6 - 4 - 2017
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
အာရှစီးပွားရေး ခြိမ့်ခြိမ့်သဲ အောင်ပွဲ

ဘာပဲပြောပြော ဒီကနေ့အထိ အာရှစီးပွားရေးဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ တိုးတက်ခဲ့တယ်။ ဆက်လက်ပြီးလည်း တိုးတက်လျက် ရှိတယ်။ ဖွံ့ဖြိုးတိုး တက်လာတဲ့ အာရှစီးပွားရေးပုံရိပ် ကြီးကို ကမ္ဘာတစ်ဝန်းလုံးကလည်း မျက်ဝါးထင်ထင် မြင်တွေ့ကြရ တယ်။

အာရှဟာ ဂျီဒီပီအရ၊ လူဦးရေပမာဏအရ၊ စစ်အသုံးစရိတ်အရ၊ ပြီးတော့ နည်းပညာအပေါ် ရင်းနှီးမြှုပ်နှံမှုအရ ၂ဝ၃ဝ နှစ်များ ရောက် ရင် မြောက်အမေရိကနဲ့ ဥရောပတိုက် နှစ်ခုပေါင်းထက်တောင်ကျော်လွန်ပြီး ဂလိုဘယ်အင်အားကြီး ဖြစ်လာလိမ့်မယ်လို့ စောင့် ကြည့် အကဲခတ်နေကြတဲ့ အဖွဲ့အစည်းများက သုံးသပ်ကြ တယ်။ သူတို့ရဲ့ အဆိုက မြေကြီး လက်ခတ်မလွဲဘူးတဲ့။

အာရှတိုက်ရဲ့ စီးပွားရေးဟာ အရင်ကထက် ပိုပြီး နှီးနွယ်ဆက်စပ်ပေါင်းစည်းလာတယ်။ ၁၉၉ဝ နှစ်များက ဒေသတွင်း ကုန် သွယ်မှု ဟာ ၂၅ ရာခိုင်နှုန်းလောက် ပဲ ရှိတယ်။ အခုတော့ ၅၄ ရာခိုင် နှုန်းတောင် ရှိလာပြီ။

ဂျပန်၊ ထိုင်ဝမ် (တရုတ် တိုင်ပေ) နဲ့ တောင်ကိုရီးယားက စက်မှုလုပ်ငန်းကြီးတွေဟာ တစ်ဦး ချင်းဝင်ငွေအရ သူတို့လောက် မ ချမ်းသာသေးတဲ့ တရုတ်နိုင်ငံရဲ့ စက်ရုံ အလုပ်ရုံတွေနဲ့ ချိတ်ဆက် ထားကြတယ်။ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်း တစ် စိတ်တစ်ဒေသအားဖြင့် ဧရာမစက် ရုံကြီးတွေ ထွက်ပေါ်လာတယ်။ ဒီလို တိုးတက်မှုဖြစ်စဉ်ထဲမှာ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့က လည်း ပါဝင်ချင်ကြတယ်။ တကယ်လို့ တရုတ် ငွေကြေး ရင်မင်ဘီ- Renminbi ဟာ အမေရိကန်ဒေါ်လာလို ကမ္ဘာ သုံးငွေကြေး- World Currency တစ်ခု ဖြစ်လာခဲ့ရင် ဒေသတွင်း ပေါင်းစည်းမှုက ပိုပြီး မြန်ဆန်လာ နိုင်တယ်။

အာရှတိုက်ကြီးဟာ အရွယ်ပမာဏအားဖြင့် ကြီးမားသ လောက် ကွဲပြားခြားနားမှုကလည်း အမြောက်အမြားရှိတယ်။ ချမ်းသာ ပြီး အိုမင်းလာနေတဲ့ ဂျပန်နိုင်ငံ။ ဂျပန်လို မချမ်းသာသေးပေမယ့် သူ့လိုပဲ အသက်အရွယ် ကြီးရင့် လာတဲ့ တရုတ်ပြည်။ ဆင်းရဲပြီး လူ ငယ်လူရွယ်တွေ ပေါများလာတဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှား။ ပြီးတော့ ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ် နေခဲ့ပြီး အခုမှ တံခါးကလေး ဟ တတ ဖွင့်ပေးလာတဲ့ မြန်မာနိုင်ငံ။

