16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ဦးနုအစိုးရအဖွဲ့သစ် ဘာကြောင့် မအောင်မြင်ခဲ့သလဲ

''ဦးနု နိုင်ငံရေးတွေးခေါ်မှု မြင့်တယ်''

သတင်းစာဆရာ မောင်ဝံသ

 

''ဦးနုကို ကျွန်တော်တို့ ပြည်သူက ဝန်းဝိုင်းရင် နိုင်ငံရေးပွဲသိမ်းတယ်''

၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်။

 

(၁)

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်က မြန်မာနိုင်ငံတွင် အရှိန်အဟုန် ကြီးစွာမြင့်တက်ခဲ့သော ဒီမိုကရေစီတော်လှန်ရေး လူထုအုံကြွမှုကြီးအတွင်း၌ သမိုင်းတွင် မော်ကွန်းတင်ရမည့် အရေးအခင်းများစွာတို့၌ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနုခေါင်း ဆောင်သော အစိုးရအဖွဲ့သစ် ဖွဲ့စည်းခြင်းသည်လည်း အရေးကြီးသည့် မော်ကွန်းမှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့ သည်။

၈-၈-၈၈ နေ့တွင် စတင်ခဲ့သော ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီတော်လှန်ရေးကြီး စတင်ပေါက်ကွဲခဲ့စဉ်က ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် နိုင်ငံရေးအာဏာကို လက်လွှတ်ခဲ့ရ သော နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနုသည် ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးကြီး၏ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။

နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်အချို့က ဦးနုကို ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားသင့်ပြီဟု သွားရောက်ခေါ်ယူ အကြံပေးသော်လည်း ဦးနုသည် တစ် စုံတစ်ရာ အဖြေမပေးဘဲ ငြိမ်သက်စွာ ရှိနေခဲ့သည်။

သို့သော် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ ရှစ်လေး လုံး ဒီမိုကရေစီတော်လှန်ရေးကြီး ရင့်မှည့်လာသည့်အချိန်တွင် နိုင်ငံ တော်ဝန်ကြီးချုပ်ဟောင်းဦးနုသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်) နေအိမ်ကို ရုံးဖွင့်ကာ ''မိမိ ဦးနုခေါင်းဆောင်သော ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ပြီ''ဟု ကြေညာချက်ထုတ် ပြန်လိုက်လေသည်။

နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနုက အောက်ပါ စာတစ်စောင်ကိုလည်း ၂-၃-၁၉၆၂ နေ့က မိမိထံက အာဏာသိမ်းယူခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းထံ သီးခြားစာပေးပို့ခဲ့သည်။

၉-၉-၁၉၈၈ နေ့၊ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်း အိမ်နံပါတ် (၁ဝ)၊ ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်)အိမ်၌ ကျင်းပသော သတင်းစာရှင်းပွဲတွင် ဦးနုက ဤသို့ ကြေညာချက်ထုတ်ပြန်သည်။

 

(၁)   ကျွန်တော်၏လက်တွင်းမှ ဗိုလ်ချုပ်ကြီးနေဝင်း လုယူသွားသော နိုင်ငံ ရေးအာဏာကို ယနေ နံနက် ၉ နာရီတွင် နှလုံးရည်ကို အသုံးပြုလျက် ကျွန်တော်ပြန်ယူလိုက်ပါပြီ။

ထို့ကြောင့် လုယူသွားသော နိုင်ငံတော် အာဏာကို ကျွန်တော်ပြန် ယူလိုက်သည့်အချိန်ကစ၍ ဗိုလ်ချုပ်ကြီး ဦးနေဝင်းလက်ထဲတွင် မရှိတော့ဘဲ ကျွန်တော့်လက်တွင်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းကို ကျွန်တော်ဝမ်းမြောက်ဝမ်းသာ ကြေညာလိုက်ပါပြီ။

 

(၂)   ကျွန်တော်သာလျှင် တရားဝင်ဝန်ကြီးချုပ်ဖြစ်သဖြင့် ကျွန်တော်ဖွဲ့ စည်းထားသော အစိုးရအဖွဲ့ကိုသာလျှင် နိုင်ငံခြားအစိုးရများက အသိအမှတ်ပြုစေလိုကြောင်းကိုလည်း လက်လှမ်းမီရာ နိုင်ငံခြားအစိုးရများအား ကျွန်တော်ယနေ့ပင် အကြောင်း ကြားလိုက်ပြီးပါပြီ။

 

(၃)   အာဏာလိုချင်တဲ့ လူတစ်စုက ကျွန်တော့်ကိုဖမ်းပြီး ထောင် ခုနစ် နှစ်ခွဲ ချရုံနဲ့ ကျွန်တော်ဟာ ဝန်ကြီးချုပ်ရာထူးက ပြုတ်ကျမသွားပါဘူး။ အဲဒီ အခွင့်အရေးဟာ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်က ကတိပြုထားတဲ့ ကျွန်တော်နှင့်တကွသော ဗမာနိုင်ငံမှာ ဝန်ကြီးချုပ်ဖြစ်သူတိုင်း ရရှိနေတဲ့ အခွင့်အရေးဖြစ်သည်။

