19 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရန်ကုန် မန္တလေး အမြန် လမ်းမကြီးတွင် ဆိုင်ကယ် မတော်တဆ ဖြစ်ပွားနေမှုများမှာ ခရိုင်ကျေးရွာ ချင်းဆက် လမ်းများ၊ ဆိုင်ကယ်လမ်းများ မဖောက် လုပ်နိုင်သေးခြင်းနှင့် စည်းကမ်းမဲ့ မော်တော် ဆို
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 997
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်၏ နောက်ဆုံးနေ့

(၁)
    မြန်မာနိုင်ငံ၏ ဂုဏ်ဆောင် ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့် သည် အမေရိကန် ပြည်ထောင်စု တွင် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ရှာသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တာဝန်ကို သက် တန်း (၂) ဆက်တိတိ တာဝန်ထမ်း ဆောင်ခဲ့ပြီးသည့်နောက်၊ အငြိမ်း စားယူခဲ့ပြီးနောက် ဦးသန့်သည် မြန်မာပြည်သို့ ပြန်ရန်ပြင်ဆင် လျက်ရှိဆဲတွင် ယခုကဲ့သို့ ကင်ဆာ ရောဂါဝေဒနာကို ခံစားခဲ့ရပြီး အ သက် ဆုံးရှုံးခဲ့ရခြင်းဖြစ်ပေသည်။
    ဦးသန့် မကွယ်လွန်မီက ''မိမိ ကွယ်လွန်ခဲ့လျှင် မိမိချစ်သော မိခင်နိုင်ငံ မြန်မာပြည်သို့ ပို့ဆောင် သင်္ဂြိုဟ်ပါ''ဟု မှာကြားခဲ့၏။ ဦးသန့်သည် အမေရိကန်ပြည် ထောင်စု နယူးရောက်မြို့တွင် ကွယ်လွန်သွား ရှာသောအခါ ဦးသန့်၏ မိသားစုက ဦးသန့်ရုပ်က လပ်အား မြန်မာနိုင်ငံ သို့ ဦးသန့်၏ ဆန္ဒနှင့်အညီ သယ်ဆောင်လာပြီး သင်္ဂြိုဟ်ခွင့်ပြုရန်နိုင်ငံတော် သမ္မတကြီး ဦးနေဝင်းထံ မေတ္တာ ရပ်ခံပန်ကြားခဲ့သည်။ မြန်မာ နိုင်ငံသို့ ဦးသန့်၏ ရုပ်အလောင်း ပြန်ရောက်လာသောအခါ မြန်မာ အစိုးရက သာမန်လူများသာ မြှုပ်နှံ လေ့ရှိသော ကြံတောသုသာန်တွင် သာ မြှုပ်နှံရန်ခွင့်ပြုခဲ့သည်။ မြန်မာ့ ဂုဏ်ဆောင် ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်၏ ရုပ်အ လောင်းကို ရဟန်းရှင်လူ၊ ကျောင်း သား၊ ပြည်သူတို့က ဦးသန့်နှင့် ထိုက်တန်သောနေရာတွင် သင်္ဂြိုဟ်  ရန် ဆန္ဒရှိနေကြသဖြင့် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဦးသန့်၏ ရုပ်အလောင်းကို ရန် ကုန်မြို့ ကျိုက္ကဆံတွင်း၌ လူထု အင်အားဖြင့် လုယူကြပြီး ရန်ကုန် တက္ကသိုလ်၊ တကသ အဆောက် အအုံဟောင်းကြီးနေရာ၌ အုတ်ဂူ ပုံစံ ခန့်ခန့်ထည်ထည်ဆွဲပြီး သင်္ဂြိုဟ်ခဲ့ကြသည်။ တစ်ပါတီ အာဏာရှင် မဆလအစိုးရက စစ် တပ်အင်အားသုံးပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိ ဂုံဘုရား တောင်ဘက်မုခ်ကန်တော် မင်ပန်းခြံတွင် သင်္ဂြိုဟ်ခဲ့သည်။ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင် လူအပေါင်းတို့၏ ဆန္ဒနှင့်အညီ မြန်မာ့ဂုဏ်ဆောင်၊ ကမ္ဘာ့ဂုဏ် ဆောင် ကုလသမဂ္ဂအ တွင်းရေးမှူး ချုပ် (ငြိမ်း) ဦးသန့်၏ ရုပ်အ လောင်းကို ထိုက်တန်သော နေရာ ၌ မြှုပ်နှံသင်္ဂြိုဟ်ခွင့်ရခဲ့သည်မှာ ၁၉၇၄-၂ဝ၁၆ (၄၂) နှစ် တိတိ ပြည့်ခဲ့ပြီ။
    ယခု ဤဆောင်းပါးတွင် ၁၉၇၄ ခုနှစ်က အမေရိကန်ပြည် ထောင်စု၊ နယူးယောက်မြို့၌ နိုဝင် ဘာလ ၂၅ ရက်နေ့တွင် ကွယ် လွန်အနိစ္စရောက်ခဲ့ရှာသော ဦးသန့်၏ နောက်ဆုံးနေ့ကို မြန်မာ စာဖတ်ပရိသတ်များ ဖတ်ရှုလေ့ လာနိုင်ရန် စာရေးသူရေးသား ပြုစုခဲ့သည့် 'ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်' စာအုပ်မှ ထုတ်နုတ် တင်ပြပါသည်။
(၂)
    ၁၉၇၃ ခုနှစ် အောက်တိုဘာ လ ၂၄ ရက်နေ့တွင် ဦးသန့်က အမေရိကန် မြန်မာပိုင်း အစီအ စဉ်မှ ဤသို့ အသံလွှင့်ခဲ့၏။
    ''၁၉၆၁ ခုနှစ်မှစပြီးတော့ ၁၉၇၁ ခုနှစ်အထိ ကမ္ဘာ့သမိုင်း ပြုစုတဲ့ လုပ်ငန်းကြီးကို ၁၉၇၄ ခုနှစ်အတွင်း ပြီးမြောက်မယ်လို့ ယူဆပါတယ်။ ဒုတိယတွဲကို ၁၉၇၅ ခုနှစ်ကုန်လောက်မှာ ပြီးစီး ရန် ရည်ရွယ်ပါတယ်။ အဲဒီ ကမ္ဘာ့ သမိုင်း ကျမ်းကြီးနှစ်စောင်ပြုစုပြီး တဲ့နောက် မြန်မာပြည်သို့ပြန်လာ ပြီး လုံးဝအနားယူရန် စီမံပြီးဖြစ်ပါ တယ်။ ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးမှာ လေးနှစ်ကျော်ကျော် မြန်မာပြည် ရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ပြီးနောက်၊ (၁ဝ)နှစ် ကျော်ကော် အထွေထွေအတွင်း ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ရပေ မယ့် တစ်နေ့မှ ကိုယ့်နိုင်ငံကို မမေ့ ပါဘူး။ မြန်မာပြည်သူ ပြည်သား တွေ စိတ်၏ ချမ်းသာခြင်း၊ ကိုယ် ၏ ချမ်းသာခြင်းတွေ တွေ့ကြုံခံစား ကြပါစေလို့ အမြဲဆုတောင်း မေတ္တာပို့သလျက်ရှိပါတယ်။ ဘုရား တရား သံဃာ ရတနာသုံးပါးဂုဏ် ကြောင့် ကမ္ဘာ့သမိုင်းကြီး နှစ်စောင် ကို ရေးသားပြီးဆုံးပြီးနောက် မြန်မာပြည်သို့ပြန်ပြီး ဆွေမျိုးမိတ် သင်္ဂဟများနှင့် ပြန်လည်နေထိုင်ဖို့ ကိုသာ စိတ်စောလျက်ရှိပါတယ်''
