23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ခေတ်အမြင် ခေတ်အတွေးနှင့် ပညာရေး - ၅၉

မြို့စွန်တစ်နေရာတွင် ခြံစည်း ရိုးအမြင့်ဖြင့် ကာရံထားသော ခြံ ကြီးတစ်ခြံ တည်ရှိ၏။

ထိုခြံဝင်းကြီး၏ ထောင့်တစ် နေရာတွင် ခေတ်မီနှစ်ထပ်တိုက် ကလေး တည်ရှိ၏။ ၄င်းတိုက် ကလေးနှင့် မလှမ်းမကမ်းခြံစည်းရိုး အနီးတွင် သွပ်မိုးပျဉ်ကာ အိမ် ငယ်တစ်လုံးရှိ၏။

ထိုအိမ်ကလေးသည် အငြိမ်း စားကျောင်းအုပ်ဆရာကြီး ဦးရွှေ သာ အဂ္ဂိရတ်ထိုးရာ အဂ္ဂိရတ်ဖို တည်ရှိသောနေရာဖြစ်၏။

ထိုသို့ အဂ္ဂိရတ်ဝါသနာပါသ ဖြင့် ပညာရေးလောက၌ ဦးရွှေသာ အား ''မြေလျှောက်ဝိဇ္ဇာ''ဟု အ မည်ပြောင်ပေးထား၏။

ယနေ့ ညနေတွင် ဖိုထိုးနေ ခိုက် ဧည့်သည်ရောက်လာသဖြင့် ခေတ္တနားကာ ဧည့်ခန်းအတွင်း ဝင် ရောက်သွား၏။

''ဟာ-ဦးလွင်ဆင့်ပါလား၊ ဘယ်ကလှည့်လာသလဲ''

''ဝိဇ္ဇာကြီးဆီလာတာ၊ ဓာတ် လုံးအောင်ပြီ ကြားလာလို့''

''ဟာ-နောက်နေပြန်ပါပြီ။ မအောင်သေးပါဘူးဗျာ၊ ကြိုးစား တုန်းပါ''

''ဒါဆို ပြဒါးပြာလေးဘာလေး မစပါ''

''ပြာလိုချင်ရင် မီးဖိုထဲက ကျုံး သွားလေ၊ ဟဲဟဲ''

''ဟဲဟဲ နောက်တာပါဗျာ၊ ကျွန်တော် မြေးလေးကိစ္စပြောချင် လို့ပါ''

''ဘာများလဲ၊ ကလေးက ခုမှ သူငယ်တန်း မဟုတ်လား''

''ခုတော့ ပထမတန်းတက် သွားပါပြီ၊ မနှစ်က သူငယ်တန်း ပေါ့''

''ဦးလွင်ဆင့်က ဘာများ ဆွေး နွေးချင်လို့လဲ''

''ဒီလိုဗျာ၊ ကျောင်းမှာ စာမေးပွဲမှာ မေးခွန်းမေးတယ်၊ မေးခွန်း တွေက အများကြီးပဲ။ ဒါပေမယ့် နမူနာတစ်ခုပဲ ပြောချင် တယ်။ မေးခွန်း က သင်သိသော ပန်းသုံး မျိုးရေးပါတဲ့''

''လွယ်သားပဲ၊ သိတာရေး လိုက်ပေါ့''

''အပေါ်ယံကြည့်ရင်တော့ လွယ်တယ်၊ ဒါပေမယ့် အမှတ် ထွက်လာတော့ နည်းနေတယ်။ ဆရာမလည်း မမေးရဲဘူး၊ ကျောင်း သား မိဘအချင်းချင်း လက်တို့မေး တော့ ဒီလိုတဲ့ဗျ၊ ဆရာမက သူ့ ကျူရှင်မှာ စပယ်ရယ်၊ နှင်းဆီရယ်၊ သဇင်ရယ် ပေးထားတယ်။ အဲဒါက လွှဲပြီးရေးရင် အမှတ်မရဘူးတဲ့။ ဒါ က တိုးတိုးတိတ်တိတ် သိရတဲ့ အ ချက်ဗျ၊ ဒါကို မကျေနပ်လို့ ဝိဇ္ဇာ ကြီးနဲ့ ဆွေးနွေးချင်တာ''

''အဲဒါက ဂျာအေးသူ့အမေ ရိုက်တဲ့ ဇာတ်လမ်းပဲဗျ''

