6 - 4 - 2017
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
၂၁ ရာစု ပလ္လင်ပေါ်က အရင်း

အရင်းဆိုတာ ဘာကို ခေါ်တာလဲ

သာမန်အားဖြင့်တော့ အရင်းဆိုတာ ငွေကို ခေါ်တယ်လို့ သိထားကြပါတယ်။ ဒါမှားသလားလို့ မေးကြရင်လည်း မမှားပါဘူး လို့ ပြန်ဖြေရမှာပါ။

ဒါပေမယ့် အရင်းနဲ့ပတ်သက်ပြီး အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ သတ်မှတ်ချက်တွေ၊ စည်းခြားထားတာတွေ အမျိုးမျိုးရှိ တယ်။ ဘောဂဗေဒ သီအိုရီတွေကို မသင်ကြားဖူးသူတွေက အရင်းကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ကြ တယ်။ စောစောက ပြောခဲ့သလို သူတို့က အရင်း ဟာ ငွေပဲလို့ နားလည်ကြတယ်။

ဘောဂဗေဒ သီအိုရီတွေကို သင်ကြားဖူးကြသူတွေအတွက် တော့ အရင်း- Capital ဟာ ရှင်းလေ ရှုပ်လေပါပဲ။ အရင်းရဲ့နောက် ကို ခရေစေ့တွင်းကျ လိုက်လေ၊ ပိုရှုပ်ထွေးလာပြီး အငြင်းပွားစရာတွေ ဖြစ်လာလေပဲ။ ဘောဂဗေဒပညာ ရှင်များအတွက်တော့ အရင်းဟာ ထုတ်လုပ်မှုအင်အားစု-  Factor of Production တစ်ခုဖြစ်တယ်။ မြေယာ - Land ၊ လုပ်အား- Loabour နဲ့ အရင်း-  Capital ဆိုတဲ့ စွမ်းအားစုသုံးခုအနက်က တစ်ခု။ ဒါက ၁၉ ရာစု ဘောဂဗေဒပညာ ရှင်များရဲ့ သတ်မှတ်ချက်ပါ။ နောက်ပိုင်းခေတ် မှာတော့ စီးပွား ရေး စွမ်းဆောင်နိုင်စွမ်းရှိမှု-Entrepreneurship ကိုလည်း စွမ်းအားစု တစ်ခုအဖြစ် ထည့်သွင်းလာကြ တယ်။ ဒီတော့ Factors of Production လေးခု ဖြစ်သွားတယ်။

ဘောဂဗေဒပညာရှင် အချို့ကတော့ Wealth ဟာလည်း အရင်းပဲလို့ သတ်မှတ်ကြတယ်။ ဥစ္စာဓနကို ကုန်ထုတ်လုပ်ရာမှာ အသုံးပြု ပြီး နောက်ထပ် ဥစ္စာဓန တိုးပွားအောင် လုပ်နိုင်တဲ့ အတွက် အရင်းပဲလို့ သတ်မှတ်ကြတယ်။ ဒါပေမယ့် အရင်းနဲ့ဥစ္စာဓနက တစ်ထပ် တည်း မကျ ဘူး။ ချွတ်စွပ်မတူဘူး။ အရင်းအား လုံးဟာ ဥစ္စာဓန ဖြစ်နိုင်ပေမယ့် အလုံးစုံသော ဥစ္စာဓနဟာ အရင်း မဟုတ်ဘူး။

