19-10-2017
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
ထင်သလောက် မဆိုးဘူးဆိုတဲ့ အမေရိကန် စီးပွားရေး

အမေရိကန်နိုင်ငံမှာ ၂ဝဝ၇-၂ဝဝ၈ နှစ်များအတွင်း ဘဏ္ဍာရေးပြဿနာ တက်ခဲ့ပြီးနောက် အမေရိကန်စီးပွားရေး အကြီးအကျယ် ကျဆင်းသွားခဲ့ တယ်။ ဒါကြောင့် သူတို့က မဟာ စီးပွားရေး ကျဆင်းမှုကြီး - The  Great Recession လို့ ခေါ်ဆိုခဲ့ ကြပါတယ်။

အမေရိကန်စီးပွားရေး ဘယ်လောက်အထိ ထိုးကျသွားသလဲဆိုရင် အခု ခုနစ်နှစ်နီးပါး ကြာမြင့်လာခဲ့ပြီ ဖြစ်ပေမယ့် ပြဿနာ မတက်မီ ကရှိခဲ့တဲ့ စီးပွားရေးအခြေ အနေကို လုံးလုံးလျားလျား ပြန်မ ရောက်သေးဘူး။ ကိန်းဂဏန်းများအရ အချို့ကဏ္ဍတွေမှာ ယခင် အခြေအနေကို ပြည့်မီကျော်လွန် ခဲ့ပြီ ဆိုသော်လည်း ကဏ္ဍအတော် များများမှာတော့ ယခင်ကအတိုင်း ဖြစ်မလာသေးပါဘူး။

အမေရိကန် အိမ်ထောင်စု ဒါမှမဟုတ် မိသားစုများရဲ့ ဘဏ္ဍာရေးအခြေအနေ အင်မတန် အားပျော့လွန်းတဲ့အတွက် သုံးစွဲမှု တွေ သိပ်မလုပ်နိုင်ကြသေးဘူး။ လူ ငယ် လူရွယ်တွေဟာ ကိုယ်ပိုင်အိမ် နဲ့ မနေနိုင်လို့ မိဘအိမ်တွေမှာ ကပ်ရပ်နေကြရတယ်။ အလုပ် လက်မဲ့တွေကလည်းများနေဆဲ ဖြစ်တယ်။ အလုပ်အကိုင်မရှိ ဖြစ် နေကြတာကလည်းကြာပြီ။ ကျိုးပဲ့သွားခဲ့တဲ့ ဘဏ်တွေကလည်း ငွေ ထုတ်မချေးရဲကြဘူး။

ဒီလိုဆိုပေမယ့် တုံ့ဆိုင်းတုံ့ဆိုင်း တိုးတက်လာခဲ့တဲ့ အမေရိကန် စီးပွားရေးဟာ အခုတော့ အရင်နှစ်များကထက် ပိုပြီး အခြေ အနေ ကောင်းလာတယ်။ အခြား သော ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံကြီးများ နဲ့ နှိုင်းစာရင် ပိုပြီး လင်းလက်လာ တယ်။ ၂ဝ၁၄ ခု၊ နှောင်းပိုင်းလတွေမှာ အမေရိကန်စီးပွားရေး တိုး တက်မှုနှုန်းဟာ ၃.၃ ရာခိုင်နှုန်းရှိ လာနိုင်တယ်လို့  Goldman Sachs နဲ့ အခြားသော ပုဂ္ဂလိက ကဏ္ဍ ဟောကိန်းထုတ်သူတွေက ခန့်မှန်း ထားကြတယ်။

