21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ဆရာမောင်ထင် သိမီလိုက်တဲ့ ဆရာမှိုင်း

အဖေဟာ ၁၉၅၁ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ သွေးသောက် မဂ္ဂဇင်း၊ မြဝတီမဂ္ဂဇင်းနဲ့ ငွေတာရီ မဂ္ဂဇင်းတွေမှာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းနဲ့ ပတ်သက်ပြီး ပင် ကိုဆောင်းပါး လေးပုဒ် ရေးသား ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရာပြည့် အ ထိမ်းအမှတ် စာစောင်မှာ ဘာသာ ပြန် ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပြီး အထိမ်းအမှတ် စာတမ်းတစ်စောင် ကို တင်သွင်းခဲ့ပါတယ်။ (၃၊ ၁၂၊ ၇၅) ကနေ (၅၊ ၁၂၊ ၇၅) အထိ မန္တလေး ဓမ္မဗိမာန်မှာ ပြုလုပ်ခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့် စာတမ်းဖတ်ပွဲမှာ အခြား စာပေပညာရှင်တွေနဲ့ အဲဒီစာတမ်း ကို တင်သွင်းခဲ့ပါတယ်။ အဖေ ကွယ်လွန်ပြီး ၂ဝဝ၆ ခုနှစ် ဧပြီလ ထုတ် ရွက်နုဝေမဂ္ဂဇင်းမှာ ဆရာ ကြီး လူထုဦးလှနဲ့ ဆရာမကြီး ဒေါ်အမာတို့ရဲ့ မြေးဖြစ်သူ ဘိုဘို လန်းစင်ရဲ့ အမှတ်တရ စာစုလေး နဲ့ ဖော်ပြထားတာကို ဖတ်ရှုရပါ တယ်။

အဖေမကွယ်လွန်ခင်က ဆရာမကြီး လူထုဒေါ်အမာဆီ စာ ရေးပြီး အဲဒီစာတမ်းကို တောင်းခဲ့ဖူး တဲ့အကြောင်း၊ အဲဒီတုန်းက စာမူကို ရှာမတွေ့ခဲ့တဲ့အကြောင်း၊ ၂ဝဝ၆ ခုနှစ်၊ မတ်လ ၂၃ ရက်ဟာ ဆရာ ကြီး သခင်ကိုယ် တော်မှိုင်း အသက် ၁၃ဝ ပြည့်ဖြစ် ပြီး ဆရာမောင်ထင် မွေးနေ့ (အသက် ၉၇ နှစ်ပြည့်အမီ) ရွက်နုဝေမဂ္ဂဇင်းမှာ ဖော်ပြဖို့ အား ခဲထားခဲ့တဲ့အကြောင်း၊ စာမူပြန်တွေ့ တဲ့အချိန်မှာ အဖေ့ဆီကို ကြိုတင် အကြောင်းမကြားမိလို့ ဝမ်းနည်းမိ ကြောင်း ရေးသားထားပြီး အဖေ့ရဲ့ စာတမ်းဖြစ်တဲ့ သခင် ကိုယ်တော်မှိုင်း၏ လောကသရော်စာအဖွဲ့ စာတမ်းကို ထည့်သွင်းဖော်ပြပေး ထားပါတယ်။ ပျောက်ဆုံးနေတဲ့ စာတမ်းတစ်စောင် ဟာ နှစ်ပေါင်း ၃ဝ ကျော်ကြာမှ ရွက်နုဝေ မဂ္ဂဇင်း မှာ ပထမဆုံးပြန်လည် ပုံနှိပ်ဖော် ပြထားခြင်းခံရတယ်လို့ မှတ်သား ရပါတယ်။

ဆရာကြီး သခင်ကိုယ်တော် မှိုင်းနဲ့ ပတ်သက်ပြီး အလျဉ်းသင့် လို့ ကျွန်တော့်ရဲ့ အဘိုးနဲ့ အဖေတို့ အကြောင်းကို ရေးပြချင်ပါတယ်။ အဘိုးတို့ခေတ်က သူရိယတိုက်က ထုတ်တဲ့ သတင်းစာ၊ မဂ္ဂဇင်း စာ အုပ်တွေဟာ အဘိုးရဲ့ လပွတ္တာလို တောမြို့အစွန်အဖျားကို စာတိုက် က စာပို့တဲ့အပတ်တိုင်း ရောက်ရှိ ကြပါတယ်။

