19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
သီပေါမင်းကို အကျဉ်းခံဘ၀မှ လွတ်စေတော့မည်လော

(၁)

 ''သီပေါမင်းရဲ့ ရုပ်အလောင်းကို အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့မှ မြန်မာ နိုင်ငံသို့ ပြန်လည်သယ်ယူဖို့ စီစဉ်နေ ကြတယ်လို့ ကြားသိရတယ်''

အထက်ပါ စကားကို ပြောကြား လာသူမှာ ရာဇဝင်သမိုင်းဖြစ်ရပ်မှန် မှတ်တမ်းများကို နောက်ခံထားကာ သမိုင်းဝတ္ထုများ၊ ရာဇဝင်စာအုပ်များ ရေးသားခဲ့သူ အမျိုးသားစာပေဆုရ စာရေးဆရာမောင်သန်းဆွေ (ထားဝယ်)ဖြစ်သည်။ စာရေးဆရာ မောင်သန်းဆွေ (ထားဝယ်)မှာ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အစိုးရ လက်ထက်က ယဉ် ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန် ကြီးအဖြစ် ဆောင် ရွက်ခဲ့ဖူးသူဖြစ်၍ ယခုအခါ နိုင်ငံသမိုင်းကော်မရှင်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေ ဆဲဖြစ်သူ ပုဂ္ဂိုလ်ပင်။

''သီပေါမင်း ရုပ်အလောင်း မြန် မာနိုင်ငံကို ယူလာခဲ့ရင် ဘယ်မှာ မြှုပ် နှံသဂြိုဟ်မှာလဲ။ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားအနီး ဦးဥတ္တမပန်းခြံမှာ မြှုပ်နှံ ပြီး နတ်ရွာစံမိဖုရားကြီး စုဖုရားလတ် အုတ်ဂူအနီးမှာထားရှိမှာလား၊ ဒါမှမ ဟုတ် မန္တလေးမြို့ နန်းတွင်းက သီ ပေါမင်းမယ်တော်၊ လောင်းရှည် မိဖုရား အုတ်ဂူအနီးမှာ မြှုပ်နှံမှာ လား''ဟု တက္ကသိုလ်စိန်တင်က မေး ခွန်းထုတ်၏။

 ဆရာမောင်သန်းဆွေက ဤသို့ ပြန်ပြောလေသည်။

''ဒါကတော့ အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့မှာ ဗြိတိသျှနယ်ချဲ့ အကျဉ်းသားဘဝ သီပေါမင်း ရုပ် ကလပ်ကို မြန်မာနိုင်ငံသို့ ပြန်သယ် မယ်ဆိုတာပဲ ကြားသိရသေးတယ်။ မန္တလေးမှာလား၊ ရန်ကုန်မှာလား၊ ဘယ်မှာမြှုပ်နှံသဂြိုဟ်မယ်ဆိုတဲ့ သတင်းကို အတိအကျမသိရသေးဘူး ဗျ''

(၂)

မန္တလေးရတနာပုံ နေပြည်တော် ရတနာပုံ ရွှေနန်းမှ ဘုန်းတော်ကြီး မြတ်သော သီပေါဘုရင်နှင့် မိဖုရား ကြီး စုဖုရားလတ်တို့ကို ဗြိတိသျှ နယ် ချဲ့အစိုးရများက ခရစ်နှစ် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာ ၃ဝ ရက်တွင် ဖမ်း ဆီးကာ အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ သို့ ပို့ဆောင်လျက် နေအိမ်အကျယ် ချုပ်ဘဝဖြင့် အကျဉ်းခံထားရှိခဲ့သည်။

သီပေါဘုရင်သည် အိန္ဒိယနိုင်ငံ ၌ နန်းကျအကျဉ်းခံဘဝဖြင့် ဆင်းရဲ ပင်ပန်းစွာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ ရသည်။ သီပေါမင်းတရား၏ နယ်ချဲ့  အကျဉ်းခံဘဝတွင် နယ်ချဲ့ အင်္ဂလိပ် အစိုးရက ပေးအပ်သည့် မဝရေစာ လခငွေ အနည်းငယ်ဖြင့်သာရပ် တည်နေထိုင်ခဲ့ရသည်။ ထိုအချိန် ကာလအတွင်း သီပေါမင်းက မိမိ၏ အကျဉ်းခံဘဝဆင်းရဲပုံကို ဗြိတိသျှ နန်းစံဂျော့ဘုရင်ထံ စာရေးသား၍ တင်ပြမေတ္တာရပ်ခံခဲ့သေးသည်။ သို့ သော်လည်း သီပေါဘုရင်၏ ပေးစာ ကို ဂျော့ဘုရင်က တစ်စုံတစ်ရာပြန် ကြားခဲ့ခြင်းမရှိချေ။ သီပေါဘုရင် သည် အိန္ဒိယနိုင်ငံ၊ ရတနာဂီရိမြို့ တွင် နယ်ချဲ့အကျဉ်းသားဘဝဖြင့် ၃၂ နှစ်တာမျှ ဆင်းရဲပင်ပန်းစွာ နေ ထိုင်ခဲ့ရပြီး ခရစ် ၁၉၁၇ ခုနှစ်တွင် နာဖျားမကျန်းဖြစ်ကာ နတ်ရွာစံခဲ့ ရှာ၏။

