19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကား ဂိုးလ်ဖင်းဂါးနှင့် လက္ခဏာ ဆရာ၊ ပရောဟိတ် ဆရာစနြေ္ဒ

(၁)

''သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့တဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကား ဂိုလ်းဖင်းဂါး Gold Finger ကို ကြည့်ရင်းနဲ့ ကျွန်တော် တရား သဘော ရှုမြင်ပြီး ဘာသာတရား ဘက်ကို လုံးလုံးလျားလျား ရောက် ရှိခဲ့တာပဲဗျ''

မြန်မာနိုင်ငံ၌ နာမည် အ ကျော်ကြားဆုံးဖြစ်သော ပရော ဟိတ် လက္ခဏာ ပညာရှင် အကျော် အမော် ဆရာကြီး ဆရာစန္ဒြက အ ထက်ပါအတိုင်းပင် ဤစာရေးသူ တက္ကသိုလ်စိန်တင်ကို ပြောပြခဲ့ ဖူးသည်။

 မြန်မာနိုင်ငံသို့ ဂျိမ်းစ်ဘွန်း စုံ ထောက်ရုပ်ရှင်ကားများ လာ ရောက်ပြသခဲ့သည်မှာ ၁၉၇ဝ ပြည့်လွန် နှစ်များကဖြစ်သည်။ ပထမဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ် ကားမှာ The Gold Finger ဖြစ်သည်။ ရန်ကုန်မြို့ သမ္မတ ရုပ်ရှင် ရုံတွင် ပထမဆုံးပြသခဲ့သော ထို ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားကို ရန်ကုန် မြို့နေ ရုပ်ရှင်ချစ်သူ ပြည်သူအ များက ကြိုတင်လက်မှတ်များ တိုး ဝှေ့၍ ဝယ်ယူခဲ့ကြသည်။ ထိုသို့ ကြိုတင် လက်မှတ်များ တိုးဝှေ့၍ ဝယ်ယူကြသော ရုပ်ရှင်ဝါသနာ် အိုးများတွင် ဤစာရေးသူ တက္ကသိုလ်စိန်တင်နှင့် စိမ့် (ပညာ ရေး) တို့လည်း ပါဝင်ခဲ့ကြသည်ကို ဝန်ခံရပေမည်။

၁၉၇ဝ ပြည့်လွန် နှစ်ဆီက ဆိုလို့ တို့ကိုစိန်တင်၏ အသက်က ဘာရှိသေးလို့လဲ။ ၃၅ နှစ်သည် အရွယ်မှာ ရန်ကုန်မြို့ ရုပ်ရှင်ရုံ တကာ၌ တက္ကသိုလ် စိန်တင်နှင့် စိမ့် (ပညာရေး) တို့တိုး ဝှေ့၍ ရုပ်ရှင် လက်မှတ်ဝယ်ကြည့်၊ အမှန် တကယ်ပင် မိုက်တုန်း မိုက်ဆဲ မိုက် ဝဲ သံသရာလည်နေချိန်ပင်။

ထိုအချိန်တွင် တက္ကသိုလ် စိန် တင် အိမ်သို့ မကြာခဏအလည် အပတ်ရောက်လာတတ်သူ နာ မည်ကျော် လက္ခဏာဆရာ ပရော ဟိတ်ကြီး ဆရာစန္ဒြက ဤဆောင်း ပါးအစတွင် ရေးသားဖော်ပြခဲ့ သည့်အတိုင်း ပြောလေသည်။

ဆရာစန္ဒြက တက္ကသိုလ်စိန် တင်ကို ဤသို့ပင် ပြောခဲ့ပေသည်။

''သတင်းစာတွေထဲမှာ ရန် ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံမှာ ပြသ နေတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကား Gold Finger ရုပ်ရှင်သတင်းက အတော်ပဲ ထင်ထင်လင်းလင်း နာ မည်ကြီးရင်းကြီးရင်းဖြစ်နေတာကိုဗျ။ ဒါနဲ့ ဒီလောက်နာမည်ကြီးနေတဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကား ကိုကြည့်ဖို့ အဆင့်အမြင့်ဆုံး အတန်း DC (Dress Circle) ကနေ လက်မှတ် ကြိုတင်ဝယ်ယူ ထားတယ်။ အဲဒါနဲ့ ဒီဂျိမ်းစ်ဘွန်းရုပ်ရှင် Gold Finger ဂိုလ်းဖင်းကား ဇာတ်ကားကြည့်တဲ့ နေမှာတော့...''

(၂)

လက္ခဏာဆရာကြီး ဆရာစန္ဒြ သည် သမ္မတရုပ်ရှင်ရုံ၌ ပြသနေ သော ဂျိမ်းစ်ဘွန်းရုပ်ရှင် Gold Finger ဇာတ်ကားကို ကြည့်ရှု ရင်း ဖြင့် ဤသို့အတွေးဝင်လာသည်ဟု ဆို၏။