အဘိုးဟာ ဆရာမောင်ထင် ရှစ်နှစ်သားအရွယ်လောက်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေး တဲ့ စာတွေကို မလွတ်တမ်း ဖတ်ရှု ခဲ့သူဖြစ်ပါတယ်။

ကျွန်တော့် အဖေဟာလည်း ကျွန်တော့်အဘိုးဖြစ်သူကြောင့် ဆရာမှိုင်းရဲ့ ဗိုလ်ဋီကာနဲ့ စတင် မိတ်ဆက်ခွင့်ရခဲ့ပါတယ်။ ဗိုလ်ဋီ ကာက အဖေ့ကို မြန်မာစာ ဖတ် တတ်အောင် သင်ကြားပေးတဲ့ ဆရာတစ်ဆူဖြစ်ခဲ့ပါတယ်။

အဖေဟာ စာသွက်သွက် ဖတ်တတ်တဲ့ အရွယ်ကျတော့ အဘိုးဟာ အဖေ့ကို မစ္စတာ မောင် မှိုင်းမှာတော်ပုံ ဝတ္ထုကြီးနဲ့ မိတ် ဆက်ပေးပြန်ပါတယ်။ အဲဒီကမှ ဒေါင်းဋီကာ။ အထက်တန်းရောက် တော့ ဆရာကြီးရဲ့ ရာဇဝင်လေ့ လာချက် နည်းနိဿယတွေကို သင်ခဲ့ရတော့ အတော်အတန်တီး မိခေါက်မိ ဖြစ်လာပါတယ်။ အထူးသဖြင့်တော့ ဆောင်းပါးပေါင်းချုပ် ကြီး၊ မျောက်ဋီကာ၊ မျောက် ဂဏ္ဍိ တို့ ကိုဖတ်ရတော့ ဆရာကြီးရဲ့ ဆိုလို ချက်တွေကို ရိပ်စားမိခဲ့ပါတယ်။ ဒါပေမယ့် စာချည်းသက်သက်ဖတ် ပြီး သဘောပေါက် ခဲ့တာမဟုတ်ဘဲ ၁၉၂ဝ ပြည့်နှစ် သပိတ်အရေး တော်ပုံကျမှ ဆရာကြီးရဲ့ စာတွေ ထဲမှာ မြှုပ်နှံထားတဲ့ အဓိပ္ပာယ်ကို  သဘောပေါက် ခဲ့တာလို့ အဖေရေး သားခဲ့တဲ့ 'ဆရာမှိုင်းနှင့် ခွေးမ သား' ဆောင်းပါးမှာ ဖတ်ရှုရပါ တယ်။

အမျိုးသားစိတ်ဓာတ်၊ အမျိုး သားရေးအကျိုးငှာ ကြိုးပမ်းဖို့  နှိုး ဆော်တဲ့ စိတ်ဓာတ်ကို လူထုထဲ အရောက်ပို့ဖို့ရာ ဆရာကြီးက လေးချိုး ကြီး အဖွဲ့အနွဲ့နဲ့ လူထုထဲကို အရောက်ပို့ခဲ့ပုံကို အဖေရေးသားခဲ့ ပါတယ်။

ဒို့ဗမာနှင့် ဆရာမှိုင်း ဆရာ မှိုင်းနှင့်ဒို့ဗမာ အမြဲမပြတ်ဆက်စပ် ၍ နေခဲ့သည်။ ဒို့ဗမာမှ တစ်ဆင့် တက်ပြန်သော် ဆရာမှိုင်းနှင့် တော် လှန်ရေး တော်လှန်ရေးနှင့် ဆရာ မှိုင်းတို့သည်လည်း ဆက်စပ်၍နေ ခဲ့ပြန်သည်လို့ အဖေက ဆရာမှိုင်း နှင့် ခွေးမသား ဆောင်းပါး မှာ ရေး သားထားတာ ဖတ်ရှုမှတ်သားရပြန် ပါတယ်။

