19-10-2017
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
ကမ္ဘာ့စနစ်သစ်ရဲ့ ပါရာဒိုင်း အရွေ့

အပြည်ပြည်ဆိုင်ရာ စနစ်သစ်ထဲမှာ အထွတ်အထိပ် ရောက်ပြီး ပြိုင်ဘက်ကင်းတဲ့ အနောက်အုပ်စုအနေနဲ့ တိုက်စား ပွန်းပဲ့ခံလာရ မှုဟာ ၂၁ ရာစု အစောပိုင်းကာလရဲ့ ဖုံးကွယ်လို့ မရတဲ့ မျက်မြင်ကိုယ်တွေ့ လက် တွေ့ဘဝရဲ့ အမှန်တရားကြီး ဖြစ် နေပါပြီ။

အနောက်အုပ်စုဟာ ကမ္ဘာကြီးကို ခါးစောင်းတင်ထားခဲ့ တာ ကြာပြီ။ ဒါပေမယ့် အခုတော့ ဒီလို မဟုတ်တော့ဘူး။ ဒီကနေ့ ကမ္ဘာကြီး ဟာ ဘယ်နိုင်ငံရဲ့ လက်အောက်မှာမှ မရှိဘူး။ အမေရိကန် ပြည်ထောင်စုရဲ့ လက်အောက်မှာလည်း မဟုတ်ဘူး။ ဥရောပရဲ့ လက်အောက်မှာလည်း မဟုတ်ဘူး။ မနေ့တစ်နေ့ကမှ အင်အား တောင့်တင်းလာတဲ့ တရုတ်ရဲ့ လက်အောက်မှာလည်း မရှိဘူး။ ဒါ ပေမယ့် ဒီကြားထဲမှာ အာရှဟာ သူ့ဘာသာသူ တစ်မူထူးပြီး သူ့ခြေ ထောက်ပေါ် သူ ရပ်တည်လာနိုင် ခဲ့တယ်။

သွားရှာလေပြီးသော ခေတ်အဆက်ဆက်က အင်ပါယာ များလိုပဲ အမေရိကန် ပြည်ထောင် စုဟာ ကမ္ဘာ့အကြီးမားဆုံး အာဏာ ပါဝါ ရာဇပလ္လင်ပေါ်ကနေ ဆင်း ပေးဖို့ အခက်တွေ့နေတယ်။ ကမ္ဘာ သုံးငွေကြေးအဖြစ် ကမ္ဘာ့ဇာတ်ခုံ ပေါ် ကပြအသုံးတော်ခံနေတဲ့ အမေရိကန်ဒေါ်လာကိုလည်း လက်လွှတ်အဆုံးရှုံးခံရမှာ ကြောက် ရွံ့နေတယ်။ ဒါပေမယ့် ခေတ်ဆို တာက အမြဲပြောင်းလဲနေတယ် မဟုတ်လား။

လွန်ခဲ့တဲ့ ရာစုနှစ် အလယ်လောက်အထိ တစ်သမတ် တည်း အပြောင်းအလဲမရှိ မတိုး တက် မဖွံ့ဖြိုးဘဲ အောက်ခြေမှာ ရှိနေခဲ့တဲ့ အာရှဟာ ဂလိုဘယ် လိုက်ဇေးရှင်း တိုးတက်မှုမော်ဒယ် ရဲ့ အကျိုးကျေးဇူးကြောင့် မထင်မှတ်ဘဲ ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ဒါဟာ ယနေ့ခေတ်မှာ အာရှအတွက် ဧရာမ စီးပွားရေး အောင်ပွဲခံမှုကြီး တစ်ရပ်ပါပဲ။ ဒီပါရာဒိုင်း ကို ဖော်ဆောင်တဲ့နေရာမှာ ရှေ့ ဆောင် လမ်းပြ အစွမ်းအစ ပြခဲ့ကြတဲ့ အာရှနိုင်ငံများကတော့ ကနဦးအနေနဲ့ ဂျပန်၊ ပြီးတော့မှ အာရှ ကျားနိုင်ငံများလို့ ခေါ်ခဲ့ကြတဲ့ တောင် ကိုရီးယား၊ ထိုင်ဝမ် (တရုတ် တိုင်ပေ)၊ စင်ကာပူနိုင်ငံတွေ။ အခု တော့ တရုတ်နဲ့ အိန္ဒိယ။ ဘဏ္ဍာ ရေးအကျပ်အတည်း ကာလတုန်း က ဒီအာရှနိုင်ငံတွေကပဲ ကမ္ဘာ့စီး ပွားရေး ဗုန်းဗုန်းလဲမသွားရအောင် ထောက်ကူပံ့ပိုးပေးခဲ့ကြရတယ်။

