဝ ဘူး မောတယ်။ ပျို့တယ်၊ ခေါင်းမူး တယ် စတဲ့ ဝေဒနာတွေ ခံစားရရင် လည်း သတိထားရမယ်၊ ဒါတွေ ခံစားရရင် ဆရာဝန်ဆီ အမြန်ပြေး ပြရမယ်''

''ဟုတ်ပြီ၊ ဒါက နှလုံးသွေး ကြောပိတ်တာပေါ့ကွာ၊ ဒုတိယ တစ်ခုပြောပါဦး''

''ဒုတိယတစ်ခုက လေဖြတ် တာပေါ့ကွာ၊ လေဖြတ်တာကလည်း မြန်မြန်ကုနိုင်မှ၊ မကုနိုင်ရင် အန္တရာယ်ရှိတယ်။ မျက်နှာ၊ လက် မောင်း၊ ခြေထောက်စတာတွေမှာ ရုတ်တရက် ထုံမယ်၊ ကျဉ်မယ်၊ အားပျော့လာမယ်၊ လှုပ်ရတာခက် လာမယ်၊ လေးလံလာ မယ်ဆိုရင် သတိထားရမယ်၊ အထူးသဖြင့် ကိုယ်တစ်ခြမ်းမှာပဲဖြစ်ရင် လေ ဖြတ်နိုင်ခြေရှိတယ်၊ ပြီးတော့ အာရုံ တွေ ရှုပ်ထွေး လာမယ့်၊ ခေါင်း နောက်လာမယ်၊ စကားပြောရခက် မယ်၊ လမ်းလျှောက်ရခက်မယ်ဆို ရင် သတိထားရမယ်၊ ထင်ရှားတဲ့ အကြောင်း တရားမရှိဘဲ  ရုတ်တ ရက် ပြင်းပြင်းထန်ထန်ခေါင်းကိုက် လာရင်လည်း လေဖြတ်နိုင်ခြေရှိ တယ်''

''ဟုတ်ပြီ၊ ဒါတွေ ခံစားရရင် လေဖြတ်နိုင်ခြေရှိတာကို သတိရပြီး ဆရာဝန်ကို အမြန်ပြရမယ်''

''မှန်တယ်ကွ၊ တတိယတစ်ခု က အာရုံကြောပျက်စီးတာကွ၊ သွေးထဲမှာ သကြားဓာတ်တွေ အဆမတန် မြင့်တက်တဲ့အခါ ဖြစ် တတ်တယ်။ အာရုံကြောပျက်စီးတဲ့ အခါ ခြေထောက်က ထုံလာမယ်၊ ခံစားမှု မရှိဘူး။ ထိခိုက်ဒဏ်ရာ မကြာခဏရမယ်၊ ရောဂါပိုးဝင် မယ်၊ ပိုးဝင်တာ သိပ်ဆိုးရင် အသား ပုပ်မယ်၊ Gangrene ဖြစ်မယ်၊ တချို့ဆို ခြေထောက်ဖြတ်ရတယ်''

''တယ်ဆိုးတာပဲကွာ''

''ဟုတ်တယ်ကွ၊ ဒါကြောင့် အနာကျက်နှေးရင် သတိထားရ မယ်။ အနာသေးသေးကနေကြီး လာရင် သတိထားရမယ်၊ ခြေ ချောင်းလက်ချောင်းတွေ ထုံကျဉ် လာရင် သတိထားရမယ်၊ ကြွက် သားအားပျော့လာရင် သတိထားရ မယ်၊ ပြီးတော့ လေပွမယ်၊ ဝမ်းချုပ် မယ်၊ ပျို့မယ်၊ အန်မယ်၊ နောက်ပြီး အမျိုးသားတွေမှာ ပန်းသေပန်းညှိုး ဖြစ်မယ်၊ အမျိုးသမီးတွေမှာ မွေး လမ်းကြောင်း ခြောက်သွေ့မယ်၊ ဒါ တွေဖြစ်လာရင် ဆရာဝန်ပြရမယ်၊ ကိုယ့်ဘာသာကိုယ်ကျိတ်ပြီး ကုမ နေရဘူး''

''စတုတ္ထတစ်ခုပြောပါဦး''

