16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ကျပ်ငါးရာတန် အောင်ဘာလေထီနှင့် သီပေါဘုရင်ခေတ်က ဖွင့်ခဲ့သော အောင်ဘာလေထီ

(၁)

 ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ ပြည်တွင်း အခွန်များ ဦးစီး ဌာနက ကျပ် ၅ဝဝ တန် အောင်ဘာ လေထီများကို မတ်လ ၁ ရက်နေ့မှ စတင်ရောင်းချပြီဖြစ်ကြောင်း၊ အများ ပြည်သူများ ထိုနေ့မှစ၍ ကံစမ်းနိုင်ပြီဟု မတ်လ ၁ ရက်နေ့ ထုတ် ပြည် သူပိုင် သတင်းစာ ၌ ဖော်ပြပါရှိသည်။ ထိုသတင်း၌ပင် ထီကိုယ်စားလှယ် စုစုပေါင်း ၂၃၁၉ ဦးထံ ထီစာအုပ် ၂၈၈၆၉၉၉ အုပ်၊ ထီလက်မှတ်စောင် ရေပေါင်း ၃၁၇၅၆၉၈၉ ဖြန့်ဝေပို့ ထားပြီဟုလည်း ဖော်ပြထားသည်။ ထိုသတင်းအရ သိရှိရသည်မှာ ကျပ် ၅ဝဝ တန် ထီလက်မှတ်ပေါင်း အရေ အတွက်အားဖြင့် သုံးကုဋေကျော် ပြည်သူများထံသို့ ရောင်းချရန်ဖြန့်ဝေ ထားကြောင်း သိရသည်။

ထို့အပြင်လည်း ထီလက်မှတ် များအပေါ်၌ ပုံနှိပ်ထားသည့် တစ် စောင်ကျပ် ၅ဝဝ ထက်ပို၍ ရောင်းချ ထားမည်ဆိုလျှင် ထီကိုယ်စားလှယ် များအား လစဉ်ထီစာအုပ်ဝယ်ယူခြင်း ကို ပြန်လည် ရုပ်သိမ်းခြင်း၊ ထီအ ရောင်းကိုယ်စားလှယ်များပေးသွင်း ထားသည့် အာမခံကြေးကိုလည်း နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူ မည်ဟု သတိပေးထားသည်။ အ ကယ်၍ ထီလက်မှတ်ပါ တန်ဖိုးထက် ပိုပြီး ရောင်းချနေသည်ကို တွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာန များအပြင် အောက်ပါဌာနများနှင့် ပူးတွဲပါ တယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း အဆိုပါ သတင်း၌ ဖော်ပြထားသည်။ တိုင်ကြားရမည့် ဌာနများမှာ အောက် ပါအတိုင်း ဖြစ်သည်။
(က) ပြည်တွင်းအခွန်များ ဦးစီးဌာန     (နေပြည်တော်) ဝ၆၇-၄၃ဝဝဝ၅
(ခ)    အောင်ဘာလေသိန်းဆုဌာနခွဲ     (ရန်ကုန်) ဝ၁-၂၄၉၂၇၃
(ဂ) အောင်ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ) ဝ၂-၃၅၉၁၃

(၂)

