23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ဦးနေ၀င်း၏ နိုင်ငံရေး သံဝေဂအပေါ် ရှုမြင် သုံးသပ်ခြင်း

(၁)

၁၉၉၆ ခုနှစ်၊ ဆောင်းနှောင်း ရာသီ၏ တစ်နံနက်။

 မြူနှင်းတွေ ဝေနေစဉ်  ရှေ့ နားဆီက အရပ်ပုပု၊ ကိုယ်ခန္ဓာ တုတ်တုတ်ခိုင်ခိုင် လူပုဂ္ဂိုလ်တစ်ဦး လျှောက်လာသည်ကို မြင်ရ၏။ ထို ပုဂ္ဂိုလ်မှာ နှုတ်ခမ်းမွေးဖြူဖြူများ လည်း တစ်ဆုပ်တစ်ခဲ ရှိနေသည်။ သည်တော့မှ သူဘယ်သူလဲ ဆို သည်ကို သိလိုက်ပြီ။ သြော် - ဦး တင်အောင်ဟိန်း။ ထိုနေ့က ဤစာ ရေးသူ တက္ကသိုလ်စိန်တင်သည် ထိုစဉ်က မိမိနေထိုင်ရာ အင်းစိန် မြို့နယ် ကြို့ကုန်းရိပ်သာမှေ န၍ B.P.I အရာရှိရိပ်သာသို့ လမ်း လျှောက်လာသည်။ မကြာမီရက် အတွင်းက မိမိဝယ်ယူထားသော တိုယိုတာစပရင်တာကား ကလေးကို အဆိုပါ အရာရှိရိပ်သာ မိတ် ဆွေတစ်ဦး၏ ကားရုံ၌ သိမ်းဆည်း ထားသည်။ ယင်းကားကလေးကို ကားရုံထဲက ထုတ်ယူ ရန် သွားနေ သည်။ ထိုစဉ်မှာပင် နှင်းမြူများ၏ အကြားမှ နှုတ်ခမ်းမွေးကားကား နှင့် တည်ငြိမ်သော ဥပဓိရုပ်ပိုင် ရှင် ထိုပုဂ္ဂိုလ်နှင့် မျက်နှာချင်း ဆိုင် တွေ့ရပြီ။ ဦးတင်အောင်ဟိန်းပါပဲ။

''တက္ကသိုလ်စိန်တင် မဟုတ် လား''

ဦးတင်အောင်ဟိန်းနှင့် တက္ကသိုလ်စိန်တင်တို့မှာ ကြို့ကုန်း ရိပ်သာတွင် အိမ်နီးချင်းများဖြစ် ကြ၏။ သို့သော် ဦးတင်အောင် ဟိန်းက အဆင့်မြင့် အရာရှိရိပ် သာ အခန်းကျယ် တိုက်နီ၌ နေရာ ရသည်။ တက္ကသိုလ်စိန်တင်က စိမ့်၏ နာမည်ဖြင့် အိုးအိမ်က နေ ထိုင်ခွင့်ပြုသည့် (ခေတ်စကားဖြင့် ဆိုလျှင်) တန်ဖိုးမျှတ တိုက်ခန်း ကျဉ်းမှာနေသည်။ သို့သော် ပြည် သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဦးတင် အောင်ဟိန်းနှင့် တက္ကသိုလ်စိန် တင်တို့မှာ အိမ်နီးနားချင်းဖြစ်ကာ မြင်ဖူးရုံမျှသာရှိ၍ မေးထူးခေါ် ပြောမရှိကြပေ။ အထူး သဖြင့် နှုတ် နည်းသော နာမည်ပျက်မရှိသူ ဦး တင်အောင်ဟိန်းကို တက္ကသိုလ် စိန်တင်က အဝေးမှ လေးစားနေ ရုံသာ။ သွားရောက်တွေ့ဆုံစကား ပြောရန်လည်း ဘာကိစ္စမျှမရှိ။

