28-9-2017
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
ပိုးလမ်းမနှင့် အရှေ့တောင်အာရှ

လွန်ခဲ့တဲ့ မေလ ၁၄ - ၁၅ ရက်များက ပေကျင်းမြို့ရဲ့ တရုတ်အမျိုးသား ကွန်ဗင်းရှင်းစင်တာမှာ ပထမဆုံးအကြိမ် ပိုးလမ်းမဖိုရမ် Belt and Road Forum (BRF) ကို ခမ်းခမ်းနားနား ကျင်းပပြီးစီးခဲ့ပါတယ်။ တရုတ်သမ္မတကြီး Xi Jinping တွက်တော့ ဂုဏ်ယူဝင့်ကြွားဖွယ်ရာကောင်းတဲ့ အခမ်းအနားတစ်ခုပါပဲ။

အဲဒီဖိုရမ်ကို ရုရှားသမ္မတ ပူတင်၊ တူရကီသမ္မတ Erdogan ၊ ပါကစ္စ တန်ဝန်ကြီးချုပ် Nawaz Sharif အပါအဝင် ကမ္ဘာ့ခေါင်းဆောင်ကြီး ၂၉ ဦး တင်ရောက်ခဲ့ကြတယ်။ ဒါပေမယ့် အနောက်အုပ်စုက အရေးပါတဲ့ ခေါင်းဆောင်ကြီး တွေက မတက်ရောက်ခဲ့ကြပါဘူး။ ဂျာမနီ၊ ပြင်သစ်နဲ့ ယူကေတို့က သူတို့ရဲ့ ဝန်ကြီးများကိုပဲ ကိုယ်စားပြုတက်ရောက်စေခဲ့ကြတယ်။ အမေရိကန်၊ ဂျပန်နဲ့ တောင် ကိုရီးယားနိုင်ငံများကတော့ အဆင့်မြင့်အရာရှိကြီးများကို စေလွှတ်ခဲ့ပြီး အိန္ဒိယနိုင်ငံက တော့ အဆင့်မြင့် အရာရှိကြီးများကိုတောင် စေလွှတ် ခဲ့ခြင်း မရှိပါဘူး။

အဲဒီ BRF ဖိုရမ်ကို မြန်မာနိုင်ငံက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ဂုဏ်ပြုခဲ့တယ်။ ပြီးတော့ တရုတ်နဲ့ မြန်မာ-တရုတ် နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေး သဘောတူညီမှု စာချုပ်အပြင် ပိုးလမ်းမစတင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု စာချုပ်များကို ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြောင်း အစိုး ရပိုင် မြန်မာသတင်းစာများမှာ ဖော် ပြခဲ့ပါတယ်။

 ပိုးလမ်းမဆိုတာ

ပိုးလမ်းမ- Silk Road ဟာ ရှေးဟောင်းကုန်းတွင်း ကူးသန်းရောင်း ဝယ်ရေးလမ်းမတစ်ခုဖြစ်တယ်။ တရုတ်ပြည်မြောက်ပိုင်းကနေပြီး အာရှအလယ်ပိုင်း Central Aisa နိုင်ငံများကို ဖြတ်ကျော်ကာ ဥရောပအထိ ခရီးပေါက်တဲ့လမ်းမကြီးပါ။ အေဒီခုနစ်ရာစုမှာ ဥရောကုန်သည်များက ဒီလမ်းမအတိုင်း တရုတ်ပြည် လာရောက်ကာ ပိုးထည်များဝယ်ယူခဲ့ ကြလို့ ပိုးလမ်းမလို့ အမည်တွင်ခဲ့ပါသတဲ့။

ခုတော့ ဒီရှေးဟောင်းပိုးလမ်းမကို တရုတ်သမ္မတ ရှီကျင့်ဖိန်းက ပြန် လည်တည်ဆောက်ချင်တယ်။ သူ သမ္မတဖြစ်ပြီးနောက် ဆယ်လလောက်အကြာမှာ ၂ဝ၁၃ ခုနှစ် နောက်ပိုင်းက အာရှအလယ်ပိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကာဇာတ်စတန် ရောက်စဉ်အတွင်း ပိုးလမ်းမကို ပြန်လည်တည်ဆောက်မယ်လို့ပထမဆုံး ဖွင့်ချပြောပြခဲ့တယ်။ အဲဒီတုန်းက ရှီက ''ပိုးလမ်းမ စီးပွားရေးရပ်ဝန်း တစ်ခု'' A Silk Road Economic Belt လို့ ခေါင်းစဉ်တပ်ပြီး ပြောပြခဲ့တာပါ။

