23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
သတင်းတစ်ပုဒ်က ပြောသော သမိုင်း ၊ ကေအင်ယူ ဥက္ကဋ္ဌ စောဘဦးကြီး၏ နောက်ဆုံးနေ့

ယနေ့ အချိန်အခါသည် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဦး ဆောင်မှုဖြင့် ၂၁ ရာစု ပင်လုံ ပြည်တွင်းငြိမ်း ချမ်းရေး ညီလာခံ ကြီး ကျင်းပ၍ အမျိုးသား ပြန် လည်သွေးစည်း ညီညွတ်ရေး လုပ် ငန်းကို  အကောင်အထည်ဖော်နေ ချိန်ဖြစ်သည်။ လွန်ခဲ့သော နှစ် ပေါင်း ၇ဝ နီးပါးက လက်နက်စွဲ ကိုင်၍ နိုင်ငံတော်ကို ပုန်ကန် တော်လှန်ခဲ့သော ကေအင်ယူ၊ ကေအင်ဒီအို အဖွဲ့ကြီး သည် ယနေ့ အချိန်၌ ဥက္ကဋ္ဌကြီး စောမူတူးဆေး ဖိုး ဦးဆောင်ကာ အမျိုးသား ရင် ကြားစေ့ရေး၊ ပြည်တွင်းစစ် ရပ်စဲ ရေး လုပ်ငန်းများကို ပါဝင်လုပ် ဆောင်လျက်ရှိသည်။

ဤအချိန်၊ ဤရာသီ၊ ဤ ကာလ၌ လွန်ခဲ့သော ၁၂-၈-၁၉၅ဝ ပြည်နေ့က ကော့ကရိတ် မြို့နယ်၌ ကျဆုံးခဲ့ရှာသော ကေ အင်ယူ ဥက္ကဋ္ဌစောဘဦးကြီးကို သတိရသည်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုတို့နှင့် ရင်းနှီး ခင်မင်ခဲ့သော ကေအင်ယူ ဥက္ကဋ္ဌ စောဘဦးကြီးသည် လက် နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ကာ တောခိုသွားခဲ့ရာ မှ မြန်မာ့ တပ်မတော်နှင့် တွေ့ဆုံကာ ကျဆုံး သွားရှာခဲ့ခြင်းဖြစ်သည်။

မှတ်မိသေး၏။ ဗိုလ်ချုပ် အောင်ဆန်း သက်ရှိထင်ရှားရှိစဉ် က ကေအင်ယူ ဥက္ကဋ္ဌ စောဘဦး ကြီးက ဤသို့ အခမ်းအနားတစ်ခု တွင် ဟောပြောခဲ့သည်။

''ဗမာတစ်ကျပ် ကရင်တစ် ကျပ်ဖြစ်ရမယ်''

 စောဘဦးကြီး စကားကို ဗိုလ် ချုပ်အောင်ဆန်းက ဤသို့ အခမ်း အနားတစ်ခု၌ ပြန်ဖြေ၏။ ''စော ဘဦးကြီးက ဗမာတစ်ကျပ်၊ ကရင် တစ်ကျပ် ဖြစ်ရမယ်တဲ့။ စောဘ ဦးကြီး ဗမာတွေအိတ်ထဲမှာ ငွေ တစ်ကျပ်မှ မရှိသေးတော့ ခင်ဗျား တို့ ကရင်တွေကို ဘယ်လိုလုပ်ပြီး တစ်ကျပ်ပေးနိုင်မှာလဲ''တဲ့။

ယခု တက္ကသိုလ်စိန်တင်၏ လွတ်လပ်ရေး ကြေညာပြီးချိန် မြန်မာနိုင်ငံ (သတင်းစာမှတ်တမ်း များ) စာအုပ်မှ စောဘဦးကြီးကျ ဆုံးမှု နောက်ဆုံးနေ့ သတင်းကို ဖော်ပြလိုက်ပါသည်။

