28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
အမျိုးသားစာဆို ဆရာဇော်ဂျီအကြောင်း

(၁)
    ပုဂံသူမြေပဲ
    ရွှေသဲက နောက်စရာ
    မျက်နှာက ပုန်းရေကြီး
    အပျက်အချော်မို့
    ပျော်လို့ပါ မယ်တမေ့ရယ်
    နန်းမြေ့သမီး။

    ဤစာရေးသူ တက္ကသိုလ်စိန် တင်၏ ညီမအရင်းဖြစ်သူ အငြိမ်းစား အထက်တန်းပြ ဆရာမ ခေါ်ခင်ဌေး လှက အထက်ပါ ကဗျာကလေးကို ရွတ်ဆိုပြပြီး အဲဒီကဗျာကလေးကို ဆရာမင်းသုဝဏ်နှင့် ဆရာဇော်ဂျီတို့ နှစ်ယောက်ပေါင်း လက်တန်းရေးဖွဲ့ ကြသည်ဟု သတင်းပေးသည်။
    တစ်ခါသော် ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့ တပည့်ကျောင်း သားတို့နှင့်အတူ ပုဂံညောင်ဦးသို့ ပုဂံ ကျောက်စာများ ကူးယူရန် ရောက်ရှိ နေကြစဉ် ဆရာမင်းသုဝဏ်က -
    'ပုဂံသူမြေပဲ
    ရွှေသဲက နောက်စရာ
    မျက်နှာက ပုန်းရေကြီး'ဟု ကဗျာ အခံအပိုဒ်ကို လက်တန်းစပ် ဆို သီကုံးလိုက်စဉ် ဆရာဇော်ဂျီက ကို ဝန်လုပ်ပုံနဲ့ ပုဂံညောင်ဦးသူတွေက ဒေါသထွက်စိတ်ဆိုးကြတော့မယ်၊ သည်လိုအတိုင်း ကဗျာအခံပိုဒ်ကို ထားလို့ မဖြစ်ပါဘူး''ဟု ရယ်ရယ်မော မောနှင့် ကဗျာ၏ အအုပ်စာပိုဒ်ကို ဤသို့ ထပ်ဖွဲ့ဆိုပေးလိုက်သည်တဲ့။
    အပျက်အချော်မို့
    ပျော်လို့ပါ မယ်တမေ့ရယ်
    နန်းမြေ့သမီး။
(၂)
    တပေါင်းလပြည့်နေ့က အိမ်မှ စာအုပ်စင်ရှင်းလင်းနေရင်း စာရေး ဆရာ ပါမောက္ခဦးသန်းထွတ်ရေးသား ပြုစုသော စာအုပ်ကလေးတစ်အုပ် ထွက်လာသည်။ စာအုပ်နာမည်က 'ဇော်ဂျီ၊ မင်းသုဝဏ်တို့၏ စာပေ စကား'။
    ထိုစာအုပ်တွင် ပါမောက္ခ ဦးသန်းထွတ်က မိမိတွေ့ဆုံခဲ့သည့် ဆရာကြီးဇော်ဂျီနှင့် ဆရာမင်းသုဝဏ် တို့ ရင်ကထွက်ကျလာသော စကား လုံးများကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသီဖွဲ့ထားသည်။ ဆရာဦးသန်း ထွတ်ကလည်း အရေးအသားတင်ပြ ပုံကောင်း၊ ဆရာဇော်ဂျီနှင့် ဆရာမင်း သုဝဏ်တို့၏ စိတ်ဝင်စားဖွယ် ဘဝ ခရီးကလည်း စာအုပ်ကို လက်ကမချ နိုင်အောင် ကောင်းလှပေသည်။ ယခု တစ်ပတ် ဈေးကွက်ဂျာနယ် စာရှုသူ များသို့ ဆရာပါမောက္ခ ဦးသန်းထွတ် တင်ပြသော ဆရာကြီးဇော်ဂျီ၏ ဘဝ ခရီးမှ စိတ်ပါဝင်စားဖွယ် အချို့ကို လက်ဆင့်ကမ်းလိုက်ရပါသည်။