ခုတော့ အာရှက ခေါင်း ဆောင်တိုင်းလိုလိုဟာ စီးပွားရေး ပြု ပြင်ပြောင်းလဲမှုတွေ လုပ်ချင်လာ ကြတယ်။ သူ့နိုင်ငံနဲ့သူ စိန်ခေါ်မှု များကလည်း ရှိနေတယ်။ သမ္မတ ရှီကျင်ဖိန်းက တရုတ်ပြည်တွင်း ဈေးကွက်များကို မြှင့်တင်ချင် တယ်။ စားသုံးမှု တိုးတက်စေချင် တယ်။ တီထွင်ဆန်းသစ်မှုတွေ လည်း လုပ်ချင်တယ်။ ပြီးတော့ တရားဥပဒေ စိုးမိုးမှုရှိအောင်လည်း အုပ်ချုပ်မှုယန္တရားကို တင်းတင်း ကျပ်ကျပ် ချုပ်ကိုင်ထားလိုတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးကတော့ ပြည်တွင်းဝယ်လို အား ကျဆင်းပြီး စီးပွားရေး ကျုံ့ ဝင်နေမှုစက်ကွင်းက ရုန်းထွက်လို တယ်။ အိန္ဒိယရဲ့ ဝန်ကြီးချုပ်သစ် နာရန်ဒရာမိုဒီဆိုရင် နိုင်ငံရဲ့ အခြေခံအဆောက်အအုံကို ကောင်း မွန်လာအောင် တိုးချဲ့ပြုပြင်ရမယ့် အပြင် တိုးပွားလာတဲ့ လူငယ်လူရွယ်တွေအတွက် အလုပ်သစ် အကိုင်သစ်တွေ ဖော်ဆောင်ပေးရတော့မယ်။ အင်ဒိုနီးရှားနိုင်ငံ မှာ နောင်တက်လာမယ့် သမ္မတသစ် ကလည်း အိန္ဒိယလိုပဲ လုပ်ဆောင် ရလာနိုင်တယ်။

အာရှရဲ့ အရင်းရှင်ဝါဒဟာ ရုပ်ဝတ္ထုအရ အင်အားတောင့် တင်းတယ်။ အာရှနိုင်ငံများရဲ့ ဂလိုဘယ် ဂျီဒီပီဝေစုဟာ ၁၉၈၄ ခုနှစ် လောက်က ငါးပုံတစ်ပုံလောက်ပဲ ရှိ ခဲ့ရာက အခုတော့ လေးပုံတစ်ပုံ ကျော်အထိ မြင့်တက်လာတယ်။ အာရှဟာ ကမ္ဘာကြီးရဲ့ အလုပ်ရုံပမာ ဖြစ်လာတယ်။ ကမ္ဘာ့သံသတ္တုရိုင်းအထွက်ရဲ့ ၇၆ ရာခိုင်နှုန်းကို အာရှက အရည်ကျိုပစ်တယ်။ ကမ္ဘာ့လေထု ညစ်ညမ်းမှု ရဲ့ ၄၄ ရာ ခိုင်နှုန်းဟာ အာရှက ထုတ်လွှတ်မှု ကြောင့် ဖြစ်ပေါ်တယ်။