ခုတလော အမေရိကန် နိုင်ငံမှာ ကုန်ထုတ်လုပ်မှုနဲ့ ဆက် နွယ်တဲ့ ကုန်ကျစရိတ်တွေ ကျဆင်း သွားတယ်။ ဘဏ်တွေက အရင်း အနှီးတွေကို ပြန်လည်ဖြည့်တင်းခဲ့ကြတယ်။ အိမ်ရာမြေဈေးကွက်ကလည်း ပြန်လည် ထူထူထောင်ထောင် ဖြစ်လာတယ်။ တကယ်တော့ စီးပွားရေးဆိုင်ရာ အလား အလာသာ ကောင်းလာတာ မဟုတ်ဘဲ အခြားသော လူမှုရေး ဆိုင်ရာ ကိန်းဂဏန်းတွေ ကလည်း အကောင်းဘက် ရွေ့လျားလာတယ်။ ပမာအားဖြင့် ပြစ်မှုကျူးလွန်သူတွေ လျော့နည်းသွားတယ်။ ကျန်းမာရေး စောင့်ရှောက် မှု စရိတ်စက မြင့်မားဖောင်းပွနေမှုဟာ ရာစုနှစ်ထက်ဝက်ကာလအတွင်း အနိမ့်ဆုံးကျဆင်းသွားတယ်။ ကာဘွန်ထုတ်လုပ်မှု လည်း လျော့ ပါး သွားတယ်။ ပြည်သူ့ပညာရေး အခြေအနေ ပြန်လည်မြင့်တက် လာတယ်။

အမေရိကန် ပြည်သူတွေ ဟာ ဒီကနေ့အထိ မကျေမနပ် ဖြစ်နေကြဆဲဖြစ်ပေမယ့် လှိုင်းကြီး လေထန် ဘဏ္ဍာရေးမုန်တိုင်းဒဏ် ကတော့ လွတ်ကျွတ်လာကြပြီလို့ ဆိုနိုင်တယ်။ ပြီးတော့ အမေရိကန် စီးပွားရေးဟာ ဒီနှစ်ကစပြီး ၂ဝ၁၅ နဲ့ ၂ဝ၁၆ နှစ်များ ကို ဖြတ်သန်း ကျော်လွှားကာ နောင်နှစ်ပေါင်းများစွာ ဆက်လက်တိုးတက်သွားနိုင်တဲ့ အခြေအနေ အလားအလာ ကောင်းတွေ လည်း ရှိနေတယ်။

တစ်ခေတ်ဆန်း စွမ်းအင်ကဏ္ဍ

အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းရေနံ ထုတ်လုပ်မှုဟာ ၁၉၇၁ ခုနှစ်ကစပြီး ကျဆင်းသွားတယ်။ အဲဒီနောက်ပိုင်း အမေရိကန်နိုင်ငံ ဟာ ပြည်တွင်းသုံးဖို့ လိုအပ်တဲ့ ရေနံကို နှစ်စဉ်နှစ်တိုင်း နိုင်ငံခြားမှ ဝယ်ယူတင်သွင်းခဲ့ရတယ်။ အထူးသဖြင့် ရေနံကို အရှေ့ အလယ်ပိုင်းဒေသနဲ့ လက်တင်အမေရိကနိုင်ငံများမှ တင်သွင်းခဲ့ရတယ်။ အမေရိကန်နိုင်ငံဟာ အဲသလို နိုင်ငံခြားမှ ရေနံ ဝယ်ယူ တင်သွင်းရတဲ့အတွက် အကုန်အကျသိပ်များတဲ့အပြင် ရေနံ စဉ်ဆက်မပြတ် ရရှိရေးအတွက် အဲဒီဒေသနဲ့ နိုင်ငံများရဲ့ လုံခြုံရေး အတွက်ကိုပါ ငွေအမြောက်အမြား အကုန်အကျခံပြီး စောင့်ကြပ်ပေးခဲ့ရသေးတယ်။ ပြီးတော့ ရေနံသယ်ပို့လမ်းကြောင်း တစ်လျှောက် လုံခြုံရေးကို ပါ တာဝန်ယူခဲ့ရတယ်။