''ဘယ်လို ဘယ်လို၊ ဂျာအေး က ကျူရှင်ယူလို့လား၊ ဒါမှမဟုတ် သူ့ အမေက ကျူရှင်မထားနိုင်တာ လား''

''ဟာ-ဦးလွင်ဆင့်ကလည်း တင်စားပြောတာပါ။ ခုခေတ်က ကုန်ဈေးနှုန်းကြီးတယ်၊ အစိုးရလခ နဲ့ မလောက်ဘူး၊ ဝန်ထမ်းတွေ လည်း အပြစ်မဆိုပါဘူး။ ကျူရှင် ပေးရရော၊ ကျူရှင်ပေးတော့လည်း အဲသလို ဇာတ်လမ်းမျိုးတွေဖြစ်လာ ရော၊ အဲဒါလုံးချာလည်လိုက်နေ တာပေါ့ဗျာ''

''ဟုတ်ပြီ၊ သဘောပေါက်ပြီ''

 ''ကြုံတုန်း ကျွန်တော်ဖတ်ဖူး တာလေး ပြောပြချင်တယ်၊ နမူနာ ပေါ့ဗျာ၊ ပညာရေးလောကအနေနဲ့ နမူနာယူသင့်တယ်။ တစ်ခုတော့ ရှိတယ်။ သူများတိုင်းပြည်က အရာ တွေကို ပုံတူကူးချဖို့တော့ မဟုတ် ဘူး။ သင့်နိုးရာရာရွေးယူရမယ်''

''ဒါပေါ့ ဝိဇ္ဇာကြီးရယ်၊ ကိုယ့် ပြည်ကိုယ့်မြေနဲ့ ကိုက်တာရွေးယူရ မယ်''

''ဒီလိုဗျ၊ နိုင်ငံခြားက အထက် တန်းကျောင်းတစ်ကျောင်းမှာ ဓာတုဗေဒသင်ပုံသင်နည်းပေါ့ဗျာ၊ ဆရာနာမည်က Mr.Tanaka တဲ့၊ ဓာတုဒြပ်ပေါင်းတွေရဲ့ သိပ်သည်းတာတို့ ပျော်ဝင်ပုံတို့နဲ့ ပတ်သက် ပြီး သင်တယ်ပေါ့ဗျာ၊ ဆရာက အခဲတွေ အရည်ပျော်ပုံ၊ အရည် က နေ အငွေ့ပျံပုံတွေ သင်ပြထား တယ်။ ပြီးတော့ ပြဿနာတစ်ခု ပြောပြပြီး ဖြေရှင်းခိုင်းတယ်။ သဘောက ကွန်ချက်ပြပြီး လက် တွေ့ ငါးဖမ်းခိုင်းတာပေါ့ဗျာ''

''ဆရာက ကိုယ်တိုင်ငါးဖမ်း ပြီး ကိုယ်တိုင်ကြော်မကျွေးဘူးလား ဟဲဟဲ''    

''ဦးလွင်ဆင့်သိတဲ့အတိုင်းပဲ လေ၊ ဒါက ဒီမှာလုပ်နေကျလေ၊ ကြော်ကျွေးတာတောင် အရိုးများသ လေး ဘာလေးနဲ့ အပျင်းထူတဲ့ တပည့်က ရှိသေးတယ်''

''ဟုတ်တယ်၊ ဟုတ်တယ်၊ ကြက်တူရွေးကလေးတွေ ဖြစ်ကုန် ရော''

''Mr.Tanakm က ပြောပြ တယ်၊ အရောင်အဆင်းမရှိတဲ့ ဓာတု ဒြပ်ပေါင်းအရည်နှစ်ခုကို အမှတ်တမဲ့ ရောထားမိတယ်တဲ့၊ ပြန်ပြီး ခွဲထုတ်ချင်တယ်။ နည်း လမ်းရှာပါဦးလို့ တပည့်တွေကို ပြောပြတယ်''

''သဘောက ပြဿနာတစ်ခု ချပေးလိုက်တာပေါ့''

''ဟုတ်တယ်၊ တကယ်က ဆရာကိုယ်တိုင် တမင်ရောထား တာ၊ တပည့်တွေကို Problem Solving Skill လေ့ကျင့်တာဗျ''

''တပည့်တွေက ဘာတွေ ဆွေးနွေးကြလဲ''

