6 - 4 - 2017
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
အာရှ နိုင်ငံများ ဘယ်လမ်းရွေးကြမလဲ စီးပွားရေးလား အမျိုးသားရေးလား

ဒုတိယ ကမ္ဘာစစ်ကြီးပြီးတဲ့နောက် အာရှနိုင်ငံ အတော်များများဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရောင်းဝယ်ဖောက်ကား ကူးလူး ဆက်ဆံရေး နည်းလမ်းတွေနဲ့ ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြတာ နှစ်အတော်ကြာခဲ့ကြပါပြီ။ အခု အာရှနိုင်ငံများ စီးပွားရေး တိုးတက် လာကြတော့ မထင်မှတ်ဘဲ အမျိုး သားရေးဝါဒ- Nationalism က ကြားဝင်လာတယ်။

ဟုတ်ပါတယ်။ အာရှနိုင်ငံများဟာ ကမ္ဘာစစ်ကြီး မတိုင်မီနဲ့ စစ်ကြီးအတွင်း ကာလတွေမှာ အရင်းရှင် နယ်ချဲ့တွေရဲ့ လက် အောက်က လွတ်မြောက်ရေးအတွက် အမျိုးသားရေးဝါဒကို လက်နက်သဖွယ်ကိုင်စွဲပြီး ထကြွ တော်လှန်ပုန်ကန်ခဲ့ကြတယ်။ အကျိုးဆက်ကတော့ စစ်ပြီး ကာလမှာ အာရှနိုင်ငံတွေဟာ ရှေ့ ဆင့်နောက်ဆင့် ဆိုသလို လွတ် လပ်ရေး ရရှိခဲ့ကြတယ်။

စပိန်လက်အောက် ရောက်သွားခဲ့တဲ့ ဖိလစ်ပိုင်ဟာ စပိန်-အမေရိကန်စစ်ပွဲမှာ စပိန် အရေးနိမ့်သွားတဲ့အတွက် အမေရိကန်တွေရဲ့ လက်အောက် ရောက်သွားတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေ သိမ်းပိုက်တာခံလိုက်ရပြန်တယ်။ ဒါပေမယ့် အမေရိကန်တပ် များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ၁၉၄၆ ခုနှစ်မှာ ဖိလစ်ပိုင်ကို လွတ်လပ်ရေး ပေးခဲ့တယ်။ မြန်မာကတော့ ၁၉၄၈ ခုနှစ်မှာ ဗြိတိသျှ တို့ လက်အောက် က လွတ်ကျွတ်ခဲ့တယ်။

တရုတ်ဟာ နိုင်ငံကျယ်ဝန်းသလောက် ပြည်ပနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှု အများဆုံး ခံခဲ့ရတဲ့နိုင်ငံ ဖြစ်တယ်။ ရုရှား၊ ဂျပန်၊ ဗြိတိန်နဲ့ အခြားအင်အား ကြီးနိုင်ငံတွေဟာ တရုတ်နယ်ပယ် အချို့ကို သိမ်းပိုက်ခြယ်လှယ်ခဲ့ကြတယ်။ အထူးသဖြင့် ဂျပန်တွေဟာ ၁၈၉၄ မှ ၁၉၄၅ အထိ နှစ်ငါးဆယ်လောက် တရုတ်အပေါ် ဗိုလ်ကျစိုးမိုးခဲ့တယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်တွေ ရှုံးနိမ့်တော့မှပဲ တရုတ် ကို လက်လွှတ်ခဲ့ကြတယ်။ ကွန်မြူနစ်တွေဟာ ဂျပန်ကို မောင်းထုတ်ခဲ့ပြီးနောက် ကူမင်တန် အစိုးရကလည်း ထိုင်ဝမ် ထွက်ပြေး သွား တယ်။ ၁၉၄၉ ခုနှစ်မှာ ကွန် မြူနစ်တွေ စိုးမိုးအုပ်ချုပ်တဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထွက်ပေါ်လာ ခဲ့တယ်။