စောဘဦးကြီး ကျဆုံးပြီ
ဗမာ့ခေတ် ၁၉၅ဝ၊
သြဂုတ်လ ၁၅ ရက်

 ကော်သူလေးပြည်နယ် သမ္မတ၊ ကော်သူလေး တပ်မတော် ကြီး၏ ဗိုလ်ချုပ်ကြီးဟူသော ဘွဲ့ ထူးများကို ခံယူထားသော ကရင် သူပုန် စောဘဦးကြီးသည် သြဂုတ်လ (၁၂) ရက်နေ့၊ နံနက် (၇) နာရီ ကျော်ခန့်တွင် ပြည်ထောင်စုတပ် ပေါင်းစုံ တပ်သားတို့၏ ကျည်ဆန် သင့်ကာ ကွယ်လွန်အနိစ္စရောက် သွားပြီဖြစ်ကြောင်း။

ဗီဗီယန်

 စောဘဦးကြီးနှင့်အတူ အင်္ဂလိပ်စစ်ဗိုလ် ဗီဗီယန်နှင့် မစ္စတာ ဘေကာဆိုသူ ကပြားတစ်ဦးလည်း တပ်မတော်၏ ကျည်ဆန်သင့် ကာ သေဆုံးသွားကြောင်း။

ကပ္ပတိန် ဗီဗီယန်မှာ လက် နက်ရောင်းချမှုနှင့် အင်းစိန်ထောင် တွင် အကျဉ်းခံနေရပြီး အင်းစိန်မှ ကရင်သူပုန်တို့ ထွက်အပြေး တွင် စောဘဦးကြီးနှင့် လိုက်ပါသွားသူ ဖြစ်ကြောင်း။ ဘေကာဆိုသူ ကပြား မှာမူ မည်သူမည်ဝါဖြစ်ကြောင်း အ သေအချာ မသိ ရသေးကြောင်း။

စောဘဦးကြီး၏ အလောင်း

 စောဘဦးကြီး၏ အလောင်း သည် မော်လမြိုင်မြို့သို့ သြဂုတ်လ ၁၄ ရက်နေ့ နေ့လည် (၁) နာရီခွဲ တွင် ရောက်ရှိလာရာ ရန်ကုန်မြို့ မှ သတင်းစာဆရာတချို့သည် (၁၄) ရက်နေ့တွင် အထူးလေယာဉ် ဖြင့် မော်လမြိုင်မြို့သို့ သွားရောက် ကာ စောဘဦးကြီး အလောင်းကို ကြည့်ရှုဓာတ်ပုံ ရိုက်ကူးကြ၍ စောဘဦးကြီးတို့နှင့် ပြိုင်ဆိုင်ပစ် ခတ်ခဲ့သော တပ်မတော်သားတစ် ဦးနှင့် တွေ့ဆုံလျက် ကိုယ်တွေ့မျက် မြင်သတင်းများကို ယူခဲ့ကြပြီး ရန်ကုန်သို့ ထိုနေ့ ညနေပိုင်းတွင် ပြန်ရောက်ကြကြောင်း။

ကြိတ်ကြိတ်တိုး လူထု

 စောဘဦးကြီးအလောင်း မော်လမြိုင်သို့ ယူလာစဉ်အချိန်က ထောင်ပေါင်းများစွာသော မော်လ မြိုင်သူ၊ မော်လမြိုင်သားတို့သည် အလောင်းကိုဆီး၍ ကြည့်ရှုကြ ကြောင်း။ စောဘဦးကြီး၏ အ လောင်းထားရာ မော်လမြိုင်ဆေးရုံ ကလေး၌လည်း မိန်းမ၊ ယောက်ျား၊ ရဟန်း ရှင်လူ ကြိတ်ကြိတ်တိုး ကြည့်ရှုကြကြောင်း။

ကျွန်ုပ်တို့၏ အထူးသတင်း ထောက်သည် စောဘဦးကြီး၏ အ လောင်းနှင့်အတူ လူထုပရိသတ် များကို ဓာတ်ပုံရိုက်ကူးပြီး စစ်ဌာန ချုပ်သို့ သွားရောက်လျက် စောဘ ဦးကြီး၏ သေဆုံးရပုံ၊ တိုက်ပွဲ သတင်းရပုံကို မေးမြန်းခဲ့ကြောင်း။