အဲဒီနောက်ပိုင်း ရှီဟာ အရှေ့တောင်အာရှက အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့ တယ်။ အဲဒီမှာလည်း ရှီက ''၂၁ရာစု ရေကြောင်းပိုးလမ်းမတစ်ခု'' (A 21st Century Maritime Silk Road) အကောင်အထည်ဖော် ဆောင်သွားမယ်လို့ ပြောကြားခဲ့တယ်။ ဒီတော့ တရုတ်တို့က ကုန်းတွင်း ပိုးလမ်းမ Belt တစ်ခုနဲ့ ရေကြောင်းပိုးလမ်းမ Road တစ်ခု ပုံဖော်ဖန်ဆင်းတော့မယ်ဆိုတာ ကမ္ဘာက သိမြင်လာခဲ့ကြတယ်။ အခုအခါ အဲဒီ ပိုးလမ်းမစီမံချက်ကို “One Belt One Road” (OBOR)  လို့ ခေါ်ဆို ကြတယ်။

ကုန်းတွင်းပိုးလမ်းမ စီးပွားရေး ရပ်ဝန်း Belt ဟာ တရုတ်ပြည် အလယ်ပိုင်း Xi’an မြို့ကနေပြီး၊ ရှင်ကျန်း ဌငညငြညေါ Xinjiang ပြည်နယ် မြို့တော် Urumqi ကို ဖြတ်ကျော်ကာ ကာဇတ်စတန်နဲ့ အာရှအလယ်ပိုင်းနိုင်ငံများမှတစ်ဆင့် အီရန်၊ အီရတ်၊ ဆီးရီးယား၊ တူရကီ။ ပြီးတော့ အဲဒီကနေပြီး မော်စကို၊ ဂျာမနီ၊ နယ်သာလန်နဲ့ အီတလီအထိ ခရီးပေါက်မှာဖြစ်တယ်။ ရေကြောင်းပိုးလမ်းမ Road ကတော့ တရုတ်ပြည်တောင်ပိုင်းက ဆိပ်ကမ်းမြို့များ အထူးသဖြင့် Fujian မှနေပြီး အရှေ့တောင်အာရှနဲ့ တောင်အာရှကို ဖြတ်သန်းကာ အာဖရိကနဲ့ အီတလီက ဗင်းနစ်မြို့ Venic မြို့အထိ ရောက်မှာဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်ရဲ့ ခေတ်သစ် ပိုးလမ်းမှ စီမံချက် One Belt One Road ဟာ ရှေးဟောင်း ပိုးလမ်းမကို ပြန်လည်တည်ဆောက်မှုသာမက သေးပါဘူး။

တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသအတွင်း အခြေခံအဆောက်အအုံများ တည်ဆောက်ရေး အစီအမံများနဲ့လည်း ချိတ်ဆက်ထားပါသေးတယ်။ တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်မှာဆိုရင် ''တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ (China-Pakistan Economic Corridor CPEC) စီမံချက်တစ်ခုကို ပိုးလမ်းမရဲ့ တစ်စိတ်တစ်ဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်။

ပါကစ္စတန် အနောက်တောင်ပိုင်းက အာရေဗျပင်လယ်ကို မျက်နှာမူထားတွဲ့Guladar ဆိပ်ကမ်းကို တရုတ်တို့က ဧရာမဆိပ်ကမ်းကြီးဖြစ် အောင် တည်ဆောက်ခဲ့တာ ခုတော့ ပြီးစီးသွားခဲ့ပါပြီ။ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလက ကုန်တင်သင်္ဘောကြီးတစ်စင်းဟာ အဲဒီဆိပ်ကမ်းကနေပြီး အာရေဗျပင်လယ်ကို ဖြတ်သန်းကာ အေဒင်ပင်လယ်ကွေ့ဆီ ခုတ်မောင်းသွားခဲ့ပါသေးတယ်။ သင်္ဘော မထွက်ခွာမီ၊ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Shrarf ကိုယ်တိုင် ဆိပ်ကမ်းသို့ လာ ရောက်အားပေးခဲ့တဲ့အပြင် တရုတ်နဲ့ပါကစ္စတန် အဆိုကျော်များကလည်း တေးသီချင်းတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံစီမံချက် CPEC ကတော့ အင်မတန် ကြီးကျယ်တယ်။ တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေက ပါကစ္စတန်တောင်ပိုင်း၊ အနောက်ပိုင်း၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်းအထိ လွှမ်းခြုံထားတယ်။ တကယ်လို့ ဒီစီမံချက်သာ အမှန်တကယ် အကောင်အ ထည်ပေါ်လာမယ်ဆိုရင် ပါကစ္စတန်ဟာ တရုတ်တွေရဲ့ ခေတ်သစ်ကိုလိုနီ တစ်ခုဖြစ်သွားနိုင်တယ်လို့ ပါကစ္စ တန် ပြည်သူတွေက ဆိုကြတယ်။

