24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ဂီတနက်သန် ကိုစောညိန်း နွေနှောင်းရက်ကျန် သီချင်းနှင့် စာရေးဆရာကြီး သုခ

(၁)

 ရော်ရွက်ဝါမြညှာညောင်းကာ ညှိုးလျော်ခွေပျောင်း၊ နွေနှောင်း ရာသီမှာ လေယူနှင်လာ ကြွေကာဝဲ ကာ ဆင်းရွှေမှုန်ရောရော မြေသို့ သက်လျော လွမ်းဖွယ့်သာမော စွာ...

မိုးဦး ပဇ္ဇုန်ဒေဝါ၊ မာန်ဟုန် တော်ပျိုးလို့ မင်ခိုးရီလဲ့ ဖွဲ့ကာဝိုင်း လို့သာ မှုန်ပြာဝေမှိုင်း၊ ခုလိုတိမ် မျိုးဆိုင်းမှဖြင့် မကန်းကွက်ထင်လာ၊ နတ်ရှင်ကို မြင်ယောင်မိပြန်တာ ကဗျာသီကြွေး စာပလီတေး တွေနဲ့ မြင်ယောင်ကာသာ၊ ထင်တရေးရေးနဲ့ လွမ်းမိုးစွေလို့ ရွာ၊ မဖြေနိုင် ပါ ကိုယ်တော်တိုင်မှာ သောကရဲ့ စေ စားချက်နာ စစ်မြေကွာဝေး ဆွေး လျက်ပင်သာ၊ တစ်သက်တာ လွမ်းရ ရှာ ရာဇဝင် အမှောင်မှာ တန်ဆောင် ဆီမီးပမာ အနုပညာမြောက် စံတင် နိုင်လောက် စာပေရောင်ဝါ ထိန်ထိန် တောက်ခဲ့တာ ရတုဘုရင် စာဆိုရှင်ရဲ့ ဂန္ထဝင် အမွေအနှစ်ပါ။

၂၉-၁-၂ဝ၁၇ တနင်္ဂနွေနေ့  ညနေပိုင်းကဖြစ်ပေသည်။ ဤ စာရေးသူ တက္ကသိုလ်စိန်တင်တို့ နေထိုင်သော ဒဂုံမြို့သစ် မြောက်ပိုင်း ၄၆ ရပ်ကွက်၌ ထီလက်မှတ် ရောင်း သော လက်တွန်းလှည်းက ရှားရှား ပါးပါး သီချင်းတစ်ပုဒ် ဖွင့်နေသည်။ ဂီတစာဆို ကိုစောညိန်းရေး ဖွဲ့သည့် ရတုဘုရင် သီချင်းပါလား။

''နတ်ရှင်ကို မြင်ယောင်မိပြန် တာ ကဗျာသြီေ<ွကး စာပလီတေး တွေနဲ့ မြင်ယောင်ကာသာ ထင်တ ရေးရေးနဲ့ လွမ်းမိုးစွေလို့ရွာ'' တဲ့။ သြော် ဆရာကိုစောညိန်း သီဖွဲ့ သည့် ရတုဘုရင်သီချင်းကို နား ဆင်ရပြီး ရတုဘုရင်စာဆိုနတ်ရှင် နောင်ကို လည်း လွမ်းရသည်။ 'ရတုဘုရင်' သီချင်းပိုင်ရှင် ဆရာဂီတနက်သန် ကိုစောညိန်းကိုလည်း လွမ်းမောတမ်း တမိလေသည်။

(၂)

''ဂီတနက်သန်ကိုစောညိန်း သီ ချင်းတွေကဖြင့် ဘယ်ခေတ် ဘယ်အ ခါမှာမှ မရိုးနိုင်တဲ့ ဂီတရတနာပုလဲ ကုံးကလေးတွေပဲဗျ''

ထိုနေ့က တက္ကသိုလ်စိန်တင် အိမ်သို့ အလည်ရောက်နေသော အမျိုးသားစာပေဆုရ ကဗျာဆရာ မောင်ယဉ်နွယ်က ပြောနေသည်။

''ဆရာကိုယဉ်နွယ်၊ ဂီတနက် သန်ကိုစောညိန်းကို မီလိုက်သေး သလား''ဟု တက္ကသိုလ်စိန်တင်က မေးခွန်းထုတ်ရာ ဆရာမောင်ယဉ် နွယ်က ''မီတာပေါ့ ကိုစိန်တင်ရယ်၊ ဒါပေမယ့် လူချင်းတော့ မရင်းနှီးခဲ့ ပါဘူး။ ဂီတနက်သန်ကိုစောညိန်း သီချင်းတွေက အားလုံးပဲ သံစဉ်ရော စာသားပါ  နုနုနွဲ့နွဲ့ရှိလှတယ်။ အဓိပ္ပာယ်နက်နဲပြီး ဖွဲ့ဆိုတင်ပြပုံ လည်း သိပ်ကဗျာဆန်တယ်ဗျ''ဟု ဆက်ပြောသေးသည်။

