19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
နှလုံးသားထဲက သော်တာဆွေ - ၂

(၁)

''ဟေ့-စိန်တင်၊ လာတစ်ခွက် ချသွား''

၁၉၈ဝ ပြည့်နှစ်၊ စာပေလုပ်သား ညီလာခံကြီးကို ပထမအကြိမ် ကျင်းပစဉ်က ဖြစ်သည်။ ထိုစဉ်အခါက စာ ရေးဆရာကြီး သော်တာဆွေမှာ လှိုင် မြို့နယ်၊ စာပေလုပ်သားအဖွဲ့ ညီ လာခံကိုယ်စားလှယ်အဖြစ် စာပေ လုပ်သားညီလာခံသို့ တက်ရောက်ရ ၏။ ဤစာရေးသူ တက္ကသိုလ်စိန်တင် ကလည်း အင်းစိန်မြို့နယ်၊ စာပေ လုပ်သားအဖွဲ့ညီလာခံ ကိုယ်စားလှယ် အဖြစ် တက်ရောက် ခဲ့သည်။ ထိုစဉ် အခါက စာပေလုပ်သားအဖွဲ့ ညီလာ ခံကိုယ်စားလှယ်များကို ရန်ကုန်မြို့ ကမ္ဘာအေးစေတီဝင်းအတွင်းရှိ ၁၉၅၃ ခုနှစ်က ဆဋ္ဌသံဂါ ရတနာတင် ဓမ္မ စေတီကြီးတွင် သံဃာတော်များ တည်းခိုသည့် အဆောင်များတွင် နေရာချထားပေးသည်။

ထိုစဉ်က စာရေးဆရာအများစုမှာ လွတ်လွတ် လပ်လပ်တွေ့ကြ၊ ဆုံကြ၊ ပြောကြ၊ ဆုံကြ၊ သောက်ကြ၊ စားကြနှင့် ပျော်ပွဲကြီး ဆင်နေကြသည်။ စာရေးဆရာကြီးသော်တာဆွေသည် ကမ္ဘာအေး စေတီဝင်းအတွင်းရှိ တည်းခိုဆောင် အပေါ်၌ နေ့လယ်နေ့ ခင်း၊ အပျင်းပြေ ပလောင်ထင်း၊ ပုလင်းထောင်နေ၏။ သူ့အနီးတွင် တပည့်တပန်း စာရေးဆရာများမှာ လည်း အရက်ဖန်  ခွက်ကလေးများ ကိုယ်စီဖြင့် ကြည်ကြည်လင်လင်၊ ပျော် ပျော်ရွှင်ရွှင်၊ တဝါးဝါးဝိုင်းဖွဲ့နေ ကြသည်။

ထိုစဉ်ခဏဝယ် စာရေးသူ တက္ကသိုလ်စိန်တင်သည် စာရေးဆရာ ကြီးသော်တာဆွေ ခေါင်းဆောင်နေ သော အရက်ဝိုင်းအနီးမှ အမှတ်တမဲ့ ဖြတ်သွားမိ၏။ ဆရာသော်တာဆွေ က အရက်ဖန်ခွက်ကို မော့နေရင်း တက္ကသိုလ်စိန်တင်ကို လှမ်းမြင်သွား သည်။ ထိုအခါတွင် ဤဆောင်းပါး အစတွင် ဖော်ပြခဲ့သည့်အတိုင်း ဆရာ သော်တာဆွေက တက္ကသိုလ်စိန်တင် ကို ''ဟေ့-စိန်တင်၊ လာ တစ်ခွက်ချ သွား''ဟု ပြောလိုက်သည်။

တက္ကသိုလ်စိန်တင်မှာ စည်ကား လှသော အရက်ဝိုင်းကို ကြည့်ကာ ရုတ်တရက်ထိတ်လန့်သွား၏။ ထို့ နောက် ဆရာသော်တာဆွေ ကို ကြည့် ၍ မျက်နှာစပ်ဖြဲဖြဲလုပ်ကာ ဤသို့ ပြန်ပြောလိုက်မိသည်။

''ဟာ-ဆရာ၊ ကျွန်တော်သူတော် ကောင်းခင်ဗျ၊ ဘယ်တော့မှ အရက် မသောက်ဘူး''