ခုတော့ အမေရိကန်နိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပြန်လည်တူးဖော် ရရှိလာပြီ။ ဆန်း သစ်တီထွင် တက်ကနိုလိုဂျီ နည်း ပညာ တစ်ရပ်ရဲ့ အကျိုးကျေးဇူးကြောင့် အမေရိကန်တွေဟာ အင်မတန် နက်ရှိုင်းတဲ့ မြေအောက်ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ထုတ် ယူ နိုင်ခဲ့ကြပြီ ဖြစ်တယ်။ လောလော ဆယ် သုံးစွဲမှုနှုန်းအရ သုံးစွဲမယ်ဆို ရင် အဲဒီရေနံနဲ့ သဘာဝဓာတ်ငွေ့ ကို နောင်နှစ်ပေါင်း ၁ဝဝ တိုင်အောင် သုံးစွဲနိုင်တယ်လို့ ဆိုကြတယ်။ လာမယ့် ၂ဝ၁၈ ခုနှစ် ရောက်ရင် အမေရိကန်နိုင်ငံဟာ အသား တင် ရေနံ တင်ပို့တဲ့နိုင်ငံ ဖြစ်လာနိုင်တယ်။

ပြည်တွင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပြန်လည်ထွက် ရှိလာတဲ့အတွက်  အမေရိကန်နိုင် ငံအဖို့ ငွေကုန်ကြေးကျ အင်မ တန် သက်သာသွားတယ်။ ပြည်သူတွေအနေနဲ့လည်း သဘာဝဓာတ် ငွေ့ကို ဈေးပေါပေါနဲ့ ဝယ်ယူ အသုံးပြုနိုင်ကြမှာ ဖြစ်တယ်။ အစိုး ရကလည်း ရေနံလုံခြုံရေးအတွက် သိပ်ပြီး စိတ်ပူပန်နေစရာ မလို တော့ဘူး။ အရှေ့အလယ်ပိုင်းဒေသ ရဲ့ ပြဿနာတိုင်းမှာ အမေရိကန် အစိုးရက ဝင်ရောက် စွက်ဖက် စရာလည်း လိုမှာမဟုတ်တော့ဘူး။

အမေရိကန်နိုင်ငံက အင် တာနက်ကို တီထွင်ဖန်ဆင်းနိုင်ခဲ့မှု နဲ့အတူ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပြန်လည်ထွက်ရှိလာအောင် တက် ကနိုလိုဂျီသစ်တစ်ရပ် ဆန်းသစ်ပုံ ဖော်နိုင်စွမ်း ရှိမှုကလည်း တကယ် တော့ အမေရိကန်နိုင်ငံအတွက် နှစ်ပေါင်း ၅ဝ ကာလအတွင်း အင် မတန်ကြီးမားတဲ့ စီးပွားရေး ထိုး ဖောက်ကျော်လွှားမှုကြီး တစ်ခုပါပဲ။

ကုန်ထုတ်လုပ်မှုကဏ္ဍ

အမေရိကန်နိုင်ငံဟာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို လျှော့ချပြီး ဝန်ဆောင်မှုဘက် ရွှေ့ ပြောင်းခဲ့တာ နှစ်အတော် ကြာခဲ့ပါ ပြီ။ ၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝ ပြည့် နှစ်အထိ ကာလအတွင်း ကုန် ထုတ်လုပ်မှုလုပ်ငန်းများမှာ အလုပ် အကိုင် ခြောက်သန်းနီးပါး ပျောက် ကွယ်သွားခဲ့တယ်။ အကြောင်းတစ် ရပ်ကတော့ ကုန်ထုတ်လုပ်ငန်း အတော်များများဟာ အမေရိကန် နိုင်ငံကနေပြီး လုပ်ခ သက်သာတဲ့ အာရှနိုင်ငံတွေဆီ ရွှေ့ပြောင်းသွား ခဲ့ကြတဲ့အတွက် ဖြစ်တယ်။