လာအိုဟာ ပြင်သစ် လက်အောက်ခံ ဖြစ်နေရာက ၁၉၄၉ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ တယ်။ နှစ်ပေါင်း ထောင်နဲ့ချီပြီး ဟိန္ဒူနဲ့ ဗုဒ္ဓ ဘာသာယဉ်ကျေးမှုလွှမ်းမိုးခဲ့ပြီးနောက် ၁၅ ရာစုမှာ အင်ဒိုနီးရှားကို အစ္စလာမ် ရောက်လာခဲ့တယ်။ ၁၇ ရာစုရောက်တော့ အင်ဒိုနီးရှား ကို ပေါ်တူဂီနဲ့ ဒတ်ခ်ျ တို့က ကြီးစိုးခဲ့ကြတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေက သိမ်းပိုက်ခဲ့ပြန်တယ်။ စစ်ကြီးပြီး တော့ နယ်သာလန်နိုင်ငံက အင်ဒို နီးရှားကို ၁၉၄၉ ခုနှစ်မှာ လွတ် လပ်ရေး ပေးခဲ့တယ်။

၉ ရာစုနဲ့ ၁၃ ရာစုနှစ် များအတွင်း ခမာအင်ပါယာကြီးကို တည်ထောင်ခဲ့ကြပြီး နောက်ပိုင်းမှာ တစ်စစီ ပြိုကွဲသွားကာ ကြွင်းကျန်တဲ့ ကမ္ဘောဒီးယားတိုင်းပြည်ကို ပြင်သစ်တို့က သိမ်းပိုက်ခဲ့ကြတယ်။ စစ်ကြီးပြီးဆုံးပြီး နောက်ပိုင်း ၁၉၅၃ ခုနှစ်မှာ ပြင်သစ် လက်အောက် က လွတ်မြောက်ခဲ့တယ်။ ၁၆ ရာစုမှာ ဥရောပကုန်သည်များ အရောက်အပေါက် များလာခဲ့ပြီး နောက် ၁၉ ရာစုမှာ မလေးရှားဟာ ဗြိတိသျှတို့ လက်အောက် ရောက် သွားခဲ့တယ်။ ၁၉၆၃ ခုနှစ်မှာ အချုပ်အခြာပိုင်တဲ့ မလေးရှားနိုင်ငံ ဖြစ်လာခဲ့တယ်။ ၁၉၆၅ ခုနှစ်မှာ စင်ကာပူဟာ မလေးရှားမှ ခွဲထွက် ခဲ့တယ်။

ရှည်လျားတဲ့ သမိုင်းရှိခဲ့တဲ့ ဗီယက်နမ်ဟာ ၁၈၅၈ ခုနှစ်မှာ ပြင်သစ်လက်အောက် ကျဆင်းသွားတယ်။ ၁၉၄ဝ ပြည့်နှစ်မှာ ဂျပန်တွေ သိမ်းပိုက်တာ ခံလိုက်ရတယ်။ စစ်ပြီးတော့ ပြင်သစ်တွေ ပြန်ရောက်လာပြီး ကွန်မြူနစ်တွေ ကိုရော အမျိုးသားရေးဝါဒီတွေကို ပါ တိုက်ခိုက်နှိမ်နင်းတယ်။ နောက်ဆုံးမှာတော့ ပြင်သစ်တွေ အရေးနိမ့်ပြီး ၁၉၅၄ ခုနှစ်မှာ ထွက်ပြေးသွားကြရတယ်။ ဗီယက်နမ်တောင် ပိုင်းသားတွေနဲ့အတူ အမေရိကန် တပ်များက ကွန်မြူနစ်တွေကို တိုက်ခိုက်ပြန်တယ်။ အမေရိကန် တပ်တွေလည်း ၁၉၇၅ ခုနှစ်မှာ ထွက်ပြေးသွားကြရတယ်။ ၁၉၇၆ ခုနှစ်မှာ တောင်နဲ့မြောက် ဗီယက်နမ် ပေါင်းစည်းပြီး ဒီကနေ့ မြင် တွေ့နေရတဲ့ ဗီယက်နမ် ဆိုရှယ် လစ် သမ္မတနိုင်ငံ ဖြစ်လာတယ်။