    ဦးသန့်က အမိနိုင်ငံကိုလွမ်း ဆွတ်သတိရကြောင်း၊ မြန်မာပြည် သို့ ဤနှယ်မှာကြားခဲ့သည်။ သူ့အ သံကို ကြားရသော မြန်လာလူထု ကြီး တစ်ရပ်လုံးက ဝမ်းသာကြ၏။ ဦးသန့်၏ ပြည်ပြန်ခရီးကို သူ့အ ပေါ် မေတ္တာရှိသူတို့က တမျှော် တည်း မျှော်နေကြလေသည်။
    ထိုအချိန်အတွင်း ၁၉၇၃ခုနှစ် အောက်တိုဘာလတွင်ပင် ဦးသန့် ဆေးရုံတက်ရန်အကြောင်းဖြစ်လာ ၏။ ဦးသန့်၏ ညာဘက်ပါးစောင့် သွားဖုံးရင်း၌ အနာကလေးတစ်လုံး ပေါက်လာ၏။ ထို့ကြောင့် ဦးသန့် က သွားဆရာဝန်တစ်ဦးနှင့် ကုသ ၏။ တစ်လခန့်ကြာသော်လည်း အနာကမပျောက်။ သို့နှင့် ဦးသန့် က ဆေးရုံသို့သွားပြသည်။ ဆေးရုံ က ဦးသန့်၏ ပါးစောင်မှအနာကို မသင်္ကာဖြစ်၏။ ကင်ဆာရောဂါ ဖြစ်လေမလား။
    ဦးသန့်၏ ပါးစောင်မှ အနာ ကလေးကို ဓာတ်ခွဲစမ်းသပ်ကြည့် သောအခါတွင် ကင်ဆာကလပ် စည်းများ တွေ့ရ၏။ ထို့ကြောင့်ပင် ဆရာဝန်တွေက ဦးသန့်ကို ဆေးရုံ တက်၍ ခွဲစိတ်ကုသရန် အကြံပေး ကြသည်။ ဦးသန့်သည် အောက်တို ဘာလတွင် ဆေးရုံတက်၍ ခွဲစိတ် ကုသမှုကို ခံယူရ၏။
    ထိုစဉ်က ထိုင်းနိုင်ငံ ဗန် ကောက်မြို့ အီးကဖီးအဖွဲ့ချုပ်တွင် အမှုထမ်းနေသော ညီဖြစ်သူဦး သောင်းထံသို့ ဦးသန့်က သူ့ရောဂါ အကြောင်း စာရေးသည်။ စာရေး ရာ၌ မိမိပါးစောင်မှ ဒဏ်ရာကို မည်သို့ခွဲစိတ်ကုသ၍ ကင်ဆာ ကလပ်စည်းများအား လှီးဖြတ် ထုတ်ပယ်ရပုံကို ပုံဆွဲ၍ပင်ပြလိုက် သေး၏။ နောက်တော့ ကမ္ဘာတွင် အကောင်းဆုံး အတော်ဆုံး ဆရာ ဝန်ကြီးများ၏ လက်ထဲတွင် ဆေး ကုသမှုကို ခံယူရသော ဦးသန့် သည် ကောင်းစွာကျန်းမာလာခဲ့ လေသည်။
    ဦးသန့်သည် ကျန်းမာလာ သည်နှင့်ပင် မိမိတာဝန်ရှိနေသော စာအုပ်ပြုစုမှုကို ဆက်လက်ကြိုး ပမ်းပြုစုပြန်သည်။ သို့သော် သူ့ ရောဂါသက်သာသည်ဆိုခြင်းမှာ တဒင်္ဂမျှသာ ဖြစ်၏။ ၁၉၇၄ ခုနှစ် မတ်လတွင် ဦးသန့်သည် ဆေးရုံ သို့ ထပ်တက်ရပြန်သည်။ ယခုတစ် ကြိမ်တွင်တော့ ပါးမှ ကင်ဆာ ရောဂါသည် လည်ချောင်းဆီသို့ ကူးစက်သွားလေသည်။ လည် ချောင်းကို ခွဲစိတ်ကုသရ၏။ လည် ပင်း၊ ပခုံးနှင့် လက်မောင်းရင်းရှိ အရိုးအနီးမှ ကင်ဆာကလပ် စည်း ပေါင်း ၃ဝဝ ခန့်ကို ခွဲစိတ်ထုတ်ပယ် လိုက်ရသည်။