 ကြည့်စမ်းပါဦး။ ဒီရုပ်ရှင်ကား ကို ကြည့်ဖို့ ဒီကနေ့ မိမိ၏ တန်ဖိုး ကြီးလှသော အချိန် သုံးနာရီကို သုံးခဲ့ရပြီ။ မိမိသည် စင်စစ် ဗုဒ္ဓ ဘာသာဝင် အစစ်အမှန်ဖြစ်သည်။ အိမ်က ဘုရားစင်မှာ တစ်နေ့ အချိန် သုံးနာရီပြည့်အောင် ဘယ် နှခါများ ဘုရားရှိခိုး ဝတ်ပြု ကန် တော့ဖူးခဲ့သလဲ။ ဗုဒ္ဓဘုရားကိုယ် တော်မြတ်ကိုတော့ သုံးနာရီ ရှိခိုးဝတ်ပြုခြင်းမရှိဘဲ ယခု ဘာမျှ မဟုတ်သော ဂျိမ်းစ်ဘွန်းရုပ်ရှင် ကားအတွက် အချိန် သုံးနာရီသုံး ဖြုန်းမိတာ မိမိမှားပြီ။ အမှားကြီး မှားပြီ။ သည်အမှားကို အမှန်ဖြစ် ရန် အမြန်ပြင်ဆင်မှ သာဖြစ်ပေ တော့မည်။ ဗုဒ္ဓဘာသာကို မိရိုး ဖလာကိုးကွယ်မှုအဆင့်မှ မြှင့်တင် ပြီး မိမိ၏ ရင်ထဲ၊ နှလုံးသားထဲက ကြည်ညိုမြတ်နိုး ရိုကျိုး ပူဇော်မှုကို ယနေ့မှ စတင်ဆောင်ရွက်တော့ မည်။

ဤသို့ တွေးတောဆုံးဖြတ်ပြီး လျှင် လက္ခဏာ ဆရာကြီး အကျော် အမော် ဆရာစန္ဒြသည် ထိုနေ့မှ စတင်၍ ဗုဒ္ဓမြတ်စွာ ဘုရား ညွှန်ပြ ဟောကြားသော တရားဓမ္မ ဘက်သို့ လုံးလုံးလျားလျား ရောက်ရှိ၊ ဝိပဿနာ တရားလုပ်ငန်းကို ကိုယ်စွမ်းရှိသ ရွေ့ Óဏ်စွမ်း ရှိသရွေ့ ဆောင်ရွက် အားထုတ်ကြိုးပမ်းတော့၏။

(၃)

ဆရာကြီး စန္ဒြသည် အသက် ၇ဝ ပြည့်သည့်အခါ မိမိ၏ နေအိမ် 'လဗိမာန်' ကို ရောင်းချ၍ သား သမီးတို့အား အမွေခွဲဝေပေးခဲ့ပြီး ရန်ကုန်မြို့ တောတိုက်ဓမ္မရိပ်သာ တွင် ရဟန်းဘောင်သို့ဝင်၍ ဝိပဿနာလုပ်ငန်းဖြင့် ဘဝခရီးနှင် ခဲ့သည်။ ဆရာကြီး စန္ဒြ၏ သား ဆရာဒေဝ A.G.T.I (Civil)  သည်  ယခုအခါ ဖခင်၏ တန်ဖိုးမဖြတ် နိုင်သော လက္ခဏာပညာ အမွေ ကို ဆက်ခံ၍ ရန်ကုန်မြို့ ဓမ္မစေတီလမ်း စမ်းချောင်းမြို့နယ်၌ လက္ခဏာဟောခန်းဖွင့် ထားသည်။ အောင်မြင်ထွန်းကားနေသော အဖ ကောင်းသား ဆရာ ဆရာကြီး စန္ဒြ သည် ရဟန်းဝါ ၁ဝ ဝါအရ၌ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် တောတိုက်ဓမ္မရိပ်သာတွင် ၁၉၉ဝ ပြည့်နှစ်က ခန္ဓာ ဝန်စွန့်ခဲ့သည်။ ဆရာကြီး ခန္ဓာဝန်မစွန့်မီ တက္ကသိုလ်စိန်တင်နှင့် စိမ့် (ပညာ ရေး) တို့သည် ဆရာကြီး စန္ဒြ ရဟန်းဘွဲ့၊ ဘဒ္ဒန္တ ဇနိန္ဒကို သွား ရောက်ဖူးမြော်ကန်တော့ခဲ့သေး သည်။

ထိုအချိန်က ဘုန်းတော်ကြီး ဘဒ္ဒန္တ ဇနိန္ဒဘွဲ့ခံ ဆရာ စန္ဒြမှာ အစာအိမ် ကင်ဆာရောဂါဖြင့် ဝေဒနာခံစားနေရပြီး အစားအစာ ကို ခက်ခဲစွာ ဘုန်းပေးနေရချိန် ဖြစ်ပြီး တစ်ကိုယ်လုံးတွင် သွေး သွင်း၊ ဆေးသွင်း၊ ပိုက်တန်းလန်း ဖြင့် ကုသနေစဉ်ဖြစ်သည်။

တက္ကသိုလ်စိန်တင်နှင့် စိမ့် (ပညာရေး) တို့မှာ စိတ်ထား သဘောထား ဖြူစင်၍ ကြည်လင် မနော သူတော်ကောင်း တရား ပြည့်ဝ လှသည့် ဆရာကြီး စန္ဒြကို ဦးခိုက်ကန်တော့၍ ပြန်လာခဲ့ သည်။

လက္ခဏာ ပညာလောကတွင် ယှဉ်နိုင်သူမရှိခဲ့သူ လက္ခဏာ ပညာရှင် ပရောဟိတ်ကြီး။ ဝန်ကြီး ချုပ်ဦးနု၊ သမ္မတကြီး။ မန်းဝင်း မောင်အပါအဝင် ထင်ရှားသော နိုင်ငံရေး ခေါင်းဆောင်များ လေး စားကြည်ညိုခြင်းခံရသူ ဆရာကြီး စန္ဒြသည် ရဟန်းဘဝ (ရှစ်ဝါကျော် ၌) သင်္ခါရတရား ဘဝနိဂုံးချုပ်ခဲ့ ရှာပေသည်။

တက္ကသိုလ် စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.