ကဗျာဆရာ မောင်ယဉ်နွယ် မှာ ယခုအခါ အသက်အရွယ် ၈၅ နှစ် ခန့်ရှိပြီထင်ရဲ့။ သို့သော် ဂီတနက် သန် ကိုစောညိန်း သီချင်းအကြောင်း ပြောနေရင်း ပြုံးပြုံးရွှင်ရွှင်နှင့် သူ့ အသက် ၈၅ နှစ်အရွယ်ပင် မထင်ရ ဘဲ နုပျိုလာသည့်ပုံပင်။

''ဆရာ ကိုစောညိန်းသီချင်း တွေက မြန်မာသံစဉ်ကို နွဲ့နွဲ့ကလေး ဆွဲပြီး ဖွဲ့သွားတယ်ဗျ။ အဓိပ္ပာယ် လည်းြ<ွကယ်တယ်။ သစ္စာ၊ ရတု ဘုရင်၊ ပွင့်ဦး၊ သပြေရွက်ရေ၊ စိန်...အိုဗျာ ဘယ်သီ ချင်းဖြစ်ဖြစ် ကောင်းနေပါတယ်။ တကယ့် ဂန္ထဝင် သီချင်းတွေပဲဗျ''

ဆရာမောင်ယဉ်နွယ်က မယ် ဒလင်သမားဖြစ်၏။ တစ်ချိန်က ဂီတနက်သန်ကိုအုန်းလွင် (ဂီတာ တီးသူ) နှင့် မောင်ယဉ်နွယ် (မယ်ဒ လင်တီးသူ) တို့ ဂီတနက်သန် ကိုစော ညိန်း သီချင်းများ တီးခတ်ပျော်မွေ့ ခဲ့ဖူးသည်။

ဤစာရေးသူ တက္ကသိုလ်စိန် တင်လည်း ငယ်စဉ်ဘဝ မင်းဘူးမြို့ တွင် ကျောင်းနေစဉ် မယ်ဒလင် တစ်လုံးဖြင့် ဆရာကိုစောညိန်း ၏ မြန်မာသံသီချင်းများကို ဆိုတီးခဲ့ဖူး သည်။ လွန်ခဲ့သော ငါးနှစ်ခန့်က ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ် သံရုံးမှ ကြီးမှူးကျင်းပသည့် ဂီတ နက်သန်ကိုစောညိန်း၏ တေးသီ ချင်းများ ပြန်လည်ဆန်းသစ်သီဆို တီးခတ်ပွဲသို့ ညနေပိုင်းမှာ တက္ကသိုလ်စိန်တင်နှင့် စိမ့် (ပညာ ရေး) တို့ ရောက်ခဲ့ကြသည်။

 ပြင်သစ်သံရုံးရှေ့က ပိတောက်ပင်ကြီးသည် ရွက်ဝါများကို တစ်ရွက်စီခြွေချနေသည်။ အရှေ့ဆီက ဖိုးရွှေ လမင်းကြီးက ပြည့်ပြည့်ဝဝ သာလွန်း မကသာနေဆဲ။ ဂီတစင်မြင့်မှ တေး သံရှင်က ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သော 'ရတုဘုရင်' သီချင်းကို ဂီတနက်သန် ကိုအုန်းလွင် (၈၅ နှစ် ရွယ်) ကိုယ်တိုင် မြန်မာဂီတာတီး၍  ဖျော်ဖြေနေသည်။

 ''ရော်ရွက်ဝါမြညှာညောင်းကာ ညှိုးလျော်ခွေပျောင်း နွေနှောင်း ရာသီမှာ လေယူနှင်လာြေ<ွကကာ ဝဲကာ''

ထွက်ပြူစ ဖိုးရွှေလမင်းကြီး၊ ပိတောက်ရွက်မျာြးေ<ွကကျနေသော နွေဂိန်မန်၏ အလှ၊ ဂီတစင်မြင့် ပေါ်က ဆရာကိုစောညိန်း၏ 'ရတု ဘုရင်'တေး။ အိုး... သာယာ ကြည် နူးဖွယ်ကောင်းလိုက်ပါတဲ့ နွေတစ် ညကွယ်။

(၃)

''ဂီတနက်သန် ကိုစောညိန်း အ သက်အရွယ်ငယ်ငယ်မှာ လူဆိုးလူ မိုက်တွေ ရိုက်နှက်တဲ့ ဒဏ်ကြောင့် ကွယ်လွန်ရှာတယ်၊ တကယ်နှမြော စရာကောင်းတဲ့ ဂီတပညာရှင်ပါဗျာ'' ဆရာမောင်ယဉ်နွယ်က အတိတ်ကို ဆောင်၍ ဂီတနက်သန် ကိုစောညိန်း ၏ နောက်ဆုံးနေ့ကို ပြောပြနေသည်။

ဂီတနက်သန်ကိုစောညိန်းမှာ ရန်ကုန်မြို့ ကြည့်မြင်တိုင် မြို့နယ် တွင် နေထိုင်စဉ် တစ်ည၌ တယော ကလေးထိုး၍ သီချင်းတစ်ပုဒ်ရေး သီဖွဲ့နေသည်။