အရင်းနဲ့ပတ်သက်ပြီး နောက်ရှုထောင့်တစ်ခုရှိတယ်။ အရင်းဟာ ဝင်ငွေကို ဖြစ်ပေါ်စေနိုင်တယ်။ တကယ်တော့ မြေယာ၊ ပစ္စည်း ပိုင်ဆိုင်မှု စတာတွေကလည်း ဝင်ငွေရနိုင်တယ်။ ဒါပေမယ့် ဘောဂဗေဒ အသိုက်အဝန်း ထဲမှာတော့ သတ်မှတ်ချိန်တစ်ခုမှာ ရှိနေတဲ့ ကုန်ပစ္စည်းအချို့ရဲ့ စတော့ကို အရင်းလို့ခေါ်ပြီး ကာလတစ်ခုအတွင်း ကုန်ပစ္စည်းစတော့ တစ်ခုအပေါ် ထပ်ပေါင်းထည့်တာ ကို ဝင်ငွေလို့ သတ်မှတ်တယ်။ နောက်တစ်နည်းပြောရင် အခြားသော ကုန်စည်များ ထုတ်လုပ်ရာမှာ ထောက်ကူဖို့ အသုံးပြုတဲ့ ကုန် ထုတ်သူများရဲ့ ကုန်ပစ္စည်းစတော့ ကိုလည်း အရင်းလို့ သတ်မှတ် တယ်။

နောက်ထပ်ရှုထောင့်တစ်ခု ရှိသေးတယ်။ ဒါကတော့ ငွေဟာ အရင်းဖြစ်ပါသတဲ့။ ငွေကို ရင်းနှီးကုန်- Capital Goods နဲ့ လဲလှယ်နိုင် တယ်။ ဒါမှမဟုတ် ဘာကုန်တွေနဲ့မဆို လဲလှယ်နိုင်တယ်။ လူတစ်ယောက်ဟာ သူ့ ကိုယ်ပိုင်ငွေကို ဥစ္စာဓနလို့ သတ်မှတ်နိုင် တယ်။ ဒါကြောင့် စာရင်း ကိုင်- Accountant တွေနဲ့ စီးပွား ရေးလုပ်ငန်းရှင်တွေဟာ ငွေကို အရင်းအဖြစ် ရှုမြင်ကြတယ်။

အထူးသဖြင့် စာရင်းကိုင် ဆိုတဲ့ ပုဂ္ဂိုလ်ဟာ စီးပွားရေးလုပ်ငန်း တစ်ခုရဲ့ ပိုင်ဆိုင်ပစ္စည်း အက်ဆက်များ- Assets ကို ငွေနဲ့တန်ဖိုး  သင့်ပြီး စာရင်းမှာ ဖော်ပြတယ်။ ပေးရန်တာဝန်- Liabilities ထက် ပိုင်ဆိုင်အက်ဆက် တန်ဖိုးက ပို တာကို အရင်းလို့ သတ်မှတ် တယ်။ ဒါမှမဟုတ် လုပ်ငန်းပိုင်ရှင် ရဲ့  Net Worth ဖြစ်တယ်။ ဒီလိုဆို ပေမယ့် လုပ်ငန်းလုပ်သူက ပိုင်ဆိုင်တဲ့ အရင်းနဲ့ လုပ်ငန်း ထဲမှာ အသုံး ပြုနေတဲ့ အရင်းက ကွာခြားပြန် တယ်။ မတူဘူး။

သာမန်အခြေအနေမှာ အရင်းဟာရိုးရှင်းပါတယ်။ မရှုပ်ထွေးဘူး။ ဒါပေမယ့် အရင်းဟာ စုပုံလာတဲ့အခါ  Capital Accumulation ဖြစ် လာတဲ့အခါ ပြဿနာ တက်လာတယ်။ အရင်းစုပုံမှုဟာ လူတစ်စုလက်ထဲ ဒါမှမဟုတ် လူတစ်ဦးရဲ့ လက်ထဲရောက်သွားတဲ့ အခါ ပြဿနာဟာ ပိုပြီးဆိုးရွား သွားတယ်။ ကျန်လူအများက ဘာ ကြောင့် ဒီလိုဖြစ်လာရသလဲလို့ မေးခွန်းထုတ်လာတယ်။ လူနည်းစု လက်ထဲ အရင်းစုပုံလာမှုကြောင့် လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ ပြဿနာ အကြီးအကျယ် တက် လာနိုင်တယ်။

