25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
တောင်တန်းသားများသည် ဗမာ့ကျွန် မဖြစ်စေရ၊ ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် သမိုင်းဝင် မိန့်ခွန်း

(၁)

''ပြည်ထောင်စုကို အသက် ပေးလို့ တို့ကာကွယ်မလေ''

 နိုင်ငံတော် သီချင်းထဲမှ အ ထင်ကရ ဖော်ပြပါရှိသော အ ထက်ပါ စာသားသည် အလွန်ပင် အဓိပ္ပာယ်ပြည့်ဝလှ၏။ လွန်ခဲ့ သော နှစ် ၇ဝ တိတိ၊ ၁၉၄၇  ခုနှစ်  ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်း တောင်တန်း၊ ပင်လုံမြို့ကလေးတွင် တိုင်းရင်းသားပေါင်းစုံ ခေါင်း ဆောင်ကြီး များ ရေးသားချုပ်ဆိုခဲ့ သည့် ပင်လုံစာချုပ်သည် ပြည် ထောင်စုကြီးကို ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ ရခိုင်၊ ဗမာစသည့် တိုင်းရင်းသားတို့က အသက်ပေး၍ ကာကွယ်ရမည်ဖြစ်ကြောင်း ကောင်းစွာဖော်ပြခဲ့ပေသည်။

ယခု လာမည့် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်သည် လွန်ခဲ့ သော ၁၂-၂-၁၉၄၇ နေ့က ပြည် ထောင်စု ဗိသုကာ ဗိုလ်ချုပ်အောင် ဆန်း ဦးဆောင်ချုပ်ဆိုခဲ့သည့် ပင် လုံ စာချုပ်ကြီး၏ အနှစ် ၇ဝ ပြည့် နေ့ ဖြစ်ပေသည်။

 ပြောချင်သေး၏။ ပင်လုံစာ ချုပ်သည် ၂၇-၁-၄၇ နေ့တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဗြိတိသျှ နန်းရင်းဝန်မစ္စတာ အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ချုပ်ဆိုခဲ့ ကြသောအောင်ဆန်း အက်တလီ စာချုပ်နှင့် ပတ်သက်ဆက်နွယ်နေ ပေသည်။ အောင်ဆန်း အက်တလီစာချုပ်ကြီးကို ချုပ်ဆိုခဲ့စဉ်က မြန်မာနိုင်ငံကို လွတ်လပ်ရေးကြေညာခွင့်ပြုရာတွင် တောင်တန်း ဒေသရှိ တိုင်းရင်း သားပြည်သူတို့က  ပြည်မရှိဗမာတို့နှင့်အတူ ပူးပေါင်း ၍ လွတ်လပ်ရေးကို လက်ခံလိုပါ သည်ဟု ထုတ်ဖော်ဝန်ခံမှ သာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြေ ညာရာတွင် တောင်တန်းဒေသရှိ တိုင်းရင်းသား လူမျိုးများလည်း အတူတကွပါဝင်စေရမည်ဟု ဖော် ပြပါရှိသည်။

ထို့ကြောင့်ပင် ဗိုလ်ချုပ် အောင်ဆန်းသည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ မြန်မာနိုင်ငံသို့ ပြန် ရောက်လျှင် ရောက်ချင်း ရှမ်း တောင်တန်းရှိ ပင်လုံမြို့ကလေး တွင် ကျင်းပမည့် တိုင်းရင်းသား ချစ်ကြည်စည်းလုံးရေးညီလာခံကို မဖြစ်မနေကျင်းပခဲ့ခြင်းဖြစ်ပေ သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့သည် ရှမ်းတောင်တန်းရှိ ပင် လုံမြို့သို့ ရောက်လျှင်ရောက်ချင်း တောင်တန်းဒေသ ချစ်ကြည် စည်း လုံးရေး ညီလာခံကြီးကို ၈-၂-၁၉၄၇ နေ့တွင် စတင်ကျင်းပခဲ့သည်။ ထို ညီလာခံကြီးတွင် ဗိုလ်ချုပ်အောင် ဆန်းမိန့်ကြားခဲ့သော အရေးကြီး သည့် အကြောင်းအရာ အချက်အ လက်တို့မှာ ဤသို့ဖြစ်ပေသည်။

(၂)

