24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
သတင်းစာများသည် နိုင်ငံတော်လုပ်ကြံမှုကြီးသမိုင်းကို ပြောနေကြသည်

(၁)

နိုင်ငံရေးသုတေသီ - ၁၉-၇-၁၉၄၇ နေ့က ဖြစ်ပွားခဲ့တဲ့ နိုင်ငံတော်လုပ်ကြံမှုကြီး ယနေ့ချိန်ခါမှာ နှစ်ပေါင်း ၇ဝ တိတိပြည့်ခဲ့ပြီးဗျာ။ အဲဒီအချိန်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့ ငမိုက်သားတွေထဲက အားလုံး သေဒဏ် မကျခံရဘဲ လွတ် မြောက်သွားပြီး ထောင်ဒဏ် တစ် သက်တစ်ကျွန်း အနှစ် ၂ဝ ကျခံရသူ တွေ ရှိသေးတယ်ဆို ဟုတ်လား။

 

တက္ကသိုလ်စိန်တင် - ဟုတ်ပါတယ်ဗျာ၊ အဲဒီ နိုင်ငံတော် လုပ်ကြံမှုကြီးမှာ သေဒဏ်ကျခံရသူတွေ၊ သေဒဏ်  လွတ်မြောက်သွားသူတွေရဲ့ သတင်းကို အဲဒီအချိန်က ထုတ်ဝေခဲ့တဲ့ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။စိတ်ဝင်စားရင် ဖတ်ကြည့်ပါဗျာ။ အားမာန်သစ် စာပေက ဦးညိုမှိုင်း ထုတ်ဝေခဲ့တဲ့ 'လွတ်လပ်ရေးရပြီးချိန် မြန်မာနိုင်ငံ သတင်းစာမှတ်တမ်းများ' စာအုပ်မှာ ဒီလိုဖော်ပြထားပါတယ်''

(၂)

        သုခနှင့်မောင်နီ ကြိုးဒဏ်လွတ်သွားပြီ။ ဦးစောတို့ကို ယနေ့နံနက် စီရင်ပြီ

(သံတော်ဆင့်၊ ၈-၅-၄၈)

        မေလ ၈ ရက် လင်းအားကြီး အချိန်ကား ဦးစောနှင့်အပေါင်းအပါ တရားခံများအား ကြိုးဒဏ်ပေးမည့် အချိန်ပင်တည်း။

ထိုသို့ ကြိုးဒဏ်ပေးမည့် တရားခံများအနက်မှ သေမင်းခံတွင်းဝမှ နောက်ထပ် လွတ်မြောက်သွားကြသူများမှာ တရားခံမောင်နီနှင့် သုခတို့ပင်ဖြစ်တော့၏။ ၄င်းနှစ်ဦးမှာ သတ် ဖြတ်ရာတွင်လည်း ကိုယ်ထိလက်ရောက်မပါ။ ခေါင်းဆောင်သူများလည်းမဟုတ်၊ နောက်လိုက်ငယ်သား များသာဖြစ်သောကြောင့် သမ္မတကြီး ဆန္ဒအရ မေလ ၆ ရက်က နိုင်ငံ တော် ဇီဝိတဒါနအဖြစ်ဖြင့် သေဒဏ်မှ ချမ်းသာပေးကာ တစ်သက်တစ်ကျွန်း ထောင်ဒဏ်သို့ လွှဲပြောင်းလိုက် ပြီဖြစ်ကြောင်း။

 

ယနေ့နံနက်

        သို့အတွက် ယနေ့နံနက် ကြိုးပေးမည့် တရားခံများမှာ ရန်ကုန် ထောင်တွင် ရန်ကြီးအောင်နှင့် စိန်ကြီး၊ အင်းစိန်ထောင်တွင် ဦးစော၊ သက်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့ဖြစ်၏။ ၄င်းတို့အား နှစ်ယောက်တစ်တွဲစီ တစ်နာရီခြား ကြိုးပေးမည်ဖြစ်၏။

 