    ယခုတစ်ကြိမ် ခွဲစိတ်ကုသရန် ဆေးရုံတက်ရစဉ် ဘန်ကောက်မြို့ ရှိညီဖြစ်သူ ဦးသောင်းကို တွေ့ချင် သည်ဟု ဦးသန့်က အကြောင်း ကြား၏။ ထို့ကြောင့် ဦးသောင်း သည် နယူးယောက်မြို့သို့ လိုက် သွားရန် စီစဉ်ရလေသည်။
    ဦးသောင်းသည် ဘန်ကောက် မှ မထွက်ခွာမီ ဦးသန့်ထံမှ ကြေး နန်းရောက်လာပြန်၍ ထွက်လာပြီ ဖြစ်ကြောင်း အကြောင်းပြန်ရသည်။ ဦးသောင်းသည် ကေအယ်လ် အမ် လေယာဉ်ကို ချက်ချင်းစီစဉ်ပြီး နယူးယောက်မြို့သို့ လိုက်သွားခဲ့၏။
    နယူးယောက်မြို့နှင့် မိုင် ၈ဝ ခန့်ဝေးသော ဦးသန့်၏ ဟာရီဆန် နေအိမ်သို့ ဦးသောင်းရောက်သွား တော့ ညနေ ၆ နာရီခန့်ရှိပြီ။ ထိုအချိန်တွင် ဆေးရုံမှ ဦးသန့်က တယ်လီဖုန်းဆက်လာ၏။ ဦးသန့် ဆေးရုံတက်သည်မှာ ၁၅ ရက်ခန့် ရှိနေပြီ။

အိမ်သို့ တစ်ကြိမ်တစ်ခါမျှ တယ် လီဖုန်းမဆက်ပါ။ သို့သော် ယခု တော့ သူအလွန်တွေ့ချင်နေသော ညီဖြစ်သူ ဦးသောင်းကို တွေ့ချင် လွန်း၍ ထင်ပါရဲ့။ တယ်လီဖုန်း ဆက်မေးသည်။ လည်ပင်းတွင် ခွဲ စိတ်ကုသခံထားရသော ဦးသန့်၏ အသံကို တယ်လီဖုန်းအတွင်းမှ ကြားရသည်မှာ အသံခပ်သြသြ ထွက်နေ၏။
    ''မောင်သောင်းလား၊ ရောက် ပြီလား၊ မင်းဒီည အစ်ကိုကြီးကို လာပြီးမတွေ့နဲ့တော့၊ မင်းခရီးလမ်း မှာ အိပ်ပျက်လာတယ်။ မနက်ဖြန် မှပဲ အေးအေးဆေးဆေးတွေ့တာပေါ့''
(၃)
    ဦးသောင်း ရောက်ရှိလာခြင်း အတွက် ဦးသန့် အလွန်ဝမ်းသာ ဟန်ရှိ၏။ ဝမ်းနည်းစရာကောင်း သည်ကတော့ ဦးသန့်စားရန်အတွက် ဦးသောင်းယူဆောင်သွားသော မြန်မာကြိုက် အစားအစာတွေကို ဦးသန့် မစားနိုင်ခြင်းပင်တည်း။    
    အထက်တွင် ဦးသန့်က မြန်မာပြည်သို့ ပြန်ချင်ပုံကို တင်ပြ ခဲ့၏။ ဦးသန့်ကား အိမ်တွင် ထမင်းစားလျှင် ခက်ရင်းနှင့်ဇွန်းကို သုံး၍ အနောက်တိုင်းဆန်ဆန် မစား။ မြန်မာဆန်ဆန် လက်ငါး ချောင်းဖြင့် နယ်ဖတ်၍ စားတတ် သည်။ အိမ်မှာနေလျှင် အမြဲလိုလို ပုဆိုးဝတ်နှင့်နေသည်။ သည်မျှ မြန်မာမှုကိုချစ်၍ သမီးအေးအေး သန့်မှ မွေးလာသော မြေးဦးကို မြန်မာဆန်အောင် ပြုစုမွေးမြူစေ ၏။ အသက် ကိုးနှစ်ရွယ် ရှိနေ သော မြေး (အိမ်မှာ ခေါ်သော နာမည် ကိုကို) မှာ တံတျာ၊ သီ တာ၊ သာယာစသော ကြိုးသီချင်း ကြီးများကို စန္ဒရားဖြင့် စတင် သင်ကြားတတ်မြောက်ခဲ့၏။