ဒါပေမယ့် အခုတော့ အမေရိကန်နိုင်ငံမှာ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုကုန်ထုတ်လုပ် မှု နည်းစနစ်တွေ တိုးတက်လာတာ ရယ်၊ ပြီးတော့ အာရှနိုင်ငံများမှာ လုပ်ခဈေးနှုန်း မြင့်တက်လာတာရယ် စတာတွေကြောင့် အချို့ကုန် ထုတ်လုပ်ငန်းတွေဟာ အမေရိကန် နိုင်ငံဆီ ပြန်ရောက်လာကြတယ်။

တရုတ်ပြည်ရဲ့ ဂျီဒီပီမြင့် တက်လာတာနဲ့အမျှ တရုတ်လုပ် သားတွေရဲ့ လုပ်ခနှုန်းကလည်း မြင့်မားလာတယ်။ ကုန်ကျစရိတ် ခြားနား မှု ဟာ အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တာနဲ့ သိပ်ပြီး ကွာခြား မှု မရှိတော့ဘူး။ စက်မှုလုပ်ငန်း အတော်များများမှာ ကုန်ထုတ်လုပ် မှုအတွက် စရိတ်ကွာခြားမှုဟာ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွား တယ်။ အမေရိကန် ပြင်ပမှာ ထုတ် လုပ်နေမှု ၃ဝ ရာခိုင်နှုန်းဟာ အမေ ရိကန်နိုင်ငံကို ပြန်ရောက်လာနိုင် တယ်လို့ Boston Consulting Group က ခန့်မှန်းတယ်။

အမေရိကန်နိုင်ငံရဲ့ ကုန် ထုတ်လုပ်မှုကဏ္ဍမှာ လုပ်ကိုင်နေ ကြသူ ဦးရေဟာ ၂ဝ၁ဝ ပြည့်နှစ် မှာ အနိမ့်ဆုံးအဆင့်သို့ ကျဆင်း သွားခဲ့ပြီးနောက် အခုတော့ အလုပ် အကိုင်ပေါင်း ၆၆၈ဝဝဝ ထပ် ဆောင်းတိုးတက်လာခဲ့ပါပြီ။ ဒီလို ဆိုပေမယ့် ရေရှည်ကာလမှာ အလုပ်အကိုင်သစ်တွေ သိပ်ပြီးတိုး ပွားလာမယ်လို့ မယူဆနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ထုတ်လုပ် သူတွေဟာ လုပ်သားအစား အလို အလျောက် လုပ်ကိုင်တဲ့ စက်ကိရိ ယာများကို တိုးတက်အသုံးပြုလာ နိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်။

အိမ်ရာဈေးကွက်

အမေရိကန်နိုင်ငံမှာ အိုး အိမ်ဆောက်လုပ်မှုဟာ နှစ်စဉ် ၁.၅ သန်းနှုန်းနဲ့ ဆယ်စုနှစ်တစ်ခု လောက် တိုးတက်ခဲ့တယ်။ ဒါက ဘဏ္ဍာရေးပြဿနာ မတက်မီက အိုးအိမ်ဆောက်လုပ်မှု စံချိန် ဖြစ် ပါတယ်။ ဒါပေမယ့် ပြဿနာတက် ပြီးတဲ့နောက် စီးပွားရေး ကျဆင်း  သွားစဉ်မှာ အိုးအိမ်တည်ဆောက်မှု လုပ်ငန်း ပြိုလဲသွားခဲ့တယ်။ ဆောက်လုပ်မှုက တစ်နှစ် ၅ဝဝ, ဝဝဝ အောက် ကျဆင်းသွားတယ်။ အိမ်ဝယ်မယ့်သူတွေ သိပ်မရှိတဲ့ အတွက် အိမ်ဈေးနှုန်းတွေကလည်း အောက်ခြေ အနိမ့်ဆုံးအဆင့် ရောက်သွားခဲ့တယ်။