 ပြည်သူပိုင်ကြေးမုံသတင်းစာ တွင်ပါရှိသော အထက်ပါ သတင်းကို ဖတ်ရှုပြီးနောက် ဤစာရေးသူ တက္ကသိုလ်စိန်တင်သည် ကျပ် ၅ဝဝ တန် ထီထိုးမည်ဟု အတည်တကျ ဆုံးဖြတ်ချက်ချလိုက်တော့၏။ ထီ စောင်ရေပေါင်း သုံးကုဋေကျော်တွင် ကံထူးသူ၊ ထီပေါက်မည့်သူများ ဆုမဲ ပေါင်းမည်မျှ ထုတ်ပေးမည်ကို သေ ချာကျနမသိရသော်လည်း ထိုသို့ ကျပ် ၅ဝဝ တန် ထီဖွင့်သည့်အခါ၌ ထီ ပေါက်မည့် ကံထူးသူများထဲတွင် ကျွန်ုပ်တို့၏ စာရေးဆရာ တက္ကသိုလ် စိန်တင်လည်း ပါဝင်ချင်လှ၏။ ထို့ ကြောင့်ပင် အမျိုးသားစာဆိုကြီး ဆရာကြီးမင်းသုဝဏ်ရေးသားခဲ့ သော ဆွမ်းအုပ်နီနီအမေရွက်လို့ ကလေး ကဗျာထဲကအတိုင်း ''မောင်လည်း လိုက်မယ် ချန်မထားနဲ့''ဟု ဟစ်ြေ<ွကး ကာ ဒဂုံမြို့သစ် မြောက်ပိုင်း ၄၆ ရပ် ကွက် ဗိုလ်မှူးဗထူးဈေးရှိ ထီဆိုင်များ သို့ သွားရောက်ခဲ့၏။ သို့သော်လည်း ဗိုလ်မှူးဗထူးဈေးရှိ ထီဆိုင်များတွင် ယနေ့စတင်ရောင်းချမည့် ကျပ် ၅ဝဝ တန် ထီလက်မှတ်ဝယ်ယူ၍မရခဲ့။ ဘာဖြစ်လို့ပါလိမ့်။ ထီလက်မှတ်တွင် ဖော်ပြထားသော တန်ဖိုးထက်ပို၍ မရောင်းရဟူသော ကန့်သတ်ချက် ကြောင့်များ ထီဆိုင်များက ကျပ် ၅ဝဝ တန်အောင်ဘာလေထီလက် မှတ်ကို မရောင်းချခြင်း ဖြစ်ပါသလား သို့မဟုတ် အခြားဘာ အကြောင်းထူး ရှိလို့များ ထီဆိုင်ကြီးများသည် ကျပ် ၅ဝဝ တန် အောင်ဘာလေထီလက် မှတ်အား မရောင်းချပါသနည်း။ အဖြေကား မသိပေ။

ကျပ် ၅ဝဝ တန်အောင်ဘာလေ ဆု ပထမဆုမှာ ကျပ်သိန်း တစ် သောင်းဟု သိရ၏။ သြော်- ကိုစိန် တင်တို့လို လက်လှုပ်မှ ပါးစပ်လှုပ်၊ စာတစ်ပုဒ်ရေးမှ စာတစ်အုပ်ရေး မှ Óဏ်ပူဇော်ခလေးများရရှိကာ အ သက်မွေးဝမ်းကျောင်းနေရသူများ၊ စာရေးဆရာများအဖို့ ထီလက်မှတ် စောင်ရေ သုံးကုဋေကျော်တွင် တစ် ဆုတည်းသာပါရှိမည့် ကျပ်သိန်းတစ် သောင်းဆိုသော ငွေမှာ များစွာမှ များ စွာ မက်မောစရာကောင်းလှပေသော ငွေအတိုင်းအတာတစ်ခုပဲလေ။ ထား ပါတော့။

(၃)

ကျပ် ၅ဝဝ တန် အောင်ဘာ လေထီလက်မှတ်ကို ဝယ်မရခဲ့သော တက္ကသိုလ်စိန်တင်သည် မြန်မာနိုင်ငံ တွင် အထင်ကရ ဖွင့်လှစ်ခဲ့ဖူးသော မန္တလေးရတနာပုံနေပြည်တော် သီ ပေါဘုရင်ခေတ်က ရတနာပုံထီ အကြောင်းကို ပြန်တွေးမိနေ၏။ ရတနာပုံနေပြည်တော်တွင် သီပေါ ဘုရင်နန်းတက်ပြီးနောက် အချိန် အနည်းငယ်ကြာသောအခါ ဘုရင့် ဘဏ္ဍာတော်တိုက် ၌ ရွှေငွေဘဏ္ဍာ တော် တဖြည်းဖြည်းနည်းပါးလာသည်။ အဆင်အခြင်နည်းပါးလှသ ဖြင့် ဘဏ္ဍာတော်တိုက်မှ ရွှေငွေများ အတိုင်းအဆမသိ ထုတ်ယူသုံးစွဲသည့် အဖြစ်ကြောင့် သီပေါဘုရင်အစိုးရ သည် ထီဖွင့်ရန် ကြံစည်လေတော့ သည်။

သီပေါဘုရင်အစိုးရက ရတနာ ပုံ ထီဖွင့်ရန် စီစဉ်ခဲ့ခြင်းမှာ ဗုဒ္ဓဘာ သာဝင် မြန်မာလူမျိုးတို့၏ ယုံကြည် မှု ဓလေ့စရိုက်နှင့် အံကိုက်ဖြစ်နေလေ သည်။ ကံနှင့်ကံ၏ အကြောင်းတရား ကို ဟောကြားခဲ့သော ဗုဒ္ဓမြတ်စွာ၏ မိန့်မှာစကားအား ယုံကြည်ထားကြ သည့်  ဗုဒ္ဓဘာသာဝင် ရတနာပုံ နေ ပြည်တော်သားများသည် ဘုရင်မင်း မြတ်၏ ထီရုံများတွင် ကြိတ်ကြိတ်တိုး ထီထိုးခဲ့ကြသည်။

