19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ရှစ်လေးလုံးဒီမိုကရေစီတော်လှန်ရေး ပြည်သူတို့အကျိုးအမြတ် ဘာရခဲ့သလဲ

(၁)

နိုင်ငံရေးသုတေသီ - ''၈-၈-၈၈ ရှစ် လေးလုံး ပြည်သူလူထု ဒီမိုကရေစီတော်လှန်ရေးကြီးမှာ ပြည်သူလူထု ဘာအကျိုးအမြတ်ရခဲ့သလဲ''

တက္ကသိုလ်စိန်တင် - နိုင်ငံရေး သုတေသီရယ်၊ ၈-၈-၈၈ ဒီမိုကရေစီ အရေးတော်ပုံ တော်လှန်ရေးကြီး ကြောင့် ဒီကနေ့ ခင်ဗျားတို့၊ ကျွန်တော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မဝရေစာ ခံစားခွင့်ရနေကြတာ ပေါ့ ဆရာ''

နိုင်ငံရေးသုတေသီ - ''ဟုတ်လား၊ ကိုစိန်တင်ရဲ့ ၊ ကျုပ်တို့သိတာက ၈-၈-၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ စစ်တပ်ကပစ်ခတ်လို့ ရဟန်းရှင်လူကျောင်းသား ပြည်သူတွေ ထောင်ချီသေဆုံး၊ ကျ ဆုံးပြီး ဗိုလ်ချုပ်စောမောင်နဲ့ သူ့တပည့် စစ်ဗိုလ်တွေ ဒုတိယအာဏာသိမ်းပွဲကြီးလုပ်ခဲ့တာပဲ မြင်တယ်''

တက္ကသိုလ်စိန်တင်-''နိုင်ငံရေးဖြစ်ရပ်ဆိုတာက အပေါ်ယံကြောကြည့်ခဲ့ရင် နိုင်ငံရေးသုတေသီ ပြောတာမှန်ပါတယ်ဗျ။ ဒါပေမယ့် ၈-၈-၈၈ ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးကြီးကို လေးလေးနက်နက် သုံးသပ် ဆင်ခြင်ဆန်းစစ်ခဲ့ရင် ဒီလိုမြင်ရမယ်ဗျ။

(၂)

 ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်တွင် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီး၊ မြို့ငယ် ကျေးရွာ ပါမကျန် ဒီမိုကရေစီရရှိရေး လူထုဆန္ဒပြပွဲကြီး ဖြစ်ပေါ်ခဲ့သည်။

ရှစ်လေးလုံး ဒီမိုကရေစီတော်လှန်ရေးကြီး မဖြစ်ပွားမီ ၁၃-၃-၁၉၈၈ နေ့က ရန်ကုန်စက်မှု တက္ကသိုလ်တွင် ကျောင်းသားနှင့် အရပ်သား ပဋိပက္ခဖြစ်စဉ် လုံထိန်းရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် လူစုခွဲခဲ့သောကြောင့် ကျောင်းသားကိုဖုန်းမော် သေနတ်ထိမှန်ကျဆုံးခဲ့သည်။

ကိုဖုန်းမော်ကျဆုံးပြီးနောက် ရဟန်းရှင်လူ၊ ပြည်သူကျောင်းသားတို့ ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုံး မြို့ နယ်များတွင် ဒီမိုကရေစီတောင်းဆို ဆန္ဒပြ စီတန်းလှည့်လည် ကြွေးကြော်ခဲ့ကြသည်။ မြန်မာတစ်ပြည်လုံးရှိ မြို့ နယ်၊ ခရိုင်၊ တိုင်းများ၊ မြို့ကြီးများ၌ လည်း ပြည်သူကျောင်းသားတို့ မြို့ တွင်း၌ စီတန်းလှည့်လည် ဆန္ဒပြပွဲ များ ဖြစ်ပေါ်ခဲ့သည်။   

၁၉၈၈ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အရေးပေါ်ညီလာခံ၌ ပါတီဥက္ကဋ္ဌ ဦးနေဝင်းဥက္ကဋ္ဌ ရာထူးမှလည်းကောင်း၊ မြန်မာ့နိုင်ငံရေးလောကမှလည်းကောင်း နုတ်ထွက်သွားခဲ့သည်။

(၃)