    ဆရာဇော်ဂျီသည် မြစ်ဝကျွန်း ပေါ် ဖျာပုံဇာတိဖြစ်ပါသည်။ သို့ရာ တွင် ဆရာ၏ မိဘမျိုးရိုးမှာ အညာ ဇာတိများဖြစ်ကြောင်း ယခုကဲ့သို့ အမိန့်ရှိခဲ့ပါသည်။
    ''ဆရာ့အဘိုး၊ ဆရာ့အဖေ၊ ဆရာ့အမေတို့က အညာဇာတိပါ။ ပခုက္ကူ၊ ရေစကြို ဆင်ဖြူကျွန်းဘက် ကနေ မြစ်ဝကျွန်းပေါ်ဘက်ကို ရေ ကြည်ရာ မြက်နုရာရွှေ့လာသူတွေပါ။ အဲဒီတုန်းက အညာက ဆင်းလာသူ တွေ တစ်ပုံကြီးပဲ။ ဒါကြောင့် ဖျာပုံ၊ ကျိုက်လတ်မြို့တွေမှာ ဆင်ဖြူကျွန်း လမ်းတို့၊ ပခုက္ကူလမ်းတို့ဆိုပြီးရှိကြ တယ်။ အညာက တစ်မြို့ထဲသားတွေ စုနေတဲ့နေရာကို အစွဲပြုပြီး လမ်း နာမည်တွေ မှည့်ကြတယ်''
    ထို့ကြောင့် ဆရာဇော်ဂျီတို့ အ ဘိုးအဘွားတို့မှာ အညာဇာတိဖြစ်၍ ဆရာဇော်ဂျီလည်း အညာသွေးပါ သည်ဟု ဆိုနိုင်ပါသည်။
    ငယ်စဉ်ကာလ ဖျာပုံမြို့တွင် ပညာရှာခဲ့ပုံ၊ ရန်ကုန်၊ မြို့မကျောင်း တွင် ပညာဆက်လက်ဆည်းပူးပုံနှင့် ပတ်သက်၍ ဆရာဇော်ဂျီအမိန့်ရှိခဲ့ပုံ။
    ''၁၉၂၃-၂၄ လောက်ကပဲ၊ တက္ကသိုလ်မရောက်ခင် အဆင့်တက် ဖို့ ဆရာကြိုးစားခဲ့ရပုံလေးကို ပြောပြ ရဦးမယ်။ ဖျာပုံမြို့မှာ ၇ ဆင့်ထိ စာ သင်ရတယ်။ ကျောင်းသား သပိတ် ဖြစ်တော့ ဖျာပုံမြို့မကျောင်းကပါ သပိတ်မှောက်တယ်။ ရန်ကုန်ကို ၇ တန်းအောင်တော့ စာသင်ဖို့လာရ တယ်။ အဲဒီတုန်းက သရက်တော ကျောင်းတိုက်မှာနေပြီး စာသင်ရ တယ်။
    နိုင်ငံရေး အခြေအနေကလည်း မကောင်းဘူး။ မြန်မာပြည်ကို ဒိုင်အာ ခီအုပ်ချုပ်ရေးပေးတော့ ဦးမောင်ကြီး က ပညာရေးဝန်ကြီး။ နိုင်ငံရေးမှာ လည်း အကွဲအပြဲတွေနဲ့။ ဦးဘဖေတို့ က ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံ လိုက်တယ်။ နေရှင်နယ်အမျိုးသား ကျောင်းတွေပျက်တော့ ဆရာ ၁ဝ ဆင့်အောင်ပြီ။ ကျောင်းတွေ ပိတ် လိုက်လို့ ဖျာပုံကျောင်းမှာ ပြန်ပြီးလုပ် အားပေးနေရတယ်။