ရတနာပုံထီကို နှစ်မျိုး၊ နှစ်စား ခွဲခြား၍ ဖွင့်လှစ်ပေးသည်။ နေ့စဉ်  ဖွင့်သောထီနှင့် လစဉ်ဖွင့်သောထီဖြစ် ၏။ နေ့စဉ်ဖွင့်သော ထီမှာ ထီ တစ်စောင်မှာ တစ်ပဲသာ ဖြစ်သည်။ ထီဖွင့်သည်ဆိုသည်နှင့် ဘုရင့်ထီရုံမှ ထီလက်မှတ်များကို ရောင်း၊ ရောင်းရ သော ထီလက်မှတ် တန်ဖိုးထဲမှ ဘုရင်မင်းမြတ်က သိမ်းယူမည့် အ ခွန်အဖြစ်သိမ်းယူ၊ ကျန်ငွေကိုသာ အောင်ဘာလေဆုငွေအဖြစ် ထုတ် ပေးရသည်။ ဘုရင်မင်းမြတ်အဖို့ မြိုး မြိုးမြက်မြက်အဆက်မပြတ် ရရှိနေ သော သေချာလှသည့် ဘဏ္ဍာတော် ပင်တည်း။

 ပြောရဦးမည်။ နေ့စဉ်ဖွင့်သော ထီမှပေါက်မဲရရှိသူသည် မိမိထိုးထား သော ငွေ၏ ၄၈ ဆကို ရရှိ၏။ ငွေ ၁ပဲထိုးလျှင် ၄၈ ပဲ။ တစ်ကျပ်ထိုးလျှင် ၄၈ ကျပ်။ ထီထိုးသူက မိမိနာမည် နှင့် ထီဘယ်လောက်ဖိုးထိုးမည်ဟု ပြော၍ ငွေပေးလိုက်သောအခါ ထီ လက်မှတ်ရောင်းသူက နံပါတ်ပါ သော လက်မှတ်တစ်စောင်နှင့်ထိုး သော ငွေအရေအတွက် တန်ဖိုးကို ထီ လက်မှတ်ပေါ်တွင် ရေး သားပေး လိုက် လေ၏။ ထိုနေ့ မွန်းတည့်ချိန်တွင် ထီရုံတော်ကြီး၌ ထီစတင်ဖွင့်လှစ် တော့သည်။ ထီရုံတော်ကြီးမှာ အ ထင်ကရ အဆောက်အအုံကြီးပါပဲ။ နတ်ရွာစံဘုရင်ကြီး မင်းတုန်းဘုရင် မင်းမြတ် လက်ထက်တော်အခါက ပဉ္စမသင်္ဂါယနာတင်ခဲ့သော ရုံတော် ကြီးတွင် ထီဖွင့်ခြင်းဖြစ်ပေသည်။ မွန်းတည့်ချိန်၌ ဖွင့်သော ထီဖွင့်ပွဲ၌ ဝန်ကြီးတစ်ပါးနှင့် စစ်သည်တော်များ က ထီရုံကို တာဝန်ယူလျက် စောင့် ကြပ်ပေးကြ၏။ ထီနံပါတ်ကို တစ် ဖက်က ခေါ်လိုက်ပြီး ဘောလုံး ၆ဝ ထည့်ထားသည့် စည်ကြီးထဲမှ ပေါက် မဲများကို နှိုက်ထုတ်၏။

 ဘောလုံး ၆ဝ ထဲတွင် တစ်လုံး မှာ ရွှေချထားသည်။ တစ်ဖက်က ထီ လက်မှတ်နံပါတ်ကို ရွတ်ဆိုပြီး ဘော လုံးလှည့်သော စည်ကို အောက်ဘက် သို့ လှိမ့်ပေးလိုက်၏။ စည်ထဲမှ ရွှေ ဘောလုံးထွက်ကျလာလျှင် အောင် ဘာလေထီဆု ပေါက်လေပြီ။