''နောက်တစ်ခုက ကျောက် ကပ်ရောဂါကွ၊ ရောဂါဒဏ်ကြောင့် ကျောက်ကပ်က သွေးကြောတွေ ပျက်စီးတယ်၊ ကျောက်ကပ်က ရေ စစ်လိုပါပဲ၊ အညစ်အကြေးတွေ စစ်ထုတ်ပြီး စွန့်ပစ်ပေးတာ၊ ပြဿနာက ကျောက်ကပ်ရောဂါ ဟာ ကနဦးအစမှာ လက္ခဏာမပြ ဘူး။ ငုပ်နေတယ်၊ လူနာကလည်း ပေါ့ပေါ့ဆဆပဲနေတာပေါ့။ ရောဂါ ကျွမ်းမှ သိရတယ်။ ဒါကြောင့် Warning Sign တွေကို သတိထား ရမယ်''

''ဟုတ်ပြီ၊ ဒါမှကြိုတင် ကုသ နိုင်မှာပေါ့ကွာ''

''ဟုတ်တယ်ကွ၊ ဒါကြောင့် ခြေခုံတွေ အမ်းလာရင် သတိထား ရမယ်၊ ကြွက်တက်သလိုဖြစ်ရင် သတိထားရမယ်၊ ညဘက်မှာ ခဏခဏဆီးသွားရရင် သတိထား ရမယ်၊ တချို့လူနာဆို တစ်ညလုံး ဆီးထထသွားနေရလို့ အိပ်ရေးပျက် တာတွေ့ဖူးတယ်။ ပြီးတော့ ပျို့မယ်၊  အန်မယ်၊ အသားအရေဖြူဖျော့လာ မယ်၊ အားနည်းလာမယ်၊ ယားယံ လာမယ်၊ ဒါဆို ဆရာဝန်ပြပေ တော့''

''ဒါဆို အဲဒီအခါမှာ ဘာတွေ စစ်ဆေးသင့်သလဲ''

''ဆီးစစ်ရမယ်၊ သွေးစစ်ရ မယ်၊ သွေးပေါင်ချိန်ရမယ်၊ သွေးထဲ ကသကြားဓာတ်ကို ပုံမှန်ဖြစ်မဖြစ် မျက်ခြည်မပြတ်စောင့်ကြည့်ရမယ်''

''ပဉ္စမအချက်ပြောပြပါဦး''

''နောက်တစ်ခု အရေးကြီးတာ က မျက်စိကွ၊ မျက်လုံးထဲက သွေး ကြောတွေဟာ ရောဂါဒဏ်ကြောင့် ပျက်စီးတတ်တယ်၊ ဒါကြောင့် ရေ တိမ်ဖြစ်တတ်တယ်၊ အတွင်းတိမ် ဖြစ်တတ်တယ်၊ ကြာရင် မျက်မမြင် ဖြစ်သွားရော''

''ဟာ-မျက်မမြင်ဆိုရင် ဒုက္ခိ တပဲကွ''

''ဟုတ်တယ်လေ၊ ဒါကြောင့် စကားပုံရှိတယ်။ 'မျက်စိအဆုံးနား အရှုံး'တဲ့။ နားမကြားရင်တော် သေးတယ်၊ မျက်စိကန်းရင်သွားပြီ။ ဒါကြောင့် Warning Sign တွေကို ဂရုစိုက်ရမယ်၊ နှစ်ရက်ထက်ပိုပြီး အမြင်ဝေဝါးလာရင် သတိထား ရမယ်၊ ရုတ်တရက် မျက်စိမမြင်ရ ရင် သတိထားရမယ်၊ မျက်စိရွှေ့ပြီး ကြည့်တဲ့အခါ အစက်အပြောက် တွေ၊ ပင့်ကူမျှင်လို အရာတွေ၊ အ မည်း စက်ကလေးတွေ ကြိုးမျှင် သေးသေးကလေးလို အရာတွေ တွေ့လာရင် သတိထားရမယ်၊ မျက်စိထဲမှာ အကြောင်းမဲ့၊ ဝင်းခနဲ လက်ခနဲ မြင်ရင် သတိထားရမယ်၊ မျက်စိ အောင့်ရင် သတိထားရမယ်၊ ဒါ တွေကို လူနာကပေါ့ပေါ့ဆဆ သဘောမထားရဘူး''

''ဟုတ်ပြီ။ ဒါတွေက အရေး ကြီးတာပေါ့၊ ရောဂါကျွမ်းမှ ကုရင် မျက်မမြင်ဖြစ်သွားမှာပဲ''

''နောက်ဆုံး အချက်က သွေး ထဲမှာ သကြားဓာတ်အလွန်အမင်း တက်သွားတာကွ၊ Hypergly Caemia ပေါ့ကွာ၊ အရေးကြီးတာက ဒီလိုသကြားဓာတ်တက်လာတာက တချို့တလေမှာ ရောဂါလက္ခဏာ မပြဘူး။ ဒါကြောင့် သွေးထဲက သကြားဓာတ်ကို မကြာခဏ စစ် ကြည့်ဖို့ လိုတယ်။ တကယ်လို့ ရောဂါလက္ခဏာပြလာရင်လည်း သတိထားဖို့  လိုတယ်''