ဒါပေမယ့် မကြာသေးမီ နှစ်များက အိမ်ဈေးနှုန်းတွေ မြင့် တက်လာခဲ့တယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ ဧရာမမြို့ကြီး ၂ဝ မှာ အိမ်ဈေးနှုန်းတွေ ပြန်လည် မြင့်မားလာတယ်။ ၂ဝဝ၂ အစော ပိုင်းကာလအထိ အိမ်ဈေးနှုန်းတွေ အနိမ့်ဆုံး ကျဆင်းခဲ့ပြီးနောက် ခု တော့  Case Shiller Home Price ညွှန်းကိန်းအရ အိမ်ဈေးနှုန်း ၂၅ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ပြီ လို့ ထောက်ပြကြတယ်။ ဒီနှစ်မှာ အိမ်ရာဆောက်လုပ်မှု တစ်သန်း ကျော်အထိ ရှိလာခဲ့ပြီး လာမယ့်နှစ် မှာ ၁.၂ သန်းအထိ တိုးတက်လာ မယ်လို့ ခန့်မှန်း ထားကြတယ်။

အိမ်ရာဆောက်လုပ်မှု တိုးတက်လာရင် ဒါနဲ့ နှီးနွယ်ဆက် စပ်တဲ့ အိမ်တွင်းသုံး ပစ္စည်းကိရိ ယာ ထုတ်လုပ်မှု၊ ထရပ်ကား ထုတ် လုပ်မှုနဲ့ အခြားသော ဝန်ဆောင် မှုလုပ်ငန်းတွေပါ တိုးတက်ရှင်သန် လာနိုင်တယ်။ ၂ဝ၁၂ ခုနှစ်ကစပြီး ပုဂ္ဂလိက လူနေအဆောက် အအုံ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဟာ ၂၇ ရာ ခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဆိုကြ တယ်။

စီးပွားရေးအကျပ်အတည်းက အမေရိကန် လူငယ် လူရွယ် များကို မိဘများနဲ့အတူ နေထိုင် ရေးဆီ တွန်းပို့ခဲ့တယ်။ ဒါကြောင့် အိမ်ထောင်စု ဖွဲ့စည်း ဖြစ်ပေါ်မှု - Household Formation နှုန်း ဟာ သာမန်အဆင့်အောက် ရောက်သွားခဲ့တယ်။ ခုတော့ လူ ငယ် လူရွယ်တွေဟာ မိဘများရဲ့ အရိပ်အာဝါသအောက်မှ ထွက်ခွာ ကာ ကိုယ်ပိုင်အိုးအိမ် ထူထောင် လာခဲ့ကြပြီလို့ ထောက်ပြကြတယ်။

တိုးတက်လာတဲ့ စားသုံးမှု

ပုံမှန်အခြေအနေမှာ အမေရိကန် စားသုံးသူများရဲ့ သုံးစွဲ မှုဟာ ဂျီဒီပီရဲ့ ၇ဝ ရာခိုင်နှုန်း ရှိ တယ်။ ဒါပေမယ့်  ဘဏ္ဍာရေး ပြဿနာတက်ပြီး စီးပွားရေး ကျ ဆင်းသွားခဲ့တဲ့ ၂ဝဝ၈ နဲ့ ၂ဝဝ၉ နှစ်များအတွင်း စားသုံးသူများရဲ့ သုံးစွဲမှုဟာ အကြီးအကျယ် ဆုတ် ဆိုင်းသွားခဲ့တယ်။ အမေရိကန် အိမ်ထောင်စုများအနက် ၁၃ ရာ ခိုင်နှုန်းဟာ သိသိသာသာ ဘဏ္ဍာရေး အကျပ်ရိုက်မှုနဲ့ ကြုံတွေ့ခဲ့ရကြောင်း အမေရိ ကန် ဗဟိုဘဏ် ဘုတ်အဖွဲ့က ထောက်ပြခဲ့တယ်။