ထိုကဲ့သို့ပင် တစ်လတစ်ကြိမ် ဖွင့်သော အကြီးစားထီရှိ၏။ တစ် ကြိမ်ဖွင့်လျှင်အောင်ဘာလေဆုကြီး ငွေတော်ကျပ်တစ်သောင်းရသည်။ ဝန်ကြီးတစ်ပါးက ငွေတော်ဆုကျပ် တစ်သောင်းရသူကို သူဌေးမင်းဆို သည့် ရွှေစလွယ်ကို ချီးမြှင့်ပေး၏။ ထိုသူဌေးမင်းကို ဆင်ဖြင့်တင်၍ နေ ပြည်တော်ရတနာပုံအတွင်း၌ စစ် သည်တော်များခြံရံကာ လှည့်လည် ပြသ၏။ ဤသို့ဖြင့် ရတနာပုံနေပြည် တော်ရှိ လူအများ၏ ထီပေါက်ချင် သည့် လောဘကို ထိုးဆွပေးသော နည်းမှာ အောင်မြင်ပေသည်။ တစ် လတစ်ကြိမ်ဖွင့်သောထီမှာ ထီတစ် စောင်ငါးကျပ်ဖြင့် ရောင်း၏။ ထီ လက်မှတ် ၅ဝဝဝ ရောင်းရလျှင် ငွေ တော် ကျပ် ၂၅ဝဝဝ ရပြီ။ ထိုအထဲမှ ငွေတော် ကျပ်တစ်သောင်းကို အောင် ဘာလေထီပေါက်သူ၊ သူဌေးမင်းအား ချီးမြှင့်လိုက်သည်။ ကျန်သည့်ငွေမှာ ဘုရင့် ဘဏ္ဍာတော်တိုက်သို့ ဆိုက် ဆိုက်မြိုက်မြိုက် ဝင်လေသည်။

သီပေါဘုရင်စိုးစံသည့် အချိန်က ဖွင့်လှစ်ခဲ့သည့်နေ့စဉ် ထီနှင့် တစ်လ တစ်ကြိမ်ထီကို ရဟန်းရှင်လူ၊ ပြည်သူ အများအားပါးတရ ထီထိုးခဲ့ကြသည်။ ဘုရင့်နန်းတော်အတွင်းမှာ နန်းတော် ပြင်ပမှာ၊ နေပြည်တော်အတွင်းမှာ ဈေးမှာ၊ ဘုန်းတော်ကြီးကျောင်းတွေ မှာ၊ အများပြည်သူတွေမှာ၊ မိမိဘဝ တိုးတက်ကြီးပွားရေးအတွက် ဘာမှ ကြိုးစားပမ်းစားလုပ်ကိုင်ရန် ဆန္ဒမရှိ ကြတော့ပြီ။ တစ်နေ့တစ်နေ့ ထီနံ ပါတ်ရွေးကြ။ ဗေဒင်ဆရာထံပြေးကြ။ အတိတ်နိမိတ်ကောက်ကြ၊ ထီထိုးရန် ငွေကို ဘယ်ကရှာကြမည်နည်းဟု သဲသဲမဲမဲကြိုးပမ်းနေ ကြသူ များလည်း ရှိသည်။

မနေ့ညက မက်ခဲ့သော အိပ် မက်အရ ယနေ့ထီထိုးရန် ငွေမရှိသူ တို့မှာ ချေးကြ၊ ငှားကြ၊ တောင်းကြ ရမ်းကြ၊ ရတနာပုံထီကို ထိုးရန်အ တွက်သာ အာရုံကဲနေကြသည်။ ထီ ကလည်း မပေါက်၊ ငွေကလည်းမရှိ။ အလုပ်ကလည်း မရှိ။ ရှိသည့် အလုပ် လည်း မလုပ်ချင်ကြသောကြောင့် နေပြည်တော်တစ်ခွင် ခိုးဆိုးတိုက် ခိုက်သူများ တစ်စထက် တစ်စ များ ပြားလာသည်အထိ အခြေအနေဆိုး လာကြသည်။ ထိုအချိန်၌ ထီဖွင့်ပွဲကို စိတ်ဝင်စားနေကြသူ ဘုရင်နှင့် မိဖုရားတို့သည် ဘုရင့် ဘဏ္ဍာတော် တိုက်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ဝင် လာသော ဘဏ္ဍာတော်ငွေတစ်လုံး တစ်ခဲအတွက် သဲသဲမဲမဲ ကျေနပ် အားရဝမ်းသာလျက်ရှိကြ၏။