''ART ဆိုတဲ့ တပည့်ကလေး က ပြောတယ်။ ကျောက်ခဲလုံး ရောင်စုံတွေရောသွားရင် ပြန်ခွဲရ တာလွယ်တယ်၊ ဒါပေမယ့် ခုဟာ က မော်လီကျူးတွေ သိပ်သေးလွန်း တယ်၊ လွယ်မယ်မထင်ဘူးတဲ့''

''ကျောင်းသားငယ်တွေဆို တော့ ဒီလိုပဲ တွေးကောင်းတွေးမှာ ဘဲ''

''Bernice က ပြောတယ်၊ အ ရည်တွေက သူ့ဘာသာသူခွဲထွက် မှာပဲတဲ့၊ ရေနဲ့ ဆီလိုပေါ့တဲ့၊ ဆရာ က ပြန်ဆွေးနွေးတယ်၊ ခုပြဿနာ က အရည်နှစ်ခုဟာ လုံးဝတစ်သား တည်း ရောသွားပြီတဲ့''

''ဒါဆို နောက်ဘာဆက်ပြော ကြလဲ''

''Conrad က ပြောတယ်၊ သူ သေသေချာချာတော့ မသိဘူးတဲ့၊ ဒါပေမယ့် မော်လီကျူးတွေ၊ ဒြပ် ပေါင်းမတူရင်၊ သဘာဝရှိတာ စဉ်း စားမိတယ်တဲ့၊ ဆရာကပြောတယ်၊ Conrad စဉ်းစားတာ အဖြေရဖို့ နီးစပ်လာပြီတဲ့''

''Edgar က ပြောတယ်၊ တချို့ နေရာမှာ ရေစစ်လို အစစ်သုံးတာ သတိထားမိတယ်တဲ့၊ ဆရာက ပြောတယ်၊ မင်းလည်း မဆိုးဘူးတဲ့၊ လက်တွေ့မှာ ရေစစ်လို မျိုးသုံးတာ ရှိတယ်တဲ့၊ Chromatography လို့ ခေါ်တယ်တဲ့၊ ဒါကို နောက်စာသင် ချိန်တွေကျရင် အသေးစိတ် ထပ် ဆွေးနွေးမယ်တဲ့''

''ကျောင်းသားလေးတွေက စိတ်ဝင်တစား ဆွေးနွေးသားပဲ''

''ဟုတ်တယ်ဗျ၊ Fran က ပြော တယ်၊ ဓာတုဒြပ်ပေါင်းတွေဟာ အပူပေးရင် တစ်မျိုးတစ်ဖုံပြောင်း လဲတယ်တဲ့''

''ဆရာက ဘာပြန်ပြောလဲ''

''Fran လည်း နီးစပ်လာပြီတဲ့။ Graceက ပြောတယ်၊ ဓာတုဒြပ် ပေါင်းတွေမှာ ထူးခြားတဲ့ ဂုဏ်သတ္တိ တွေရှိပါတယ်တဲ့၊ ဓာတုဒြပ်ပေါင်း အမျိုးအစားပေါ်မူတည်ပြီး မတူဘဲ Freezing Point တွေ Bolling Point တွေ ရှိပါတယ်တဲ့''

''ဟာ-Grace က တယ်တော် ပါလား''

''ဆရာက အဖြေတန်းမပြော ဘဲ တပည့်တွေကို စဉ်းစားခိုင်းတာ ဗျ၊ တပည့်တွေ စဉ်းစားချင်အောင် လည်း လှုံ့ဆော်ပေးတယ်၊ စဉ်းစား တတ်အောင်လည်း သင်ပေးတယ်''

''ကွန်ချက်ပြတာပေါ့ဗျာ''

''ဟုတ်တယ်၊ Grace က ရှေ့ က လမ်းပြတော့ Ingrid ကလည်း အကြံရသွားပြီး Ingrid က ပြော တယ်၊ အရည်ဟာ ပူလာရင် ပထမ ဓာတုဒြပ်ပေါင်းက အရင်အငွေ့ပျံ ထွက်မယ်၊ ဒုတိယဒြပ်ပေါင်းက ကျန်ရစ်ခဲ့မယ်တဲ့''

''ဟာ-တယ်ဟုတ်ပါလား''

''ဆရာကမေးတယ်၊ ပျံထွက် လာတဲ့ အငွေ့ကို ဘယ်လို ဖမ်းမှာ လဲတဲ့''

