24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
အာဏာရှင်ခေတ်ဖြစ်ခဲ့ကြုံခဲ့သမျှ သူရဦးတင်ဦးနှင့် သရက်သီးသုံးလုံး ဇတ်လမ်း

နိုင်ငံရေးသုတေသီ ““မြန်မာ့ ဒီမိုက ရေစီ ခရီးနှင့် သူရဦးတင်ဦး စာအုပ်  ဒုတိယတွဲ ဘယ်တော့ထွက်မှာလဲ တက်္ကသိုလ်စိန်တင်””
တက်္ကသိုလ်စိန်တင် ““အဲဒီ စာအုပ် ဓူဝံစာပေမှာ ကွန်ပျူတာစာစီနေပါ ပြီ။ မကြာမီ ထုတ်ဝေနိုင်ပါလိမ့်မယ် ထင်ပါရဲ့””
နိုင်ငံရေးသုတေသီ ““အဲဒီ သူရဦးတင် ဦး ဒုတိယတွဲ စာအုပ်မှာ ထူးခြားတဲ့ အကြောင်းအရာ ဘာတွေပါသလဲဗျ””
တက်္ကသိုလ်စိန်တင် ““သူရဦးတင်ဦးရဲ့ ဘ၀ဇာတ်လမ်း တစ်ခုလုံးဟာ အလွန် ထူးခြားလှပါတဲ့ အတွေ့အကြုံတွေနဲ့ ပြည့်ဖုံးနေတယ်ဗျာ။ စစ်အာဏာရှင် ခေတ်ဆိုးထဲမှာ သားကောင်သဖွယ် ကြုံကြုံလာတယ်ဆိုတဲ့အခါ မယုံ ကြည်စရာ၊ သို့သော် အမှန်တကယ် ဖြစ်ခဲ့တာတွေ များစွာမှများစွာပါပဲ။ သည်အထဲက ဗိုလ်ချုပ်ကြီး (ငြိမ်း) သူရဦးတင်ဦးရဲ့ ဂုဏ်သိက်္ခာကို အ ရှက်မဲ့စွာ ပုတ်ခတ်ရှုတ်ချခဲ့ကြတဲ့ ပြည်သူပိုင်သတင်းစာ ကြေးမုံမှာ ဖော်ပြခဲ့တဲ့ သရက်သီးသုံးလုံး ဇာတ် လမ်းကတော့ တကယ့်ကို အံ့မခန်း ဖြစ်ရပ်ပါဗျာ””
(၂)
    ၁၉၇၇ ခုနှစ် ဇန်န၀ါရီလတွင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး ကို အထူးတရားရုံးက ထောင်ဒဏ် ခုနစ်နှစ် အပြစ်ဒဏ်ချမှတ်ခဲ့သည်။ နိုင်ငံတော် ခေါင်းဆောင်ကြီးများဖြစ် ကြသော သမ်္မတဦးနေ၀င်း၊ ဒုတိယ သမ်္မတ ဦးစန်းယု၊ နိုင်ငံတော်သမ်္မတ အကြံပေးအရာရှိ (အများအခေါ် ဥညန ညေိံေူ် ) မျက်မှန်ကြီး ဗိုလ်မှူးချုပ်တင်ဦးတို့အား တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်၏ ကိုယ် ရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့် နှင့် အဖွဲ့က လုပ်ကြံသတ်ဖြတ်ရန် စီမံကြိုးပမ်းခဲ့သည်။ မအောင်မြင် သော ထိုအမှုကို တစွန်းတစ သိရှိခဲ့ ရသည်ဆိုသော တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် ကြီးဟောင်း သူရဦးတင်ဦးအား သက် ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက် မှုဖြင့် အထူးတရားရုံးက တရားစွဲ ဆိုပြီး (အလုပ်မဲ့) ထောင်ဒဏ် ခုနစ် နှစ်အပြစ်ဒဏ် ကျခံစေရန် အပြစ် ပေးခဲ့သည်။
    ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင် ဦးကို အမှုတွဲဖြစ်သော ဗိုလ်မှူးကြီး လှဖေ၊ ဗိုလ်မှူးစိန်မြင့်၊ ဗိုလ်ကြီးဝင်း  သိန်းတို့ အပါအ၀င် အခြားတရားခံ များနှင့်အတူ အင်းစိန်တွဲဖက် အ ကျဉ်းထောင်များအတွင်း၌ အိမ်တစ် လုံး (နှစ်ဦးကျစီ) ဖြင့် ထားရှိခဲ့သည်။ စားရေးသောက်ရေးအတွက် နံနက် နှင့်ည တစ်ရက်အတွက် ခုနစ်ကျပ် နှုန်းဖြင့် စစ်ထောက်လှမ်းရေး တပ်ဖွဲ့ က နေ့စဉ် ဆီပြန်ဟင်းတစ်ခွက်ပါ သော အစားအစာကို နံနက်ညစား သောက်ခွင့်ရသည်။အစားအသောက် မှာ ““မဆိုး ပါဘူး၊ စားပျော်ပါတယ်။ ဆီပြန်ဟင်း၊ (ငါးပိ) တို့စရာ၊ ချဉ်ရည် ဟင်းတစ်ခွက် ချက်ပြုတ်ပြီး လာပို့ တာစားရတယ်”” ဟု သူရဦးတင်ဦးက ပြောသည်။
    ယခုအခါ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်ြီူ ပါတီတွင် နာယက တာဝန် ထမ်းဆောင်နေသော အ သက်အရွယ် ၉၁ နှစ်အတွင်းသို့ ချဉ်း နင်းဝင်ရောက်လာနေပြီဖြစ်သည့် နာယကကြီး သူရဦးတင်ဦးက လွန်ခဲ့ သော ၁၉၇၇ ခုနှစ် အနှစ် ၄၀ ခန့် ကာလက အင်းစိန်ထောင်အတွင်း၌ ကြုံခဲ့ရသည့် ဖြစ်ကြောင်းကုန်စဉ်ကို ရယ်ရွှင်ကာဖြင့် ဤသို့ ပြန်ပြောခဲ့ သည်။
(၂)
    အင်းစိန် အကျဉ်းထောင်အ တွင်းမှာ ကျွန်တော်တို့ ပြစ်ဒဏ်ကျခံ ရတာ ထောင်ဒဏ်ခုနစ်နှစ်ဆိုပေမယ့် စုစုပေါင်း သုံးနှစ်နဲ့၊ ရှစ်လကြာပဲ ပြစ် ဒဏ်ခံခဲ့ရတယ်။ နောက်ပိုင်းမှာ သာ သနာသန့်ရှင်းရေးအထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ နိုင်ငံ ရေးပြစ်မှုတွေမှာ ကျွန်တော် ၁၉၈၀ ပြည့်နှစ်မှာ လွတ်လာတယ်။ ဗိုလ် ကြီးအုန်းကျော်မြင့်ကတော့ ကြိုးစင် တက်ပြီး အသက်ပေးသွားခဲ့ရရှာ တယ်။ ကျွန်တော်၊ ဗိုလ်မှူးကြီးလှဖေ (ထောင်ဒဏ် ၁၀ နှစ်)၊ ဗိုလ်မှူးစိန် မြင့်၊ ဗိုလ်ကြီးဝင်းသိန်းတို့ပါ လွတ် ငြိမ်းခွင့်ရကြပြီး အိမ်ပြန်ရောက်လာ ကြတယ်။
    အင်းစိန်၊ အကျဉ်းထောင် (တွဲ ဖက်) မှာ နေရတာက စစ်ထောက် လှမ်းရေးတပ်သားတွေနဲ့ နေ့စဉ်ပါပဲ။ မတွေ့ချင်လည်းတွေ့၊ မမြင်ချင်လည်း မြင်နေရပါတယ်။ သူတို့တတွေထဲမှာ ကျွန်တော့်ကို မိမိတို့ လူကြီး ဆရာ သမားဖြစ်ခဲ့ဖူးတယ်လို့ လေးလေးစား စား ကြည်ညိုခင်မင်စွာ ဆက်ဆံခဲ့သူ တွေရှိသလို တချို့ကလည်း ယခင်က ဘာကောင်ပဲ ဖြစ်စေဖြစ်စေ ယခု တို့လက်အောက်က အကျဉ်းသားဖြစ် နေပြီဆိုပြီး မိုက်ရိုင်းတဲ့ စိတ်ဓာတ်နဲ့ အပြတ်ယုတ်မာတဲ့ စစ်ထောက်လှမ်း ရေး တပ်သားတွေလည်း ကြုံရဖူး တယ်။