ခုတော့ အမေရိကန် စားသုံးသူများရဲ့ ဘဏ္ဍာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့ပါပြီ။ ဒီလို ကောင်းမွန်လာဖို့အတွက် စတော့ဈေးနှုန်းနဲ့ အိမ်ရာတန်ဖိုး မြင့်တက်လာမှုတို့က မောင်းနှင် အားပေးခဲ့တယ်။ အမေရိကန် အိမ် ထောင်စုများရဲ့ြေ<ွကးမြီနဲ့ ဝင်ငွေ အချိုးဟာ နှစ် ၃ဝ အတွင်း အနိမ့် ဆုံးသို့ ကျဆင်းသွားခဲ့ကြောင်း အချို့က ထောက်ပြတယ်။

လွန်ခဲ့တဲ့ ငါးလအတွင်း အမေရိကန်နိုင်ငံမှာ တစ်လလျှင် ပျမ်းမျှ အလုပ်အကိုင်သစ် ၂၄၈, ဝဝဝ ဖော်ထုတ်ဖန်ဆင်းနိုင်ခဲ့ တယ်။ ဒါကြောင့် အလုပ်လက်မဲ့ နှုန်းဟာ တစ်စတစ်စ ကျဆင်းသွား ပြီး ၂ဝ၁၆ ခုနှစ်ရောက်ရင် ငါးရာ ခိုင်နှုန်းအထိ ထိုးကျနိုင်တယ်လို့ ခန့်မှန်းကြတယ်။ စားသုံးသူများ လည်း ယုံကြည်မှု ရှိလာပြီး စားသုံး မှု မြင့်တက်လာတာကြောင့် ၂ဝ၁၄ ခုနှစ်မှာ ဝယ်လိုအား သုံးရာခိုင်နှုန်း လောက် ကြီးထွားလာနိုင်တယ်လို့ ဆိုကြတယ်။

စိန်ခေါ်မှု

ဒီလိုဆိုပေမယ့် အမေရိ ကန်နိုင်ငံရဲ့ အကြီးမားဆုံး စိန်ခေါ် မှုက ဝင်ငွေနည်းပါးကြတဲ့ အမေရိ ကန် ပြည်သူများရဲ့ ဆင်းရဲတွင်း နက်နေမှု ဖြစ်တယ်။ အိုးပိုင် အိမ် ပိုင် စတော့ရှယ်ယာ ပိုင်ဆိုင်ကြသူ များရဲ့ ဘဝဟာ ကောင်းမွန်လာခဲ့ ပေမယ့် လုပ်နိုင် ကိုင်နိုင်အရွယ် ရှိကြတဲ့ မိသားစု ၄ဝ ရာခိုင်နှုန်းရဲ့ တစ်နှစ်ဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၄ဝဝဝဝ အောက်မှာပဲ ရှိ ကြတယ်။ ပြီးတော့ အလယ်အ လတ် အိမ်ထောင်စု ဝင်ငွေဟာ ပြဿနာမတက်မီ အဆင့်အောက် ရှစ်ရာခိုင်နှုန်းလောက် ရှိနေဆဲ ဖြစ် တယ်။

အမေရိကန် လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ဝယ်ယူသုံးစွဲနိုင် အား မဆိုစလောက်ပဲ ရှိကြတယ်။ တစ်လ တစ်လ ရသမျှ ဝင်ငွေလေး နဲ့ အလျဉ်မီအောင် စားသောက် နေကြရဆဲ ဖြစ်တယ်။ ဒီတော့ သူ တို့တစ်တွေရဲ့ ဘဝကို မြှင့်တင်နိုင် ရေးဟာ အမေရိကန်နိုင်ငံ အတွက် ဧရာမ စိန်ခေါ်မှုကြီးပါ။

Ref : Roger Altman : "Surprise : The Economy isn't as bad as you think"; TIME, July 28, 2014.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.