''ကျောင်းသားလေးတွေက အမျိုးမျိုးစဉ်းစားကြတယ်။ သူတို့ လေးတွေ စဉ်းစားမရမှ ဆရာက အဖြေပြောပြတယ်။ အဖြေက Distillation ဆိုတဲ့ နည်းပဲ 'ကောင်းတယ်ဗျာ၊ Distillation ကို ခုလို အရင်သိနှင့်ထားတဲ့ ပညာရပ် ဗဟုသုတပေါ် မူတည်ပြီး စဉ်းစား ခိုင်းတာပေါ့''

''ဟုတ်တယ်၊ ဦးလွင်ဆင့် စဉ်း စားခိုင်းတာ''

''တပည့်တွေကလည်း စိတ်ပါ လက်ပါ စဉ်းစားကြတယ်''

''ဟုတ်တယ်၊ စဉ်းစားတွေး ခေါ်တတ်အောင်သင်တာ၊ တကယ် လို့ Distillation အကြောင်းမှတ်စု ရှည်ကြီးထုတ်၊ ကွန်ပျူတာ စာစီပြီး ရော့ကျက်၊ ဒါဆို ဘယ်လိုနေမလဲ''

''အဲဒါခုဖြစ်နေတဲ့ ပုံစံပေါ့ဗျာ၊ Distillation ကိုတော့ အားလုံးရ မယ်၊ ဒါပေမယ့် ဥာဏ်စမ်းမေးခွန်း တွေ့ရင် ချာချာလည်သွားမယ်''

''ဒါပေါ့ဗျာ၊ ကလေးတွေ မစဉ်းစားတတ်တော့ဘူး''

''မှန်တယ် ဝိဇ္ဇာကြီး၊ ဆယ် တန်းမှာ မြန်မာစာဂုဏ်ထူးရပြီး လက်တွေ့မှာ မသုံးနိုင်တာတွေ့ဖူး တယ်''

''ဟုတ်တယ်လေ၊ သီတင်း ကျွတ်လအကြောင်းကို ဆရာက မှတ်စုရေးပေးတယ်၊ အလွတ်ကျက် တယ်၊ စာမေးပွဲမှာ ပါလာတယ်၊ ချ ရေးတယ်၊ ဂုဏ်ထူးရတယ်၊ တကယ့် လက်တွေ့မှာ တန်ဆောင်မုန်းလအ ကြောင်းရေးဖို့ ကြုံလာတယ်၊ လုံးဝ မရေးတတ်ဘူး။ ဒါက ဥပမာပြော ပြတာ၊ ဒါက တစ်လမ်းသွား ပညာ ရေးစနစ်ကြောင့်ပေါ့ဗျာ''

''ဝိဇ္ဇာကြီးက ဆယ်တန်းနဲ့ ဥပမာမေးတယ်၊ တကယ်က တက္ကသိုလ်မှာလည်း ဒီတိုင်းပဲ၊ မဟာဝိဇ္ဇာတို့၊ ပါရဂူတို့မှာ ကျမ်းပြု စုရတယ်၊ ပြီးရင် ကျမ်းတင်ရတယ်၊ ကျမ်းကို ငွေယူပြီးနောက်ကွယ်က နေ ရေးပေးမယ်၊ မဟာဝိဇ္ဇာဘွဲ့ရ တယ်။ ပါရဂူဘွဲ့ရတယ်။ ဒါပေမယ့် ကျမ်းထဲကအကြောင်း နေနေသာ သာ ကျမ်းခေါင်းစဉ်တောင် ရေရေ ရာရာ မသိတာတွေ တွေ့တွေ့နေရ တယ်''

''ဟုတ်တယ်၊ စိတ်ပျက်စရာ တွေပါ''

''ဒါတွေကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်ပြီဗျ''

''ဟုတ်တယ်၊ ဦးလွင်ဆင့် တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်၊ ပွင့်လင်းမြင်သာမှုရှိရမယ်။ ဆရာ မွေးတပည့်မွေးတွေရှောင်ကြဉ်ရ မယ်။ အုပ်စုဖွဲ့ပြီး ဥပဒေစည်းမျဉ်း တွေကို မြောင်းထဲ ပစ်ချတာ ရှောင် ကြဉ်ရမယ်၊ အာစရိယဆိုတဲ့ ဂုဏ် ကို ခံယူထိုက်အောင် ကျင့်သုံးရ မယ်''

''ဒါဆို မူကြိုကနေ ပါရဂူအ ထိ ပြင်စရာတွေ အများကြီးပေါ့''

