23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၇၈ နှစ်ပြည့် ဂုဏ်ပြုဆောင်းပါး ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်

(၁)
    ''ကျောင်းသားတို့အပေါ် ကောင်းစားဖို့နော်၊ ကြိုးပမ်းတဲ့ ဗိုလ် အောင်ကျော်''
    ဤစာရေးသူ တက္ကသိုလ်စိန်တင်တို့ ငယ်စဉ် ကျောင်းသားဘဝက မင်းဘူးမြို့၊ အစိုးရအထက် တန်းကျောင်းတွင် ပညာသင်ကြား နေစဉ်က သီဆိုခဲ့ကြသော 'ဗိုလ်အောင်ကျော်' ဂုဏ်ပြုတေးသီချင်း ဖြစ်ပေသည်။
    မင်းဘူးမြို့တွင် ပညာသင် ကြားနေစဉ်က ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ (၁ဝ) တန်းကျောင်းသားကြီး ကိုသိန်းအောင် (ကိုမျိုးအောင်) ကိုမျိုးညွန့်၊ ကိုအောင်ကျော်၊ ကို သိန်းဖေ၊ ကိုသောင်းတင် (အော်ပီ နာ) ကိုမောင်မောင်၊ ကိုမြင့်သန်း (ညောင်ပင်ကြီး)၊ မနွဲ့နွဲ့၊ မမြမြ၊ မညိုညို၊ မဝင်းဝင်းကြည် စသည့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တို့ သည် နှစ်စဉ် ဒီဇင်ဘာ ၂ဝ ရက် နေ့တွင် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးသည့်နေ့ ဂုဏ်ပြု အခမ်းအနားကို အစိုးရ အထက်တန်းကျောင်းရှေ့ အလံ တော်အလေးပြုမြေကွက်လပ်တွင် ကျင်းပကြ၏။ မောင်စိန်တင်တို့ ကျောင်းသားငယ်များသည် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုသိန်း အောင် မိန့်ခွန်းပြောနေစဉ် ကျောင်းသားခေါင်းဆောင်ဗိုလ် အောင်ကျော်အား နယ်ချဲ့မြင်းစီး ပုလိပ်တပ်သားများက မြင်းနှင့်နင်း တုတ်ဖြင့် ခေါင်းရိုက်ခွဲ၊ ကျောင်း သားထုကြီးကို အကြမ်းဖက်၍ ဖြို ခွင်းသော အကြောင်းအရာကို ကြားနာရသောအခါ နယ်ချဲ့ ဗြိတိ သျှအစိုးရကို အမုန်းကြီးမုန်း၏။အနာကြီးနာ၏။ စိတ်ဆိုး၏။ ဒေါသထွက်၏။ မိမိအနီးတွင် အဆိုပါ နယ်ချဲ့မြင်းစီးပုလိပ်တွေ များရှိနေမည်ဆိုလျှင် လောက်လေး ခွနှင့် ပစ်၊ ဆဲဆို၊ ကြိမ်းမောင်း။ အမှုန့်ကြိတ်၍ရလျှင်၊ အမှုန့်ကြိတ် ပစ်ချင်လောက်အောင်ပင် စိတ် ဆိုး၊ ဒေါသထွက်ခဲ့ကြ၏။
    ဤကား မင်းဘူးမြို့တွင် ၁၉၄၆-၁၉၄၇-၁၉၄၈-၁၉၄၉ ခုနှစ်၊ မောင်စိန် တင်တို့၊ ကျောင်းသားလူငယ်ဘဝ အတွေး နုစဉ် အချိန်က ကြုံရပုံတည်း။
(၂)
    ၁၉၅၄ ခုနှစ်တွင် မင်းဘူးမြို့  အစိုးရအထက်တန်းကျောင်းမှ မောင်စိန်တင် တက္ကသိုလ်ဝင်တန်း အောင်၏။ ရန်ကုန်တက္ကသိုလ်  ဥပစာတန်းသို့ ဆက်လက်၍ ပညာ သင်ကြားရသည်။ ဤတွင် ငယ်စဉ် ဘဝက ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုသိန်းအောင် ဒီဇင်ဘာလ ၂ဝ ရက်နေ့တိုင်း ဟောပြောခဲ့သော 'ဗိုလ်အောင်ကျော်'နှင့် တက္ကသိုလ် ကျောင်းသား မောင်စိန်တင် တွေ့ လေပြီ။ ရန်ကုန်တက္ကသိုလ်ကျောင်း သား သမဂ္ဂ အဆောက်အအုံဝင်း အတွင်း၌ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာ ၂ဝ ရက်နေ့က ကျဆုံးခဲ့သည့် ကျောင်းသားခေါင်းဆောင် ဗိုလ် အောင်ကျော် ကျောက်တိုင်ကို တွေ့ ရတော့သည်။