၁၉ ရာစုခေတ်က အရင်းကျမ်း

၁၉ ရာစုနှောင်းပိုင်းမှာ  အရင်းနဲ့ပတ်သက်ပြီး နှိုက်နှိုက်ချွတ်ချွတ် ရေးသားတင်ပြခဲ့တဲ့ ကျမ်းတစ်စောင် ထွက်ပေါ်ခဲ့ တယ်။ ဂျာမန်ဘောဂဗေဒပညာ ရှင်- Karl Marx ရေးတဲ့ Das Kapital လို့ခေါ်တဲ့ အရင်းကျမ်း ဖြစ်ပါတယ်။ ၁၈၆၇ ခုနှစ်၊ စက် တင်ဘာလ ၁၄ ရက်နေ့မှာ အရင်းကျမ်း ပထမတွဲဟာ ဂျာမနီ နိုင်ငံ ဟမ်းဘတ်- Hamburg မြို့ မှာ ကနဦး ထွက်ပေါ်ခဲ့တယ်။ ဂျာ မန်ဘာသာ နဲ့ ရေးသားထားတာ ဖြစ်လို့သိပ်ပြီး အရောင်းမသွက်ခဲ့ဘူး။ အရင်းကျမ်းရဲ့ ဒုတိယနဲ့ တတိယတွဲတွေကတော့ မာ့က္ခစ် ကွယ်လွန် ပြီးနောက် ပိုင်းမှ ထုတ်ဝေ ဖြစ်ခဲ့တယ်။

ရုရှားဘာသာပြန်ဆိုထားတဲ့ အရင်းကျမ်းဟာ ၁၈၇၂ ခုနှစ် က ရုရှားနိုင်ငံ စိန့်ပီတာဘတ်မြို့မှာ ပထမဆုံး ထွက်ပေါ်လာတယ်။ ဇာ ဘုရင် လက်ထက် ဖြစ်ပေမယ့် ဆင်ဆာဘုတ်အဖွဲ့က လူတွေ သိပ်ဖတ်မယ် မထင်လို့ ထုတ်ဝေခွင့်ပြုလိုက်ခြင်း ဖြစ်တယ်။ ဒါပေမယ့် ပထမအကြိမ် ထုတ်ဝေဖြန့်ချိခဲ့တဲ့အုပ်ရေ ၃ဝဝဝ စလုံး ချက်ချင်း ကုန်သွားတာ တွေ့ရတော့ နောက် ပိုင်းမှာ ထုတ်ဝေခွင့် မပြုတော့ ဘူး။ ဂျာမနီနိုင်ငံမှာဆိုရင် အရင်းကျမ်း အုပ်ရေ ၁ဝဝဝ ရောင်းရဖို့ ငါးနှစ် တောင် ကြာခဲ့ပါသတဲ့။ ဂျာမနီမှာ အရင်းကျမ်းကို စတင် ထုတ်ဝေခဲ့ပြီး နောက်ဆယ်စုနှစ် နှစ်ခုလောက်ကြာတော့မှ အင်္ဂလိပ်ဘာသာပြန်ဆိုဖြစ်တယ်။ ၁၉ဝဝ ပြည့်လွန်နှစ် များရောက်တော့မှ အရင်းကျမ်းက လူသိများလာခဲ့တယ်။

မာ့ခ်စ်ရဲ့ အတွေးအခေါ် အယူအဆနဲ့ သီအိုရီအပေါင်းအစုကို မာ့ခ်စ်ဝါဒ- Marxism လို လူအများက ခေါ်ဆိုနေကြပေမယ့် မာ့ခ်စ် ကိုယ်တိုင် ကတော့ သူ့ရဲ့ဝါဒ ကို သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ- Scientific Socialism လို့ ပညတ်တယ်။