ဦးစောတို့ကို ဤသို့ ကြိုးဒဏ်ပေးပြီ။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်မှုဖြင့် အပြစ်ထင် ရှားသောကြောင့် ကြိုးမိန့်ကျခံရသော နိုင်ငံတော် လုပ်ကြံမှုကြီး၏ တရားခံ များဖြစ်သည့် (၁) ဦးစော (၂) မောင်စိုး (၃) သက်နှင်း (၄) မှုံကြီး (၅) စိန်ကြီး (ခေါ်) မောင်စိန်နှင့် (၆) ရန်ကြီး အောင်တို့အား မူလသတ်မှတ်ထား သော မေလ (၈) ရက် နံနက်တွင် အင်းစိန်ထောင်ကြီးနှင့် ရန်ကုန် ထောင်ကြီး၌ အသီးသီးကြိုးစင်တင်၍ စီရင်လိုက်ပြီဖြစ်ကြောင်း။

လုပ်ကြံမှုကြီး၏ တစ်တရားခံ ဦးစောနှင့် မောင်စိုး၊ သက်နှင်း၊ မှုံကြီးတို့အား အင်းစိန် ထောင်ကြီးအတွင်း၌စီရင်၍ စိန်ကြီး (ခေါ်) မောင်စိန်နှင့် ရန်ကြီးအောင်တို့အား ရန်ကုန် ထောင်အတွင်း၌ စီရင်ကြောင်း။

 

ဦးစောတို့ မေလ ၈ ရက် စီရင်မည်

အထူးခုံရုံးအဖွဲ့မှ ဆိုင်ရာသို့ သေဒဏ်ဝရမ်းများ ထုတ်ပေးလိုက်ပြီ။

ဦးစောဇနီး ဒေါ်သန်းခင်က ဦးစောအလောင်းကို အေဒီလမ်းအိမ်သို့ ယူဆောင်ခွင့်ပြုရန် တောင်းဆိုထားခြင်း။

(သံတော်ဆင့်၊ ၂၉-၄-၄၈)

 နိုင်ငံတော် လုပ်ကြံမှုကြီးနှင့်ပတ်သက်၍ ဦးစောနှင့် အပေါင်းအပါ တရားခံရှစ်ဦးတို့အား မေလ ၈ ရက်တွင် ကွပ်မျက်ရန် အထူးခုံရုံးအဖွဲ့မှ ဆိုင်ရာသို့ ၂၈-၄-၄၈ ရက်က သေဒဏ်ဝရမ်းများ ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း။

ဦးစောနှင့်မောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင်၊ မှုံကြီးတို့က တရားလွှတ်တော် (ဟိုက်ကုတ်) မှ သေဒဏ် အတည်ပြုချက်ကို တရားလွှတ်တော်ချုပ်(စူပရင်းကုတ်)သို့ အယူခံ ထပ်မံဝင်ရောက်ခွင့် တောင်းသည်ကို ယမန်နေ့က ပယ်ချလိုက်ကြောင်း။

 

ခင်မောင်ရင်တို့ လူသိုက်

တခြားတရားခံများဖြစ်သော ခင်မောင်ရင်၊ သုခ၊ မောင်နီ၊ စိန်ကြီးတို့ကမူ တရားလွှတ်တော်ချုပ်သို့ အယူခံခဲ့ခြင်းမရှိဘဲ နိုင်ငံတော်သမ္မတကြီးထံသို့ အသနားခံစာ တင် သွင်းထားဆဲရှိသေးကြောင်း။

ဦးစောနှင့် အပေါင်းပါတို့အား စီရင်သည့်အခါတွင် နိုင်ငံခြားသတင်းထောက်များ လာရောက် သတင်းယူကြလိမ့်မည်ဟု သိရကြောင်း။

 

