27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ရာဇဝင်မှာ စာတင်ပြီး အရေးခံမယ့်သူလား၊ ရာဇဝင်မှာ စာလုံးမည်းကြီးနှင့် အဆဲခံမယ့်သူလား

၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၁ ရက် က စတင်ခဲ့သော နိုင်ငံတော်၏ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  အစိုးရသည် ယခုလာမည့် ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် တစ်နှစ်ခရီးတိုင် ရောက်တော့မည် ဖြစ်သည်။
    ဤတွင် မေးခွန်းထုတ်ရန်ရှိလာ ပြီ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် ရက်ပေါင်း ၃၆၅ အ တွင်း ထင်လင်းမြင်သာသော ဒီမိုက ရေစီလမ်းစဉ်ဆိုင်ရာ လုပ်ငန်းအောင် မြင်မှု မည်သည့် အတိုင်းအတာအထိ ရယူပြုလုပ်နိုင်ပြီလဲ။
    အမှန်ကို မခြင်းမချန် ဝန်ခံ ရေးသားရမည်ဆိုလျှင် ၂ဝ၁၆ ခုနှစ် ဧပြီလ ၁ ရက်က  စတင်လျှောက် လှမ်းခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုပ်ငန်းစဉ်တို့သည် ပီပီ ပြင်ပြင် အောင်မြင်မှု လက်ညှိုးထိုးပြ စရာ များစွာနည်းပါးနေသေးသည်။
    ၂ဝ၁၆ ခုနှစ် သြဂုတ်လက စတင် ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံက မှန် ကန်တိကျစွာ တင်ပြခဲ့သော အဆိုပြု မှုများသည် ယခုအခါ၌ ဆွေးနွေးညှိ နှိုင်းမှု အဆင့်တွင်ပင်ရှိနေသေး၍ တိတိကျကျ ဖော်ပြစရာ အောင်မြင်မှု အချက်အလက်များ မရရှိသေး။
    ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ တွင် ရခိုင်ပြည်နယ်၌ ရုတ်တရက် ပေါ်ပေါက်လာသော လက်နက်ကိုင် တိုက်ပွဲ အရေးအခင်းများသည် အ မျိုးသား ရင်ကြားစေ့ရေး၊ တိုင်းပြည် ငြိမ်းချမ်းသာယာရေး၊ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဆောင်ရွက်နေ သော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ငန်း များကို စိန်ခေါ်လာသည့် ပဋိပက္ခ လောင်မီးကြီးဖြစ်ခဲ့သည်။
    သို့သော် ဤသို့ ဖြစ်ပေါ်လာ သော ရခိုင်ပြည် နယ်ငြိမ်ဝပ်ပိပြားမှု ပျက်စီးသည့် အရေးအခင်းတို့မှာ စင် စစ်ဆိုလျှင် တိုင်းပြည်၏ လုံခြုံရေး၊ ကာကွယ်ရေး၊ နယ်မြေအေးချမ်းရေး တို့ကို ကိုင်တွယ်ကွပ်ကဲနေကြသည့် ဝန်ကြီးဌာနများက တာဝန်ယူရမည့် ကိစ္စဟု ပြည်သူတို့က ရှုမြင်နေသည်။
    မတ်လဆန်းတွင် လောက်ကိုင် မြို့ကို ဝင်ရောက်တိုက်ခိုက်ကြသည့် တိုင်းရင်းသား လက်နက်ကိုင်တို့၏ လုပ်ရပ်သည် သည်ကနေ့ ချီတက်နေ သော အနှစ် ၇ဝ ပြည်တွင်းစစ်ရပ်စဲ ရေး လုပ်ငန်းစဉ်ကို ပြက်ရယ်ပြု လှောင်ပြောင်နေသည်လားဟုပင် ပြောကြားရန်ရှိတော့သည်။ အလား တူပင် ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ သည့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တို့အကြား တိုက်ပွဲကြီး များသည် ငြိမ်းချမ်းရေး စကားဝိုင်းကို  လာခဲ့ကြပါဟု မကြာခဏ ဖိတ်ခေါ် ပြောကြားနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်စကားကို 'လက် နှင့်ရေး ခြေနှင့်ဖျက်' သည်သို့ ရှိပေ တော့သည်။
    ဤနေရာ၌ တိုင်းပြည်ကြီး ငြိမ်း ချမ်းရေးရအောင် ဆောင်ရွက်ကြရ မည့် ငြိမ်းချမ်းရေး စကားဝိုင်းထဲသို့ မဝင်လာကြဘဲ 'လက်နက်ကိုင်ဝါဒ' ကို ထာဝစဉ် ဖက်တွယ်ချင်နေကြ သော အယူသီးနေကြသည့် ပုဂ္ဂိုလ် ကြီး၊ ပုဂ္ဂိုလ်ငယ်တို့အား မြန်မာ့လွတ် လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင် ဆန်းတစ်ချိန်က မိန့်ကြားခဲ့သည့် စကားကို တစ်ဆင့်ဖောက်သည်ချ ပြောကြားချင်သည်။

(၂)