မာ့ခ်စ်ရဲ့ အရင်းနဲ့ ပတ် သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာအစောပိုင်းက တင်ပြခဲ့တဲ့ အနက် အဓိပ္ပာယ်တွေနဲ့ တခြားစီ။ မာ့ခ်စ် ရဲ့ အရင်းဟာ အရာဝတ္ထုမဟုတ် ဘူး။ ရိုးရိုးရှင်းရှင်းငွေ ဒါမှမဟုတ် စက်ကိရိယာလည်း မဟုတ်ဘူး။ သတ်မှတ် လူမှုဆက်ဆံရေးပစ္စည်း သာ ဖြစ်တယ်။ အရင်းမဲ့လုပ်သား များက အရင်းရှင်များထံမှာ သူတို့ရဲ့ လုပ်အားကို သွားရောင်းကြ တယ်။ အရင်းရှင်တွေက လုပ်အား အပေါ်မှာ ခေါင်းပုံဖြတ်ကြတယ်။  ဒီလို ခေါင်းပုံဖြတ်မှုကြောင့် ရရှိ လာတဲ့ အပိုတန်ဖိုး ဒါမှမဟုတ် အစွန်းထွက်တန်ဖိုး - Surplus Value တွေကို အရင်းရှင်တွေက သိမ်းပိုက်ကြပြီး ချမ်းသာကြွယ်ဝ လာကြတယ်။ ဒီလိုနဲ့ အရင်းရှင် တွေရဲ့ လက်ထဲမှာ အရင်းစုပုံလာ တယ်။ မာ့ခ်စ်ရဲ့အမြင်မှာ အရင်းအစုအပုံဟာ တကယ်တော့ အရင်းရှင်တွေ ခေါင်းပုံဖြတ်ထား တဲ့ အလုပ်သမားတွေ ရဲ့ လုပ်အား အစုအပုံသာ ဖြစ်တယ်။

မာ့ခ်စ်ရဲ့ ဒီလိုသဘော တရား အယူအဆတွေကြောင့် သူ့ ရဲ့ အရင်းကျမ်း ထွက်ပေါ်လာပြီး တဲ့နောက်ပိုင်းမှာ အရင်းရှင်လော က တစ်ခုလုံး တုန်လှုပ်ချောက်ချား သွားခဲ့တယ်။ ကမ္ဘာတစ်လွှားမှာ မာ့ခ်စ်ဝါဒီတွေ အပြိုင်းအရိုင်းထွက် ပေါ်လာတယ်။ အရင်းရှင် ဝါဒကို တော်လှန်ကြတယ်။ ဆိုရှယ်လစ် စနစ် ကျင့်သုံးလာကြတယ်။ ၁၉၉ဝ နှစ်များအတွင်း ဆိုဗီယက် ယူနီယံ-  Soviet Unoin ပြိုကွဲ သွား တော့မှ အရင်းရှင်နိုင်ငံတွေ သက် ပြင်းချနိုင်ကြတော့တယ်။ ဒါပေ မယ့် လောလောဆယ်မှာ ကွန်မြူ နစ်ဝါဒနဲ့ ဈေးကွက် စီးပွားရေးစနစ် ရောနှောကျင့်သုံးတဲ့ တရုတ်ပြည် က အင်အားကောင်းလာပြီး တစ် စခန်း ထလာတယ်။

၂၁ ရာစု အရင်းကျမ်း

လောလောဆယ် အနောက်နိုင်ငံတွေမှာ Thomas Piketty ရေးတဲ့ 'Capital in the Twenty First Century'  စာအုပ် ရေးပန်း စားနေတယ်။ ၂၁ ရာစု အရင်းနဲ့ ပတ်သက်ပြီး ရေးသား ထားတဲ့ အရင်းကျမ်း ဖြစ်ပါတယ်။

Piketty က ပြင်သစ်ဘောဂဗေဒပညာရှင် ဖြစ်တယ်။ ပြင်သစ်ဘာသာနဲ့ ရေးသားခဲ့တယ်။ မနှစ်က ပြင်သစ်နိုင်ငံက စာအုပ် ဆိုင်တွေပေါ် ရောက်ခဲ့ပေမယ့် ရောင်းမထွက်ခဲ့ဘူး။ အဲဒီစာ အုပ်ကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ဒီနှစ်မတ်လက အမေရိကန်နိုင်ငံ မှာ ထုတ်ဝေဖြန့်ချိလိုက်တော့ ချက်ချင်းပဲ ရောင်းအစွံဆုံးစာအုပ် ဖြစ်သွားခဲ့တယ်။ ဟားဗတ်တက္ကသိုလ် ပုံနှိပ်တိုက်က ထုတ်ဝေခဲ့တာ ပါ။ စာမျက်နှာ ၇ဝဝ တောင် ရှိ တယ်။