အင်းစိန်ထောင်မှ လုပ်ကြံမှု

တရားခံများ လွတ်ပြေးပြီ

ဖော်ကောင် ဘညွှန့်၊ မောင်နီနှင့်

ဗီဗီယမ်း

၁၉၄၉၊ ဖေဖော်ဝါရီလ ၂ ရက်တွင် အင်းစိန်မြို့ကြီးအား  ကေအင်ဒီအိုများလက်သို့ ခေတ္တပေးအပ်ခဲ့ရပြီးနောက် ဗိုလ်ဂါမဏိကြီးမှူးသော ရဲဘော်ဖြူများနှင့် အစိုးရတပ်များသည် ချက်ချင်းပင် အပြင်းအထန် ပြန်လှန်တိုက်ခိုက်ရန် မြို့တွင်းသို့ ချီ တက်သွားကြကြောင်း။ အင်းစိန်မြို့ တွင်းရှိ ရန်သူပြောက်ကျားများသည် မြို့တွင်းတွင် မီးလောင်ကျွမ်းခြင်းမရှိဘဲ ကြွင်းကျန်နေသော အိမ်များကို ညစ်ပတ်ယုတ်မာစွာ ထပ်မံ၍မီးရှို့ပြီး မြို့တွင်းမှဆုတ်ခွာ၍ အပြန်အလှန် ခုခံရင်း ဆုတ်ခွာပြေးကြကြောင်း။

 

ထောင်ကြီးအတွင်းမှပစ္စည်း

အင်းစိန်ထောင်ကြီးအတွင်းတွင် စခန်းချလျက်ရှိသော ရန်သူများသည်လည်း အဆိုပါ ရဲဘော်ဖြူများနှင့် အစိုးရတပ်များတက်လာစဉ် ထောင်တွင်းရှိပစ္စည်းများကိုယူပြီး ထောင်ကြီးအတွင်းရှိ အဆောက်အ အုံများအား မီးရှို့ကြကာ ထောင်ဘူးဝတံခါးကြီးကိုဖွင့်ပြီး ထွက်ပြေးကြကြောင်း။

 

ဘညွှန့်၊ မောင်နီနှင့် ဗီဗီယမ်း

ထိုသို့ ကရင်သူပုန်များ ထွက်ပြေးရာတွင် နိုင်ငံတော်လုပ်ကြံမှု တရားခံများဖြစ်ကြသော ကပ္ပတိန်ဗီဗီယန်း၊ ဖော်ကောင်ဘညွှန့်နှင့် မောင်နီတို့သည် ရန်သူများနှင့် တစ်ပါတည်း ထွက်ပြေးကြသည်ဆိုကြောင်း။

 

အကျဉ်းသားများ

ထိုကဲ့သို့ ထောင်တံခါးကြီးကိုဖွင့်၍ ကေအင်ဒီအိုများအပြေးတွင် ထောင်တွင်းရှိ အကျဉ်းသားများသည်  ထောင်တွင်းမှထွက်၍ ပြေးကြတော့ကြောင်း။ ထို့နောက် ထောင်တွင်းမှ ထွက်ပြေးလာသော အကျဉ်းသားများအနက် ပုဒ်မ ၅ နှင့် ဖမ်းဆီးခြင်းခံခဲ့သော ရဲဘော်ဖြူအကျဉ်းသားများ သည် အင်းစိန်တစ်ဘက်ကမ်းက စင်ရွာဘက်သို့ ပြေးသွားကြပြီး ဗိုလ် ဂါမဏိဦးစီးသော ရဲဘော်ဖြူများနှင့် ပူးပေါင်းကာ ရန်သူတို့အား တိုက်ခိုက် ကြကြောင်း။

 

အဝတ်များ ဆည်းပေးရခြင်း

အဆိုပါ ထောင်တွင်းမှ ထွက်ပြေးလာသော ရဲဘော်ဖြူများနှင့် ထောင်ပုံစံခေါ် နံငယ်ပိုင်းများနှင့် အဝတ်အစား အစုတ်အပြတ်များသာပါသဖြင့် ဗမာနိုင်ငံလူငယ်များ အစည်းအရုံးမှ ထိုအဝတ်မဲ့ ရဲဘော်ဖြူများအား အထည်အဝတ် ဝေငှပေးနေကြောင်း။ ထိုသို့ ဗ.လ.စ မှ အ ဝတ်ဝေနေသော်လည်း အချို့ ရဲဘော် များသာ အဝတ်များကိုယူ၍ ဝတ်ဆင်ကြကြောင်း။ အချို့မှာ ၄င်းတို့ ကိုယ်တွင်ပါလာသော ထိုထောင်ပုံစံခေါ် နံငယ်ပိုင်းများနှင့်သာဝတ်၍ အချိန်မီအားသွန် ကြိုးပမ်းတိုက်ခိုက်ကြကြောင်း။

 