ဆရာကြီးဟာ တိုင်းပြည်နဲ့ လူမျိုးချစ်စိတ်ကြောင့် ဒို့ဗမာအ စည်းအရုံးကြီးမှာ နာယက အဖြစ် ခံယူပြီး နိုင်ငံရေးကို ကလောင်နဲ့ ချည်းသာမဟုတ်ဘဲ ကိုယ်ထိလက် ရောက်ဆင်နွှဲခဲ့ပါတယ်။ တိုင်းပြည် နဲ့ လူမျိုးကို ချစ်တဲ့စိတ်ကြောင့် အားလုံးကိုလည်း ခွှင့်လွတ်ပါ တယ်။ ဂျီစီဘီအေ ကွဲတာကို မြင်ရ ပြီး စိတ်ဂယောင်ချောက်ချားဖြစ်ဖူး သလို၊ တို့ဗမာ သခင်တွေ ကွဲကြပြဲ ကြတာ မြင်တော့လည်းပဲ ရသေ့ ကြီးဈာန်လျှောသလိုမျိုးဖြစ်ခဲ့ဖူးပါ တယ်။ ဒါပေမယ့် အားလုံးကို ခွင့် လွှတ်စိတ်နဲ့ ငြိမ်းချမ်းရေးကို မျှော် ခဲ့ပါတယ်။ တစ်ခါတစ်ခါတော့ လည်း တပည့်တွေကို ပြောလို့ဆိုလို့ မရတဲ့အတွက် စိတ်မရှည်ဖြစ်တဲ့အ ခါမျိုးမှာ တပည့်တွေကို 'ခွေးမ သား' လို့ ဆဲမိပြန်ပါတယ်။ ဒါပေ မယ့် ဆရာကြီးရဲ့ လောကသရော် စာဟာ မေတ္တာကရုဏာ လွှမ်းမိုးတဲ့ အဖွဲ့ဖြစ်လို့ ပြည်ထောင်စုတိုင်းရင်း သားအားလုံးက အမျိုးသားစာဆို ကြီးအဖြစ် အသိအမှတ်ပြုကြပြန် ပါတယ်။

သခင်ကိုယ်တော်မှိုင်း၏ လောကသရော်စာအဖွဲ့ စာတမ်းမှာ ပါရှိတဲ့ ခွေးဋီကာကို အလျဉ်းသင့် လို့ ဖော်ပြပါရစေ။

 ခွေးဋီကာ (၁၉၂၅)

ဒိုင်အာခီ ခေတ်ထဲရောက် လာသော် အင်္ဂလိပ်စာတတ် လူ ငယ်များဝိုင်အမ်ဘီအေ၊ ဂျီစီအေ အဖွဲ့များ၌ ဥက္ကဋ္ဌ ဖြစ်လာသော အခါ နတ်ရူးဘုံမြှောက်သလိုဖြစ် လာကြ၍ ညီညွတ်ရေးထိခိုက် သည်။

ဒိုင်အာခီ လွှတ်တော်ထဲမှာ မင်းတိုင်ပင်အဖြစ် ဆောင်ရွက်ကြ ရာ အမျိုးသား ညီညွတ်ရေးကို ရှေး ရှုဖို့ လိုလာသည်။

အင်္ဂလိပ်အုပ်ချုပ်ရေးကို ထောက်ခံသော အင်္ဂလိပ်သတင်း စာတို့က အမျိုးသားရေးကို သရော် သည်ဖြစ်ရာ ဆရာကြီးက အင်္ဂလိပ် ဆန့်ကျင်ရေးကို ရှေးကထက်ပို၍ ပြင်းပြင်းထန်ထန်ရေးသား၍ အပြန် အလှန်သရော်သည်။

ရာဇနီတိကျမ်းတွင် သုနခါ- ခွေးမှ၊ ဆ-ခြောက်ပါးသော အကျင့် တို့ကို သိက္ခေယျ-အတုယူကာ ကျင့်ရာ၏ ဟူသော အမစ္စောဝါဒ ကိုယူ၍ အမတ်များကို တိုင်းပြည် အပေါ် ခွေးကဲ့သို့ သစ္စာရှိကြရန် နှိုးဆော်ရင်း အမတ်တွေ ရွေးသကို အခွင့်တွင်မှ ခွေးလိုကျင့်စေဖို့ အ ဖွင့်ကျမ်းဋီကာကို ရေးသည်။

အမတ်ဟူရာ၌ မင်းတိုင်ပင် အ မတ်မှန်ပါ့ဘုရားအမတ်၊ သက်တော် ရှည်အမတ်၊ ဗိုလ်သွားလျှင်အတူပါ သော ခွေးအမတ်၊ ဆိုးတူကောင်း ဖက်၊ တိုင်ပင်ဖော်တိုင်ပင်ဖက် အ မတ်ဟူ၍ရှိကြောင်း ဖော်ပြသည်။ လာဘ်မစားဖို့ကိုလည်း..