    တစ်နေ့တော့ ကျွန်တော်နဲ့ ဗိုလ် မှူးစိန်မြင့်တို့နေကြတဲ့ အိမ်အနီးက သရက်ပင်ကြီးက သရက်သီးတွေကို စစ်ထောက်လှမ်းရေး တပ်သားတွေ တက်ခူးကြတာ ရာနဲ့ချီပြီးရကြတယ်။ ကျွန်တော်နဲ့ ဗိုလ်မှူးစိန်မြင့်ကိုလည်း ““အဘတို့ စားဖို့ လက်ဆောင်””လို့ ပြောပြီး တစ်ယောက်ကို ၂၅ လုံးစီ ပေးသွားကြတယ်။ သရက်သီးကြီး တွေက မျိုးကောင်းဆိုတော့ လှမှလှ ဗျာ၊ အဲဒါ ကျွန်တော်တို့တစ်ယောက် တည်းစားလို့ ဘယ်ကုန်မှာလဲ။ ဒါနဲ့ တစ်နေ့တော့ နှစ်သစ်ကူး သင်္ကြန်ပွဲ တော်အပြီး ကျွန်တော့် ဇနီးဒေါက် တာ တင်မိုးဝေနဲ့ သူ့အစ်မရယ်၊ ကျွန် တော့်သားရယ် ထောင်ဝင်စာလာတွေ့ ကြတယ်။ ကျွန်တော်က မှည့်အောင် လုပ်ထားတဲ့ သရက်သီးလှလှကြီး သုံးလုံး ၀င်းဝင်းဝါ၀ါကြီးကို ဇနီးတစ် လုံး၊ မရီးတစ်လုံး၊ သားတစ်လုံးစားဖို့ လက်ဆောင်ပေးလိုက်တယ်။
    အဲဒီနေ့က ထောင်ဝင်စာတွေ့ပြီး ထောင်ထဲက အိမ်ပြန်လာစဉ် အိမ် ခန်းဖော် ဗိုလ်မှူးစိန်မြင့်က ကျွန် တော့်ကို သတိပေးစကားပြောတယ်။ ““ဗိုလ်ချုပ် စိတ်မဆိုးနဲ့နော်၊ ဗိုလ်ချုပ် က သရက်သီးသုံးလုံးကို ဗိုလ်ချုပ် မိသားစုအတွက် စေတနာထက်သန် စွာနဲ့ လက်ဆောင်ပေးခဲ့တာတော့ ဟုတ်ပါရဲ့။ ဒါပေမယ့် ဒီစစ်ထောက် လှမ်းရေး တပ်သားတွေက လူစုံပါ တယ်။ လူဟောင်းလည်းရှိတယ်။ လူ ယုတ်မာလည်း ပါတယ်။ အဆင်မ သင့်လို့ ဒီကောင်တွေက ဗိုလ်ချုပ်ရဲ့ သရက်သီး သုံးလုံး အိမ်ပို့တာ အစီရင် ခံစာရေးပြီး အပုပ်ချရင်ခက်မယ်တဲ့။ ကျွန်တ်ေလည်း ဒီတော့မှ စဉ်းစားမိ တယ်။ ဘာမှတန်ဖိုးမရှိတဲ့ သရက် သီးသုံးလုံးကြောင့် ငါ့ကို ပြောရင်ခံရ တော့မှာပါကလားလို့။
(၃)
    ထိုကိစ်္စမှာ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး စဉ်းစားခဲ့သလို ဖြစ်လာသည်။ န၀တ နအဖ စစ်အာဏာရှင် လက် ထက်တွင် ပြည်သူပိုင် သတင်းစာ ကြေးမုံနှင့် မြန်မာ့အလင်းတို့၌ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်း ဆောင် သူရဦးတင်ဦး အင်းစိန် အကျဉ်းထောင်၌ ပြစ်ဒဏ်ခံနေရစဉ် အကျဉ်းသားတို့ စားရမည့် သရက်သီး သုံးလုံးကို သူရဦးတင်ဦးက မိမိအိမ် သို့ ပို့ခဲ့ကြောင်း အပုပ်ချရေးသားဖော် ပြခဲ့သည်။
    သြော်-အာဏာရှင်ခေတ် ဆိုး ဖြစ်ခဲ့ကြုံခဲ့သမျှ သူရဦးတင်ဦးနှင့် သရက်သီး သုံးလုံး ဇာတ်လမ်းပင်။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.