 

ပုံ၊ ဦးနု နိုင်ငံတော်ဝန်ကြီးချုပ်

       ပြည်ထောင်စု မြန်မာနိုင်ငံတော်

       ဦးနုဖွဲ့ စည်းလိုက်သော အစိုးရ အဖွဲ့သစ်တွင်-

နိုင်ငံတော်သမ္မတ ဦးဝင်းမောင်၊

နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊

ကာကွယ်ရေးဝန်ကြီး

ဗိုလ်ချုပ်ကြီး သူရတင်ဦး၊

နိုင်ငံခြားရေးဝန်ကြီး ဦးဝမ်ကိုဟော။

စီးပွားကုန်သွယ်ရေးဝန်ကြီး

သခင်သိန်းဖေ (ဝါးခယ်မ)။

လယ်ယာစိုက်ပျိုးရေးဝန်ကြီး

သခင်ချစ်မောင် (ဝိဓူရ)

ပြန်ကြားရေးဝန်ကြီး ဦးသန်းစိန်နှင့် အခြားဝန်ကြီး အဖွဲ့ဝင်များပါရှိကြသည်။

 

(၃)

အထက်ပါအတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော အစိုးရအဖွဲ့သစ် ပေါ်ထွန်းလာခဲ့သော်လည်း ထိုစဉ်က ဒီမိုကရေစီ တောင်းဆိုနေကြသော ပြည်သူလူထုကြီးသည် ဦးနုအစိုးရအဖွဲ့ကို ဝိုင်းဝန်း ထောက်ခံ အားပေးမှု မပြုနိုင်ခဲ့ကြ ပေ။ ဤသည်မှာလည်း ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်နေကြသော နိုင်ငံရေး ခေါင်းဆောင်ပိုင်းသည် နိုင်ငံတော်၏ အခြေအနေနှင့် အချိန်အခါကို လေ့လာသုံးသပ်နိုင်မှု အင်အား နည်းလျက်ရှိကြသဖြင့် ထိုသို့ ဦးနုကို ဝန်းဝိုင်းထောက်ခံအားပေးမှု မပြုခဲ့ခြင်းဖြစ်သည်။

 

(၄)

၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ငါတို့စာပေက ထုတ်ဝေသော ''တာတေစနေသား'' (ရေးသူဦးနု) စာအုပ်ဖြန့်ချိပွဲတွင် တက်ရောက်လာသော သတင်းစာဆရာ၊ စာရေးဆရာ မောင်ဝံသက ဤသို့ ဧည့်ပရိသတ်ကို ပြောကြားခဲ့သည်။

''၁၉၈၈ ခုနှစ်တုန်းက ဦးနုက ဦးနေဝင်းထံက နိုင်ငံတော်အာဏာကို ပြန်ယူလိုက်ပြီလို့ ကြေညာခဲ့စဉ်က ဦးနုရဲ့ နိုင်ငံရေးတွေးခေါ်မှုမြင့်မားတာကို ကျွန်တော်တို့ လိုက်လို့မမီနိုင် ခဲ့ကြပါဘူး။ ဒီအချိန်က ကျွန်တော်တို့ ဒီမိုကရေစီလိုလားသူတွေ ပြည်သူလူထုက ဦးနုကို ဝိုင်းဝန်းထောက်ခံလိုက်ရင် ကျွန်တော်တို့ အဲဒီအချိန် ကတည်းကပဲ အောင်ပွဲခံနေမှာပါ''ဟု ပြောခဲ့သည်။

၈၈ မျိုးဆက် ငြိမ်းပွင့်  ခေါင်းဆောင် ကိုမင်းကိုနိုင်က လန်ဒန်မြို့ BBC အသံလွှင့်ဌာနနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ဤသို့ဖြေကြားခဲ့သည်။

''၁၉၈၈ ခုနှစ်တုန်းက ဦးနုဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့သစ်ကို ကျွန်တော်တို့ ဝိုင်းဝန်း ထောက်ခံမှုမပေး နိုင်ခဲ့တာဟာ အမှားကြီးမှားခဲ့တယ်။ အဲဒီတုန်းကသာ ကျွန်တော်တို့ ပြည်သူလူထုက ဦးနုကို ဝိုင်းဝန်းထောက်ခံခဲ့ရင် ဒီမိုကရေစီတိုက်ပွဲ အဲဒီတုန်းကပဲ ပွဲသိမ်းခဲ့မှာပါ''

သို့သော် အချိန်ကာလတို့ကားလွန်ခဲ့ပြီ။ ကျွံခဲ့ပြီ။ နှောင်းခဲ့ပါပြီတကား။

 

တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.