ဒီတော့ အခုနေအခါမှာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာတာကတော့ အာရှရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ လိုက်လျော ညီထွေ ဖြစ်အောင် အနောက်အနေနဲ့ ၎င်းတို့ကိုယ်တိုင်က အလိုက်သင့် ပြောင်းလဲနိုင်မလား ဆိုတာပါပဲ။ အနောက်အနေနဲ့ သူတို့ ရဲ့ အာ ဏာပါဝါကို ကျန်နိုင်ငံများဆီ ဖြန့် ဖြူးလက်ဆင့်ကမ်းရတာ လွယ်မှာတော့ မဟုတ်ဘူး။ (အထက်အရာရှိ ကြီးတစ်ဦးက သူ့ရဲ့ လုပ်ပိုင်ခွင့် အာဏာများကို သူ့လက်အောက် ငယ်သားများဆီ ခွဲဝေပေးရတာ ခက်ခဲသလိုပဲပေါ့။)

ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ တစ်စုံတစ်ရာကို ထိရောက်မှုရှိအောင် ဒါမှမဟုတ် အောင်မြင်အောင် ဆောင်ကြဉ်း ချင်တယ် ဆိုရင် ဒီမိုကရေစီ ကျင့်သုံးကြတဲ့ အနောက်အုပ်စုဝင်နိုင်ငံ များအကြားမှာပဲ လက်တွဲဖြေရှင်း လို့ မရနိုင်တော့ဘူး။ ဝါဒ သဘော တရား အမျိုးမျိုးအထွေထွေ လက်ကိုင်ထားကြတဲ့ နိုင်ငံအများအပြားပါ ပါဝင်လက်တွဲ အတူတကွ ဖြေ ရှင်းမှ ပြဿနာ ပြေလည်နိုင် တဲ့ ခေတ်ကြီး ဖြစ်လာတယ်။

အနောက်ဟာ ဒီလိုနည်းနဲ့ ပြဿနာ ဖြေရှင်းတဲ့ အတွေ့အကြုံ သိပ်မရှိကြဘူး။ သူတို့က ဝါဒတူ၊ ရည်ရွယ်ချက်တူကြသူ အချင်းချင်း ပဲ ဆွေးနွေးတိုင်ပင် အဖြေရှာတတ်ကြတယ်။ အနောက်တိုင်း ခေါင်းဆောင်တွေဟာ သူတို့ကိုယ်တိုင် ဆရာကြီး မလုပ်ရတဲ့ ကမ္ဘာ့ စနစ်သစ်ရဲ့ အမှန်တရားနဲ့ အဆင်ပြေချောမွေ့အောင် မလုပ် နိုင်ကြဘူး။ မလုပ်ချင်ကြဘူး။ ဒါ ကြောင့် အနောက်အုပ်စုဝင်တွေနဲ့ ကျန်လူသားများကြားမှာ ကွာဟမှုဟာ ကြီးမားလာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အခြားနိုင်ငံများက ဥရောပ-အတ္တလန္တတိတ် ကမ္ဘာကို ဂလိုဘယ်ယဉ်ကျေးမှုရဲ့ အရှင်သခင်များအဖြစ် မရှုမြင်ကြတော့ဘူး။ (အာရှနဲ့အာရပ်တို့ရဲ့ ယဉ် ကျေးမှုက အနောက်တိုင်း ယဉ် ကျေးမှုထက် ရှေးကျတယ်။)