ဤအခြေအနေသည် ကောင်း ကျိုးထက် ဆိုးကျိုးကို ပေးသည့်အဖြစ် နားလည် လက်ခံလာကြသော ဝန် ကြီး၊ မှူးမတ်တို့က ဘုရင့်ညီလာခံတွင် အဖန်ဖန် တင်ပြလာကြသည်။ ရတနာပုံ နေပြည်တော်အတွင်း ခိုးဆိုး တိုက်ခိုက်၊ လုယက်သူများအထူး များ ပြားလာခြင်းကိုလည်းကောင်း၊ တိုင်း ပြည်အတွက် အကျိုးဆက်ရရှိစေမည့် အလုပ်ကို မလုပ်ကြတော့ဘဲ လူ အများတို့မှာ ထီရုံများတွင်သာ ဝိုင်းဝိုင်းလည်နေကြခြင်း၊ ထီမပေါက် သောကြောင့် စိတ်ပျက်၊ လက်ပျက် ဖြစ်ကာ ဘဝတာအတွက် ရည်မှန်း ချက် ဘာမှမထားတော့သည့်သူများ တစ်နေ့တခြား တိုးပွားလာခြင်းကို စာရင်းဇယားနှင့် တင်ပြကြသော ကြောင့် ဘုရင်မင်းမြတ် ဦးစီးသော ညီလာခံက ထီရုံများ ဖွင့်လှစ်ပြီးသုံး နှစ်အကြာတွင် ရတနာပုံထီဖွင့်လှစ် ခြင်းကို လုံးဝရပ်ဆိုင်းလိုက်တော့ သည်။

(၄)

ခရစ်နှစ် ၁၈၈၅ ခုနှစ်က သီ ပေါဘုရင်နှင့် မိဖုရား စုဖုရားလတ်တို့ နယ်ချဲ့ ဗြိတိသျှအစိုးရက ဖမ်းဆီး သွားခဲ့စဉ် ထက်ထက်မြက်မြက်တေး ထပ်တစ်ပုဒ်ကို ရေးသားခဲ့သူ ဘုရင့် စာဆိုတော်ကြီးတစ်ဦးရှိခဲ့သည်။ အ ချုပ်တန်း ဆရာဖေအမည်ရှိ နန်း တွင်း စာဆိုကြီးဖြစ်၏။ သီပေါဘုရင် နှင့် မိဖုရားတို့ အိန္ဒိယပြည်သို့ ဖမ်း ဆီးခေါ်ဆောင်ခြင်းခံရစဉ်က ''မြန် မာတွေ စည်းကမ်းဖောက် လို့ ထီးနန်း ပျောက်ဖြစ်ပြီ၊ မှီးငြမ်းထောက်အသစ် မီတယ်၊ ညစ်ပလီလူမျိုး၊ မိပစ်လို့ ဖရှောင်သွေသည်။ ခွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး''ဟု စာဆိုတော်ကြီး အချုပ်တန်းဆရာဖေက ထက်ထက် မြက်မြက်ရေးသားခဲ့ဖူးသည်။

ထိုစာဆိုတော်ကြီး အချုပ်တန်း ဆရာဖေ သည် သီပေါ ဘုရင်ခေတ် ရတနာပုံထီကို ပေါက်ချင်လွန်းအား ကြီးသောကြောင့် မိမိ၏ အဝတ်အ စားကောင်းလေးများကို ပေါင်နှံပြီး ထီထိုးခဲ့သည်။ ရတနာပုံထီမပေါက် သောကြောင့် ဝတ်စရာ ပုဆိုးအင်္ကျီမ ရှိတော့သဖြင့် စာဆိုတော် အချုပ် တန်း ဆရာဖေမှာ နန်းတော်သို့ပင် ဝင်စရာ အဝတ်အစား လုံးဝမရှိဘဲ ဖြစ်ခဲ့ရသည်ဟု သမိုင်းစာရေးဆရာ ကြီး 'မြကေတု' က ရေးသားခဲ့သည် ကို ဖတ်ရဖူး၏။                   

ဤကားမျက်မှောက်ခေတ် နိုင်ငံ တော် အစိုးရ ၅ဝဝ ကျပ်တန်ထီနှင့် ရတနာပုံခေတ် သီပေါဘုရင်ထီကို စဉ်းစားမိရာမှ ပေါ်လာသည့် အတွေး တစ်စပင်တည်း။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.