ပင်လုံ အစည်းအဝေးကြီးသို့ ကျုပ်ယခုလာရောက်ရခြင်းမှာ အ ကြောင်းနှစ်မျိုးရှိသည်။ ပထမအ ကြောင်းကတော့ မြန်မာနိုင်ငံ ရှိ တောင်တန်း၊ ပြည်မလူမျိုးများအား လုံး ညီညွတ်ရေးဖြစ်ပြီး ဒုတိယ အကြောင်းကတော့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ဆွေးနွေးပွဲ မှာ တောင် တန်းဒေသနှင့် ပတ်သက်ပြီး ဘာ တွေလုပ်ကိုင်ခဲ့သည်ဆိုခြင်းကို ရှင်း ပြလို၍ဖြစ်တယ်။

ယခုအခါမှာ မြန်မာနိုင်ငံ တော်ကြီး လွတ်လပ်ရေးရပြီလို့ ဆို နိုင်ပါပြီ။ ကျန်ရှိနေတဲ့ ပြဿနာ ကတော့ တောင်တန်းဒေသကိစ္စ ပင်ဖြစ်ပါတယ်။ လန်ဒန်ဆွေးနွေးပွဲ မှာ ကျုပ်တို့ မြန်မာကိုယ်စားလှယ် အဖွဲ့က တောင်တန်းဒေသများကို ပါ လွတ်လပ်ရေးမပေးခဲ့ ရင် မြန်မာ နိုင်ငံ လွတ်လပ်ရေးဟာ ဘာမှ အဓိပ္ပာယ်ရှိမှာမဟုတ်ဘူးလို့ ပြော ဆိုခဲ့ကြတယ်။ တောင်တန်းဒေသရှိ ညီအစ်ကို တိုင်းရင်းသားလူမျိုးများ ကို ဗြိတိသျှအစိုးရ အုပ်ချုပ်တာ လုံးဝမလိုလားနိုင်ဘူး။ တိုင်းရင်း သားတို့ရဲ့ တောင်တန်းဒေသကို တောင်တန်း သားများ ကိုယ်တိုင် အုပ်ချုပ်ခြင်းကိုသာ ကျုပ်တို့လို လားတယ်။

 ဗြိတိသျှတို့က ပြောနေကြ သေးတယ်။ တောင်တန်းဒေသဟာ မတိုးတက်သေးဘူး။ ဒါကြောင့် လွတ်လပ်ရေးနဲ့ မတန်သေးဘူးလို့ ယူဆကြတယ်။ ဒီအယူအဆကို ကျုပ်တို့ ဗမာတွေက လုံးဝလက်မ ခံဘူး။ မြန်မာ့လွတ်လပ်ရေးရတာ နဲ့ တစ်ပြိုင်တည်း တောင် တန်း ဒေသ ကိုလည်း တစ်ပါတည်းလွတ် လပ် စေရမယ်လို့ ကျုပ်တို့ ယူဆ တယ်။

ဗမာများက တောင်တန်း ဒေသအတွက် ပြောဆိုခြင်းဟာ တောင်တန်းဒေသကို စိုးမိုးအုပ်ချုပ် လို၍ လုံးဝမဟုတ်။ တောင်တန်း ဒေသ မှာရှိတဲ့ တိုင်းရင်းသားတွေ ဟာ ပြည်မရှိ ဗမာတွေနဲ့အတူ အခွင့်အရေး၊ အဆင့်အတန်း ညီညွတ်စွာရရှိစေချင်လို့ ဖြစ်တယ်။ ဒီနေရာမှာ ကျုပ်ရှင်းရှင်းပဲပြော မယ်။ ဗမာတွေက ဗြိတိသျှ ကျွန်မ ဖြစ်လိုဘူး။ တောင်တန်းဒေသ များ လည်း ဗြိတိသျှ ကျွန်မဖြစ်စေရ ဘူး။ တောင်တန်းဒေသရှိ လူမျိုး များဟာ ဗမာ့ကျွန်လည်း မဖြစ် စေရဘူး။

 တောင်တန်းဒေသရဲ့ စီမံအုပ် ချုပ်ရေးဟာ တောင်တန်းဒေသ ကောင်စီရဲ့ လက်ထဲမှာ ရှိရမယ်။ အဲ့ဒီကောင်စီအဖွဲ့ထဲမှာ တောင် တန်းနယ်အသီးသီးမှ ကိုယ်စား လှယ်များကို တစ်ယောက်စီပါဝင် ရလိမ့်မှာဖြစ်တယ်။ တောင်တန်း ဒေသကောင်စီလက်ထဲမှာ အုပ် ချုပ်ရေးရှိရမယ်။