ထိုအခါတွင် ဆရာသော်တာ ဆွေမှာ သူ့ကို ဤသို့ စော်စော်ကား ကား၊ ခွတိုက်ပြီး ပြန်ဖြေရမလားဟု ဒေါသအကြီးအကျယ်ထွက် ကာ နေရာမှ ရုတ်တရက် ထရပ်လိုက်၏။ ထို့နောက် ''မင်းတို့လို သူတော် ကောင်းဆိုတဲ့ အကောင်တွေကို သူ ယုတ်မာဖြစ်အောင် လုပ်ခဲ့တာများပြီကွ စိန်တင်ရ၊ မင်းကကော ဘာ ကောင်မို့လို့လဲ'' ဟု ပြောပြောဆိုဆို တက္ကသိုလ်စိန်တင်နောက်သို့ ပြေး လိုက်လာလေသည်။ တက္ကသိုလ်စိန်တင်မှာ ရုတ်တရက် ဘာလုပ်လိုက်မှန်းမသိလိုက်ဘဲ လှေကားတစ်ခုအ ရောက်တွင် အောက်သို့ တရကြမ်း ထွက်ပြေး၊ ရှောင်ကွင်းလာခဲ့ရသည်။ ဆရာသော်တာဆွေမှာ လှေကားထိပ် တွင် ရပ်လျက်ကျန်ရစ်ပြီး ''နေနှင့် အုံးကွ စိန်တင်၊ တစ်နေ့ကျရင် မင်းငါ နဲ့တွေ့မယ်။ ထမင်းဝဝစားထား''ဟု အော်ဟစ်ကြိမ်းမောင်းနေပြန်တော့ ၏။

(၂)

ထိုစဉ်က စာပေလုပ်သား ညီလာခံကျင်းပရာတွင် တက္ကသိုလ်စိန် တင်တို့ တည်းခိုသော အဆောင်နှင့် ဆရာသော်တာဆွေတို့၊ ဆရာမင်းရှင် တို့၊ ဒေါက်တာတင်ဦး (ကလေးဆေးရုံ ကြီး) တို့ တည်းခိုသော အဆောင်မှာ တစ်ဆောင်တည်းဖြစ်ခဲ့၏။ ညအချိန် ၌ ဆရာသော်တာဆွေနှင့် ဆရာမင်းရှင် (လမ်းပေါ်မှာ ဝတ္ထုတိုများနှင့် စာပေဗိမာန်ဆုကြီး ရရှိခဲ့သူ)တို့သည် ရေချိန်ကိုက်အောင် သောက်ကြ၊ စား ကြပြီးနောက် ဆရာသော်တာဆွေက ''ငါ့ညီလေး၊ မင်းရှင်ကို အိပ်ရာ အ ရောက်လိုက်ပို့မယ်''ဟု ပြောကာ ဆရာ မင်းရှင်၏ အိပ်ရာခုတင်ကို လိုက်ပို့ပေးသည်။ ဆရာမင်းရှင်၏ ခုတင်ကို ရောက်သောအခါ ဆရာ မင်းရှင်က ''ညီလေးကလည်း အစ်ကို ကြီးဆွေကို စိတ်မချဘူးဗျ၊ အိပ်ရာ ခုတင်ရောက်အောင်လိုက်ပို့ပေးမယ်''ဟု ဆိုကာ ဆရာသော်တာဆွေ၏ အိပ် ရာ ခုတင်သို့ လိုက်ပို့ပေး၏။ ဤသို့ဖြင့် ဆရာသော်တာဆွေနှင့် ဆရာမင်း ရှင်တို့သည် တစ်ယောက်၏ အိပ်ရာခု တင်သို့ တစ်ယောက်က လိုက်ပို့ရင်း လေးငါးကြိမ်ခန့် အပြန်ပြန်အလှန် လှန်ပြန်ပို့နေကြသောကြောင့် သူတို့ ဖြစ်အင်ကိုမြင်ကြရသော စာပေလုပ် သား ကိုယ်စားလှယ် အဖွဲ့အများစုမှာ တဝါးဝါး၊ တဟားဟား ရယ်မောနေ ကြလေ၏။

တစ်ကြိမ်တွင် ကလေးဆေးရုံ အုပ်ကြီး၊ ဆရာဝန်ကြီးလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သူ ဒေါက်တာ တင်ဦး (ကလေးဆေးရုံကြီး) ၏ အိပ် ရာခုတင်အနီးသို့ ကပ်ကာ ဆရာ သော်တာဆွေက ''ကလေးဆရာဝန် ကြီး၊ အိပ်ပြီလားဗျ''ဟု မေးကာ ခြင် ထောင်ကို လှန်ကြည့်၏။ ထိုအခါ တွင် ဆရာဝန်ပီပီ ကျန်းမာရေးဂရု စိုက်တာ အိပ်ရာစောစောဝင်သည့် ဒေါက်တာတင်ဦးမှာ နိုင်ငံကျော် စာ ရေးဆရာကြီးများ၏ အရှိန်အဝါကို လန့်ပြီး အိပ်ရာခုတင်ခြင်ထောင်အ ပြင်သို့ ထွက်လာပြီး ''မအိပ်သေးပါ ဘူး ခင်ဗျ၊ ဘုရား ရှိခိုးနေတာပါ ခင်ဗျ''ဟု ပြန်ပြောနေသည်ကို တွေ့ရ လေသည်။

(၃)