အမေရိကန်နိုင်ငံမှာ မျှတခြင်းမရှိမှု- Inequality နဲ့ပတ် သက်ပြီး ကျယ်ကျယ်လောင် လောင် ဆွေးနွေးပြောဆိုနေကြချိန် မှာ '၂၁ ရာစု အရင်းကျမ်း' ပေါ် ထွက်လာတော့ လူကြိုက်များသွား တယ်။ ဥစ္စာဓန ရှိသူများ- Haves နဲ့ မရှိသူများ-Have-Nots အကြား ကွာဟမှုဟာ ဥရောပပြဿနာသာ ဖြစ်တယ်လို့ အမေရိကန်တွေက မြင်တယ်။ ဒါပေမယ့် အမေရိကန် နိုင်ငံမှာ ဝေါလ်စထရိ- Wall Street က အရင်းရှင်ကြီးများရဲ့ အလွန်အကျွံ မဆင်မခြင် လုပ်ကိုင်မှုကြောင့် ၂ဝဝ၈ ခုနှစ်မှာ ဘဏ္ဍာရေးပြဿနာ တက်လာ တော့ သူတို့ဆီမှာလည်း ရှိသူများ နဲ့ မရှိသူများအကြား ကွာဟမှု ပြဿနာ ပေါ်ထွက်လာတယ်။

တိုးပွားလာတဲ့ အရင်းစုပုံမှုကြောင့် ချမ်းသာကြွယ်ဝတဲ့ ၁ ရာခိုင်နှုန်းသော လူတစ်စုက သိပ် ပြီး ချမ်းသာသွားတယ်။ သူတို့ ထက် .ဝ၁ ရာခိုင်နှုန်းက ပိုပြီးချမ်း သာတယ်။ အဲဒီပုဂ္ဂိုလ်တွေထက် .ဝဝ၁ ရာခိုင်နှုန်းက ဒီထက်မက ပိုပြီးကျိကျိတက် ချမ်းသာကြတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံမှာလူဦးရေရဲ့ တစ်ရာခိုင်နှုန်းနဲ့ ၉၉ ရာခိုင်နှုန်းတို့အကြား ကွာဟမှုက သိပ်ပြီးကြီးမားတယ်။ ဒီတော့ ပြည် သူတွေ က ဝင်ငွေနဲ့ ပြန်လည်ခွဲဝေ မှု မညီမျှမှု မမျှတမှုကို လက်ညှိုး ထိုးလာကြတယ်။

Piketty က မျှတခြင်း မရှိမှုကို တိုင်းတာဖို့အတွက် ဥ ရောပနဲ့ အမေရိကန်နိုင်ငံတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝဝ ကာလ အတွင်း ဝင်ငွေနဲ့ ဥစ္စာဓန တစ်စ တစ်စ တိုးတက်ပြောင်းလဲ ဖြစ်ပေါ် လာပုံကို စာရင်းဇယား ပြုစုပြီး အသေးစိတ် တင်ပြခဲ့တယ်။ ဒီအ တွက် သူက အခွန်စည်းကြပ်မှု စာ ရင်းများကနေပြီး အချက်အလက် များ ရှာဖွေစုဆောင်းခဲ့တယ်။ ဘော ဂဗေဒ ပညာရှင်တစ်ဦးက အခုလို အခွန်စည်းကြပ်မှု စာရင်းများက တစ်ဆင့် ဝင်ငွေနဲ့ဥစ္စာဓန ပြောင်းလဲဖြစ်ပေါ်ပုံကို ကောက်ချက်ချ ဆွဲထုတ်တင်ပြတာဟာ ပထမဆုံး ပဲ လို့ ထောက်ပြကြတယ်။

