23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ခေတ်ဟောင်းပုံပြင် - ၃၅

မှောင်ခိုဈေးကွက် ရွှေခေတ်ကြီး မှာ ကိုခင်ဇော် မနှင်းဆီတို့ လင်မယား လည်း ရွှေမိုးငွေမိုးရွာခဲ့တာပေါ့။

မူလကတော့ သူတို့ လင်မယား က ခြေဖဝါးလက်ဖဝါးဘဝတွေရယ် ပါ။

ကိုခင်ဇော်က ရုံးလုလင်အဆင့် လောက်သာရှိတဲ့ ရုံးဝန်ထမ်း။ မနှင်း ဆီက အိမ်မှာ ချောက်တီးချောက် ချက် စက်ချုပ်ရတဲ့ စက်ချုပ်သမ။ သားသမီးက ပုစုခရုသုံးယောက်။ စား နိုင်ရုံသောက်နိုင်ရုံပဲဆိုတဲ့ အဆင့် ပေါ့။

'စားနိုင်ရုံ သောက်နိုင်ရုံ'ဆိုတဲ့ စကားက လူယဉ်ကျေးစကား၊ အလှ စကား။ ဘဝစကား အမှန်တရား မဟုတ်သေးဘူး။ ဒဲ့(တည့်) ပြောရရင် စားနိုင်ရုံသောက်နိုင်ရုံဆိုတဲ့ စကားက မငတ်ရုံတစ်မည် ခွက်လက်မဆွဲရရုံ တစ်မည်လို့  အဓိပ္ပာယ်ပေါက်တယ်။

ကိုခင်ဇော်က လည်လည်ပတ် ပတ်ဆိုရင်တော့ အစိုးရလစာအပြင် ဘေးပေါက်ဝင်ငွေရနိုင်တာပေါ့။ သို့ သော် သူတို့ဌာနက ဘာအကြံအဖန် မှ လုပ်လို့မရတဲ့ နိုင်ငံအတော်အပေါ် သစ္စာအလွန်ရှိတဲ့ 'ဘူ' ပိတ်ဌာန။

မနှင်းဆီ စက်ချုပ်တာကလည်း လက်ရာက သူလိုငါလိုဆိုတော့ ဖောက်သည် ဝိုင်းဝိုင်းလည်မနေဘူး။ မရတစ်ချက် ရတစ်ချက် ဆိုပါတော့။

လူဆိုတာ ရှေ့ရေးကို ကြည့် တတ်ရတာပေါ့။ ကလေးတွေကြီးပြင်း လာကြရင် ပညာရေးစရိတ်၊ ဘာ စရိတ်ညာစရိတ်နဲ့ ထွက်ငွေ များလာမယ်။ လက်ရှိဝင်ငွေအတိုင်းဆိုမဖြစ် ဘူး။ သည်တော့ ကိုခင်ဇော်က ဆုံး ဖြတ်ချက်ပြတ်သားစွာနဲ့ပဲ လူမှုဖူလုံ ရေး အာမခံချက် ရှိသော်လည်း ထမင်းမဝတဲ့ အစိုးရဝန်ထမ်းဘဝက နေ ''တာ့တာ၊ ဂွတ်ဘိုင်''ဆိုပြီး နှုတ် ထွက်လိုက်တယ်။

မနှင်းဆီကလည်း ''အနားယူပေ တော့ (ဆင်းဂါး) အပ်ချုပ်စက်ကလေး ရေ''ဆိုပြီး စက်ချုပ်သမဘဝက နား တယ်။ အပျိုဘဝ ကတည်းက ထမင်း စားဖို့ စက်ချုပ်လာခဲ့ရတာ။ အခုပဲ အိမ်ထောင်ကျလို့ ကလေးသုံး ယောက်တောင်ရနေပြီ။ မျက်စိမှုန် ပြီး ဖင်ဂျွတ်တတ်နေပြီ၊ ထမင်းနပ်မှန် ရုံပဲရှိတယ်။ ပြောင်းလဲချိန်တန်ပြီဆို တဲ့ ဆုံးဖြတ်ချက်နဲ့ မနှင်းဆီ အပ် ချုပ်စက်ကို ကျောခိုင်း လိုက်တာပေါ့။