၂ဝဝ၂ နဲ့ ၂ဝ၁ဝ နှစ် များအတွင်း အာရှဟာ အလွန်အ မင်း တိုးတက်ခဲ့တယ်။ ဒေသတွင်း ကုန်သွယ်ရေးမှာတင်ပဲ အမြတ်အ စွန်းက မြိုးမြိုးမြက်မြက် ရရှိခဲ့ကြတယ်။ တိုးတက်မှုက မြန်ဆန်တယ်။ လုပ်သားဈေးနှုန်းက ဈေး ပေါတယ်။ ချေးငွေတွေကလည်း ဈေးတန် တယ်။ အာရှစီးပွားရေး လုပ်ငန်းကြီးများရဲ့ သုံးပုံနှစ်ပုံဟာ အစိုးရ ချုပ်ကိုင်ထားတဲ့ ကုမ္ပဏီကြီးများ ဒါမှမဟုတ် မိသားစုပိုင် ဧရာမ စီးပွားရေးလုပ်ငန်းကြီးများ ဖြစ်ကြ တယ်။

ဒီစီးပွားရေးလုပ်ငန်း ပိုင် ရှင်ကြီးများဟာ အာဏာရ အစိုးရ များနဲ့ ခင်မင်ရင်းနှီးကြတယ်။ ဒါ ကြောင့်လည်း မြေတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်ယူရရှိ နိုင်ကြတယ်။ ဘဏ်တွေက ချေးငွေ များကိုလည်း အတိုးနှုန်းနည်းနည်း နဲ့ ချေးငှားနိုင်ကြတယ်။ အာရှက ဘီလီယံနာ ထက်ဝက်လောက်ဟာ အိမ်ရာဆောက်လုပ်ရေးကဏ္ဍမှာ ပါဝင်လှုပ်ရှားရင်း သူဌေးကြီး ဖြစ် လာခဲ့ကြတယ်။

၁၉၉၇-၉၈ နှစ်များက အာရှတစ်လွှားမှာ အာရှဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပေါ်ခဲ့ပြီး အရှေ့တောင်အာရှနဲ့ တောင်ကိုရီး ယားက ကြွေးနဲ့ အလုပ်လုပ်ခဲ့ကြ တဲ့ ကုမ္ပဏီကြီးတွေ အရည်ပျော် ကျသွားခဲ့တယ်။ အဲဒီနောက်ပိုင်း ကုမ္ပဏီကြီး အတော်များများဟာ ဘဏ္ဍာရေးအင်အား တောင့်တင်း လာအောင် ပြန်လည်တည်ဆောက်ခဲ့ကြတယ်။ ခုတော့ အတော်ကြီး အင်အားတောင့်တင်း ခိုင်မာ လာခဲ့ကြပါပြီ။ အာရှအင်စတိကျုရဲ့ ကမ္ဘာ့ဈေးကွက်အရင်းပြုမှု- World Market Capitalization ဟာ အခုဆိုရင် ၂၇ ရာခိုင်နှုန်းတောင် ဖြစ်လာခဲ့ပြီ။ လွန်ခဲ့တဲ့ ၁ဝ နှစ် လောက်က ၂ဝ ရာခိုင်နှုန်းပဲ ရှိခဲ့ တာ။

အာရှရဲ့ အကြီးမားဆုံး ကုမ္ပဏီကြီးများဟာ ခုတော့ ကမ္ဘာ့ ကုမ္ပဏီကြီးများနဲ့ ရင်ပေါင်တန်း လာနိုင်တယ်။ LG, Samsung နဲ့ Hyundai တို့လို တောင်ကိုရီးယား နိုင်ငံက ကုမ္ပဏီကြီးများဟာ ဂလို ဘယ်အတိုင်းအတာအရ ဧရာမ ကုမ္ပဏီကြီးတွေ ဖြစ်ကြတယ်။ Samsung ရဲ့ မြတ်စွန်းမှုနဲ့ Apple ရဲ့ အမြတ်ငွေဟာ သိပ်မကွာလှ ဘူး။ Toyota နဲ့  Volkswagen တို့ ရဲ့ ရောင်းအားဟာ အတူတူ လောက်ပဲ ရှိတယ်။