အနောက်မဟာအင်အား ကြီးနိုင်ငံတွေဟာ သူတို့ရဲ့ ဂလို ဘယ်အာဏာပါဝါတွေ တိုက်စား ပွန်းပဲ့ခံလာရမှုများနဲ့ ကြုံတွေ့ကြ တဲ့အခါမှာ ၎င်းနိုင်ငံများရဲ့ ခေါင်းဆောင်တွေဟာ ငြင်းချက်ထုတ်မှု တွေထဲမှာ ပုန်းခိုဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် သူတို့ အနေနဲ့ ငြင်းချက်ထုတ်ဖို့ လွယ်မှာတော့ မဟုတ်ဘူး။ ကမ္ဘာတစ်လွှားမှာ သူ တို့ရဲ့ သြဇာအာဏာ ကျဆင်းလာ မှုကို သူတို့ကိုယ်တိုင် မျက်ဝါးထင် ထင် မြင်တွေ့နိုင်တဲ့အတွက် ကြောင့် ဖြစ်တယ်။

ပါရာဒိုင်းအရွေ့

စစ်အေး- Cold War ကာလကစပြီး ဂလိုဘယ် ကုန်ထွက် - Output ထဲမှာ အနောက်အုပ်စုရဲ့ ပါဝင်တဲ့ အစုရှယ်ယာ ဟာ သုံးပုံနှစ်ပုံ ရှိနေရာကနေပြီး ဒီကနေ့မှာ ထက်ဝက်အထိ စိုးရိမ် စရာ ကောင်းလောက်အောင် ကျ ဆင်းသွားတယ်။ အခုလည်း အလျင်အမြန် ကျဆင်းနေဆဲပဲ။ ကမ္ဘာပေါ်မှာ ထိပ်တန်းစီးပွားရေး ငါးနိုင်ငံရှိတဲ့အနက် လေးနိုင်ငံဟာ စက်မှုဖွံ့ဖြိုးပြီး အနောက်အုပ်စု ဝင် နိုင်ငံ များ ဖြစ်ကြတယ်။

ဒါပေမယ့် Goldman Sachs ဘဏ်ကြီးရဲ့ ခန့်မှန်းချက် အရဆိုရင် ၂ဝ၅ဝ ပြည့်နှစ်ရောက် ရင် ဒါတွေအားလုံး အကြီးအကျယ် ပြောင်း လဲသွားနိုင်တယ်။ အဲဒီ အချိန်မှာ စက်မှုဖွံ့ဖြိုးပြီး အနောက် ကမ္ဘာထဲက အမေရိကန်နိုင်ငံတစ်

နိုင်ငံပဲ ထိပ်တန်းစီးပွားရေး စာရင်း ဝင်အဖြစ် ကျန်ရစ်တော့မယ်။ ပြီး တော့ အပြည်ပြည်ဆိုင်ရာ အာ ဏာပါဝါဖြန့်ဝေမှုကလည်း လျင် လျင်မြန်မြန် တစ်ပြေးညီ ဖြစ်လာ တယ်။

ငွေရေး ကြေးရေးဘက် ကြည့်ပြန်ရင်လည်း ၂ဝ၅ဝ ပြည့် နှစ်ရောက်ရင် ကမ္ဘာကို စိုးမိုးခြယ် လှယ်နေတဲ့ အမေရိကန်ဒေါ်လာ ရဲ့ အခန်းကဏ္ဍဟာ အားနည်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်- World Bank က တွက်ချက်ခန့်မှန်းထားတယ်။ အဲဒီအချိန်မှာ အမေရိ ကန်ဒေါ်လာ၊ ဥရောပ ယူရို နဲ့ တရုတ် ငွေကြေးဖြစ်တဲ့ ရင်မင်ဘီ - Renmibi တို့ကို ကမ္ဘာ့ငွေ ကြေးစနစ်ရဲ့ အဝိုင်းအဝန်းအတွင်း မှာ တန်းတူ ငွေကြေးများအဖြစ် အသုံးပြုနေကြလောက်ပြီလို့ ကမ္ဘာ့ ဘဏ်က ထောက်ပြတယ်။