    ဤအချိန် ဤကာလတွင် ကျောင်းသားခေါင်းဆောင်ဗိုလ် အောင်ကျော်ကို နယ်ချဲ့မြင်းစီး ပုလိပ်တို့က တုတ်နှင့်ရိုက် မြင်းနှင့် နင်းခဲ့သော လုပ်ရပ်အပေါ်တွင် အတော်ပင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ်လာနိုင်ခဲ့ပြီ။ သြော် တို့များရဲ့ ကျောင်းသား ခေါင်းဆောင်  ဗိုလ်အောင်ကျော် ကျဆုံးအောင် သတ်ဖြတ်ခဲ့သည့် အဓိက တရားခံ စစ်စစ်မှာ နယ်ချဲ့ လက်ပါးစေ မြင်းစီးပုလိပ်မဟုတ် ပါတကား။ ထိုနယ်ချဲ့လက်ပါးစေ မြင်းစီးပုလိပ်တို့၏ အပေါ်က လွှမ်း မိုးအုပ်ချုပ် မင်းလုပ်ညွှန်ကြားနေ သော နယ်ချဲ့ဗြိတိသျှ အစိုးရနှင့် မုန်းတီးရွံရှာဖွယ်ကောင်းသော နယ်ချဲ့ စနစ်ဆိုးကြီးသာ ဖြစ်ပါပေ သည် တကားဟု နားလည်ခဲ့ရလေ တော့သည်။
    ပြောချင်သေးသည်။ တော် လှန်ရေး ကောင်စီဥက္ကဋ္ဌ စစ် အာဏာရှင် ဗိုလ်နေဝင်း အုပ်စိုး သောခေတ် ၇-၇-၆၂ နေ့၊ ညနေ တွင် ရန်ကုန်တက္ကသိုလ်၌ အ ဆောင်စည်းကမ်းများကို မကျေနပ် သော တက္ကသိုလ်ကျောင်းသားများ ကို ဒုဗိုလ်မှူးကြီး စိန်လွင် (နောင် ၁၅ ရက် သမ္မတ ဦးစိန်လွင်) ဦး ဆောင်သော စစ်တပ်က မောင်း ပြန်သေနတ်များဖြင့် ပစ်ခတ်ခဲ့သ ဖြင့် ကျောင်းသား တစ်ရာကျော် သေဆုံးခဲ့သည်။ နောက်တစ်နေ့ နံနက် ၈-၇-၆၂ နေ့တွင် မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲဝင် ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အအုံကြီးအား စစ်ဗိုလ် တစ်စုက ရှေ့နောက်တွေးခေါ်၊ စဉ်း စားခြင်းမရှိဘဲ ဗုံးဖြင့်ဖောက်ခွဲ ပြို ကျစေခဲ့သည်။ ဤတွင် ပြောချင် လှ၏။ တကသ အဆောက်အအုံ ကြီးမှာ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အ မျိုးသားလွတ် မြောက်ရေးတိုက်ပွဲ ကာလက ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဆန်း (ဗိုလ်ချုပ် အောင်ဆန်း)၊ ကိုနု (နိုင်ငံတော် ဝန်ကြီးချုပ် သခင်နု) ၊ ကိုလှရွှေ ကျောင်းသားအာဏာရှင် လှရွှေ၊ ကိုအောင်ကျော် (ဗိုလ်အောင် ကျော်) တို့က နယ်ချဲ့ ဗြိတိသျှ အစိုး ရကို တိုက်ပွဲဝင်ရန် အသုံးချခဲ့သော တကသ အဆောက်အအုံကြီးပါ လား။ သည်အဆောက်အအုံကြီး ကို ဖြိုခြင်းဖြိုလျှင် နယ်ချဲ့ဗြိတိသျှ အစိုးရကသာ ဖြိုချရပေမည်။ ယခုတော့ အာဏာရှင် ဗိုလ်နေဝင်း တပည့်စစ်ဗိုလ်တွေက ရှေ့နောက် မျှော် ခေါ်မြင်မြော်တွေးဆမှု မရှိဘဲ  နယ်ချဲ့ဗြိတိသျှနောက်လိုက် တပည့်တွေ ပုံစံနှင့် ဗုံးခွဲဖြိုချပေးရ သလားဗျို့။ စဉ်းစားကြည့်ရသမျှ ရေးပြခြင်းပင်။ ယခုအခါတွင် ဤ ဆောင်းပါး ခေါင်းစဉ်တင်ထား သည့် ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်၏ အကြောင်းကို တင်ပြပါတော့မည်။
(၃)