    သည်မျှ မြန်မာဆန်သော ဦး သန့်အတွက် ဦးသောင်းယူသွား သော မြန်မာအစားအစာများမှာ အရာမထင်၊ အကျိုးမရှိတော့ပြီ။ ဝမ်းနည်းဖွယ်ဖြစ်ပါ၏။ သို့သော် ဦးသန့်က ဝမ်းနည်းဟန်မပြပါ။ လည်ချောင်းတွင် အနာရှိ၍ နို့၊ ပူ တင်းစသော ပျော့သော အစားအ စာ များသာ စားနေရခြင်းအတွက် စိတ်ပျက်ဟန်မပြဘဲ ညီဖြစ်သူနှင့် စကားပြောသည်။ ရယ်လိုက်မော လိုက်နှင့် အချိန်ကုန်ခဲ့၏။
    သို့သော် စိတ်မကောင်းစရာ တစ်ခုက ဖန်တီးလာ၏။
    တစ်နေ့တွင် ဦးသန့်သည် ဆေး ရုံတွင်နေရင်း မိမိအား ဆေးကုသ ပေးနေသော ဆရာဝန်ကိုမေး၏။
    ''ဒေါက်တာ ကျွန်တော်ဟာ ဗုဒ္ဓဘာသာတစ်ယောက်ပါ။ သေရ မှာကို ရင်ဆိုင်ရဲပါတယ်။ ကျွန် တော်ဟာ ဒီကင်ဆာရောဂါနဲ့ ဘယ် လောက်ကြာကြာ ခံမလဲ သိပါရစေ''
    ဆရာဝန်ကလည်း တိကျ သောအဖြေကို ပေး၏။
    ''ယေဘုယျအားဖြင့်ဆိုရင် တော့ ဦးသန့်လို ကင်ဆာရောဂါ ဝေဒနာရှင်ဟာ တစ်နှစ်လောက်ပဲ အသက်ရှင်နေနိုင်လိမ့်မယ်''
    မြတ်စွာဘုရား။ မေးသူက မေး၍ ဖြေသူက ဖြေလိုက်ပြီ။ သေ ခြင်းတရားကို မကြောက်ဘူးဆိုပေ မယ့် တကယ်တော့ တုန်လှုပ်မြဲ ဖြစ်၏။ ပုထုဇဉ် လူသားတစ်ဦးမျှ သာဖြစ်သော ဦးသန့်လည်း သေ ခြင်းတရားကို ရင်ဆိုင်ရတော့မည် ဟု သိသောအခါ၌ စိတ်ထဲတွင် ခံ စားမှုဖြစ်မည် ဧကန်။ သည်ဇနီး၊ သည်သမီး၊ သည်မြေး၊ သည်မိခင် ညီအစ်ကိုမောင်နှမတွေနှင့် ခွဲရ တော့မည်သိရတော့ စိတ်မချမ်း သာလှပါ။ ထိုညဥ့်က ဦးသန့် ကောင်းစွာ အိပ်မပျော်။
    ဆရာဝန်၏ စကားကို ကြားရ သူမှာ ဦးသန့်တစ်ဦးတည်း မဟုတ် ပါ။ လူနာစောင့် ဒေါက်တာတင် မြင့်ဦးကလည်း ကြားလိုက်၏။ ထို ညက ဦးသန့် အိပ်မပျော်သည်ကို လည်း ဒေါက်တာတင်မြင့်ဦး သတိ ပြုမိ၏။ ထို့ကြောင့် ခေတ္တရောက် နေသော ဦးသောင်းကို တိုင်ပင်ပြီး ဆရာဝန်ကို စကားပြင်ပြောပေး ပါဟု ဦးသောင်း၊ ဒေါက်တာတင် မြင့်ဦး၊ အေးအေးသန့်တို့က တောင်း ပန်၏။ ဆရာဝန်က တောင်းပန် ချက်ကို လက်ခံပြီး နောက်တစ်နေ့ တွင် စကားကို ပြင်ပြောပါ၏။ သို့ သော် ဦးသန့်သည် ပြင်ပြောသော ဆရာဝန်၏ စကားကိုကြား၍ ဝမ်း သားအားရဖြစ်ဟန်မပြဘဲ တည် ငြိမ်စွာရှိနေ၏။ လူကဲခတ်ကောင်း