 ၈-၈-၈၈ နေ့တွင် ရန်ကုန်တစ် မြို့လုံးနှင့် နယ်ရှိမြို့ကြီးများ၌ ဒီမိုကရေစီတော်လှန်ရေး အရေးတော်ပုံဆန္ဒပြပွဲကြီး ဖြစ်ပေါ်ခဲ့ရာ ထိုနေ့ညပိုင်း၌ ရန်ကုန်မြို့တော်ခန်းမရှေ့၌ သိန်းချီသော ပြည်သူ၊ ကျောင်းသားထုကြီးကို စစ်တပ်က ပစ်ခတ်လူစုခွဲခဲ့သောကြောင့် သွေးပွက်ပွက်လျှံ၊ ပြည် သူများ အသက်စတေးခံခဲ့ရသည်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ရွှေတိဂုံအနောက်ဘက် မုခ် လူထုဆန္ဒပြပွဲကြီး၌ ပြည်သူသိန်းပေါင်းများစွာ တက်ရောက်ခဲ့ရာ ယနေ့မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ မြန်မာပြည်သူတို့၏ ဒီမိုကရေစီတောင်းဆို ဆန္ဒပြပွဲတော်လှန်ရေးကို ''ဒုတိယလွတ်လပ်ရေး တိုက်ပွဲ''ဟု မော်ကွန်းတင် ဟောပြောခဲ့သည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၉ ရက် နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဟောင်း ဦးနုက 'ဗိုလ်နေဝင်း၊ ၂-၃-၁၉၆၂ နေ့က ခင်ဗျားလုယူသွားတဲ့ နိုင်ငံတော်အာဏာကို ယနေ့ ကျုပ်ပြန်ယူပြီး အစိုးရဖွဲ့ပြီးပြီ''ဟု ကြေညာကာ နိုင်ငံတော်သမ္မတမန်းဝင်းမောင်၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝမ်ကိုဟော၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဝိဓူရသခင်ချစ်မောင်၊ စီးပွားရေးဝန်ကြီးသခင်သိန်းဖေ (ဝါးခယ်မ) အပါအဝင် အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ သည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်ဦးဆောင်၍ ဒုတိယအာဏာသိမ်းပွဲကျင်းပရာ ဆန့်ကျင်ဆန္ဒပြသူလူထု ရာပေါင်းများစွာ စစ် တပ်က ပစ်ခတ်သော ကျည်ဆန်ထိမှန်သေဆုံးခဲ့သည်။

(၄)

၁၉၉ဝ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့၊ ပါတီစုံ ဒီမိုကရေစီရွေး ကောက်ပွဲတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက မြန်မာတစ်ပြည်လုံးတွင် ၈၈ ရာခိုင် နှုန်းဖြင့် အောင်ပွဲခံခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီး စောမောင် ခေါင်းဆောင်သော နဝတ စစ်ခေါင်းဆောင်များက မူလကတိဖျက်ကာ အနိုင်ရနိုင်ငံရေး ပါတီ NLD ကို နိုင်ငံတော်အာဏာမလွှဲဘဲ အနိုင်ရပြည်သူ့ ကိုယ်စားလှယ်များကို အကျဉ်းထောင်တွင်း ဖမ်းဆီးပို့၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၂ဝ ရက်မှ ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့အထိ အနှစ် ၂ဝ အတွင်း ဖမ်းဆီးလိုက်၊ ပြန်လွှတ်လိုက်ဖြင့် နေအိမ်အကျယ် ချုပ်ချခဲ့သည်။

၂ဝ၁ဝ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင်  အနိုင်ရရှိခဲ့သော ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီသည် အစိုးရဖွဲ့ပြီး ငါးနှစ်အကြာ ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် လက်သန်းမင်တို့ ဒီမိုကရေစီ တော်လှန်ရေး ဆန္ဒပြပွဲဟု ခေါ်နိုင် သော ပါတီစုံ ဒီမိုကရေစီ ရွေးကောက် ပွဲ၌ ယနေ့နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် NLD ပါတီ အနိုင်ရ၍ ၂ဝ၁၆ ခုနှစ် ဒီမိုကရေစီအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။

(၅)

နိုင်ငံရေးသုတေသီ - ''ဒီကနေ့ ဒီမိုက ရေစီလိုလားတဲ့ ပြည်သူတွေ အောင်ပွဲ ခံခဲ့ပြီး ဆိုနိုင်မှာလား''

တက္ကသိုလ်စိန်တင် - နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဥရောပတိုက် ခရီးမှာပြောခဲ့သလိုပေါ့။ ဒီမိုကရေစီခရီး တစ်လှမ်းချင်းလှမ်းနေပြီ။ ဒါပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံအရ အာဏာရှင်နိမိတ်ပုံတော့ ရှိနေဆဲဆိုတော့ သေချာပါတယ်ဗျာ''

တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.