    မကွေးမြို့တွင် ရန်ကုန် တက္ကသိုလ်ကျောင်းသားများ ဥက္ကဋ္ဌ ကိုဘဟိန်းနှင့် ကိုဗဆွေတို့က ချောက်မြို့၊ သခင်ဘိုးလှကြီး ခေါင်း ဆောင်သည့် ရေနံမြေသပိတ်တပ် ကြီးအား ထောက်ခံသည့်အနေဖြင့် မိမိတို့အား ခြိမ်းခြောက်လျက်ရှိ သော ဗြိတိသျှနယ်ချဲ့မြင်းစီးပုလိပ် တို့ ဝိုင်းရံထားသော မဲထီးဘုန်းကြီး ကျောင်းတိုက်တွင် ရဲရဲတောက် နိုင်ငံရေး တရားများဟောပြောခဲ့ သည်။ မြင်းခွာသံတစ်ချက်ပေါက် ရင် ဗမာပြည်ကြီး မီးဟုန်းဟုန်း တောက်မယ်ဆိုသော ကျောင်းသား ခေါင်းဆောင်ကိုဘဟိန်း၏ြေ<ွကး ကြော်သံကို ဗြိတိသျှအစိုးရထိတ် လန့်သွားပုံရ၏။ ထို့ကြောင့် ကျောင်းသားခေါင်းဆောင်ကိုဘ ဟိန်းနှင့် ကိုဗဆွေတို့ကို ဖမ်းဆီး ကာ မကွေးမြို့ အကျဉ်းထောင် ကြီးသို့ပို့ဆောင်ချုပ်နှောင်ကြသည်။
    ထိုအချိန်၌ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုဘဟိန်း၏ နေရာတွင် ဆေးသိပံ္ပ ကျောင်းသားကိုလှရွှေအား ကျောင်း သားထုက တင်မြှောက်ကြသည်။ ထို့အပြင်လည်း တကသ ဥက္ကဋ္ဌကို လှရွှေအား ကျောင်းသား ထုကြီးက ''ကျောင်းသားအာဏာရှင်ဘွဲ့'' ပေး အပ်ခဲ့ကြသည်။ ကျောင်းသား အာဏာရှင် တကသ ဥက္ကဋ္ဌကိုလှ ရွှေခေါင်းဆောင်ပြီး ရန်ကုန် တက္ကသိုလ်ကျောင်းသားထုကြီး သည် ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံးကြီးသို့ ဘတ်စ် ကားများဖြင့် ရောက်ရှိသွားခဲ့ပြီး ထိုနေ့ နံနက် ၈ နာရီ အချိန်မှစ၍ အတွင်းဝန်များရုံးကြီးအားလေး ဘက်လေးလန်မှ ပိတ်ဆို့ကာ သပိတ်တားဆန္ဒပြခဲ့သည်။
    ''ဖမ်းထားတဲ့ ကျောင်းသား ခေါင်းဆောင်တွေ အမြန်လွှတ်'' ဆို သော ကြွေးကြော်သံကို ဟစ်ကြွေး ကာ ရန်ကုန် တက္ကသိုလ်ကျောင်း သား ၁ဝဝဝ ခန့်က အတွင်းဝန်များ ရုံးကို ပိတ်ဆို့ တားဆီးသပိတ်ပြကြ သောကြောင့် ရုံးတက်လာသော အစိုးရ အမှုထမ်းတို့မှာ ရုံးမ တက်နိုင်ဘဲ အိမ်သို့ ပြန်သွားခဲ့ ကြသည်။
    ထိုနေ့နေ့လယ် ၁၂ နာရီတွင် ကျောင်းသားခေါင်းဆောင် ကိုဘ ဟိန်းနှင့် ကိုဗဆွေအား အမြန်ပြန် လွှတ်ပေးရန် တောင်းဆို၍ သပိတ် တားဆန္ဒပြကြသည့် ကျောင်းသူ ကျောင်းသား ၁ဝဝဝ ကျော်အား နယ်ချဲ့ မြင်းစီးပုလိပ်တပ်မှမြင်းစီး ပုလိပ် ၁ဝဝ ကျော်တို့သည် မြင်း နှင့် ဝင်၍တိုက်၊ နံပါတ်တုတ်ဖြင့်  ရိုက်နှက်ကြရာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၃ဝဝဝ ခန့် ဒဏ်ရာရှိသွားခဲ့၏။
    ရန်ကုန် တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်ကိုအောင်ကျော်မှာ နယ်ချဲ့ စစ်ပုလိပ်များ၏ နံပါတ် တုတ်ဒဏ်ကြောင့် ဦးခေါင်းတွင် ဒဏ်ရာအကြီးအကျယ်ရရှိကာ ဆေးရုံကြီးသို့ တင်ပို့ခဲ့စဉ် နောက် တစ်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင် ကွယ်လွန်သွားခဲ့၏။ နယ်ချဲ့ မြင်းစီးပုလိပ်တို့၏ ရိုက်နှက်သော ဒဏ်ကြောင့် ကျဆုံးခဲ့သော ကျောင်း သားခေါင်းဆောင် ကိုအောင် ကျော်အားပြည် သူလူထုကြီးက ဗိုလ်အောင်ကျော်ဟု ဘွဲ့အပ်နှင်း၍ ရန်ကုန်မြို့၊ ကြံတော သုသာန်တွင် စည်ကားစွာ သင်္ဂြိုဟ်ခဲ့ကြ၏။ ဤ ကားနယ်ချဲ့ ဆန့်ကျင်ရေးနှင့် အ မျိုးသားလွတ်မြောက် ရေးတိုက်ပွဲ သမိုင်းတွင် မော်ကွန်းတင်ရမည့် ကျောင်းသား ခေါင်းဆောင်ဗိုလ် အောင်ကျော်၏  ရဲရဲတောက်နိုင်ငံ ရေး မှတ်တမ်းတည်း။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.