သော ဦးသန့်သည် ဆရာဝန်၏ စကားအသွားအလာကို ကောင်းစွာ နားလည်လိမ့်မည် ဧကန်ပါတည်း။ အမှန်တော့ ဦးသန့်ကို ကုသနေသူ ဆရာဝန်မှာ ညံ့သူမဟုတ်ပါ။ အမေ ရိကန်ပြည် ကင်ဆာရောဂါကု ဆရာ ဝန်များအသင်း ဥက္ကဋ္ဌ၊ ဆေးပညာ ပါရဂူ ဒေါက်တာ ဂျွန်ကွန်လီ (အ သက် ၆၅ နှစ်) ဖြစ်သည်။ သူ သည် မျက်နှာနှင့် လည်ပင်းပိုင်း ဆိုင်ရာ ကင်ဆာပါရဂူဖြစ်သည်။ ဦးသန့်၏ ကင်ဆာရောဂါကို သူ စတင်ကုသပေးရစဉ်က စကားလုံး တစ်ခု သုံးဖူး၏။
    ''အရေးကြီးသည့် ရောဂါအ ခြေအနေဖြစ်သည်။ သို့သော် မျှော် လင့်ချက် မရှိဘူးတော့မဟုတ်'' တဲ့။
   "Condition Seriousl, but not Hopeless"
    ဤတွင် ''မျှော်လင့်ချက်မရှိ ဘူးတော့ မဟုတ်''ဆိုသော စကားလုံး အတွက် ဦးသန့် သဘောမကျနိုင် ပါ။ သည်စကားလုံးကို ဘာဖြစ်လို့ သုံးရတာလဲ။ စဉ်းစားနိုင်ကြမည်။
    ဦးသန့်သည် ဆေးပြင်းလိပ် အလွန်ကြိုက်သူဖြစ်၏။ အမြဲတမ်း ဆေးပြင်းလိပ်ကို ပါးစောင်၌ခဲထား ၏။ ဦးသန့် ဆေးပြင်းလိပ်သောက် ခြင်းသည် ပါးစောင်မှ ကင်ဆာ ရောဂါဖြစ်မှုတွင် တစ်စိတ်တစ် ဒေသ အရင်းခံမည်ဟု ဆရာဝန် များက ခန့်မှန်းကြ၏။
    ဦးသန့်မှာ ကျန်းမာရေး အာမ ခံထားသူဖြစ်၏။ ထို့ကြောင့်ပင် ဦးသန့်၏ ကင်ဆာရောဂါကုသမှု တွင် ကုန်ကျစရိတ်၏ ၈ဝ ရာခိုင် နှုန်းကို အာမခံ ကုမ္ပဏီကပေးရပြီး ဦးသန့်က ၂ဝ ရာခိုင်နှုန်းသာ ပေး ရသည်။
    ဦးသန့်ကို ကုသသည့်ဆေး မှာ ကင်ဆာရောဂါအတွက် နောက်ဆုံး ပေါ် 'ကီမိုသာရာပီ' ဃ့နာသွှ့နမစေပ ဆိုသည့်ဆေးဖြစ်၏။ ယင်းဆေးမှာ အမေရိကန်ပြည်တွင် လွန်ခဲ့သော ၁၅ နှစ်က ပေါ်ခဲ့၏။ ဦးသန့်ကို ကုသရာတွင် အသုံးပြု သော 'ကီမိုသာရာပီ' ဆေးမှာ အ မေရိကန်ဆေးထက် ပိုမို အစွမ်း ထက်၍ လွန်ခဲ့သော နှစ်နှစ်ခန့်က ဂျပန်နိုင်ငံမှ တီထွင်ဖော်စပ်ထုတ် လုပ်ခဲ့ခြင်းဖြစ်သည်။
    ဦးသန့်ကို ဂျပန်နိုင်ငံတွင် ဖွင့် လှစ်မည့် ကုလသမဂ္ဂ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရာထူး လက်ခံရန် ကုလသမဂ္ဂမှ ပန်ကြား ခဲ့၍ ဦးသန့်ကလည်း လက်ခံခဲ့ သည်။ ထိုရာထူးကို လက်ခံလျှင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လစာထက် မနည်းသော လခငွေ ကို ရမည်ဖြစ်၏။ မြန်မာပြည်သို့ ပြန်လည် နေထိုင်လိုသော