Siam လို့ ခေါ်ဝေါ်ခဲ့ကြတဲ့ ထိုင်းနိုင်ငံဟာ ခေတ်အဆက်ဆက် ထိုင်းဘုရင်များ အုပ်ချုပ်စိုးမိုးခဲ့တဲ့နိုင်ငံ ဖြစ်တယ်။ အရှေ့တောင် အာရှ နိုင်ငံများထဲမှာ ကိုလို နီနယ်ချဲ့တွေရဲ့ လက်အောက် မကျရောက်ခဲ့တဲ့ နိုင်ငံဆိုလို့ ထိုင်း တစ်နိုင်ငံပဲ ရှိတယ်။ ဂျပန်ခေတ် မှာ ဂျပန်နဲ့ မဟာမိတ်ဖွဲ့တယ်။ စစ်ကြီးပြီးတော့ အမေရိကန်တွေနဲ့ မဟာမိတ် ဖွဲ့ပြန်တယ်။ အရှောင်အတိမ်း ကျွမ်းကျင်တဲ့နိုင်ငံ ဖြစ်ပါ တယ်။

ဘရူနိုင်းရဲ့ စူလတန်ကတော့ ၁၆ ရာစု အစောပိုင်းကစပြီး သြဇာအာဏာ ကြီးမားခဲ့တယ်။ ၁၈၈၈ ခုနှစ်မှာ ဂရိတ်ဗြိတိန်ရဲ့ အထိန်း သိမ်းခံနိုင်ငံ ဖြစ်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ လုံးဝ လွတ်လပ်တဲ့ နိုင်ငံ ဖြစ်လာခဲ့တယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီး နောက် အဲသလို လွတ်လပ်ရေး ရရှိလာခဲ့ကြတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေဟာ သမိုင်းထဲက မုန်းတီး နာကြည်းမှုတွေနဲ့ စစ်တွင်းကာလသွေးချောင်းစီးခဲ့မှုတွေကို ပြည်ဖုံး ကား ချခဲ့ကြပြီး တိုင်းပြည် ပြန် လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့ကြတယ်။ ပြီး တော့ အာရှနိုင်ငံအချင်းချင်း အကြား ကူးသန်းရောင်းဝယ်မှုတွေ ကို တိုးတက်မြှင့်တင်ခဲ့ကြတယ်။

ဂျပန်နိုင်ငံဆိုရင်လည်း ၎င်းတို့ရဲ့ ပြည်သူတွေအပေါ်အမေရိကန်နိုင်ငံက အဏုမြူဗုံးနှစ်လုံးချခဲ့တာကို ရေးကြီးခွင်ကျယ် လုပ်မနေတော့ ဘဲ အမေရိကန်ပြည်ထောင်စုကို မိတ်ဖွဲ့ခဲ့တယ်။ အမေရိကန်တွေနဲ့လက်တွဲပြီး စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာ ရေးနယ်ပယ်တွေ မှာ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ခဲ့တယ်။

တရုတ်ဆိုရင်လည်း စစ်အေးခေတ်- Cold War ကာလ အတွေ့အကြုံတွေကို ဘေးဖယ်ထားခဲ့ပြီး အမေရိကန်နိုင်ငံနဲ့ရော ဂျပန်နိုင်ငံ နဲ့ပါ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့တယ်။ တရုတ်ဟာ ထိုင်ဝမ်ကို အသိအမှတ်မပြုပေမယ့် နှစ်နိုင်ငံအကြား ကူးသန်းရောင်း ဝယ်ရေးက တော့ ကောင်းမြဲကောင်းနေတယ်။