 ပိုးလမ်းမနဲ့ အရှေ့တောင်အာရှ

တရုတ်ဟာ သူတို့ရဲ့ ပိုးလမ်းမကို အကောင်အထည်ဖော် တည်ဆောက်ရာမှာ အရှေ့တောင်အာရှ နိုင်ငံများနဲ့လည်း ချိတ်ဆက်ထားတယ်။ သူတို့ရဲ့ အကြောင်းပြချက်က တော့ အရှေ့တောင်အာရှဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါတဲ့။ တကယ်တော့ မဟုတ်ဘူး။ တရုတ်မှာ ပြည် နယ် ၃၁ ပြည်နယ်ရှိတဲ့အနက် ပြည် နယ်နှစ်ခုက အခြားသော ပြည်နယ်များနဲ့ နှိုင်းယှဉ်ရင် တစ်ဦးချင်း ဂျီဒီပီ-GDP per person က အရမ်းနည်းတယ်။ အဲဒီပြည်နယ်နှစ်ခုအနက် တစ်ခုက  ယူနန် ပြည်နယ်ဖြစ် တယ်။ ယူနန်ဟာ တရုတ်ပြည်ရဲ့ အနောက်တောင်ပိုင်းမှာရှိတယ်။ အင်မတန် ဖွံ့ဖြိုးတိုးတက်နေတဲ့ တရုတ်ပြည်ရဲ့ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသများနဲ့ သိပ်ပြီး အလှမ်းကွာဝေးတယ်။

ဒီတော့ တရုတ်တို့က ခေတ်နောက်ကျကျန်ရစ်တဲ့ ယူနန်ပြည်နယ်ကို အာရှရဲ့ စီးပွားရေး ဗဟိုချက်မအဖြစ် ပြန်လည်တည်ဆောက်ချင်တယ်။ ဒါကြောင့် ပိုးလမ်းမစီမံချက်ထဲမှာ ယူနန်ကို ထည့်သွင်းထားတယ်။ ယူနန်ဟာ အရှေ့တောင် အာရှနိုင်ငံများဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံများနဲ့ နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိတယ်။ လာအိုကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံမှ တစ်ဆင့် စင်ကာပူအထိ ခရီးပေါက်နိုင်တယ်။ မြန်မာကို ဖြတ်ကျော်လိုက်ရင် ဘင်္ဂလားပင်လယ်အော်။ အဲဒီက တစ်ဆင့် အိန္ဒိယ သမုဒ္ဒရာထိ ခရီး ဆန့်နိုင်တယ်။

တရုတ်အနေနဲ့ အရှေ့တောင်အာရှနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး အကြောင်းပြပေမယ့် တကယ်တော့ တရုတ်ပြည်က ထုတ်လုပ်တဲ့ ကုန်ပစ္စည်း သဗ္ဗရနံပေါင်းစုံကို အရှေ့တောင်အာရှနိုင်ငံများမှာ ပုံအောရောင်းချမယ့် စီမံကိန်းကြီးသာ ဖြစ်တယ်။ တရုတ်မှာ လွန်လွန်ကဲကဲ ထုတ်လုပ်နိုင်စွမ်းရှိမှု- ဥလနမ ဃစေခေငအပ ပြဿနာတက်နေတယ်။ ပမာအားဖြင့် သံမဏိ၊ ဘိလပ်မြေစတဲ့ ပစ္စည်းတွေကို လိုအပ်သည်ထက် ပိုမိုထုတ်လုပ်ထားတယ်။ ဒီပိုလျှံပစ္စည်းများကို ပုံအောရောင်းချဖို့အတွက် တရုတ်တွေက ဈေးကွက်ရှာနေရတယ်။

တရုတ်အတွက် အကောင်းဆုံးဈေးကွက်တစ်ခုကတော့ အရှေ့ တောင်အာရှဈေးကွက်ဖြစ်နိုင်တယ်။ တရုတ်ကပဲ ရောင်းချစရာတစ်ပုံတစ် ခေါင်းကြီးရှိနိုင်တယ်။ အရှေ့တောင် အာရှနိုင်ငံတွေက တရုတ်ကို ရောင်းစရာ သစ်ကလွဲပြီး သိပ်မရှိဘူး။ တကယ်တော့ တရုတ်ဟာ ၁၉၈၅ ခုနှစ်လောက်ကစပြီး ယူနန်နယ်စပ် မှာ အရှေ့တောင်အာရှ ဈေးကွက်အ တွက် နယ်စပ်ကုန်သွယ်ရေးဇုန်တွေ တည်ဆောက်ခဲ့တယ်။ ခုတော့ ဒီကုန် သွယ်ရေးဇုန်တွေကို ပိုမိုအားဖြည့် အဆင့်မြှင့်ပြီး တည်ဆောက်လျက်ရှိတယ်။