Petrochina ဟာ Exx-on Mobil ထက်ပိုပြီး ရင်းနှီးမြှုပ်နှံ နိုင်တယ်။ အိန္ဒိယနိုင်ငံက နည်းပညာနဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပ ဏီတွေ ဟာ ကမ္ဘာ့အဆင့်မီ လုပ် ငန်းများ ဖြစ်ကြတယ်။ အာရှနည်း ပညာကုမ္ပဏီတွေဟာ ကမ္ဘာ့စတော့ ရှယ်ယာဈေးကွက်များမှာ ၁၂ ရာခိုင်နှုန်းလောက် နေရာယူထားကြတယ်။ ကမ္ဘာ့စတော့ ရှယ်ယာဈေး ကွက်များမှာ မှတ်ပုံတင်ထားကြတဲ့ အမေရိကန်ဒေါ်လာ နှစ် ဘီလီယံ အောက် ဈေးကွက်တန်ဖိုးရှိကြတဲ့ ကုမ္ပဏီများအနက် ၄ဝ ရာခိုင်နှုန်း ဟာ အာရှမှ ဖြစ်တယ်။

အာရှမှ အသေးစားလုပ် ငန်းများဟာ အလုပ်အကိုင်များစွာ ကို ဖော်ဆောင်ဖန်ဆင်းပေးလျက် ရှိတယ်။ ဂျပန်နိုင်ငံက အသေးစား လုပ်ငန်းများဟာ ဧရာမကုမ္ပဏီကြီး များကို ထောက်ကူပံ့ပိုးပေးလျက် ရှိတယ်။ တရုတ်ပြည်မှာ ပုဂ္ဂလိက လုပ်ငန်းပေါင်း ၄၁ သန်း ရှိတယ်။ အိန္ဒိယမှာ အသေးစားလုပ်ငန်း ပေါင်း ၄၅သန်း ရှိတယ်။ အဲဒီစာရင်းထဲမှာ ဆိုက်ကားပြင်သူတွေ၊ လမ်းဘေး လက်ဖက်ရည် ဆိုင် ရောင်းသူတွေကစပြီး မကောင်းတဲ့ သွားများကို ဆောင့်ဆွဲနုတ်ပေးကြ သူများလည်း ပါဝင်တယ်။

နိုင်ငံခြား တင်ပို့တဲ့ လုပ်ငန်းကြီးများကိုတော့ ဧရာမကုမ္ပဏီကြီးတွေက လုပ်ကိုင်ကြတယ်။ Samsung Electronics ဟာ တောင် ကိုရီးယား တင်ပို့မှုရဲ့ ၁၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်။ အိန္ဒိယနိုင်ငံရဲ့ ဒုတိယအကြီးမား ဆုံး  Reliance ကုမ္ပဏီဟာ အိန္ဒိယ တင်ပို့မှု စုစုပေါင်းရဲ့ ၁၄ ရာခိုင် နှုန်း ရယူထားတယ်။ တရုတ်နိုင်ငံ ရဲ့ ကော်ပိုရိတ်ပါဝါဟာ ကြီးမားပေ မယ့် ကွန်မြူနစ်ပါတီက လက်ဝါး ကြီးအုပ် ချုပ်ကိုင်ထားတယ်။

အာရှက စီးပွားရေးလုပ် ငန်းအတော်များများဟာ ဘဏ္ဍာ ရေးနယ်ပယ်မှာ ထိန်းထိန်းသိမ်းသိမ်း ကြပ်ကြပ်မတ်မတ် ရှိလာခဲ့ ကြ တယ်။ သူတို့ရဲ့ လက်ကျန်ရှင်း တမ်းတွေ-  Balance-Sheets ဟာ အများအားဖြင့် ခိုင်မာကြတယ်။ ၁၉၉၇-၉၈ အာရှဘဏ္ဍာရေး အ ကျပ်အတည်းနောက်ပိုင်းမှာ ကုမ္ပ ဏီတွေဟာ နိုင်ငံခြားငွေများ ချေး ယူမှုကို သတိထားလာကြတယ်။ အစိုးရများအနေနဲ့လည်း အရန် ငွေ - Reserves အတော်များများ လက်ထဲကိုင်ထားကြတယ်။