တောင်ကိုရီးယားဟာ တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား လုပ်ခဲ့တဲ့နိုင်ငံ ဖြစ်တယ်။ ဒါကြောင့် တရုတ်လည်း အကျိုးရှိ ပြီး တောင်ကိုရီးယားအတွက်လည်း အကျိုးဖြစ်ထွန်းခဲ့တယ်။ ဒီလိုဆိုပေမယ့် တရုတ်ပြည်ဟာ တောင်ကိုရီးယားရဲ့ ရန်ဘက် ဖြစ် တဲ့ မြောက်ကိုရီးယားနဲ့တော့ ဆက်ဆံရေး မပျက်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ ကာလအတွင်း အာရှနိုင်ငံများဟာ နိုင်ငံရေးအရ ဘက်ပြိုင်မှုတွေ မလုပ်ကြဘဲ စီးပွားရေးအရ ပူးပေါင်း လုပ်ဆောင်မှုတွေကို ဦးစားပေး ထိပ်တန်းတင်ခဲ့ကြတယ်။ ဒီလို ဆောင်ရွက်ခဲ့မှုရဲ့ အကျိုးဆက်က တော့ အာရှနိုင်ငံများဟာ မကြုံစဖူး စီးပွားရေး အထူးတိုးတက်ခဲ့တယ်။ စက်မှုနိုင်ငံတွေဖြစ်အောင် တည်ဆောက်နိုင်ခဲ့တယ်။ ဝင်ငွေများ မြင့်မားလာခဲ့တယ်။ ဆင်းရဲမွဲတေ မှု ကျဆင်းသွားခဲ့တယ်။ ဒေသခေါင်း ဆောင်တွေဟာ တစ်နိုင်ငံနဲ့ တစ် နိုင်ငံ တိုက်လား ခိုက်လား လုပ်ခဲ့ကြရင် အာရှရဲ့ အံ့ဘနန်း စီးပွား ရေး တိုးတက်မှု- Asia's Economics Miracle ဆိုတာ ဘယ်တော့ မှ ဖြစ်ပေါ်ခဲ့မှာ မဟုတ်ဘူး။

ဒါပေမယ့် ဥစ္စာဓနတိုးတက်လာပြီး လူမှုရေး အနေအထား ပြောင်းလဲလာမှုနဲ့အတူ အမျိုးသားရေးဝါဒဟာ တဖြည်းဖြည်း ခေါင်းထောင် လာတယ်။ အနာဟောင်းတွေကို တူးဆွဖော်ထုတ်လာခဲ့ကြတယ်။ ဆွေးမြည့် ဟောင်းနွမ်းနေခဲ့ပြီးဖြစ်တဲ့ အမုန်း တရားတွေကို ပြန် လည်ရှေ့တန်း တင်လာခဲ့ကြတယ်။ ဒီလိုလုပ်လို့ ကောင်းစရာတွေ တစ်ကွက်မှ ရှိ လာမှာတော့ မဟုတ်ဘူး။

အင်အားကောင်းလာတဲ့ တရုတ်ဟာ အရှေ့အာရှရဲ့ အဓိကအင်အားကြီးနိုင်ငံအဖြစ် ၎င်းရဲ့ နေရာမှန်ကို ပြန်လည်ရယူဖို့ ကြိုး ပမ်းလာတယ်။ ဒါနဲ့ တစ်ဆက် တစ်စပ်တည်း ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံများနဲ့ နယ်မြေ အငြင်းပွားမှုတွေကို တရုတ်က စတင်မီးမွှေးလာတယ်။ ပြီးတော့ တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုတို့အကြား ဆက်ဆံရေးဟာ ဟိုတစ်ချိန်တုန်း က နွေးနွေးထွေးထွေး ရှိခဲ့ပေမယ့် အခုတော့ အေးစက်သွားတယ်။ အာရှမှာ အမေရိကန်တွေ ဝင်ထွက်သွားလာနေတာကို တရုတ် က သိပ်မကြိုက်တော့ဘူး။ တရုတ်ရဲ့ ပြင်းပြတဲ့ ရည်မှန်းချက် တွေကို အမေရိကန်နိုင်ငံက ကာ ဆီး ကာဆီး လုပ်နေတယ်လို့ မြင် တယ်။