သီပေါဘုရင်မင်းတရား နတ်ရွာ စံသည့်အခါ၌ အိန္ဒိယနိုင်ငံ၊ ရတနာ ဂီရိမြို့တွင် အုတ်ဂူပြုလုပ်ကာ သင်္ဂြိုဟ်ခဲ့သည်။ ခရစ် ၁၉၁၉ ခုနှစ် ဧပြီလ ၁ဝ ရက်တွင် မိဖုရားကြီး စုဖုရားလတ်သည် မြန်မာနိုင်ငံ ရန် ကုန်မြို့သို့ ပြန်ရောက်လာခဲ့သည်။ မိဖုရားကြီး စုဖုရားလတ်သည် ခရစ် ၁၉၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန် ကုန်မြို့ ချာချီလမ်း (ယခုကိုယ့်မင်း ကိုယ်ချင်းလမ်း) ၌ စံအိမ်တော်တွင် နတ်ရွာစံသွားခဲ့ရှာသည်။

(၃)

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် တွင် မြန်မာနိုင်ငံတော်ကြီး လွတ်လပ် ရေးရရှိခဲ့ပြီးနောက် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ခေါင်းဆောင်သော သီပေါမင်းရုပ်ကလာပ်တော် ပြန် လည် သယ်ဆောင်ရေးအဖွဲ့က အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့မှ သီပေါ မင်းရုပ်အလောင်းတော်ကို မြန်မာ နိုင်ငံသို့ ပြန်လည်သယ်ဆောင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့၏။ ဆရာ ကြီးသခင်ကိုယ်တော်မှိုင်း၏ သီပေါ မင်းရုပ်ကလာပ်သယ်ယူရေး အစီအစဉ်ကို ဖဆပလအစိုးရအဖွဲ့ နိုင်ငံ တော်ဝန်ကြီးချုပ် ဦးနုကလည်း သဘောတူသောကြောင့် ထိုခေတ် ထိုအခါက ရွှေတစ်ကျပ်သားကို ငွေ ကျပ်တစ်ရာမျှတန်ဖိုးရှိသည့်အချိန်တွင် သခင်ကိုယ်တော်မှိုင်းထံသို့ ငွေ ကျပ်ငါးရာပေးပို့ လှူဒါန်းခဲ့သေးသည် ဟု သတင်းစာများတွင် ဖတ်ရှုရ သည်။

ထို့နောက်တွင်ကား ခရစ် ၁၉၅၈ ခုနှစ်တွင် ဖဆပလ အာဏာ ရအစိုးရအဖွဲ့ကြီးပြိုကွဲ၊ ၁၉၆၂ ခုနှစ် တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ် အာဏာသိမ်းအစိုးရတက်၊ ၁၉၆၄ ခုနှစ်တွင် သီပေါမင်းရုပ်ကလာပ် မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူရေး ဦးစီးခေါင်းဆောင်ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်အနိစ္စ ရောက်ခဲ့သောကြောင့် သီပေါမင်း ရုပ် ကလာပ် မြန်မာနိုင်ငံသို့ ပြန်လည် သယ်ယူရေးကိစ္စမှာ တစ်ခန်းရပ်သွား လေတော့၏။

၂ဝ၁၁ ခုနှစ်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာသည့် အခါ၌ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိ မြို့သို့သွားရောက်ကာ ထိုစဉ်က ယဉ် ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ (စာရေးဆရာမောင်သန်း ဆွေ (ထားဝယ်) ) သုတစွယ်စုံစာပေ မီဒီယာပိုင်ရှင် စာရေးဆရာ ဒေါက် တာတင်ထွန်းဦးတို့ ပါဝင်သည့် အဖွဲ့ သည် အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့သို့ သွားရောက်ကာ နတ်ရွာစံ သီပေါ ဘုရင်၏ ရုပ်ကလာပ်မြှုပ်နှံထားသော အုတ်ဂူကို ဂါရဝပြုခဲ့ကြသည်ဟု သတင်းစာများတွင် ဖတ်ရှုရ၏။

မကြာမီအချိန်ကလည်း သီပေါ မင်းတရား၏ မြစ်တော်ဦးစိုးဝင်း၊ တပ် မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စာရေး ဆရာ မောင်သန်းဆွေ (ထားဝယ်) တို့ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် အိန္ဒိယ နိုင်ငံ ရတနာဂီရိမြို့သို့ သွားကာ သီ ပေါမင်းတရား နတ်ရွာစံခြင်းနှစ် ၁ဝဝ ပြည့်အထိမ်းအမှတ်အခမ်းအ နားကို ကျင်းပခဲ့ရာ သီတဂူဆရာ တော်ဘုရား ဒေါက်တာအရှင်Óဏိ ဿရလည်း ဦးဆောင်ပါဝင်ခဲ့သည် ဟု သတင်းစာများတွင် ဖတ်ရှုရ သည်။