ဗြိတိသျှတို့ဟာ မြန်မာနိုင်ငံ မှာ ကြာရှည်စွာ အုပ်စိုးဖို့ အခွင့်အ ခါမရှိတော့ကြောင်း မကြာမီမှာပဲ ဗြိတိသျှတို့ဟာ မြန်မာနိုင်ငံကို စွန့် လွှတ်ကြရတော့မှာဖြစ်တယ်။ ဒါ ကြောင့် ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ ကိုယ်ကိုအားထားလုပ်ဆောင်ရ မယ့် အချိန်အခါရောက်နေပြီဖြစ် တယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့အ တွက် အရေးကြီးဆုံးမှာ တောင် တန်းဒေသနဲ့ ပြည်မရှိဗမာတို့ ညီ ညွတ်ရေးပင်ဖြစ်တယ်။ လွတ်လပ် ရေး ရမှသာလျှင်တောင်တန်းဒေသ ရော၊ ပြည်မပါ အဆင့်အတန်း မြင့်မြင့်နေနိုင်မှာဖြစ်တယ်။ လွတ် လပ်ရေးမရရင် လက်ရှိအောက်ကျ နောက်ကျဖြစ်နေတဲ့ အဆင့်အ တန်းကို ဘယ်လိုမှမြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။

လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ ဘယ်သူ့ကိုမှ ခင်ဗျားတို့ မကြောက် ကြပါနဲ့။ ဗြိတိသျှတို့က တောင် တန်းသား လူမျိုးများကို မေးခွန်း ထုတ်ခဲ့လျှင် တောင်တန်းသား လူ မျိုးများက လွတ်လပ်ရေးကို လိုချင် တယ်လို့ ပြောရမှာ ဖြစ်တယ်။ တောင်တန်းသား ညီအစ်ကိုများ တို့ ဘယ်သူခြောက်ခြောက် မကြောက် ကြနဲ့။ ဘယ်သူချော့ချော့ မပျော့ ကြနဲ့။ တောင်တန်းသား လူမျိုး များဟာ ဗမာများနဲ့ အတူ ပေါင်း စည်းပြီး လွတ်လပ်ရေးကို လိုချင် တယ်လို့ ပြောလိုက်ကြပါ။ ဒီနေ့ ခင်ဗျားတို့ အဲ့ဒီလိုပြောရင် မနက် ဖြန်မှာ အဆွေတို့ လွတ်လပ်ရေးရ ကြတော့မှာ သေချာတယ်။

(၃)

ဗိုလ်ချုပ်အောင်ဆန်းက ရှမ်း တောင်တန်းရှိပင်လုံမြို့ကလေးတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် က အထက်ပါအတိုင်း  ပွင့်လင်း စွာ ပြောဆိုခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းထဲတွင် အရေးကြီးသော အချက်နှစ်ချက်ပါ ဝင်ခဲ့၏။ ယင်းတို့မှာ  (၁)တိုင်းရင်း သား တောင်တန်းသားများ ဗမာ့ ကျွန်မဖြစ်စေရ။ (၂) တိုင်းရင်း သား တောင်တန်းသားတို့ ဘယ်သူ ခြောက်ခြောက်မကြောက်ကြနဲ့၊ ဘယ်သူ ချော့ချော့ မပျော့ကြနဲ့ ဆိုသော အချက်နှစ်ချက်ပင်တည်း။

ဗိုလ်ချုပ်အောင်ဆန်းက ဤ ကဲ့သို့ ထင်ရှားသော စကားကို ပြတ် ပြတ်သားသား ပြောခဲ့ခြင်းမှာ အဓိကအကြောင်းအချက်ရှိပေ သည်။ ယင်းမှာ ယခုကျင်းပလျက် ရှိသော ပင်လုံညီလာခံသို့ ဗြိတိသျှ အစိုးရ၏ ကိုယ်စားလှယ် မစ္စတာ ဘော့တွန်မလေ (မြန်မာပြည်နယ် စပ်ဒေသဆိုင်ရာ မင်းကြီး) အတူတကွ ရောက်ရှိနေခြင်းဖြစ်သည်။ Mr.Bob Tomlay (မစ္စတာဘော့ တွန်မလေ) သည် တောင်တန်း ဒေသ ရှိ တိုင်းရင်းသားတို့အား ပြည် မရှိဗမာတို့နှင့် ပေါင်းစည်းပြီး လွတ် လပ်ရေးမယူရန် ခြောက်၍ တစ် မျိုး၊ ချော့၍တစ်သွယ် နည်းမျိုးစုံြ<ွကယ်ဝစွာဖြင့် စည်းရုံးလျက်ရှိ သည်။ အိန္ဒိယနိုင်ငံကို လွတ်လပ် ရေးပေးစဉ်က မစ္စတာဘော့တွန် မ လေ ဝင်နှောက်သောကြောင့် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ ဟူ၍ လွတ်လပ်သော နိုင်ငံနှစ် နိုင်ငံ ကွဲထွက်သွား၏။