အရှေ့အာရှရဲ့ စက်ရုံ များက ထုတ်လုပ်လိုက်တဲ့ ကုန် စည်တွေကို စင်းလုံးပြည့် တင်ထား ကြတဲ့ ကွန်တိန်နာ ကုန်သင်္ဘော တွေဟာ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ် ရေပြင် ပေါ်မှာ ဥဒဟို သွားလာဝင်ထွက် နေကြတယ်။ အဲသလို အဆီး အတားမရှိ သွားချင်သလိုသွား၊ လာချင်သလိုလာ ခုတ်မောင်းဖြတ် သန်း သွားလာနေတာကို တရုတ်က မလိုလားဘူး။ ဒါကြောင့် တရုတ်တို့က ဒီပင်လယ်ပြင်တွေကို ၎င်းတို့ရဲ့ ကိုယ်ပိုင် ပင်လယ်အဖြစ် သတ်မှတ်ဖို့ ကြိုးစားလာတယ်။ ဒါပေမယ့် အခြားသော နိုင်ငံတွေက မကြိုက်ဘူး။ လက်မခံကြဘူး။ ဒီတော့ အခုအခါမှာ နီးနားဝန်းကျင် အာရှနိုင်ငံတွေက ရေတပ်သင်္ဘောတွေဟာ အမေရိကန် စစ်သင်္ဘောတွေနဲ့ အတူ ခုတ် မောင်းသွားပြီး တရုတ်ကို အင်အား ပြ အာခံနေကြတယ်။

လာမယ့် နိုဝင်ဘာလ အတွင်း ပေကျင်းမြို့မှာ အာရှ-ပစိ ဖိတ် စီးပွားရေး ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့-  Asia-Pacific Economic Cooperation(APEC) ထိပ်သီးညီလာခံ ကျင်းပဖို့ ရှိနေတယ်။ ဒါကြောင့် အာရှနိုင်ငံများအတွင်း ဆက်ဆံရေး တင်းမာမှုဟာ ကိုရီးယား စစ်ပွဲ ပြီးဆုံးချိန်မှစပြီး အမြင့်ဆုံး ရေမှတ်ကို ရောက်ရှိနေ တယ်လို့ ဆိုကြတယ်။

မြင့်မားလာတဲ့ ပဋိပက္ခတွေကြောင့် ဒေသတွင်း စီးပွားရေးဆက်ဆံမှုတွေဟာ လျော့ရဲရဲ ဖြစ်လာတယ်။ ဂျပန်ဟာ တရုတ်ရဲ့ အင်မတန် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံ ဖြစ်တဲ့အပြင် အဓိက ကုန်သွယ်ဖက် ပါတနာလည်း ဖြစ်တယ်။ ဒါပေမယ့် ပင်လယ်ထဲက ကျွန်းစုများ နဲ့ ပတ်သက်ပြီး သူပိုင် ငါပိုင် အငြင်းပွားခဲ့ကြရာမှ ခုတော့ စီးပွားရေးပါ အဆင်မပြေ ဖြစ်လာ တယ်။ ဒီနှစ်အတွင်း ဂျပန်ကုမ္ပဏီ များရဲ့ တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မှုဟာ ၄၅ ရာခိုင်နှုန်း ကျဆင်းသွား တယ်။

ဒီလိုအခြေအနေမှာ အမေရိကန်နိုင်ငံကလည်း တရုတ် ကို ဘေးဖယ်ပြီး ပစိဖိတ်ဒေသတစ်လွှား လွတ်လပ်တဲ့ ကုန်သွယ်ရေး ထူထောင်ဖို့ စိုင်းပြင်းလျက် ရှိ တယ်။ ဒါကို အမေရိကန်တို့က Trans-Pacific Partnership(TPP)  လို့ အမည်တပ်ထားတယ်။

