21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၁၆

ဝင်းတင်သည် ဂေါ်ကီလမ်း မကြီးကို ချစ်သည်။
    မော်စကို၏ လမ်းမကြီးများပေါ် တွင် မပျော်သော လူများကို တွေ့ရ လိမ့်မည်ဟု သူထင်ထားခဲ့၏။ မှား သည်။
    ''ဒရူးရှဘား
    ဒရူး ရှဘား''
    လူငယ်များ၏ အော်သံ။ နှုတ် ဆက်သံ။ သူကြားရသည်။ အမြဲ။
    လက်သီးကို ဆုတ်ပြ၏။ နှုတ် ဆက်ခြင်း။
    ''ဒရူးရှားဘား''ဟု ပြုံးရွှင်စွာ နှုတ်ဆက်သွားကြ၏။ လက်သီးကို ဆုတ်ပြသွားကြ၏။ သိလည်း မသိပဲ နှင့်။
    ''ဒရူးရှဘားဆိုတာ ဘာလဲဗျ''
    ဝင်းတင်သည် စကားပြန်ကို မေး ကြည့်၏။
    ''ချစ်ကြည်ရေး အထိမ်းအမှတ် မိတ်ဆွေဖြစ်ရေး အထိမ်းအမှတ်ပြော ရင်း လက်သီးဆုပ်ပြသွားကြတာပါ''
    စကားပြန်က ပြန်ပြော၏။
    ဂေါ်ကီလမ်းမကြီးသည် လန်ဒန် မြို့က ပစ်ကယ်ဒလီဆပ်ကပ် မဟုတ် ပါ။ ပဲရစ်မြို့က ရှမ်ဆေလီဆေး မဟုတ်ပါ။ တိုကျိုမြိုကက ဂင်ဇာ မဟုတ်ပါ။ မနီလာမြို့က ဒူဝီဘူလီဗာ မဟုတ်ပါ။
    ဂေါ်ကီလမ်းမကြီး ဖြစ်ပါသည်။
ံင-ှစနနိ နှင့် မသွားကြပါ။
    အေးအေးလူလူ သွားလာနေကြ သည်။
    ပျော်ပျော်ရွှင်ရွှင်သွားလာနေ ကြ၏။
    မော်စကို၏ နေ့ရက်များ။
    ဂေါ်ကီလမ်းမပေါ်က ပျော်ရွှင် ကျေနပ်သော လူများ။
 နောက်တစ်နေ့ပြီး နောက်တစ် နေ့။ ကရင်မလင်၊ ရင်ပြင်နီ၊ နာရီစက်ရုံ၊ အစိုးရဆိုင်ခန်းကြီး၊ စီးပွားရေး ပြပွဲကြီး၊ လီနင်စာကြည့်တိုက်။ လူများသည် သောကမရှိဘဲ အေး အေးလူလူ သွားလာနေကြ၏။
    ဘဲလေးအကကို ဇာတ်ရုံထဲမှာ ဝင်ပြီး ကြည့်ဦးမလား။ အေးအေး လူလူ။
မက်ထရို မြေအောက် မီးရထား ဘူတာရုံ။ လူပေါင်းများစွာသည် မီးရထားစီးကြသည်။ ဘူတာရုံမှာ အသွင်အပြင်မျိုးစုံနှင့် ဆိုဗီယက်ပြည် သူများ။
 ဝင်းတင်သည် ဘူတာရုံများသို့ ဝင်ကြည့်၏။ ရထားစောင့်ကြသူများ။
ထိုင်ခုံတန်းပေါ်တွင် ကက်ဦး ထုပ်လည်စီးမပါသော ရှပ်အင်္ကျီ အနက်၊ ကုတ်အင်္ကျီ အကြမ်းစားကို ဝတ်ထားသော အလုပ်သမားပုံစံ လူ သုံးဦးကို တွေ့ရ၏။ အမြိုင့်သား ထိုင်ချ လျက် ကျယ်လောင်ကျယ်လောင် ပြောဆိုနေကြသည်။
    လယ်သိမ်းချိန် တောမှတက်လာ သော မိသားစုကိုလည်း ထိုင်ခုံတန်း ပေါ်တွင် တွေ့ရ၏။
    နောက်တစ်နေ့တွင် ကရင် မလင် နန်းတော်၊ ရင်ပြင်နီ၊ စိန့်ဘာ ဆီ ဘုရားရှိခိုးကျောင်းသည် ရင်ပြင် နီကို လွှမ်းထား၏။
    လီနင်ဂူသည် ကျောက်အနီ၊ ကျောက်အနက်များ ဖြင့် ခမ်းနားစွာ ဆောက်ထား၏။
 ခေါင်းဆောင်ကြီး လီနင်၏ အ လောင်းကို သုံးစက္ကန့် အလေးပြုရန် လူပေါင်းများစွာသည် မိုးရေထဲတွင်၊ နှင်းများထဲတွင် သုံးနာရီကျော်ကြာ အောင် စောင့်ဆိုင်းနေကြရ၏။ လူတို့ သည် နေရာတိုင်းမှာ သည်းခံကြ သည်။ စောင့်ဆိုင်းကြ၏။