ဦးသန့် အတွက်လည်း အလွန်အဆင်ပြေ သည်။ တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌအနေဖြင့် တိုကျိုမြို့သို့ နှစ်လတစ်ခါလောက် အစည်းအ ဝေးသွားတက်ပြီး ညွှန်ကြားကြီး ကြပ်ပေးရုံဖြစ်၍ မြန်မာပြည်မှနေ ၍ တိုကျိုသို့သွားလျှင် အနီး ကလေးမဟုတ်လား။  ဤသို့ ဦးသန့်တွေးခဲ့သည်။ ထို့ကြောင့်ပင် ဤရာထူးလက်ခံရန် ဆုံးဖြတ်ခဲ့၏။ သို့သော် ကင်ဆာရောဂါသည် မိမိ၏ လည်ပင်းကို လွတ်လပ်စွာ လှုပ်ရှားခွင့်မပြုတော့ကြောင်း သိရ သောအခါ ဦးသန့်သည် ထိုရာထူး ကို စွန့်လွှတ်လိုက်၏။
    နယူးယောက်တွင် ဦးသောင်း ရှိနေစဉ်ပင် တစ်နေ့၌ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ယူနေသော မစ္စတာ နာရာဆင်ဟမ်ကို ခေါ်၍ ထိုရာ ထူးကို မိမိလက်မခံနိုင်တော့ ကြောင်း သက်ဆိုင်ရာသို့ အ ကြောင်းကြားရန် ဦးသန့်က ပြော လိုက်လေသည်။
    နယူးယောက်တွင် ဦးသောင်း ရှိနေစဉ် ဦးသန့်ပြောခဲ့သော စကား တွေကို ပြန်၍ အနှစ်ချုပ်လိုက် သော် တစ်ခုတည်းသော အဖြေမှာ 'မြန်မာပြည်ကို ပြန်ချင်လှပြီ'ဟု ဖြစ်သည်။
    ဦးသောင်း ဘန်ကောက်ကို ပြန်ရန် ဆေးရုံရှိ ဦးသန့်ကို သွား ကန်တော့စဉ်က ဦးသန့်က ဤသို့ ပြောရှာ၏။
    ''မိခင်ကိုလည်း တွေ့ချင်လှပြီ၊ ရွှေတိဂုံစေတီကိုလည်း ဖူးလိုလှပြီ၊ မြန်မာပြည်ကိုလည်း ပြန်ချင်လှပြီ၊ ကျန်းမာလို့ရှိရင် ရေးလက်စ စာ အုပ်ကို လက်စသတ်အောင် ရေး မယ်။ နောက်ဆက်တွဲရေးမယ့် စာ အုပ်ကိုလည်း အမြန်ဆုံးရေးတော့ မယ်။ ပြီးတော့ မြန်မာပြည်ကို အ မြန်ဆုံးပြန်လာခဲ့မယ်''
    ''အမေ့ကို သိပ်တွေ့ချင်တယ် ကွာ''ဟု ဦးသန့်က ပြော၏။ ပြီးတော့ သူ့ဘာသာသူပင် နှုတ်မှ တစ်ကိုယ် တည်း မြည်တမ်းနေပါသေး၏။
    ''တွေ့ရမှာပေါ့လေ''တဲ့။
    ဦးသန့်သည် ယခုတစ်ကြိမ် လည်ချောင်းမှ ကင်ဆာရောဂါကို ခွဲစိတ်ဖြတ်တောက်ကုသပြီးသည့် အခါ အခြေအနေက များစွာမ ကောင်းလှတော့ပေ။ အစားအစာ ကောင်းစွာ မဝင်တော့ခြင်းသည် ဦးသန့်အတွက် အခြေအနေဆိုးကို ဖန်တီးပေးလေတော့သည်။
    သို့နှင့် ၁၉၇၄ ခုနှစ် နိုဝင် ဘာလသို့ ရောက်ခဲ့၏။
    နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဦးသန့် နေထိုင်မကောင်းဖြစ်လာ ၏။ အဖျားရှိသည်။ ထို့ကြောင့် ဆေးရုံသို့ ချက်ချင်းတင်ပို့ကြသည်။ ယခုတစ်ကြိမ် ဆေးရုံတင်ရသော ဦးသန့်၏ 'ရောဂါ'မှာ ကင်ဆာ ကြောင့်မဟုတ်။ 'နျူမိုးနီးယား ခေါ် အဆုတ်အအေးမိခြင်း' ရောဂါဖြင့် ဆေးရုံတင်ရခြင်းဖြစ်၏။ အစား အစာများ မှန်မှန်မစားနိုင်တော့ သော ဦးသန့်သည် ကိုယ်ခံကျန်း မာရေး အင်အားချို့တဲ့လာ၏။ ကျန်းမာစဉ်က ၁၆ဝ ပေါင်ရှိသော ကိုယ်အလေးချိန်မှာ ယခုအခါတွင် ပေါင် ၁၁ဝ မျှသာ ရှိတော့ခြင်းက သူ့ကျန်းမာရေးအခြေအနေဆိုးရွား ပုံကိုပြ၏။ ကိုယ်ခံကျန်းမာရေးချို့ တဲ့လာသော ဦးသန့်မှာ အနည်း ငယ် အအေးမိရုံနှင့် အဆုတ် အအေးမိရောဂါဝင်ပြီး အပြင်းဖျား  ခဲ့လေသည်။
    ဦးသန့်ကို နိုဝင်ဘာ ၂၂ ရက် နေ့က ဆေးရုံတင်ပြီးနောက် ၂၅ ရက်နေ့သို့ ရောက်လာ၏။ ရောဂါ မှာ တက်လိုက် ကျလိုက်သာရှိနေ ၏။ နိုဝင်ဘာ ၂၅ ရက်နေ့တွင် သမီး အေးအေးသန့်နှင့် ဒေါက်တာ တင်မြင့်ဦးတို့က ဦးသန့်အနားတွင် ရှိနေကြ၏။ အိပ်ပျော်နေသော ဦး သန့်အနားတွင် လူနာစောင့်နေကြ ခြင်းဖြစ်၏။ ထိုစဉ်တွင် ဦးသန့် သည် အိပ်ရာမှ နိုးလာလေ၏။
    ''သမီး အေးအေး၊ ဘယ်နှနာရီ ထိုးပြီလဲ''
    အေးအေးသန့်က နာရီကို ကြည့်ပြီး ''တစ်နာရီထိုးပါပြီ ဖေဖေ''
    ''နေ့တစ်နာရီလား၊ ညတစ် နာရီလား''
    ''နေ့မွန်းလွဲတစ်နာရီပါ ဖေဖေ''
    ''သြော်-နေ့တစ်နာရီတောင် ထိုးပြီကိုး''
    ဦးသန့်သည် ထိုသို့ပြောရင်းမှ ပြန်၍ မှိန်းသွားပြန်၏။ သို့သော် ယခု တစ်ချီ မျက်စိမှိတ်ထားခြင်း မှာ ဘယ်တော့မှ မဖွင့်သော မှိတ် ခြင်းဖြင့် အမြဲတမ်း မှိတ်သွားခြင်း သာဖြစ်တော့၏။ ထိုအကြောင်းမှာ ထိုနေ့ နေ့လယ် တစ်နာရီခွဲတွင် ဦးသန့်သည် သူချစ်သော အမိ မြန်မာပြည်၊ သူချစ်သော မိခင် ဒေါ်နန်းသောင်နှင့် မိသားစု၊ သူ့ ဇနီး ဒေါ်သိန်းတင်နှင့် မိသားစုကို အပြီးအပိုင် ခွဲခွာ၍ ဘဝတစ်ပါးသို့ ပြောင်းသွားပြီဖြစ်၍ပင်။
    ဦးသန့်ကွယ်လွန်သောအခါ တွင် သူ့အနိစ္စသတင်းသည် ကမ္ဘာ သို့ချက်ချင်းပြန့်သွား၏။ ဦးသန့်၊ ဦးသန့်၊ ဦးသန့်ဆိုသော သတင်းများ မှာ ကမ္ဘာ့ရေဒီယို အသံလွှင့်ဌာန များမှ ဘာသာအမျိုးမျိုးဖြင့် ထွက် လာသည်။ တစ်ကမ္ဘာလုံးကချစ် သော ဦးသန့်ကား မရှိတော့ပြီ။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.