ညီညွတ် ပေါင်းစည်းသော အိန္ဒိယနိုင်ငံကြီး ဖြစ်မ လာဘဲ ဗြိတိသျှအစိုးရ၏ ကိုယ်စားလှယ် မစ္စတာ ဘော့တွန်မလေ သွေး ခွဲသောကြောင့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံဟူ၍ နိုင်ငံကြီးနှစ်ခြမ်းကွဲခဲ့ခြင်းကို ဗိုလ်ချုပ်အောင်ဆန်းက မစ္စတာဘော့တွန်မလေ အ ပေါ် အတော်ပင်မကျေမနပ်ဖြစ်နေသည်ဟု သမိုင်း မှတ်တမ်းများရှိခဲ့၏။ ယခုလည်း ဗိုလ်ချုပ်အောင် ဆန်းက ပင်လုံညီလာခံသို့ ရောက်ရှိနေ သည့် တောင် တန်းဒေသဆိုင်ရာ မင်းကြီး 'မစ္စတာ ဘော့တွန်မလေ' က တောင်တန်းသားများနှင့် ပြည်မက ဗမာတို့ အ ကြားသွေးခွဲ စည်းရုံးသွားမည်ကို စိုးရိမ်ဟန်ရှိနေ ပေသည်။ ထို့ကြောင့်ပင် တောင်တန်းသား တိုင်းရင်း သားတွေ ဘယ်သူခြောက်ခြောက် မကြောက်ကြနှင့် ဘယ်သူချော့ချော့မပျော့ကြနဲ့နှင့်ဟု လည်းကောင်း ပြောခဲ့ခြင်းဖြစ်ပေတော့သည်။

(၄)

ဤသို့ဖြင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းတောင်တန်း၊ ပင်လုံမြို့၌ ရှမ်း၊ ချင်း၊ ကချင်၊ ဗမာစသော  တိုင်းရင်းသား ခေါင်းဆောင်ကြီး များသည် တိုင်းရင်းသားသွေးစည်းညီညွတ်ရေး ပင်လုံ စာချုပ်ကြီးကို ညီညွတ်ပေါင်းစည်းစွာ ချုပ်ဆိုကြ ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မူရင်း စေတနာမှာ တိုင်းရင်းသားများ၏ အပေါ်၌ အလွန်ပင်မြင့်မြတ်၊ တည်ကြည်၊ သန့်ရှင်း၊ မှန်ကန်ခဲ့ပါ၏။ သို့သော်လည်း ဗိုလ်ချုပ်အောင် ဆန်းကျဆုံးခဲ့ပြီးသည့် နောက်တွင် တောင်တန်းသား ခေါင်းဆောင်များနှင့် ပြည်မရှိ ဗမာ ခေါင်းဆောင် တို့၏ ချစ်ကြည် စည်းလုံးရေး မှာ နွေးနွေး ထွေးထွေး မရှိတော့သည်မှာ အမှန်ဖြစ်တော့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက်၌ တော်လှန် ရေးကောင်စီအစိုးရသည် တိုင်းရင်းသားခေါင်းဆောင် အသီးသီးတို့အား လက်နက်အားကိုးဖြင့် အနိုင်အ ထက်ပြုကျင့်ခဲ့သော သမိုင်းဆိုးကြီးကျန်ရစ်ခဲ့၏။ ယခု အခါ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်နေသော ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံသည် ပြည်နယ်နှင့် ပြည်မ ကွာဟပျက်စီးခဲ့သော အမျိုးသားအချင်းချင်း မညီ ညွတ်ခြင်းကို ပြန်လည်ရင်ကြားစေ့ရန် ကြိုးပမ်းလျက် ရှိနေပေရာ ကောင်း စွာအောင်မြင်၊ ပြည့်စုံ၊ ပြီးမြောက် ပါစေဟု ဆန္ဒမွန်ပြုအပ်ပေသတည်း။

တက္ကသိုလ် စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.