''ဟုတ်တယ်၊ ပြင်စရာတွေ အ များကြီးပဲ၊ ၁၉၆၂ ခုနှစ်ကနေ စုပုံ လာတဲ့ အမှိုက်ပုံကြီးက ခုတော့ အကြီးကြီးဖြစ်နေပြီ၊ ဒါတွေ ချက် ချင်းရှင်းဖို့ မလွယ်ဘူး။ ဖြည်းဖြည်း ချင်း ရှင်းသွားရမှာပဲ''

''တချို့က ပြောနေတယ်။ ခု ပြဿနာတွေက လက်ရှိအစိုးရမှာ ပဲ တာဝန်ရှိသလိုလိုဘာလိုလို ပြောနေတယ်''

''ဒါက မြေခွေးနဲ့ သိုးလိုပေါ့ ဗျာ၊ မင်းမဟုတ်ရင် မင်းအဖေ၊ မင်း အမေမဟုတ်ရင် မင်းအဘိုးပေါ့ဗျာ၊ တကယ်လာ တမင်အပြစ်ရှာတာ ပါ''

''ဟုတ်တယ်ဗျ၊ တမင်အပြစ် ရှာတာပါ''

''နှစ်ပေါင်းများစွာကြာ အောင် တလွဲတချော်လုပ်ခဲ့ပြီးမှ အမှိုက်ပုံ ကြီး ပုံပစ်ထားခဲ့တာဗျ''

ထိုစကားကို နောက်မှတစ်စုံ တစ်ဦးက ပြောလိုက်ခြင်းဖြစ်၏။

ဦးရွှေသာက နောက်လှည့် ကြည့်လိုက်၏။

''ဟာ-ဆရာကျော် လက်စ သတ်တော့ ဆရာကျော်ပြောလိုက် တာကိုး''

''ဟုတ်တယ်၊ ဝိဇ္ဇာကြီး ကျွန် တော်ပြောတာ၊ ဘယ်နဲ့ဗျာ၊ ပုံတုန်း ကပုံပြီး ခုမှအစိုးရသစ်ကို တာဝန် ရှိတယ်ပြောတော့ ဘယ်တရားပါ့ မလဲဗျာ''

''ဟုတ်ပါရဲ့ဗျာ၊ ဟုတ်ပါရဲ့''

''ကဲ-ဝိဇ္ဇာကြီး၊ ဓာတ်လုံး အောင်ရင် ပြောစမ်းပါ''

''ဘာလဲ၊ ပုဂံခေတ်ကလို ကြေးကို ရွှေဖြစ်အောင် လုပ်ခိုင်းမ လို့လား''

''မဟုတ်ပါဘူးဗျာ၊ သဘာဝ အရင်းအမြစ်တွေ ဘယ်နားကျန် သေးလဲလို့ ဓာတ်လုံးအကူအညီနဲ့ ရှာမလို့ပါဗျာ''

''အေးဗျာ၊ စောင့်တော့စောင့် ရမယ်၊ ခုမှကြိုးစားတုန်း''

''ဒါဆို လောလောဆယ် ဗိုက် ဆာပြီဗျ၊ ဝိဇ္ဇာကြီး မဦး''

''ကဲ-ဒါဆိုရှိတာလေးနဲ့ ဝိဇ္ဇာ မမယ်၊ မီးဖိုထဲမှာ ကျွန်တော့် တူမ ဒေါက်တာ မေဦးနောင်ချိုလာပို့ ထားတာရှိတယ်၊ မုန့်ဟင်းခါးဗျ၊ ဘူးသီးကြော်လည်းပါတယ်။ ငါးဖယ် နဲ့ ဘဲဥလည်းပါတယ်၊ ထည့်စား ဗျာ''

''ဟုတ်ပြီ၊ ကျွန်တော် သုံး ယောက်စားသွားထည့်ပြီး ယူခဲ့မယ်''

မကြာမီ မုန့်ဟင်းခါး ပန်းကန် များ၊ လိုက်ပွဲများ၊ အကြော်ပန်းကန် များ၊ ဟင်းရည်ပန်းကန်များ ရောက် ရှိလာ၏။

''ကဲ-သုံးဆောင်ကြဗျာ၊ အဝ သာစား''

မုန့်ဟင်းခါးက အရသာ ကောင်းလွန်း၍ သုံးဦးစလုံး ခေါင်း မဖော်တမ်းစားကြလေတော့၏။

အောင်(ဆေး-၁)
ရည်ညွှန်းချက်။        ။Gary D Fenstermacher and Jonas E. Soltis ရေးသားပြုစုသော "Approaches to Teaching" ကို မှီငြမ်း ကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.