    ဆရာက ကျောင်းပြန်တက်ချင် တယ်။ အဖေက ခွင့်မပြုဘူး။ ဒါနဲ့ အမေ့ကို ကပ်ပြီး ပူဆာရတယ်။ အမေက ငွေ (၄ဝိ/-) ပေးပြီး ရန်ကုန် ကို လွှတ်လိုက်တယ်။
    ရန်ကုန်၊ မြို့မကျောင်းမှာ ကျောင်းအုပ်ကြီးက ဆရာဦးဘလွင်၊ ကျောင်းအုပ်ကြီးဆီသွား ၁၁ ဆင့်မှာ နေရဖို့ ပြောတယ်။ နေရှင်နယ်အမျိုး သားကျောင်းက ၁ဝ ဆင့်ကို အသိ အမှတ်မပြုဘူး။ ၁ဝ ဆင့်မှာပဲ နေရ မယ်တဲ့။ ဆရာကလည်း ၁ဝ ဆင့်ကို အရည်အချင်း အပြည့်နဲ့ အောင်ခဲ့ တာပါ။ ဆရာကြီးမယုံရင်ကြိုက်ရာ ဘာသာကို စစ်ကြည့်ပါ။ အဖြေကို မကြိုက်ရင် ၁ဝ ဆင့်မှာပဲ နေပါ့မယ်။ ဆရာကြီးက ကျွန်တော့်အဖြေတွေကို ကြိုက်ရင် ၁၁ ဆင့်ထားပါလို့ ပြော လိုက်တယ်။
    ဒီတော့ ဆရာကြီးက ''အာဂ၊ လာတဲ့ ချာတိတ်ပါလားကွယ်၊ ကပ် ဈေးဆစ်တယ်''လို့ ပြောပြီး နောက်နေ့ ၁၁ နာရီလာခဲ့လို့ မှာတယ်။
    ဆရာ့သူငယ်ချင်းတွေ ကိုနု (သခင်နု) ကိုချစ်တို့က ဆရာရုံးခန်း ထဲက ထွက်လာတော့ အခြေအနေကို လည်းမေး၊ ရရမှာပေါ့ကွာလို့လည်း အားပေးနဲ့ပေါ့။ သူတို့နဲ့က ဘာသာ ချင်းလည်းမတူ၊ ကျောင်းချင်းလည်း ကွဲနေပေမယ့် ခင်ကြတယ်။
    ဒီလိုနဲ့ နောက်နေ့ ဆရာကြီးဆီ သွားတော့ အင်္ဂလိပ်စာနဲ့ အတွက် (သင်္ချာ)ကို ဖြေရတယ်။ တစ်ဘာသာ တစ်နာရီစီ ဖြေရတယ်။ အင်္ဂလိပ်စာ ဖြေပြီး ၁ဝ မိနစ်နား။ နောက် အ တွက်ဖြေပေါ့။ ဖြေလို့ ပြီးသွားတော့ ဆရာကြီးထံ အဖြေစာအုပ်အပ်ရင်း ''ဘယ်တော့ သိရမလဲ ဆရာကြီး''လို့ မေးလိုက်တယ်။
    ''ဟ-မြန်လှချေလား၊ သိရမှာ ပေါ့ကွာ''လို့ ဆိုပြီး နောက်နေ့ ၃ နာ ရီကို ချိန်းလိုက်တယ်။ အဲဒီတုန်းက ဆရာမြ (သခင်မြ)၊ ဆရာဦးသာခင်၊ ဆရာဘသန်း (ဝတ်လုံဦးဘသန်း) တို့က ဆရာဟောင်းတွေဖြစ်နေတော့ ကျောင်းမှာပဲနေ၊ ကျောင်းက ဘော်ဒါ ဆောင်မှာပဲ ထမင်းဝင်စားနဲ့ နောက် နေ့ကျတော့ ရုံးခန်းထဲ ဝင်သွားသွား ချင်း ဆရာကြီးက ''ချာတိတ်၊ ရတယ် ရတယ်၊ နက်ဖြန် ကျောင်းတက်၊ ပိုက် ဆံပေးခဲ့၊ ဘော်ဒါနေမလား၊ ဆွေမျိုး တွေရှိလား''လို့ မေးလိုက်တယ်။