ပြီးတော့ ၂ဝ၃၂ ခုနှစ် ရောက်ရင် ထိပ်တန်းဖွံ့ဖြိုးဆဲ လေး နိုင်ငံဖြစ်တဲ့ ဘရာဇီး၊ တရုတ်၊ အိန္ဒိ ယနဲ့ ရုရှားနိုင်ငံများရဲ့ စုစုပေါင်း စီးပွားရေး ကုန်ထွက်ဟာ G-7 လို့ ခေါ်ကြတဲ့ ကမ္ဘာ့ဖွံ့ဖြိုးပြီး ခုနစ် နိုင်ငံရဲ့ စုပေါင်း ကုန်ထွက်နှုန်းနဲ့ အတူတူ ဖြစ်လာနိုင်တယ်လို့ Goldman Sachs က ခန့်မှန်းတယ်။ အခုလို ဂလိုဘယ် ဥစ္စာဓန ပြန်လည်ခွဲဝေ သတ်မှတ်မှုဟာ အနောက်အနေနဲ့ အကြွင်းမဲ့ ကျ ဆင်းသွားခြင်းကြောင့် မဟုတ်ဘဲ အခြားသော နိုင်ငံများရဲ့ စီးပွားရေး အလျင်အမြန် တိုးတက်လာမှု ကြောင့် ပေါ်ထွက်လာမှာပါ။

တကယ်တော့ ဂလိုဘယ်လိုက်ဇေးရှင်း- Globalization ဟာ ကျန်နိုင်ငံများရဲ့ တိုးတက်မှုအတွက် အားသွန်ခွန်စိုက် မီးထိုးပေးခဲ့ပေ မယ့် အခြားတစ်ဖက်မှာ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေအတွက် မရဏခေါင်းလောင်းထိုးသံလို ဖြစ်သွားခဲ့တယ်။ ဂလိုဘယ် လိုက်ဇေးရှင်း ရဲ့ သက်ရောက်မှုကြောင့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စက်မှုတည်ဆောက်ရေး လုပ်ငန်းများ အရှိန်လျော့သွားတယ်။ အလုပ် အကိုင်တွေ ပြင်ပနိုင်ငံတွေဆီ ရောက်သွားတယ်။ ဂလိုဘယ် ကုန်သွယ်ရေး တစ်ဖက်စောင်းနင်း ဖြစ်ကုန်တယ်။ ဘဏ္ဍာရေးဘက်ညီ မှု ယိုယွင်းသွားတယ်။ ပိုလျှံအရင်း အနှီးတွေ လမ်းချော်သွားတယ်။ နောက်ဆုံးတော့ ကြွေးမြီနဲ့ အက်ဆက်ပူဖောင်းများ ထွက်ပေါ်လာ တယ်။

ဒါတွေက ဒီမိုကရေစီ စီး ပွားရေးများကို မဟာအခက်အခဲနဲ့ ရင်ဆိုင်ရစေတယ်။ ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းပြီး နောက် ကာလတစ်လျှောက်မှာ အဲဒီနိုင်ငံတွေအနေနဲ့ စိတ်ပျက် ဖွယ်ရာများနဲ့ ဆက်လက်ကြုံတွေ့ ခဲ့ရတယ်။ ဒါပေမယ့် ဒီပြဿနာ တွေရဲ့ ဇာတ်မြစ်ကတော့ ဒီထက် မက စောတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ် ခုလောက်ကစပြီး ကမ္ဘာ့ ရှေ့ ဆောင် ရှေ့ရွက် ဒီမိုကရေစီ စီးပွား ရေးများမှာ လူလတ်တန်းစားများရဲ့ လုပ်ခဟာ မြင့်တက်မလာဘဲ ကာလကြာရှည် ရပ်တန့်နေခဲ့တယ်။ ဒါကြောင့် စီးပွားရေး မမျှတမှု မြင့် တက်လာခဲ့တယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဟာ အောင်နိုင်သူများကို ဆုလာဘ်များစွာ ပေးကမ်းချီးမြှင့်ခဲ့ ပေမယ့် ရှုံးနိမ့်သူအမြောက်အမြား ကို နောက် ကျန်ရစ်စေတယ်။