ဒကာအမတ်ကြီးများကိုဖြင့်
ပဏ္ဏာလာဘ်လည်း  မစားစေဖို့
ဆရာအကျပ်အတည်း
တားလိုက်ပါရဲ့

ဟူ၍ ဆုံးမသည်။ အရီး စိမ်းက 'ကြီး'နှင့် 'လည်း' အစပ်အ ဟပ်ကို ဆရာကြီး နားမလည်ဟု ညည်းညူသည်။ ဤကဲ့သို့သော သရော်နည်းကြောင့် ဆရာကြီး၏ စာကို ကြိုက်ကြသည်။

ဆရာကြီး သခင်ကိုယ်တော် မှိုင်းရဲ့ စာက လာဘ်ပေး၊ လာဘ် ယူပေါတဲ့ ယနေ့ခေတ်ကြီးထဲအထိ ခေတ်မီနေတုန်းပါပဲ။

 ပြဇာတ်ရေးဆရာကြီး၊ သတင်း စာဆရာကြီး၊ ဂန္ထဝင်ဝတ္ထုရေး ဆရာ ကြီး၊ မျိုးချစ် စာပေပညာရှင်ကြီး၊ နယ်ချဲ့တော်လှန်ရေး ရှေ့ဆောင် ပုဂ္ဂိုလ်ကြီးရဲ့ ကြံသမျှ၊ ပြောသမျှ၊ ရေးသမျှ၊ လုပ်သမျှ အလုပ်တွေမှာ ကျွမ်းကျင် လိမ္မာမှု တန်ဖိုးကြီးပုံကို ကျွန်တော့်ရဲ့ အဖေ ဟာ နှောင်းလူတွေ၊ မျိုးဆက် သစ်လူငယ်တွေသိဖို့ ရေးသားတင် ပြခဲ့ပါတယ်။

ဆရာမောင်ထင်ဟာ ဖခင် ဖြစ်သူဦးတရောင်ရဲ့ မိတ်ဆက်ပေး မှုကြောင့် ဆရာကြီးရဲ့ စာတွေနဲ့ ထိတွေ့ခွင့်ရခဲ့သလို ဆရာမောင် ထင်ကမှ တစ်ဆင့် ကျွန်တော်တို့ သားစဉ်မြေးဆက်ဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေနဲ့ ထိတွေ့ခွင့်ရခဲ့၊ မှတ်သားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီး သခင်ကိုယ်တော် မှိုင်း ကွယ်လွန်ခဲ့တာ အခု ၂ဝ၁၇ ခုနှစ်မှာဆိုရင် ၅၃ နှစ်ရှိပါပြီ။ ဆရာကြီးဟာ အသက် ၈၉ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

အခုအချိန်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့တကွ ဆရာ ကြီးရဲ့ စာဖတ်ပရိသတ်ဖြစ်ခဲ့တဲ့ အဘိုးဦးတရောင်၊ ဆရာကြီးကို အ ဘိုးဦးတရောင်နဲ့ တွေ့ဆုံပေးခဲ့ဖူးတဲ့ ကျွန်တော့်အဖေ ဆရာမောင်ထင် ရော ကွယ်လွန်သွားခဲ့ကြပါပြီ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက အစပြုပြီး အဘိုးဦးတ ရောင်နဲ့ ကျွန်တော့် ဖခင်ဆရာ မောင်ထင်တို့သုံးဦးစလုံး 'နိယျာတံ ဟေတံ' ဟူသော ပုဒ်နဲ့အညီလို့ အဖေရေးခဲ့တဲ့အတိုင်း အမှန် တကယ်ပင် လွတ်မြောက်သွားခဲ့ကြ ပါပြီ။

(၂ဝ၁၇ ၊ မတ်လ ၂၁ ရက်နေ့ မှာ ကျရောက်မယ့် ဆရာမောင် ထင်ရဲ့ ၁ဝ၈ နှစ် ပြည့်မွေးနေ့ အမှတ်တရ)   

ညီကိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.