ရဲဘော်ဖြူများ၏ ကြေညာချက်

 ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းမှစ၍ အင်းစိန်ခရိုင်၊ ပြည်သူ့ရဲဘော်အဖွဲ့ (အဖြူ) ပြည်သူ့လွတ် မြောက်ရေးနယ်မြေစခန်းမှ ကရင်ဗမာလူထု သတိဟူသော ခေါင်းစဉ် နှင့် ရိုက်နှိပ်ထားသည့် ကြေညာချက်များကို အင်းစိန်တစ်ဖက်ကမ်းရှိ ကစင်ရွာ၊ သာယာကုန်းရွာ၊ ရှမ်းချောင်း၊ ရွှေ လင်ပန်းစသောရွာများသို့ လိုက်လံ၍ဝေငှကြရာ လူထုမှာ သူ့ထက်ငါ အဆိုပါကြေညာချက်များကို လုယူ ဖတ်ရှုကြပြီး ရဲဘော်များအား အထူးချီးကျူးကြကြောင်း။

အဆိုပါ ကြေညာချက်ဝေငှသော ရဲဘော်ဖြူများသည် ကမာရွတ်၊ ကြည့်မြင်တိုင်နှင့် ရန်ကုန်မြို့များသို့ပါ လိုက်လံ၍ ဝေငှကြသည်ဟု သိရှိရကြောင်း။

 

ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်

အချို့ရဲမေများနှင့် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်ကြီးမှူးသော သူနာပြုအဖွဲ့ဝင် အမျိုးသမီး အချို့တို့သည်လည်း ၄င်းတို့ ကျွမ်းကျင်သည့်ဘက်မှကူညီရန် တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်ဆီသို့ အမြန်သွားကြလိမ့် မည်ဖြစ်ကြောင်း။


ဒုက္ခသည်များအား

 ဖေဖော်ဝါရီလ ၂ ရက်က အင်းစိန်ကျရာတွင် အင်းစိန်တစ်ဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်နေကြသော ဒုက္ခသည်များသည် ထိုအင်းစိန်တစ်ဖက်ကမ်းတွင် နေထိုင်စားသောက်ရန် ကြပ်တည်းလှသဖြင့် ဗ.လ.စ ကယ်ဆယ်ရေးအဖွဲ့မှ ဦးပြေသိန်း (သိုင်းဥက္ကဋ္ဌ) ကိုယ်တိုင် ချက်ချင်းအင်းစိန် သို့ မော်တော်သင်္ဘော နှစ်စင်းဖြင့် သွားရောက်၍ ကယ်ဆယ်ကြကြောင်း။

 

ဦးစောတို့ သေဒဏ် သမ္မတကြီး အတည်ပြုလိုက်ပြီ

ယိုးဒယားအမတ် ၇ ဦးက ဦးစော အသက်ကို ချမ်းသာပေးရန်

အစိုးရထံ မေတ္တာရပ်ခံခြင်း

(သံတော်ဆင့်၊ ၅-၅-၄၈)

 

ဘန်ကောက်၊ မေလ ၄ ရက်၊ မြန်မာပြည်နန်းရင်းဝန်ဟောင်းဖြစ်ခဲ့သူ ဦးစောအား နိုင်ငံတော် လုပ်ကြံ မှုနှင့် သေဒဏ်ချမှတ်ထားရာ ယိုးဒယားပါလီမန်အမတ် ၇ ဦးက ဦးစော၏ အသက်ကို ချမ်းသာပေးပါရန် မြန်မာနိုင်ငံတော်အစိုးရအား မေတ္တာရပ်ခံကြကြောင်း။

 

ဦးစောဇနီး တောင်းဆိုချက်

ဦးစောဇနီး ဒေါ်သန်းခင်ကမူ ၂၇-၄-၄၈ နေ့ရက်စွဲဖြင့် ၄င်း၏ အေဒီလမ်း၏နေအိမ်ကို ပြန်ပေး ရန်နှင့်  ၄င်း၏လင်ယောက်ျား အဆုံးစီရင်ပြီးသောအခါ အလောင်းကို ထိုအိမ်သို့ ယူဆောင်ကာ သင်္ဂြိုဟ်ခွင့်ပြုရန် ဆိုင်ရာသို့တောင်းဆိုထားကြောင်း။