ဒီလိုဖြစ်ရပ်များရဲ့ အလားအလာကတော့ စီးပွားရေး သံသရာလည်မှုရဲ့ ယာယီအကျိုး ဆက်များ မဟုတ်သလို မူဝါဒဆိုင် ရာ အမှားအယွင်းတွေလည်း မဟုတ်ဘူး။ တစ်နည်းပြောရင် ဘဏ္ဍာရေးကဏ္ဍအတွင်း စည်းမျဉ်းစည်းကမ်း မပြည့်စုံလို့လည်း မဟုတ် ဘူး။ ဒါမှ မဟုတ် အကုန် အကျများတဲ့ စစ်ကာလအတွင်း အခွန်ဖြတ်တောက်မှုကြောင့်လည်း မဟုတ်ဘူး။

အမှန်တကယ် ဖြစ်ရပ်ကတော့ လုပ်ခများ ရပ်တန့်နေမှုနဲ့ မမျှတမှု မြင့်မားလာမှုတွေဟာ  အဓိကအားဖြင့် ဂလိုဘယ်စီးပွားရေး နယ်ပယ်ထဲကို လုပ်ခနည်း- Low Wage လုပ်သား ဘီလီယံနဲ့ချီပြီး ရောက်ရှိလာခဲ့ပြီး အချက်အလက် နည်းပညာရဲ့ တွန်းတင် အားပေးမှုကြောင့် ထုတ်လုပ်မှု တိုးတက်ခဲ့ခြင်းရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ ဒါကြောင့် ဂလိုဘယ်ထုတ်လုပ်နိုင်စွမ်းဟာ ဝယ်လိုအား-  Demand ကို ဖြတ်ကျော်တက်သွားခဲ့ပြီး စက်မှုဖွံ့ဖြိုးပြီး အနောက်နိုင်ငံ တွေရဲ့ လုပ်ခမြင့်- High-Wage စီး ပွားရေးများ အဝိုင်းအဝန်း ထဲက လုပ်သားများကို ထိခိုက်နစ်နာစေခဲ့ တယ်။

တကယ်လို့ အနောက် စီးပွားရေးများရဲ့ လင်းလက် တောက်ပမှုဟာ ဆက်လက်ပြီး အရောင်အဝါ မှေးမှိန်ကျဆင်းလာ ပြီး တစ်ချိန် တည်း တစ်ပြိုင်တည်းမှာ ဖွံ့ဖြိုးဆဲ ကမ္ဘာရဲ့ စီးပွားရေးစွမ်းပကား ဆက်လက်မြင့်တက်လာမယ်ဆိုရင် မြင်တွေ့နေရတဲ့ ဂလိုဘယ်ပါဝါ အသွင်ကူးပြောင်းမှု ရဲ့ မတည်မငြိမ် ဖြစ်နိုင်စွမ်းဟာ သိသိသာသာ ကြီးမားချဲ့ကားလာ နိုင်တယ်။

ဒါမှမဟုတ် အပြန်အလှန်သဘောအားဖြင့် ဂလိုဘယ် ပါဝါ ပါရာဒိုင်းအရွေ့ရဲ့ အသွင်ကူး ပြောင်းမှု စပ်ကူး မပ်ကူးကာလမှာ အပြည်ပြည်ဆိုင်ရာ ပြန်လည်ချိန် ညှိရေးက အဓိပ္ပာယ်ရှိရှိ ခေါင်း ဆောင်မှု ပေးနိုင်တယ်ဆိုရင် ဂလို ဘယ်စနစ်သစ်ဟာ ပိုပြီး စနစ် တကျ ဖြစ်လာနိုင်တယ်။ ဒါ ကြောင့် အနောက်အုပ်စုအနေနဲ့ ယိုယွင်းလာတဲ့ စီးပွားရေးများကို ပြန်လည်တည့်မတ် လာအောင် ပြု ပြင် ဖာထေးပြီး ဒီမိုကရက်တစ်အင် စတိကျုရှင်းများကို တည်မြဲခိုင်ခန့် အောင် ပြန်လည်အသက်သွင်း သင့်တယ်။