ယူနန်ရဲ့ မြို့တော် ကူမင်းကနေပြီး မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် နယ်စပ်အထိ လမ်းမကြီးတွေ ဖောက်လုပ်ထားပြီးဖြစ်တယ်။ ယူနန်လာအိုနယ်စပ်မှာ နယ်စပ်ဖြတ်ကျော် ဂေါက်ကွင်းတည်ဆောက်ဖို့ စီစဉ်နေတယ်။ ပြီးတော့ ယူနန်ဘက်က နယ် စပ်မြို့ဖြစ်တဲ့ Mohan မှာ “Fortune Plaza” လို့ခေါ်တဲ့ ပလာဇာတစ်ခု ဆောက်လုပ်လျက်ရှိတယ်။ စတုရန်းမီတာ ၂၂ဝဝဝ ရှိတဲ့မြေပေါ်မှာ တည်ဆောက်မှာဖြစ်ပြီး အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ၊ ဟိုတယ်တွေအပြင် ရုံးခန်းများလည်း ပါဝင်မှာဖြစ်တယ်။

 အဲဒီ ယူနန်-လာအို နယ်စပ်မြို့များဖြစ်တဲ့ Mohan နဲ့ Boten ကနေပြီး လာအိုမြို့တော် ဗီယက်ရှန်းမြို့အထိ၊ ပြီးတော့ ထိုင်းနိုင်ငံ ဘန်ကောက် မြို့အထိ အဆင့်မြင့်ရထားလမ်းများ ဖောက်လုပ်ဖို့ အစီအစဉ်တွေလည်းရှိ တယ်။ ထိုင်းနိုင်ငံဆိုရင်၊ အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံကုန်ကျမယ့် မိုးပျံရထားလမ်းနှစ်ခု တည်ဆောက် ရေးအတွက် တရုတ်နဲ့သဘောတူထားတယ်။ ဒါပေမယ့် ရထားလမ်း တည်ဆောက်ရေးကို ၂ဝ၂၁ ခုနှစ်မှ စတင်မှာဖြစ်တယ်။

တရုတ်ဘက်ကတော့ မြန်မာနယ်စပ်အထိ အဝေးပြေးလမ်းမ ဖောက်လုပ်ထားပြီး ဖြစ်တယ်။ ပြီးတော့ ကျောက်ဖြူဆိပ်ကမ်းကနေပြီး ယူနန်ပြည်နယ်မြို့တော် ကူမင်း အထိ၊ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းကရှိ ပြီးသား။

 နောက်ပြီး တရုတ်နိုင်ငံပိုင် Telecoms ကုမ္ပဏီ China Unicom ကလည်း မြန်မာနဲ့ ယူနန်အကြား Optical Cable လိုင်းတစ်ခုဆက် သွယ်ပေးခဲ့ပြီးဖြစ်တယ်။ ၂ဝ၁၁ ခုနှစ် က မြစ်ဆုံရေကာတာတည်ဆောက်ရေး မအောင်မမြင်ဖြစ်ခဲ့ပေမယ့်၊ မြန်မာနဲ့ ကူမင်းအကြား ရထားလမ်းဖောက်လုပ်ဆက်သွယ်ရေး အစီအစဉ်ဟာ ဆက်လက်ရှိနေ ဆဲဖြစ်တယ်လို့ ယူဆကြတယ်။

ယူနန်ပိုးလမ်းမနဲ့ချိတ်ဆက်ပြီး အရှေ့တောင်အာရှနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ ပိုးလမ်းမရန်ပုံငွေ  Silk Road Fund ၊ အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrasstructure Investment Bank-ALLB) နဲ့ တရုတ်ဖွံ့ဖြိုးရေးဘဏ် (Chinese Development Bank) တို့ကနေပြီး သက်ဆိုင်ရာ နိုင်ငံများကို ငွေထုတ်ချေးပေးမှာ ဖြစ်တယ်။

 ''တရုတ်အနေနဲ့ ဂလိုဘယ်အဆင့်ကို တက်လှမ်းဖို့အတွက် ပထမခြေလှမ်းကတော့ ဒေသတွင်းက စတင်ရမှာပါပဲ''လို့ ယူနန် တက္ကသိုလ်က့ Yang Xianming က ဆိုတယ်။

မင်းရွှေမောင်

Ref: “All Aboard the belt and road express” The Economist May 6,2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.