ယခု အဲသည့်နှုတ်နည်းသော၊ စကားသိပ်များများပြောလေ့မရှိ သော ဦးတင်အောင်ဟိန်းက သူ၏ အိမ်နီးချင်း တက္ကသိုလ်စိန်တင်ကို သူကပင် စတင်၍ ''တက္ကသိုလ် စိန်တင်လား''ဟု မေးခွန်းထုတ်နှုတ် ဆက်နေပေပြီ။

''ဟုတ်ပါတယ် ခင်ဗျ''

''ဦးစိန်တင်ကို သတင်းထူး တစ်ခုပြောမယ်''

''ဟုတ်ကဲ့ ခင်ဗျာ၊ ပြောပါ ပြောပါ အစ်ကိုကြီး''

တက္ကသိုလ်စိန်တင်က မိမိ ထက် အသက်ကြီးသော ဦးတင် အောင်ဟိန်းကို အန်ကယ် ဟု ခေါ်မည်ပြုပြီးမှပင် အစ်ကိုကြီး ဟု ခေါ်လိုက်သည်။

''ဒီလိုပါ၊ မကြာသေးမီ တစ်  ရက်က ဦးနေဝင်း ဇနီး ဒေါ်နီနီမြင့် ခေါ်လို့ ဆရာမဒေါ်နီနီမြင့်အိမ်ကို ရောက်ခဲ့တယ်''

 ''ဟုတ်ကဲ့ ပြောပါ အစ်ကိုကြီး''

''ဒီလိုပါ။ ဒေါ်နီနီမြင့်က ယခု မြန်မာနိုင်ငံ ကျောင်းသားများ လှုပ် ရှားမှု သမိုင်းစာအုပ် အင်္ဂလိပ်ဘာ သာနဲ့ ရေးနေတယ်။ အဲဒီစာအုပ် ထဲမှာ ၁၉၆၃ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားသပိတ်အ ကြောင်း ပါရှိတာမို့ ကျွန်တော်တို့၊ ကိုအောင်ဆန်းတို့၊ ကိုနုတို့ ပါဝင် လှုပ်ရှားခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ဒုတိယ ကျောင်းသားသပိတ်အ ကြောင်း ပြောပြပေးပါ။ သူ့အိမ်မှာ ပဲ နံနက်စာ ထမင်းစားပါလို့ ဖိတ် ခေါ်ထားလို့ ကျွန်တော်ရောက်သွား တာပါ။ အဲဒီမှာ ကြုံခဲ့ရပုံကို ကိုစိန် တင်တို့ စာရေးဆရာတွေ သိစေ ချင်တာ ပြောချင်လို့''

 ''ဟုတ်ကဲ့ အစ်ကိုကြီး၊ ပြော ပြပါဦးခင်ဗျာ ဘာထူးသလဲ''

''ထူးတယ်ဗျ၊ ထူးတယ်၊ အဲဒီ နေ့က ပါရမီလမ်းထိပ် ယာဉ်ထိန်း မီးပွိုင့်နားမှာရှိတဲ့ ဆရာမ ဒေါ်နီနီ မြင့်အိမ်ကို ရောက်သွားပြီး စကား ပြောနေစဉ်မှာပဲ အိမ်ပြင်ဘက်က အရပ်မြင့်မြင့် ပုဂ္ဂိုလ်တစ်ဦး လမ်း လျှောက် ဝင်လာတာ တွေ့လိုက်ရ တယ်။ ဘယ်သူလဲလို့ ကြည့်လိုက် တော့ ဦးနေဝင်းလေ။ ဆရာမကြီး ဒေါ်နီနီမြင့်ရဲ့ ခင်ပွန်း ဗိုလ်ချုပ် ကြီးနေဝင်းဖြစ်နေတယ်''

''ဟုတ်လား၊ ဆက်ပြောပါ အစ်ကိုကြီးရယ်၊ ဦးနေဝင်းက ကျန်း ကျန်းမာမာပဲ မဟုတ်လား''