''တိုင်းရင်းသားအချင်းချင်း ညီ ညွတ်ရေး၊ တိုင်းရင်းသား လူထုညီ ညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်း ရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလ ပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ် ပင် လွတ်လပ်ငြားသော်လည်း ဘယ် ပါတီတက်တက်၊ ဘယ်အစိုးရလုပ် လုပ်၊ ဖာသယ်တိုင်းပြည်ဖြစ်နေမှာပဲ လို့ ကျွန်တော်ပြောချင်တယ်။ အဲဒီ တော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့၊ ဘယ်သူက ဘာ လုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါအလွန် အရေးကြီးပါတယ်''

(၃)

လွန်ခဲ့သော နှစ်ပေါင်း ၇ဝ ကျော်က မြန်မာ့လွတ်လပ်ရေး ဗိသု ကာ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့ သော မိန့်ခွန်းသည် ယနေ့ခေတ်အခါ ကာလအထိပင် အစဉ်ခေတ်မီနေ သေးသည်ဟု ဆိုနိုင်တော့သည်။
    ဗိုလ်ချုပ်အောင်ဆန်းက ထိုမိန့် ခွန်းတွင် ''ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့''ဆိုသော စကား တစ်ခွန်း ထည့်ပြောသွားသည်။
    ဗိုလ်ချုပ်အောင်ဆန်းက ''တိုင်း ရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းပြည်လူထု ညီညွတ်ရေးအတွက် ဘယ်သူက ဘာလုပ်လုပ် မပျက်ပါ စေနဲ့''ဆိုသော စကားရပ်မှာ အထူး အလေးထားစဉ်းစားကြရမည်ဖြစ် သည်။
    မကြာမီက ကြားလိုက်ရသော သတင်းတစ်ရပ်၌ ကချင်ပြည်နယ်၌ လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဖိတ်ခေါ်၍ နိုင်ငံရေးဆွေးနွေးပွဲ ကျင်း ပခဲ့သည်ဟု ဖော်ပြပါရှိသည်။
    မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး သမိုင်းကို ခိုင်းနှိုင်းလေ့လာ ဝေဖန်ဆန်းစစ်ကြည့်လျှင် တရုတ် ပြည်သည် မြန်မာ့အိမ်နီးချင်းကောင်း နိုင်ငံအဆင့်တွင် တစ်ကြိမ်တစ်ခါမျှ ရပ်တည်မှုမပြုခဲ့။  ၁၉၄၈ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေး ရရှိပြီး မကြာမီ လက်နက်ကိုင် ပုန်ကန်သွားသော သခင်သန်းထွန်းခေါင်းဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ် ပြည် ကွန်မြူနစ်ပါတီအစိုးရအဖွဲ့ သည် လက်နက်၊ ငွေကြေး၊ မြေနေရာ ထောက်ပံ့မှုပေးကာ နှစ်ပေါင်းများစွာ ကူညီခဲ့သော သမိုင်းရှိခဲ့သည်။
    ၁၉၆၃ ခုနှစ် တော်လှန်ရေး ကောင်စီအစိုးရနှင့် ဗမာပြည် ကွန်မြူ နစ်ပါတီတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားဆုံးရှုံးခဲ့ရသည်မှာ တရုတ် ပြည် ကွန်မြူနစ်ပါတီက နောက်ပိုင်းမှ ကြိုးကိုင် ချယ်လှယ်ခဲ့သော သမိုင်း သာဓက ထင်ရှားပြသခဲ့သည်။
    ဤသက်သေသာဓကသည် ယနေ့ ကချင်ပြည်နယ်တွင် ဖြစ်ပွား နေသော တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များအထူး သတိထားစရာ အချက်ဖြစ်သည်။ ဗိုလ်ချုပ်အောင် ဆန်းပြောခဲ့သည့်အတိုင်း ''ဘယ်သူ က ဘာလုပ်လုပ် တိုင်းရင်းသား ညီ ညွတ်ရေး မပျက်ပါစေနဲ့''ဆိုသော စကားကို အထူးအလေးထားသင့် သည်။

(၄)

ပြောရဦးမည်။
    ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက် နေ့တွင် တိုင်းပြု ပြည်ပြု လွှတ်တော် ၌ ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌဘုရင်ခံ အတိုင်ပင်ခံကောင်စီ၊ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက ဤသို့ မိန့် ခွန်းပြောခဲ့သည်။
    ''ကျုပ်တို့ကို စောင့်ကြည့်ကြပါ၊ ကျုပ်တို့ဟာ ဘယ်လို လူစားတွေလဲ၊ ရာဇဝင်မှာ စာတင်အရေးခံမယ့် လူ စားတွေလား၊ ရာဇဝင်မှာ စာလုံးမည်း ကြီးနဲ့ အဆဲခံမယ့် လူစားတွေလား ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိလာ ကြလိမ့်မယ်''
    သည်တော့ မေးခွန်းထုတ်ရ တော့မည်။
    ယနေ့ ပြည်တွင်း ငြိမ်း ချမ်းရေး အနှစ် ၇ဝ ပြည်တွင်း စစ် ရပ်စဲရေး၊ အမျိုးသား ပြန်လည်ရင် ကြားစေ့ရေး၊ လုပ်ငန်းများကို  အကောင်အထည် ဖော်နေကြသော ပုဂ္ဂိုလ်အားလုံး အားလုံး ရာဇဝင်မှာ စာတင်အရေးခံ ကြမည်လား။ ရာဇဝင်မှာ စာလုံးမည်း နှင့် အဆဲခံကြမှာလား။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.