 

ဦးစော မိုးညှင်းတရားနာခြင်း

 မေလ ၆ ရက်နေ့ ညနေအချိန်တွင် အင်းစိန်ထောင်အတွင်း၌ ဦးစောသည် မိုးညှင်းဆရာတော်ကြီးနှင့် တခြားသံဃာတော်သုံးပါးတို့၏ တရားကိုနာယူကြောင်း။ မိုးညှင်း ကိုယ်တော်ကြီးအား ဦးစောက ငွေ ၄၅ဝဝ ရေစက်ချလှူဒါန်းကြောင်း။

ဂဠုန်ဦးစော၏ အသက်ကို လှူပါရန်

ဆရာတော်များက မေတ္တာရပ်ခံခြင်း၊

အသက်ချမ်းသာမပေးနိုင်က ကြိုးဒဏ် အနည်းဆုံး သုံးလမျှ ဆိုင်းငံ့ထားပေးပါဆိုခြင်း။

(သံတော်ဆင့် ၆-၅-၄၈)

 

ကြိုးမိန့်ကျပြီးနောက် ထောင်အတွင်းမှ ၄င်း၏ဇနီးနှင့် သမီးအား နောက်ဆုံးမှာကြားခဲ့ သည့်အတိုင်း မေလ ၅ ရက် နံနက် ၇ နာရီအချိန်တွင် ရွှေတိဂုံဘုရားကြီး သွေးဆေးကန် တန်ဆောင်းအနီးရှိ စေတီယဏကာအသင်းတိုက်၌ သေဒဏ်ကိုအတည်ပြုခြင်းခံရသူ ဦးစောအတွက် ရည်မှန်း၍ ဇနီးဖြစ်သူ ဒေါ်သန်းခင်က ကျောင်းတိုက်ပေါင်း ၂ဝ မှ သံဃာတော်အပါး ၅ဝ တို့အား ဆွမ်းကျွေးအလှူဒါနပြုလိုက်ကြောင်း။

 

သေဒဏ်မှ ချမ်းသာခွင့်ရရန်

ထို့နောက် ကြွရောက်လာတော်မူကြသော သံဃာတော်များထဲမှ မင်္ဂလာသုခ ကျောင်းတိုက်ဆရာတော် ဦးကေသရနှင့် သံဃာတော်ဆရာတော်ကြီးများက ဂဠုန်ဦးစော၏ သေဒဏ်ကို ချမ်းသာခွင့်ပေးပါရန်၊ အကယ်၍ ချမ်းသာခွင့်မပေးနိုင်ပါက သုံးလမျှ ဆိုင်းငံ့ရန် အလှူခံကြကြောင်း။

 

ဖော်ကောင် ဘညွန့်

(သံတော်ဆင့် ၂၁-၅-၄၈)

 

သူ့ကို လက်နက်မှုတွင် ဖော်ကောင်အဖြစ်ထားပြီး လွှတ်မလားဟုမေးခြင်း

ရန်ကုန် ပြည်လမ်း ၁၇ မိုင်၊ လက်နက်တိုက်မှ ယမ်းတောင့်များ ခိုးထုတ်မှုနှင့်ပတ်သက်၍ တရားခံကပ္ပတိန် ဗီဗီယန်း၊ ဘညွန့်၊ ရန်ကြီး နိုင်၊ မောင်နီ၊ ထွန်းရှိန်၊ တင်ရွှေနှင့် ဘမောင်တို့ကို မေလ ၂ဝ နေ့က အင်းစိန်မြို့ အထူးတရားသူကြီး ဦးစိုး၏ရုံးတွင် စစ်ဆေးကြောင်း။

 