''ကျန်းကျန်းမာမာပါပဲ ဦးစိန် တင်ရဲ့၊ အဲဒီနေ့က ဦးနေဝင်းပြော သွားတဲ့ စကားတစ်ခွန်း ထူးခြားလို့ ဦးစိန်တင်တို့လို စာရေးဆရာတွေ သိထားစေချင်တယ်ဗျ''

(၂)

ဦးတင်အောင်ဟိန်းက ပြော ပြသဖြင့် ထိုနေ့က နံနက်စောစော နှင်းမြူဖွေးဖွေးကြားမှာ လမ်းဘေး စကားဝိုင်းကလေး ဖြစ်ခဲ့၏။ ကြုံ ကြိုက်တုန်း ပြောရလျှင် ဦးနေဝင်း ၏ အိမ်မှာ မရမ်းကုန်းမြို့နယ် အေဒီလမ်းခေါ် မေခလမ်းထဲ၌ ရှိ ၍ သူ့ဇနီး ဆရာမကြီး ဒေါ်နီနီမြင့် အိမ်မှာ မေခလမ်းထိပ် ပါရမီလမ်း ပေါ်၌ ဝင်းနှင့်ခြံနှင့် တင့်တင့်တယ် တယ်ရှိသည်။ ဦးနေဝင်းမှာ ဇနီး ဒေါ်နီနီမြင့်နှင့် မကြာခဏပင် သဘောထားကွဲကာ အတူမနေ သည့်အကြိမ် များစွာရှိခဲ့ဖူး၏။ ဒေါ်နီနီမြင့်၏ အစ်မတစ်ဦး ဒေါ် ထားထားမြင့်၏ စီးပွားရေးအမှုဖြစ် ခဲ့စဉ်က သတင်းစာထဲမှာ ဟိုးလေး တကြော် အမှုအခင်းသတင်းတွေ ဖော်ပြခဲ့ပြီးနောက်တွင် ထိုအမှုမှာ စီရင်ချက် မချရတော့ ဘဲ ခေတ် စကားနှင့်ဆိုလျှင် ဥပဒေအပေါ်သို့ ရောက်သွားပြီး ဆရာမကြီး ဒေါ်နီ နီမြင့်လည်း ဦးနေဝင်းအိမ်က ဆင်း လာခဲ့ရ၏။ ထိုအချိန်၌ ဦးနေဝင်းသည် တစ်ပင်မလဲခင် တစ်ပင်ထူ၏။ ဒေါ်နီနီမြင့် ထင်ထင်ရှားရှား ရှိနေဆဲမှာပင် ရတနာ နတ်မယ်နှင့် နောက်ထပ်အိမ်ထောင်ပြုပြန်သည်။ အချိန်မကြာမီမှာပင် ဦးနေဝင်းနှင့် ရတနာနတ်မယ်နှင့် က တောက်ကဆတ်ဖြစ်ကာ လင်မ ယားကွဲကြပြန်သည်။ ထိုအခါ ဦးနေ ဝင်းသည် ဒေါ်နီနီမြင့်နှင့် ပြန်ပေါင်း ထုတ်ခဲ့ပြန်သည်။ ဤကားတက္ကသိုလ် စိန်တင် သိသမျှ ပြောပြရခြင်းပင်။ ယခု ဆရာကြီး ဦးတင်အောင်ဟိန်း ပြောပြသော ဦးနေဝင်းသတင်းကို ဆက်လက်ရေးသားပါမည်။

(၃)