ထိုစဉ် ''လမ်းထိပ်မှာ လူငယ် တွေ ရန်ဖြစ်လို့ ရိုက်နေကြသတဲ့'' ဟု လမ်းထဲတွင် အော်ပြောသံကြားရ သဖြင့် ကိုစောညိန်းသည် တယောက လေး ချထား၍ ညီငယ်ကလေး လမ်း ထိပ်ထွက်သွားသည်ကို စိတ်ပူကာ ပြေးထွက်သွားသည်။

လမ်းထိပ်တွင် လူငယ်တစ်စု ပြဿနာဖြစ်၍ ရိုက်နှက်ရန်ဖြစ်နေ ကြသည်ကို ကိုစောညိန်းက ဝင် ရောက်ဖျန်ဖြေစဉ် လူငယ်များက လူမှားပြီး ကိုစောညိန်းကိုပါ ရိုက်၏။ ခဏအကြာတွင် ကြည့်မြင်တိုင် ရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်လာ ကြပြီး ရန်ဖြစ်သူ လူငယ်တစ်စုကို ဖမ်းဆီးသွားပြီး ရဲအချုပ်ခန်းထဲ ထည့်စဉ် ဦးခေါင်းနှင့် ကျောတွင် ပေါက်ပြဲထိခိုက် သွေးယိုစီးနေသော ဒဏ်ရာနှင့် ဂီတနက်သန် ကိုစော ညိန်းလည်း ရဲအချုပ်ခန်းထဲသို့ ဖမ်း ထည့်ခံထားရလေသည်။

ကိုစောညိန်း ဒဏ်ရာပြင်းထန် စွာဖြင့် အချုပ်ခန်းထဲသို့ ရောက် နေကြောင်း သတင်းကို အိမ်သား များက စာရေးဆရာကြီး ရုပ်ရှင် ဒါရိုက်တာ ဆရာကြီး ဦးသုခထံ သွားရောက် အကြောင်းကြား သတင်း ပို့ခဲ့သည်။

စာရေးဆရာ ဒါရိုက်တာ ဆရာသုခနှင့် ဂီတနက်သန် ကိုစော ညိန်းတို့မှာ များစွာ ရင်းနှီးကြသည်။ စာရေးဆရာ အသင်းပြဇာတ်တွင် ဂီတနက်သန် ကိုစောညိန်းရေးသီ ဖွဲ့ခဲ့သော 'နွေနှောင်းရက်ကျန်' သီချင်း ကို သရုပ်ဆောင် သုခက သီဆိုခဲ့၍ အလွန် နာမည်ကျော်ကြား ခဲ့သည်။         

ယခု ဂီတနက်သန်ကိုစောညိန်း ဒဏ်ရာ ပြင်းထန်စွာရရှိ၍ ဆေးရုံမ ရောက်ဘဲ ရဲအချုပ်ခန်းထဲသို့ ရောက် ရှိနေပုံကို ဆရာသုခ ကြားသိရသော အခါ -

ကြည့်မြင်တိုင် ရဲစခန်းသို့ သွားကာ ဂီတနက်သန်ကိုစောညိန်းကို ရန် ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသရလေ သည်။ သို့သော် မြန်မာ့ဂီတခေတ်ကို တစ်ခေတ်ဆန်းစေခဲ့သူ ကိုစောညိန်း ကံကြမ္မာဆိုးရှာသည်။ ရန်ကုန် ဆေးရုံ ကြီးတွင် တစ်ရက်မျှသာ ဆေးကုသ ခွင့်ရပြီး ဦးနှောက်တွင်းသို့ ဒဏ်ရာက သွေးများယိုစီးဝင်သည့် ဝေဒနာဖြင့် ကွယ်လွန်အနိစ္စရောက်ရှာလေ သည်။

ကိုစောညိန်း၏ ဂီတကို ချစ် မြတ်နိုး တန်ဖိုးထားလေးစားပြီး မိတ် ဆက်စာရေးရင်းဖြင့် ကိုစောညိန်း နှင့် ချစ်မေတ္တာမျှခဲ့သူ ရေနံချောင်း မြို့မှ ဂီတချစ်သူ မိန်းမပျိုမှာ မမြင်ဖူးသေး သော ကိုစောညိန်းကို တွေ့ဆုံရန် ရန် ကုန်သို့ ရောက်လာ၏။ သို့သော် ချစ် ခင်မြတ်နိုးတန်ဖိုး ထားရသူ ကိုစော ညိန်းကို သက်ရှိ ထင်ရှားမတွေ့ရဘဲ ဈာပနကိုသာ လိုက်ပို့ခွင့်ရတော့သည်။

ဤကား ကဗျာဆရာ မောင် ယဉ် နွယ်ပြောပြသော ဂီတနက်သန် ကိုစောညိန်း၏ လွန်းမောကြေကွဲဖွယ် ဖြစ်ရပ်မှန်ပုံပြင်တည်း။

တက္ကသိုလ် စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.