    ဒီတော့ ဆရာကလည်း ဆရာ့ အစီအစဉ်ကို ပြောပြရတယ်။ ဆွေမျိုး တွေရှိပေမယ့် ဘော်ဒါနေမှ အဆင် ပြေတာမို့ ဘော်ဒါမှာနေမယ်လို့ဆိုပြီး ဘော်ဒါခတွက်တော့ ၅ဝ ကျပ် ကျော် ကျော်ကျတယ်။ ဆရာ့မှာ အမေပေး လိုက်တဲ့ငွေ ၄ဝ က ခရီးစရိတ်၊ စား စရိတ်နဲ့ ငွေ ၃ဝ ပဲ ကျန်တော့တယ်။ ဒီတော့တစ်ခါ ဆရာကြီးကို ပိုက်ဆံ ၃ဝ ပဲ ကျန်တဲ့အကြောင်း ပြောပြရ တယ်။
    ဆရာကြီးက ''ဘယ်ရမလဲကွ'' တဲ့။ ဆရာလည်း ကျောင်းတက်ချင် လွန်းလို့ အဖေ့ကို ဆန့်ကျင်ပြီး အမေ့ ဆီက ပိုက်ဆံတောင်းပြီး လာခဲ့ရတဲ့ အကြောင်းကို ပြောပြတယ်။ ဒါ ကြောင့် ဖြစ်နိုင်ရင် ဆရာကြီးက စိုက် ပေးပါလို့ ပြောရတာပေါ့။
    ဆရာကြီးက ''မင်း ယုံရမလား ကွ''တဲ့။ ဆရာကလည်း ''ဒါကတော့ ဆရာက ဆရာကြီးပဲ၊ ကျွန်တော် လိမ် ရင် ညာရင် ကျွန်တော့်ကို ကျောင်း ထုတ်နိုင်ပါတယ်''လို့ ပြောတော့ ဆရာကြီးက ''အေး ငါလိုတဲ့ ငွေ ၂ဝ ကို စိုက်ပေးမယ်''လို့ ပြောတယ်။
    အခက်ကြုံပုံက ဆရာ့မှာ ပစ္စည်း တွေ သယ်ဖို့ ရွှေ့ဖို့က စရိတ်ချန်ရဦး မှာ မဟုတ်လား။ စရိတ်ချန်ပြီး ငွေ ၂ဝ ကိုပဲ ပေးနိုင်တော့မှာကို ပြောပြ တော့ ''ဈေးထပ်ဆစ်ပြန်ပြီ''လို့ ဆရာ ကြီးက ဆိုတယ်။ ဆရာလည်း မတတ်နိုင်တော့ဘူးလေ ဆရာကြီးက ငွေ ၂ဝ ကိုပဲ ယူထားလိုက်ပါတယ်။ ကျောင်းနေခွင့်ရတော့ အမေ့ဆီစာ ရေးပြီး အကျိုးအကြောင်းရေး၊ ငွေ ထပ်တောင်းရတယ်။ ''အဖေက ဘာ ပြောသေးလဲ အမေ'' လို့မေးတော့ ''ဘာမှ မပြောတော့ပါဘူး သားရယ်'' လို့ စာပြန်တယ်။
    ဤကား ဆရာဇော်ဂျီ မြို့မ ကျောင်းတွင်ပညာသင်ယူနိုင်ရန် ကြိုး စားခဲ့ရပုံအကြောင်း ဖြစ်ပါသည်။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.