    မြို့ပြတိုင်း၏ မြေ ၄ဝ ရာခိုင် နှုန်းကို ပန်းခြံ၊ သစ်တော၊ ရေကန်၊ ပြပွဲများအတွက် နေရာချန်လှပ်ထား ၏။
ဝင်းတင်သည် လမ်းများကိုသာ လေ့လာခဲ့သည်မဟုတ်ပါ။ လူတို့၏ ဘဝနေဟန်နှင့် လူတို့၏ ပျော်ရွှင် လန်းဆန်းမှုများကိုလည်း လေ့လာ ၏။
အမျိုးသမီးများသည် အလုပ် လုပ်ကြ၏။ ကုန်ထုတ်လုပ်မှုသည် ကြီးမား၏။ မိခင်များ အလုပ်လုပ်ချိန်တွင် အိမ်ရှိ ကလေးများကို နာဆရီ နှင့် တင်ဒါဂါတင်တွင် စိတ်ချလက်ချ အပ်နှံခဲ့ကြ၏။
    ''ခင်ဗျားတို့ဆီမှာ ပြည့်တန်ဆာ တွေရှိသလား''
    ''ပြည့်တန်ဆာရယ်လို့ မရှိပါ ဘူး။ ခပ်ပေါ့ပေါ့ နေထိုင်ပြုမူတတ်တဲ့ မိန်းမအချို့တော့လည်း ရှိမှာပေါ့''
    ပြည့်တန်ဆာ မရှိသောမြို့။
    ''ခင်ဗျားတို့ဆီမှာ အရူးတွေရော မရှိဘူးလား။ နောက်စိတ္တဇဆေးရုံ ရှိသလား''
    ''လူတွေက သောကမရှိတော့ အရူးလည်း မရှိဘူးဗျာ။ အရူးမရှိ တော့လည်း အရူးကုဆေးရုံ မလိုပါ ဘူးဗျာ''
    စကားပြန်က ပြော၏။
    ဝင်းတင်သည် လီနင်ဂရက်မြို့ သို့ ရောက်ပြန်၏။
    ဝင်းတင်သည် လီနင်ဂရက်မြို့ ထဲတွင် စကားပြန်မပါပဲ လေးနာရီ ကြာအောင် လမ်းလျှောက်နေမိ၏။
    လီနင်ဂရက်သည် ဒုတိယကမ္ဘာ စစ်အတွင်းက ရက်ပေါင်း ၉ဝဝ ကျော်အောင် နာဇီတပ်များ၏ ဝိုင်း ထားမှုကို ခံခဲ့ရဖူး၏။
    ယခုတော့ လူတို့သည် လီနင် ဂရက်မြို့မှာ စစ်အိပ်မက်ဆိုးကို ဖျောက်ဖျက်ရန် ကြိုးစားနေကြ၏။
''လီနင်ဂရက်မှာ မျက်ရည်ဟာ နှင်းခဲသလို ခဲ့ဖူးပါတယ်။ အခုတော့ လီနင်ဂရက်မြို့ ရာဇဝင်ရဲ့ အမှတ် အသား မြို့တစ်မြို့ပါ။ အနုပညာမြို့ တစ်မြို့ဖြစ်တယ်။ စက်မှုမြို့လည်း ဖြစ်တယ်''
    လီနင်ဂရက်မြို့သားတစ်ဦးက ဝင်းတင်ကို ပြောပြ၏။
    ''လီနင်ဂရက်ကမှ တကယ့် ရာဇဝင်မြို့တော် အစစ်ပါဗျာ။ မော် စကိုဆိုတာ ရွာတစ်ရွာအဆင့်ပါ''
    သူမြို့အတွက် သူဂုဏ်ယူ၏။
''လီနင်ဂရက်ဟာ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းထယ်။ ပြာပုံ ဖြစ်ခဲ့ရတဲ့မြို့ကို ၁၇ နှစ်အတွင်း ပြန်လည်တည်ဆောက်နိုင်တယ်။ ဒါက မြို့သားတို့ရဲ့ ဇွဲသတ္တိကြောင့် ဖြစ်ပါတယ်။ ကျုပ်တို့မြို့ဟာ အဝတ် အစားကိုလည်း မြို့ဆန်ဆန် ဝတ် ဆင်ကြတာဗျ။ ဒီမှာ ဘဲလေးပြဇာတ် ရုံတွေလည်း ရှိတယ်။ အနုပညာ ပြတိုက်ကြီးတွေလည်း ရှိတယ်။ ကျွန်ုပ် တို့က လီနင်ဂရက်ကို ချစ်တယ်''
    မြို့သား တစ်ဦး၏ အသံ။
ဝင်းတင်သည် ပြတိုက် ၄၇၊ တက္ကသိုလ် ၅၂၊ စာကြည့်တိုက် ၁၇ဝဝ ကျော်ရှိသော လီနင်ဂရက်မြို့ကို သဘောအကျကြီးကျနေမိသည်။
ဝင်းတင်သည် လီနင်ဂရက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေ မိ၏။


မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.