 မှောင်ခို ရွှေခေတ်လေ။

 ငွေ အရင်းအနှီးမလိုပါဘူး။ လူက အရင်း အနှီးပါပဲ။

ကိုခင်ဇော်၊ မနှင်းဆီတို့ လင်မ ယား မှောင်ခိုသမား မိတ်ဆွေ တချို့ ရဲ့ အကူအညီနဲ့ 'ကယ်ရီ' ခမေမပ လုပ် ကြတာပေါ့။ အဲသည် တုန်းက 'ကက် ဆက်' ရီကော်ဒါတွေ ခေတ်စားချိန်။

သူတို့ လင်မယားနှစ်ယောက် မော်လမြိုင်သွားပြီး ယိုးဒယားထုတ် ကုန် ကက်ဆက်ကအစ အထည်အ လိပ်အလယ် ပေါင်ဒါဘူး အဆုံး မှောင်ခိုကုန်သွယ်ရေး ပင်လယ်ကြီးမှာ ကူးခတ်ကြတာပေါ့။

'ရှာဖွေရေး'နဲ့ အဆင်မပြေလို့ ပစ္စည်းအသိမ်းခံရ တာမျိုးတွေလည်း ရှိတာပေါ့။

'ရှာဖွေရေး' ဆိုတာကလည်း 'မလတမ၊ လတမ' မလိုတစ်မျိုး လိုတစ်မျိုးတွေ။ တော်ကြာဖမ်းလိုက်၊ တော်ကြာ မသိချင်ယောင်ဆောင် ပြီး လွှတ်ပေး လိုက်နဲ့။

အမှန်တော့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဆိုရှယ်လစ်စီးပွားရေး စနစ်ဆိုတာ မှောင်ခိုစီးပွားရေးစနစ် ကို တစ်ပါတည်း မွေး ထုတ်လိုက်တဲ့ အပြင် မှောင်ခိုစီးပွားရေးကြောင့် အာဏာပိုင် တချို့ အကြီးအကျယ် ကောင်းစားကြတယ်။ တာဝန်ရှိသူ အချို့လက်ဖျား ငွေသီးကြတယ်။ မှောင်ခိုကုန်သည်ကြီးတွေ ရွှေဘုံပေါ် မှာစံတယ်။

 မှောင်ခိုပစ္စည်းသယ် တဲ့ 'ကယ်ရီ' များကတော့ ရရစားစား ဝါးဝါးမျိုမျို ပါပဲ။

ကိုခင်ဇော်တို့ လင်မယားလည်း မှောင်ခိုလုပ်ရင်း လက်ဦး အစပိုင်းမှာ တော့ လုံးလည်လိုက်နေကြတာပေါ့။ နောက်တော့ အဆင်ပြေ သွားကြပြီး မနှင်းဆီ ရွှေတွဲလွဲငွေတွဲလွဲဖြစ်လာ တယ်။ အိမ်တွေ ဘာတွေ ပြင် ဆောက်တယ်။ အကျိုးပေးတော့ အကြောင်း ထင်တာပေါ့လေ။

''မှောင်ခိုစီးပွားရေးခေတ်' ၊ 'မှောင်ခိုစီးပွားရေးသမား'၊ 'မှောင်ခို ဈေးကွက်' စတဲ့ အခေါ်ဝေါဟာရတွေ ဟာ ကျက်သရေမရှိတဲ့ အခြေ အနေ မလိုလားစရာ အဓိပ္ပာယ် negative  sense တွေဖြစ်ကြပေမယ့် တစ်တိုင်း ပြည်လုံး မှောင်ခိုစီးပွားရေး စနစ်နဲ့ လည်ပတ်နေတာဆိုတော့ တရားဝင် စီးပွားရေး စနစ်ကြီးလို့တောင် ထင် ယောင်ထင်မှားဖြစ်စရာကောင်းလာ တယ်။

လူတစ်ယောက်ဟာ ''ဘာ လုပ်နေလဲ ကိုယ့်လူ''လို့ အမေးခံရရင် ''မှောင်ခိုအရောင်းအဝယ်ပေါ့'' လို့ ရဲရဲတင်းတင်း ခုနစ်အိမ်ကြား ရှစ်အိမ် ကြား အော်ပြောရဲပြီး အဲသလို ပြောရ တာကို ဘာမှဂုဏ်ငယ်စရာမရှိဘူး။ 'မှောင်ခိုအလုပ်' ဟာ သမ္မအာဇီဝ တရားဝင် စီးပွားရေးအလုပ်လို ဂုဏ် ယူချင်သပဆို ဂုဏ်ယူစရာတောင် ဖြစ်နေခဲ့သလား မပြောတတ်ပေါင် ဗျာ။