လွတ်ငြိမ်းခွင့်ပေးမလား

ယမ်းတောင့် ခိုးထုတ်မှုကြီးတွင်ပါဝင်သော လုပ်ကြံမှုကြီး၏ ဖော်ကောင်ဘညွန့်က အမှုကြီးကို စတင် မစစ်ဆေးမီ တရားသူကြီးရှေ့တွင် လုပ်ကြံမှုကြီးတွင်ပင် ဖော်ကောင်တစ်ယောက်အဖြစ်နှင့် အသိအမှတ်ပြု၍ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြောင်း။ ယခုအမှုတွင်လည်း ၄င်းအား ဖော်ကောင်တစ်ယောက်အဖြစ်နှင့်ပင် လွတ်ငြိမ်းချမ်းသာခွင့် ရထိုက်ကြောင်းအပြင် ယခုအမှုတွင် ၄င်း အား မည်သို့သဘောထားကြောင်းကိုမေးရာ အစိုးရရှေ့နေ ဦးချစ်က ယခင်အမှုများတွင် ဖော်ကောင်လုပ်နိုင်သော်လည်း ယခုအမှုတွင် မလုပ်နိုင်၍ တရားခံအဖြစ်နှင့်ပင် စစ်ဆေး သွားရမည်ဖြစ်ကြောင်း။ လွတ်ငြိမ်း ချမ်းသာခွင့်လိုလျှင် အစိုးရထံတွင် တိုက်ရိုက်လျှောက်ရန် ပြောပြ ကြောင်း။

 

သရက်မြို့အတွက်ဆိုပြီး ထုတ်သွားခြင်း

ပထမသက်သေ မစ္စတာဒေးဗစ် (ပုလိပ်ထောက်ပံ့ရေးဌာန စစ်ဆေး သူ)မှ ထွက်ဆိုသည်မှာ တောနယ် ပုလိပ်ဌာနများမှ လက်နက်များ ထုတ်ယူသောအခါ ထုတ်ယူပုံထုတ်ယူနည်းများ ထွက်ဆိုပြီး လွန်ခဲ့သော ဇူလိုင်လ ၁၆ ရက်က ယမ်းတိုက်ဌာန မှ ခဲယမ်းမီးကျောက်များ ထုတ်ယူပြီး သောပြေစာကို တွေ့ရကြောင်း။ ပြေစာတွင် ဇူလိုင်လ ၁၂ ရက် နေ့စွဲနှင့် သရက်မြို့မှ ရာဇဝတ်ဝန် ကိုယ်စားလှယ်ဆိုသူ ပုလိပ်အင်စပိတ်တော် ဘစိန်အမည်နှင့် နံပါတ် ၃ဝ၃ ယမ်း တောင့် ၁ သောင်း၊ ၉ မီလီမီတာ ယမ်းတောင့် ၂၅၆ဝဝ နှင့် လက်ပစ် ဗုံး ၂ဝ၄ လုံး ထုတ်ယူသွားသည်ကို တွေ့ရသဖြင့် သံသယဖြစ်သော ကြောင့် အထက်အရာရှိကို တိုင်လိုက်ကြောင်း။

 နောက်တစ်နေ့ အထက်အရာရှိ မစ္စတာကလူစမင်း၊ ကပ္ပတိန် ဗီဗီယန်း၊ မစ္စတာဂျပ်နှင့် ¤င်းပါ ယမ်းတိုက်သို့ သွား၍စုံစမ်းရာ လက်နက်များလိမ်ထုတ်သွားခြင်းကို သိရသည်။ ထိုနေ့ကပင် ရေနံချောင်းမြို့အတွက် လက်နက်ထုတ်ပေးရန် ပုံစံနှစ်ခုအနက်မှတစ်ခုမှာ ရုတ်တရက် ပျောက်သွားကြောင်းနှင့် ထွက်ဆိုသွားပြီးနောက် မစ္စတာကလူစမင်းနှင့် ယမ်းတိုက်အပေါက်ဝတွင် စောင့်သူ မာမက်ရှရစ်အား စစ်ဆေးရာ အင်စပိတ်တော် ဘစိန်နှင့် ၇ ယောက် မော်တော်ကား နှစ်စင်းနှင့် လာထုတ်လာပုံနှင့် ထိုသူများရောက်ပြီး မကြာမီ လူနှစ်ယောက်က ဂျစ်ကားနံပါတ် ၉၈၃၁ နှင့် လာသည်ကို ဂိတ်ပတ်(စ်)တွင် မောင်စောဟုရေးသွားကြောင်း စသည်တို့ကို ထွက်ဆိုသွားကြ ကြောင်း။ အမှုကို ဆက်လက် စစ်ဆေးဦးမည်ဖြစ်ကြောင်း။

 

တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.