၁၉၈ဝ ပြည့်နှစ် လွန်သောအခါ စာရေးသားမှုတစ်ခုတည်းကိုအားပြု နေရသည့် ဆရာသော်တာဆွေမှာ မိမိရရှိသည့် စာမူခငွေများဖြင့် ဘဝ ရပ်တည်ရန် မဖြစ်နိုင်တော့သော ကြောင့် ရန်ကုန်မြို့၊ ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း) တွင် အစိုးရ ရုံးကြီးတစ်ရုံးရှေ့၌ ဇနီးဖြစ်သူ မေနှင့် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ရောင်း၍ အသက်မွေးဝမ်းကျောင်းပြု နေရသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင် ခဲ့ရသည်။

ထို့အပြင်လည်း ဆရာသော်တာ ဆွေသည် လှိုင်မြို့နယ်၊ ဓမ္မာရုံလမ်းရှိ အိမ်၌ အေးချမ်းစွာနေထိုင်ခဲ့ရာ အိမ်ရှင်လည်းဖြစ်သူ၊ ညီဖြစ်သူ စစ်ဗိုလ်က အိမ်ကို ပြန်တောင်းသော ကြောင့် အင်းစိန်မြို့၊ ဘိုကုန်းရပ်တွင် အိမ်ကလေးတစ်လုံးဆောက်ကာ ခြိုးခြံစွာနေထိုင် ခဲ့ရရှာ၏။

၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ တောင်းဆိုမှု လူထုအရေးအခင်းကြီး ဖြစ်ပွားသောအခါ ဤစာရေးသူ တက္ကသိုလ်စိန်တင်နှင့် ဆရာသော် တာဆွေတို့သည် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရေကျော်ရပ်ကွက်ရှိ စာရေးဆရာ ရွှေတည်ရန် နောင် ဦးစီးသော သောင်းပြောင်း ထွေလာ မဂ္ဂဇင်းရုံးခန်း၌ အမှတ်မ ထင်တွေ့ဆုံမိကြ၏။ ထိုစဉ်အခါက ဆရာသော်တာဆွေမှာ ဒုတိယအိမ် ထောင်မေကွယ်လွန်ခဲ့ပြီဖြစ်ရကား အစိုးရဌာနကြီးတစ်ခုမှ ညွှန်ချုပ်ဖြစ် သူ၏ ဇနီးလည်းဖြစ်၊ ဆရာသော်တာ ဆွေ၏ သမီးလည်း ဖြစ်သူနှင့် အတူ နေခိုက်ဖြစ်သည်။

ဆရာသော်တာဆွေထံ၌ ဌာနဆိုင်ရာသုံး နောက်ဖွင့်ကားတစ်စီးပါလာပြီး သမီးဖြစ်သူ၏ စောင့်ရှောက်မှုကြောင့် ဆရာသော်တာဆွေ မှာ သပ်သပ်ရပ်ရပ်၊ တင့်တင့်တယ်တယ် နှင့် အဝတ်အစားသန့်သန့်ပြန်ပြန့် ဝတ်ဆင်ထားသည်ကို တွေ့ရသည်။

ထိုနေ့က ဆရာသော်တာဆွေက မေးမြန်းသဖြင့် တက္ကသိုလ်စိန်တင်က မိမိအားစစ်ထောက်လှမ်းရေးက  လာ ရောက်ဖမ်းဆီးသည့် အတွေ့အကြုံ ကို ပြည့်စုံစွာ ပြောပြမိ၏။

ထိုအခါ၌ ဆရာသော်တာဆွေက တပည့်စိန်တင်ကို ချီးမြှင့်စကား ပြောလိုက်သည်မှာ ''ဟေ့-စိန်တင်၊ ငါက စာရေးဆရာ အီကြာကွေး ဆိုတဲ့ အကောင် သောက်စကားများလှတယ်လို့ ထင်နေတာ၊ စိန်တင်က ယခုတော့ အီကြာကွေးထက်တောင် သောက်စကား များနေသေးသကွ''တဲ့။         

ထိုနေ့က ဆရာသော်တာဆွေ တွင် ပါလာသော ကားကလေးဖြင့် လိုက်ပို့ပေးသောကြောင့် ကားရှေ့ခန်း တွင် ဆရာနှင့် အတူစီးကာ ဗိုလ်ချုပ် အောင်ဆန်းဈေးသို့ လိုက်ခဲ့သေး သည်။  တက္ကသိုလ်စိန်တင်၏ နှလုံး သားတွင် ရှိနေသော လေးစား၊ ကြည် ညို၊ ခင်မင် ဖွယ်ကောင်းလှသည့် ဆရာ သော်တာဆွေသည် ၁၉၄၄ ခုနှစ်တွင် ရန်ကုန်မြို့၊ ၃၃ လမ်း၊ ဂုဏ် ထူးစာပေတိုက်သက်သတ်လွတ် ညစာစားပွဲတွင် တစ်ကြိမ်တွေ့ဆုံပြီး နောက်မတွေ့ဖြစ်ခဲ့ကြတော့ပေ။

ထိုနှစ်တွင်ပင် ဆရာသော်တာ ဆွေ ကွယ်လွန်ခဲ့ရှာသည်။ လွမ်းရပါ သေးတော့ ဆရာသော်တာဆွေရယ်။

တက္ကသိုလ် စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.