တိုကျိုမြို့ အာရှဖွံ့ဖြိုး ရေးဘဏ်Asian Development Bank (ADB) ရဲ့ သုတေသန ဒါ ရိုက်တာ  Ganeshan Wignaraja ကတော့ အာရှခေါင်းဆောင်တွေဟာ 'စစ်ရေးထက် စီးပွားရေးကို ဦး စားပေးကြမှာပါ' လို့ မှတ်ချက်ချခဲ့တယ်။ အာရှနိုင်ငံများကို ပူးပေါင်း ချည်နှောင်ထားတဲ့ စီးပွားရေးကြိုး ဟာ အင်မတန် တောင့်တင်းခိုင်မာ တယ်။ ဒါကြောင့် အမျိုးသားရေး ဝါဒ ခေါင်းပြူလာတာကို ကျော် လွှားသွားနိုင်ကြောင်း ထောက်ပြ တယ်။ အာရှနိုင်ငံအချင်းချင်း ကုန် သွယ်မှုဟာ ၁၉၈၅ ခုနှစ်က ၃ဝ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှာကျတော့ ၅ဝ ရာခိုင်နှုန်းထိ တောင် မြင့်မားသွားခဲ့တယ်။

ဘဝပေးအသိအရ ပြော ရင် ကုန်သွယ်ဖက်နိုင်ငံအချင်းချင်း စစ်မတိုက်ကြဘူး။ ဒါပေမယ့် သမိုင်းအတွေ့အကြုံက ဒီလို မဟုတ်ဘူး။ ၁၉၁၄ ခုနှစ်မတိုင်မီ က ဗြိတိန်နဲ့ ဂျာမနီဟာ ကုန်သွယ် ဖက် ဖြစ်ခဲ့ပေမယ့် ပထမကမ္ဘာစစ် ဖြစ်ခဲ့တယ်။ ဒီတော့ ဒီကနေ့ခေတ် မှာ တရုတ်နဲ့ ဂျပန်ဟာ ကုန်သွယ် ဖက်နိုင်ငံများ ဖြစ်ကြပေမယ့် နောင်တစ်ချိန်မှာ ထိပ်တိုက်မတွေ့ ဘူးလို့ အပ်ကျ မပ်ကျ ပြောဖို့ခက် တယ်။

ဒီကနေ့ အာရှတစ်လွှားမှာ အုပ်စုဖွဲ့မှုတွေကို တွေ့မြင်လာရတယ်။ ဂျပန်ကလည်း အမေရိကန်နိုင်ငံနဲ့ လက်တွဲပြီး အခြား အာရှနိုင်ငံ များနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးပမ်းနေတယ်။ တရုတ်မှာလည်း သူတို့အုပ်စုနဲ့ သူတို့။ လောလောဆယ်မှာ တရုတ်နဲ့ ဂျပန်ဟာ အာရှနိုင်ငံ များကို ကုန်သွယ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စည်းရုံးသိမ်းသွင်းလျက် ရှိတယ်။ အထူးသဖြင့် တရုတ်နဲ့ဂျပန်က အိန္ဒိယကို စည်းရုံးနေ ကြတယ်။ ဝါဒသဘောထားချင်း မတူညီပေမယ့် စီးပွားရေးအရ ပေါင်းစည်းဖို့ ကြိုးပမ်းနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း အဖွဲ့ ASEAN ကတော့ တစ်ယောက်တစ်ပေါက်နဲ့ ရှေ့ဆက်သွားနေလေရဲ့။ အာရှနိုင်ငံများရဲ့ အဓိက ပြဿနာကတော့ အမျိုးသားရေး ဝါဒ နဲ့ လက်တွေ့ ပဓာနဝါဒ- Pragmatism တို့ အကြား ဘယ်သင်းကို ရွေးကြမလဲ ဆိုတာပါပဲ။

မင်းရွှေမောင်

Ref : Michael Schuman, "Between, Pragmatism and Passion".

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.