ဂျပန်နိုင်ငံဟာ ဆယ်စု နှစ် နှစ်ခုလောက် စီးပွားရေး ကျုံ့သွားခဲ့တဲ့အတွက် ဂျပန်ကုမ္ပဏီကြီး များဟာ သူတို့လက်ထဲမှာ ငွေ သားတွေ စုဆောင်းထားလာကြတယ်။ Goldman Sachs ဘဏ်ရဲ့ အဆို အရ အဲဒီကုမ္ပဏီများ စုဆောင်း ထားတဲ့ ငွေသားအစုအပုံဟာ အမေရိကန်ဒေါ်လာ ၇၅ဝ ဘီလီ ယံတောင် ရှိတယ်လို့ ဆိုတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံက စက်မှုနဲ့ အခြေခံအဆောက် အအုံ လုပ်ငန်းကုမ္ပဏီများမှာ အရင်းဖြည့်တင်းဖို့ လိုအပ်နေ တယ်။ ပြီးတော့ တရုတ်နိုင်ငံက နိုင်ငံပိုင်ကုမ္ပဏီကြီးများ- State-Owned Enterprises-SOES  မှာ အကြွေးတောင်လိုပုံနေတယ်။ အဲဒီကြွေးပိနေတဲ့ ကုမ္ပဏီကြီးတွေ ဟာ အစိုးရပိုင်တွေဆိုတော့ ဟန် မပျက် လုပ်ကိုင်နေကြဆဲ ဖြစ်တယ်။

အာရှတစ်ခွင်တစ်ပြင်ကို ခြုံငုံပြောရရင် အုပ်ချုပ်မှုက တိုးတက်လာတယ်။ ဂျပန်၊ ဟောင်ကောင်နဲ့ စင်ကာပူကလွဲရင် လာဘ် ပေး လာဘ်ယူမှုက ကြီးထွားနေဆဲ ဖြစ်တယ်။ ဒါပေမယ့် အခုအခါ စာရင်းအင်းထားသိုမှုကိုတော့ ကမ္ဘာ့စံချိန်မီအောင် ကြိုးပမ်းအား ထုတ်လာကြတာကို မြင်တွေ့နေ ကြရတယ်။

ဒီလိုဆိုပေမယ့် တောင်ကိုရီးယား၊ ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံများက ဘဏ်လုပ်ငန်းတွေဟာ စက်မှုလုပ်ငန်းတွေနဲ့ နီးကပ် လွန်းတယ်။ ဒီလို နီးကပ်လွန်းရင် ခရိုနီ ငွေချေးငှားမှုကို ဖြစ်ပေါ်စေနိုင်တယ်။ ၁၉၉၇-၉၈ အာရှဘဏ္ဍာရေး အကျပ်အတည်း နောက် ပိုင်းမှာတော့ အာရှဘဏ် လုပ်ငန်း ကြီးကြပ်မှုဟာ အရင်က ထက် ပိုမိုကောင်းမွန်လာတယ်။

အရင်းဈေးကွက်များကို ပိုမိုအသုံးပြုလာကြမှုကြောင့် ပွင့်လင်းမြင်သာမှု ပိုမိုဖြစ်ထွန်းလာတယ်လို့ ဆိုနိုင်တယ်။ အာရှကုမ္ပဏီ ကြီးတွေမှာ အနောက်နိုင်ငံ ကုမ္ပဏီများထက်တောင် ကောင်းမွန်တဲ့ အချက်တွေရှိတယ်။ ပမာအားဖြင့် ကုမ္ပဏီ အမှုဆောင် အရာရှိကြီးတွေရဲ့ လစာငွေကို ဒေါ်လာသန်းချီပြီး တောင်ပုံရာပုံ မပေးကြဘူး။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုများ လုပ်တဲ့ အခါမှာလည်း ရေ ရှည် ကို မျှော် တွေး ကြည့်လေ့ ကြည့်ထ ရှိကြ တယ်။