''အဲဒီနေ့ က ကျွန်တော်နဲ့ ဒေါ်နီနီမြင့်တို့ စကားပြောနေစဉ် မှာ အိမ်အပြင်က ဦးနေဝင်းလမ်း လျှောက်ဝင်လာတယ်။ ဦးနေဝင်း က ပြောတယ်။ ကိုတင်အောင်ဟိန်း ဒီနေ့လာမယ်ဆိုတာ သတင်းကြား လို့ စကားပြောချင်လို့ လာခဲ့တယ်။ ဒါပေမယ့် ကိုတင်အောင်ဟိန်းရေ နိုင်ငံရေး စကားမပြောကြစတမ်း နော်။ ဘာနိုင်ငံရေး အကြောင်းမှ ကိုယ်မကြားချင်ဘူး။ ပြောလည်း မပြောချင်ဘူး။ အခု ကိုယ်လည်း ဝိပဿနာ တရားတွေ လုပ်နေပြီ။ ကိုတင်အောင်ဟိန်းက ဝိပဿနာ လုပ်ငန်းလုပ်နေတာကြာပြီဆို တော့ ကိုယ်မသိတဲ့ တရားသဘော ကလေးတွေ ဆွေးနွေးပြောချင်လို့ လာခဲ့တာပဲ''

''အခု ဝိပဿနာလုပ်ငန်းကို ကြိုးကြိုးပမ်းပမ်းလုပ်နေတော့ ကိုယ့်စိတ်တွေ သိပ်ပြီးကြည်လင် လာတယ် ကိုတင်အောင်ဟိန်းရေ။ အခုနေများ ကိုယ့်နှလုံးသားထဲမှာ ပွားလာတဲ့ တရားမျိုး ၁၉၆၂ ခုနှစ် က ကိုယ့်ရင်ထဲမှာရှိနေရင် ဟို တုန်းက လုပ်ခဲ့တဲ့ စစ်တပ်က အာဏာသိမ်းတဲ့ အလုပ်မျိုး ကိုယ် လုပ်မှာမဟုတ်ပါဘူး''

(၄)

 မြတ်စွာဗုဒ္ဓဘုရား ကယ်တော် မူပါ။ ဦးနေဝင်းခေါ် တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌဟောင်း၊ နိုင်ငံ တော် သမ္မတဟောင်း၊ လမ်းစဉ်ပါ တီ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးနေ ဝင်း။ ယခု  ၁၉၆၂-၁၉၉၆ နှစ် ပေါင်း ၃၄ နှစ်ကြာသောအခါမှာ  ကျုပ်ဝိပဿနာတရားအားထုတ်  လို့ အဟုတ်ပဲ တရားတွေ ရှုမြင်ပြီ တဲ့။ ၁၉၆၂ ခုနှစ်က စစ်တပ်က အာဏာသိမ်းခဲ့သော ကိစ္စမျိုးကို (ဟိုတုန်းကသာ ကျုပ်ရင်ထဲမှာ ယခုတရားသဘောမျိုးရှိခဲ့လျှင်) လုပ်မိမှာ မဟုတ်ပါဘူးတဲ့၊ ပြောနေ ပါ ပကောလား။ လွန်ခဲ့ပါပြီ။ ကျွံ ခဲ့ပါပြီ။ မှားခဲ့တာများပါပြီ။ တိုင်း ပြည်လည်း မွဲတေချွတ်ခြုံကျ၊ မြန် မာ့နိုင်ငံကြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်ကြုံရ။ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေ ရာချီ၊ ထောင်ချီ၍ မောင်းပြန်သေနတ် ကျည်ဆန်ထိမှန်သေဆုံး။ မြန်မာ တွေ ဂုဏ်နိမ့်ကျ၊ နိုင်ငံခြားမှာ အိုက်တိုးပဂေးဆန်၊ အိုးတိုက်ပန်း ကန်ဆေး အညစ်အကြေးသိမ်းအ လုပ်နဲ့ စီးပွားရှာရ။ ဖြစ်သမျှအ ကြောင်း မကောင်းလှပြီမို့။

အဆိုကျော် ကိုင်ဇာသီချင်း သာ ဟစ်ဆိုချင်တော့၏။ ''ဒီအချိန် မှာ ပြန်တွေ့တာ ဘာလုပ်ရမှာလဲ၊ ဘာလုပ်ရမှာလဲ၊ ဘာလုပ်ရမှာလဲ''

တက္ကသိုလ် စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.