''ဘယ်လို Warning Sign တွေ တွေ့ရတတ်လဲ''

''မကြာခဏ ဆီးသွားမယ်၊ ရေ အရမ်းငတ်မယ်၊ ပင်ပန်းလွယ်မယ်၊ နုံးခွေနေမယ်၊ အမြင်ဝေဝါးလာ မယ်၊ စားပြီးတာတောင် ဆာနေ မယ်။ စားပြီးရင်း စားချင်မယ်။ ဒါဆို ဆရာဝန်ပြပေတော့၊ ဆေး ပြောင်းသင့်ရင် ပြောင်းရမယ်''

''ဟုတ်ပြီ၊ ဒီခြောက်ချက်ကို အစဉ်သတိထားရမှာပေါ့နော်''

''ဟုတ်တယ်ကွ၊ ဒါတွေက  Emergency Complication တွေ ကွ၊ အရေးကြီးတယ်၊ လူနာ အ သက်ဆုံးပါးနိုင်တယ်''

''ဒါဆို ဆီးချိုလူနာဟာ ဘာ တွေလုပ်သင့်သလဲ''

''ပထမအချက်က အစားအ သောက်ကွ၊ အစားအသောက် အရမ်းအရေးကြီးတယ်၊ ပညာ တတ်ဆီးချိုလူနာတွေတောင် သိ ရက်နဲ့ အစားမရှောင်နိုင်တာတွေ့ တွေ့နေရတယ်၊ ဒုတိယအချက်က အချိန်မှန်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင်ခန်း လုပ်ရမယ်၊ ဆီးချိုလူ နာတွေက လူချမ်းသာတွေများတယ်။ စီးပွားရေးသမားပီပီ လောဘကြီးပြီးလုပ်နေတယ်။ အချိန်ပြည့်လုပ်တယ်။ အားကစား မလုပ်ဘူး။ ဒါကိုလည်း တွေ့တွေနေရတယ်။  ပြီးတော့ ဆေးလိပ် သောက်တတ်ရင် ဆေးလိပ်ဖြတ်ရ မယ်။ သွေးထဲက သကြားဓာတ် ကိုလည်း မကြာမကြာစစ်ရမယ်၊ အရေးကြီးဆုံးက Warning Sign ပေါ်လာရင် မပေါ့ဆဘဲ ဆရာဝန် ကို အမြန်ပြရမယ်၊ တချို့ က ပေါ့ ပေါ့ ဆဆပဲ၊ ဆေးပိုသောက်လိုက်ရင် ပြီးတာပဲဆိုပြီး မပြဘူး။ တချို့ကလည်း အလုပ်လောဘကြီးပြီး ဆေးခန်းဘက် မလှည့်နိုင်ဘူး''

''ဟုတ်တယ်၊ တလောက ဦးဘောဂဆုံးသွားရှာတယ်။ သူရှာ ထားတဲ့ ပစ္စည်းဥစ္စာတွေက မနည်း ဘူး။ ဒါတွေ လောဘဇောတိုက်ပြီး ရှင်ရင်းရှာရင်း ခုတော့ အားလုံးကို ထားပစ်ခဲ့ရပြီ၊ သူ့နောက်ကို ရွှေ တစ်ပဲသားတောင်ပါမသွားဘူး။ အင်မတန် တရားရစရာကောင်းပါ တယ်ကွာ''

''ငါတို့ တစ်တွေဗုဒ္ဓဘာသာ တွေပဲကွ၊ အရာရာဟာ အနိစ္စပါပဲ၊ ဘယ်ဟာမှ မမြဲပါဘူး။ ဒါန၊ သီလ၊ ဘာဝနာပဲ ကိုယ့်နောက်ပါမှာ၊ မင်း တို့ငါတို့လည်း အသက်ကလေး ရ လာပြီ၊ ဘုရားတရားလုပ်ကြဦးမှ''

''ဟုတ်တယ်၊ သူငယ်ချင်း၊ ခုလို သတိပေးတာ ကျေးဇူးတင် တယ်''

သူငယ်ချင်းတစ်စုဆက်လက် ၍ တရားဓမ္မအကြောင်း ဆွေးနွေး နေကြလေ၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။        ။ Every day Health စာစောင်မှ "Six Emergency complications of type two diabetes" ကို မှီငြမ်း ကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.