သူ့ရဲ့ စာရင်းများအရဆို ရင် ၁၉၁၄ ခုနှစ်မှ ၁၉၇ဝ နှစ်များ အထိ ကာလအတွင်း ဝင်ငွေမညီမျှမှုနဲ့ လက်ဝယ်ရှိ ဥစ္စာဓန နှစ်ခု စလုံး ဟာ ထူးထူးခြားခြား အံ့သြ ဖွယ် ကောင်းလောက်အောင် ကျ ဆင်းခဲ့တယ်။ ဒါပေမယ့် ၁၉၇ဝ နှစ်များကစပြီး ဝင်ငွေနဲ့ဥစ္စာဓန အကြား ကွာဟမှုဟာ မြင့်တက် လာတယ်။ ပမာအားဖြင့် ပြင်သစ် နိုင်ငံမှာ ၁၉၅ဝ နှစ်များက နှစ်စဉ် အမွေဆက်ခံရရှိမှု တန်ဖိုးဟာ ဂျီဒီ ပီရဲ့ ငါးရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် အခုအခါ ဂျီဒီပီရဲ့ ၁၅ ရာခိုင်နှုန်း အထိ မြင့်တက်လာတယ်။ သုံးဆ တိုးသွားတယ်။ ဒီတော့ ချမ်းသာသူ တွေဟာ ပိုပြီးချမ်းသာလာတယ် ဆိုတာကို သမိုင်းက သက်သေခံ နေတယ်။

ပြီးတော့ Piketty က အရင်းအပေါ် ပြန်ပေါ်နှုန်း-  Rate of Return on Capital (r) ဟာ စီးပွားရေး တိုးတက်မှုနှုန်း- Rate of Economic Growth (g)ထက် ယေဘုယျအားဖြင့် ပိုပြီးမြင့်မားတယ်။ r > g လို့ ထောက်ပြတယ်။ ဒါကြောင့် ဥစ္စာဓနဟာ အချိန်ကြာ မြင့်လာသည်နဲ့အမျှ အစုအပုံဖြစ် လာတယ်။ တစ်နည်းပြောရင် ချမ်း သာသူများလက်ထဲ အရင်းစုပုံလာ ခြင်း ဖြစ်တယ်။
တကယ်တော့ အရင်းရှင်စကြဝဠာမှာ ဒီကနေ့ ပြဿနာက အရင်းစုပုံလာမှု- Capital Accumulation ဖြစ်တယ်။ ဒီတော့ ခုလို ဖြစ် မလာရအောင် ဘာလုပ် ကြမလဲ။ Piketty ကတော့ ဥစ္စာ ဓနအပေါ် အခွန်ကောက်ဖို့ အကြံ ပြုတယ်။ အမေရိကန်နိုင်ငံက ဘော ဂဗေဒပညာရှင်များက တော့ ဥစ္စာဓနအပေါ် အခွန် ကောက်ဖို့ လက်တွေ့မှာ မဖြစ်နိုင် ဘူးလို့ ထောက်ပြကြတယ်။

Piketty က ဥစ္စာဓနခွန် - Wealth Tax ကောက်ခံဖို့ ဆော် သြလိုက်တဲ့အတွက် ချမ်းသာသူ တွေက သူ့ကို မကြိုက်ကြဘူး။ မာ့က္ခစ် ဆန် တယ်။ ဆိုရှယ်လစ် ဆန်တယ်လို့ ပြောကြတယ်။ ဒါပေ မယ့် ဘာပဲပြောပြော လက်တစ် ဆုပ်စာလောက်တောင် မရှိတဲ့ လူ တစ်စုလက်ထဲ ဥစ္စာဓန ဒါမှမ ဟုတ် အရင်းစုပုံရောက်ရှိသွားတာ ဟာ စိုးရမ်စရာပဲ မဟုတ်လား။

မင်းရွှေမောင်

Ref : "Piketty, The Modern Moarx" : The Economist, May 3 , 2014.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.