အနာဂတ်စီးပွားရေးရှုခင်း

ဒါပေမယ့် အာရှစီးပွားရေးရဲ့ အနာဂတ်အခင်းအကျင်းကို မျှော်တွေးကြည့်ရင် ရင်လေးစရာ၊ စိတ်မချမ်းမြေ့စရာတွေကို တွေ့မြင် နေရ တယ်။ လွန်ခဲ့တဲ့ နှစ် ၂ဝ၊ နှစ် ၃ဝ လောက်ကစပြီး အာရှဒေသ တွင်း စီးပွားရေး အရှိန်အဟုန်ပြင်း ပြင်းနဲ့ ဖွံ့ဖြိုးတိုးတက် ခြိမ့်ခြိမ့်သဲ သဲ အောင်ပွဲခံခဲ့ရခြင်းရဲ့ အဓိက အချက်ကတော့ ဒေသတွင်း အေး ချမ်းတည်ငြိမ်မှုကြောင့် ဖြစ်တယ်။

ခုတော့ တရုတ်က သူတို့နီးနားဝန်းကျင်က ပင်လယ်ပြင် ကြီး တစ်ခုလုံးလိုလိုကို သူတို့ပိုင်တယ်ဆိုပြီး အတင်းအကျပ် လုပ်လာ တယ်။ ပင်လယ်ပြင်အတွင်းက ကျွန်းများကိုလည်း မောင်ပိုင်စီးဖို့ ကြိုးပမ်းလာတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက် နမ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တရုတ်တို့အကြား အငြင်းပွားမှု များ ပြင်းထန်လာတယ်။

မကြာသေးမီက ဗီယက်နမ်ရေပိုင်နက်ထဲသို့ တရုတ်က ကျူးကျော်ဝင်ရောက်ပြီး ရေနံတူးဖော်ဖို့ ကြိုးပမ်းလာခဲ့တဲ့အတွက် မကျေနပ် ကြတဲ့ ဗီယက်နမ်ပြည်သူ အချို့က တရုတ်စက်ရုံများကို ဝင် ရောက်ဖျက်ဆီး မီးရှို့ပစ်ခဲ့ကြတယ်။ ဒီလို ဒေသတွင်း မငြိမ်မသက် ဖြစ် မှုတွေက ဂျပန်နဲ့တကွ အရှေ့တောင်အာရှမှ နိုင်ငံအများ အပြားကို လက်နက်တပ်ဆင်ရေး ဆီ ရွေ့လျားသွားစေတယ်။

တရုတ်ပြည်တွင်းမှာလည်း လုပ်သားဈေးနှုန်း မြင့်တက်လာပြီး အရင်းရှားပါးလာမှုကြောင့် နိုင်ငံ ခြားကုမ္ပဏီများ တရုတ်မှ ဆုတ်ခွာနေကြတယ်။ ဂျပန်ဆိုရင် တရုတ် ပြည်မှာ ရင်းနှီးမှုသစ်တွေ နောက် ထပ်မလုပ်တော့ဘဲ သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှုသစ်တွေကို အရှေ့တောင် အာရှနဲ့ အာဖရိကနိုင်ငံတွေဆီ ရွှေ့ပြောင်းလုပ်ဆောင်လျက် ရှိ တယ်။

တကယ်တော့ အာရှရဲ့အနာဂတ်ဟာ အာရှတိုက်သားတွေရဲ့ လက်ထဲမှာပဲရှိတယ်။ အာရှစီးပွားရေး အံ့မခန်း တိုးတက်အောင် ဆောင်ကြဉ်းခဲ့ကြသူများကလည်း အာရှတိုက်သားတွေပဲ။ အာရှစီးပွားရေး ပျက်သုဉ်းသွား အောင် လုပ်မယ်ဆိုရင် လည်း သူ တို့ကိုယ်တိုင်ပဲ ဖြစ်လေမလား။

မင်းရွှေမောင်

Ref : "A World to Conquer"
The Economist, May 31, 2014.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.