ဒီမိုကရေစီ အရင်းရှင်စနစ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းတို့အကြား အခြေခံအားဖြင့် အားပြိုင် လာမှုအပေါ် ဖြေလျှော့ပေးနိုင်ရေး အတွက် ၂၁ ရာစုခေတ်နဲ့ သဟဇာတဖြစ်မယ့် အဖြေတစ်ရပ်ကို ရှာဖွေသင့်တယ်။ အကန့်အသတ်ရှိတဲ့ ကမ္ဘာဂြိုဟ်ပေါ်မှာ စီးပွားရေး တိုးတက်မှုဟာ အမြဲတမ်း ဆက် လက်ဖြစ်ပေါ်နေမှာ မဟုတ်ဘူး။ ဒါကို သတိပြုသင့်တယ်။

၂ဝ၂ဝ ပြည့်နှစ်ရောက်ရင် စက်မှုဖွံ့ဖြိုးပြီး စီးပွားရေးများရဲ့ လူဦးရေတစ်ခုလုံးရဲ့ သုံးပုံတစ်ပုံဟာ အသက် ၅၅ နှစ်ကျော်လွန် လာကြတော့မယ်။ တဖြည်းဖြည်း အိုမင်းလာကြတော့မယ်။ သူတို့ တစ်တွေဟာ အလုပ်အကိုင် သိပ် မလုပ်နိုင်ကြတော့ဘဲ အလုပ်မှ အငြိမ်းစား ယူကြရတော့မယ်။ စုငွေ ဆောင်းငွေတွေနဲ့ နေထိုင်စား သောက်ကြရတော့မယ်။ ဒါမှမ ဟုတ် အစိုးရများရဲ့ ပေးစာ ကမ်း စာအပေါ် အားထားမှီခိုနေကြရ တော့မယ်။

ဒီတော့ အနောက်ကမ္ဘာရဲ့ အရင်းရှင်ဝါဒနဲ့ တိုးတက်မှု ပါရာဒိုင်းဟာ အရင်အခါကနဲ့တူမှာ မဟုတ်တော့ဘူး။ စီးပွားရေး တိုးတက်မှု ဟာ နှေးကွေးကျဆင်းလာ တော့မယ်။ ဒါဟာ သူတို့အတွက် ပုံမှန်အခြေအနေသစ်-  New Normal  ဖြစ်လာတော့မယ်။

ဒီတော့ အနောက်ကမ္ဘာ ရဲ့ ဒီရေအကျမှာ ဖွံ့ဖြိုးဆဲကမ္ဘာရဲ့ တိုးတက်မှု လှိုင်းသစ်ဟာ ဖြစ်ပေါ် လာနေတဲ့ ကမ္ဘာ့စနစ်သစ်ရဲ့ ပါရာ ဒိုင်းအရွေ့ပဲ မဟုတ်ပါလား။

မင်းရွှေမောင်

Ref : Darshan S. Desai : "The New World Order". Business India Magazine, Feb/ Mar 2014. (Desai မှာ လန်ဒန်မြို့   Euromax Group  ပူးတွဲ တည်ထောင်သူဖြစ် ပြီး မန်နေဂျင်း ပါတနာတစ်ဦး လည်း ဖြစ်ပါသည်)။

မင်းရွှေမောင်
 
Untitled Document
Zinbo said...
Tuesday 30 September 2014, 7:37 pm
ဗဟုသုတအများကြီးရပါတယ်။
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.