အဲသည်တုန်းက 'မှောင်ရိပ်ခိုမှု' နဲ့ အဆွဲခံရလေ့ရှိတဲ့ နတ်သမီးများ ဟာလည်း မှောင်ရိပ်မခိုတော့ပါဘူး။       

 ရန်ကုန်မြို့လယ်ကောင်မှာ ပြောင်ပြောင်တင်းတင်း လမ်းသလား ရင်း ဖောက်သည်ရှာနေကြတော့ တာပဲ။         

ရန်ကုန်မြို့တော်ရဲ့ ကျက်သရေ ဆောင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ကြီးကို မျက်နှာမူထားတဲ့၊ မြန်မာ့ရုပ် ရှင်တွေသာပြတဲ့ ရုပ်ရှင်ရုံပေါ်တီကို တွေအောက်မှာဆိုရင် စီးပွားရှာနေတဲ့ နတ်သမီး အရွယ်ရွယ်အစားစားကို နေ့ခင်းကြောင်းတောင်မှာ တွေ့နိုင်ပါ တယ်။

ရန်ကုန်မြို့တော် ဆင်ခြေဖုံး ရပ် ကွက်တိုင်းနီးပါးမှာ နတ်သမီးတို့ စံ မြန်းရာ လှိုဏ်ဘုံမြနန်းတွေ အော တိုက်လို့ပါ။

မူးယစ်ဆေးဝါးကလည်း  ဝယ်ရ ခြမ်းရတာ လွယ်မှလွယ် ပေါမှပေါ။

အရက်ကျပြန်တော့ မှောင်ခို ဖြစ်နေပြန်ကရော။

 မှောင်ခိုဆိုပေမယ့် အရက်ပုန်း ဆိုင်လို့ ခေါ်ကြပေမယ့် သိမ်ကြီးဈေး မြောက်ဘက် ကုလားဘုရားနားက 'နို့ဈေး' လို့ ခေါ် တဲ့ နေရာ မှာ မှောင် ခိုတောအရက် ၂၄ နာရီ ရနိုင်ပါ သဗျာ။

အို ပျော်စရာကောင်းလိုက်ပါတဲ့ မှောင်ခိုခေတ်ကြီး။

 မှောင်ခိုကုန်သွယ်အလုပ်နဲ့ ကြီး ပွားလာတဲ့ ကိုခင်ဇော်၊ မနှင်းဆီတို့ အိမ်မှာလည်း နတ်ကနားပွဲတွေက တခြိမ့်ခြိမ့်ပါပဲ။ မနှင်းဆီက ဝါသနာ ကြီးပေတာကိုး။

''လူလိုမှ နတ်လို၊ နတ်လိုမှ ဂြိုဟ်မသတဲ့ရှင့်'' လို့ မနှင်းဆီက စိန်နားကပ်ကြီး တဝင်းဝင်းနဲ့ မိန့် တော်မူပါတယ်။

''နတ်ကနားပေးလို့ တစ်သိန်း ကုန်ရင် မကြာခင်မှာပဲ ကျုပ်တို့အ တွက် ငါးသိန်းလောက်ပြန်ဝင်တာပဲ ဗျို့''လို့ ကိုခင်ဇော်ကလည်း အားရ ဝမ်းသာ ကြွေးကြော်တော်မူပါတယ်။

ဘာကြာလို့လဲ၊ ''မူးယစ်အထူး'' အဖွဲ့က ဝင်ဖမ်းလိုက်တာ သူတို့ အိမ်က ဘိန်းဖြူတွေမိပါရောလား။ အိမ် ကော ကားကော သက်ဆိုင်ရာ က သိမ်းလိုက်ပြီ။

ကိုခင်ဇော်နဲ့ မနှင်းဆီတို့ကိုတော့ အင်းစိန်တောရမှာ နှစ်ရှည် တရား အားထုတ်ဖို့ စီရင်ချက်ချလိုက်ပါ တယ်။  

ကလေးသုံး ယောက်ခမျာတော့ ဘိုးအေဘွားအေ တို့ဆီ ခွေးတိုး ဝက်ဝင် ရောက်သွားကြ ရရှာလေရဲ့။         

နတ်တွေထက် တန်ခိုးပါဝါ ကြီးတဲ့ တရားဥပဒေနဲ့တွေ့တော့ နတ် တွေလည်း ဘုံပျောက်ကြရတော့တာပ ခင်ဗျား။

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.