(၄)

မကြာမီရက်အတွင်းက ဤစာ ရေးသူတက္ကသိုလ်စိန်တင်နှင့် စိမ့် (ပညာရေး) တို့သည် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းတွင် နေထိုင်သော စာရေးဆရာမ ဒေဝီသန့်စင် (သီပေါ မင်း၏ မြေး၊ တော်ဘုရားလေး၏ သမီး) နှင့် တွေ့ဆုံပြီး သီပေါမင်း တရား၏ ရုပ်အလောင်းကို အိန္ဒိယ နိုင်ငံ ရတနာဂီရိမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ရေးကိစ္စ သတင်းမေးမြန်းကြည့်သောအခါ မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးပညာရှင် စာရေးဆရာမ ဒေဝီ သန့်စင်က တက္ကသိုလ်စိန်တင်ကို ဤ သို့ပြောဆိုခဲ့သည်။

  ''သီပေါမင်းတရား ရုပ် ကလာပ်တော်ကို မြန်မာနိုင်ငံသို့ အရေးတကြီး ပြန်လည်သယ်ဆောင် လာရေးကိစ္စ ကျွန်မတော့ လုံးဝ သဘောမတူဘူးဆရာ၊ မြန်မာ့နိုင်ငံ ရေး အခြေအနေဟာ ဘယ်လိုဖြစ်နေ လဲဆိုတာ ဆရာစိန်တင်လည်း သိပြီး သားပဲ။

တိုင်းပြည်မှာ ဒီထက်အရေးကြီးတဲ့ ကိစ္စတွေ ဆောင်ရွက်ဖို့ ရှိနေချိန်မှာ ကျွန်မတို့ဘိုးဘေး သီပေါ ဘုရင်ရဲ့ ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူရေးကိစ္စကို ခေတ္တဆိုင်းငံ့ ထားချင်သေးတယ်။ ဒီလိုပြောလို့ သီပေါမင်း ရုပ်ကလာပ်တော်ကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်ရေး သဘောမတူဘူးလို့ ပြော တာ မဟုတ်ပါဘူး။ တိုင်းပြည်အေးချမ်း တည် ငြိမ်ပြီး နိုင်ငံတော်ကြီး သာသာ ယာယာရှိနေ တဲ့ အခါကျတော့မှ သီပေါမင်းရုပ်ကလာပ် တော်ကို မြန်မာနိုင်ငံသို့ မုချမလွဲမသွေ ပြန် လည် သယ်ဆောင်ယူလာရမှာ သေချာပါ တယ်။ ယခုအခိုက်အတန့်မှာသာ ဘိုးဘေး သီပေါဘုရင်မင်းတရားရဲ့ ရုပ်အလောင်း တော်ကို မြန်မာနိုင်ငံသို့ ပြန်လည်သယ် ဆောင်ရေး အခြေအနေနဲ့ အချိန်အခါအရ ခေတ္တဆိုင်းငံ့ထားစေချင်တဲ့ အကြောင်းပြော တာပါ''

(၅)

 အထက်ပါအကြောင်းအချက် အရပ်ရပ် တို့မှာ ခရစ်နှစ် ၁၈၈၅ ခုနှစ်က အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့သို့ နယ်ချဲ့ဗြိတိသျှ အစိုးရက ဖမ်းဆီးခေါ်ဆောင်သားပြီး နေအိမ်အကျယ် ချုပ် အကျဉ်းခံဘဝ၌ စိတ်ဆင်းရဲ ကျပ်တည်းစွာနေ ထိုင်ခဲ့ရရှာသော သီပေါမင်း၏ ရုပ်ကလာပ်တော် ကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်ယူရေး သတင်းပင်ဖြစ်သည်။                             

သီပေါမင်း၏ မြစ်တော်ဒေါ်ဒေဝီသန့်စင် ပြောဆိုသော စကားများမှာလည်း စဉ်းစားစရာဖြစ် ပေသည်။ ထို့အပြင်လည်း အကျဉ်းခံသီပေါမင်း တရားအား ရတနာဂီရိမြို့၊ သင်္ချိုင်းတော်မှ ထုတ် ယူကာ မြန်မာနိုင်ငံတော်သို့ ပြန်လည်သယ်ဆောင် ၍ အကျဉ်းခံဘဝမှ လွတ်မြောက်စေသင့်ပြီဆိုခြင်း မှာလည်း အများကြီး စဉ်းစားလက်ခံစရာအ ကြောင်း ဖြစ်ပေသည်။

တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.