ရှင်းလင်းပွဲ

 မော်လမြိုင်မြို့၌ တပ်ပေါင်းစုံ သည် ကော့ကရိတ်မြို့ကို ဇူလိုင်လ (၂၃) ရက်နေ့က သိမ်းပိုက်လိုက် ပြီး အနီးအနားမှာ ကရင် သူပုန်တို့ ကို သုတ်သင်ရှင်းလင်းလျက်ရှိ ကြောင်း၊ သြဂုတ်လ (၁ဝ) ရက်နေ့ ညနေ (၄) နာရီခွဲတွင် ကော့က ရိတ်နှင့် သထုံနယ်စပ်ရှိ နဗူးရွာကို တပ်ပေါင်းစုံတို့က ဝင်ရောက်တိုက် ခိုက် သိမ်းပိုက်လိုက်ကြောင်း။

နဗူးရွာ တိုက်ပွဲတွင် ကေအင် ဒီအို ခုနစ်ယောက်ကို လက်ရဖမ်းမိ ပြီး စတင်းရိုင်ဖယ်တချို့ကို ရရှိ လိုက်ကြောင်း။ ကျန်ကေအင်ဒီအို တို့သည် ၄င်းတို့၏ လက်နက်များ ကို မြစ်အတွင်းသို့ ပစ်ချပြီး ကိုယ် လွတ်ထွက်ပြေးကြကြောင်း။

သတင်းပေး

သြဂုတ်လ (၁၁) ရက်နေ့ တွင်မူ တပ်ပေါင်းစုံ တပ်သားတို့ သည် တော့ကော်ကိုးရွာတွင် ငြိမ်း ချမ်းရေးတရားများကို ဟောပြော နေစဉ် ကရင်အမျိုးသား ပြောက်ကျားတစ်ဦးက တပ်မတော်သို့ လာ ရောက်၍ တော့ကော်ကိုးရွာနှင့် ခြောက်မိုင်မျှဝေးသော ပိုးကတ် အောရွာ တွင် စောဘဦးကြီးနှင့် မျက်နှာဖြူနှစ်ဦးရောက်ရှိနေကြောင်း လာရောက်သတင်းပေးကြောင်း။

ကရင်ပြောက်ကျား၏ အကူ

တပ်မတော်သားတို့က စောဘဦးကြီးရှိသည်ဆိုသော သတင်းကို မယုံတယုံဖြစ်နေစဉ် ညနေပိုင်းတွင် သစ္စာရှိကရင် အမျိုး သား ပျောက်ကျားတစ်ဦးကိုယ်တိုင် လာ ရောက်၍ စောဘဦး ရှိသည်ဆို သောသတင်းမှာ အမှန်ဖြစ် ကြောင်း လာရောက် သတင်းပေး ပြန်သဖြင့် တပ်မတော်သားတို့ အနက်မှ တပ်စိတ်နှစ်စိတ်သည် ၄င်းတို့လမ်းပြသည့်အတိုင်း ကော့ ကော်ကိုးရွာမှ ညနေ (၇) နာရီတွင် ထွက်ခဲ့ကြကြောင်း

ခက်ခက်ခဲခဲ

ပိုးကတ်အောရွာမှာ ခြောက် မိုင်သာဝေးသော်လည်း ရေဒူးဆစ် ပေါင်လယ်ရွံ့ဗွက်ထဲတွင် သွားရ သဖြင့် တစ်ညလုံးချီတက်ခဲ့ရာ (၁၁) ရက်နေ့ နံနက် (၆) နာရီမှ ပင် ထိုရွာကလေးသို့ ရောက်ကြ ကြောင်း။

စောဘဦးကြီးအတွက် ဝမ်းဘဲ

ထိုရွာကို ဝိုင်းမိကြပြီး ရွာတွင်း သို့ ဝင်ရောက်စုံစမ်းကြသောအခါ စောဘဦးကြီးသည် ရွာတွင်း၌မရှိ ဘဲ ရွာ၏ မလှမ်းမကမ်း နဖူး ချောင်းတစ်ဖက်ကမ်း ရွာထဲတွင်ရှိ ကြောင်း သိရှိရကြောင်း။

သို့နှင့် စောဘဦးကြီး ရှိသည်ဆိုသော လယ်တဲသို့ သွားရောက် ကြ၍ လမ်းတွင် ကရင်အဘိုးကြီး တစ်ယောက်ဘဲတစ်ကောင်ဆွဲလာ သည်ကို တွေ့သဖြင့်  မေးမြန်းရာ စောဘဦးကြီးတို့မှာ သူ၏ တဲ၌ရှိ ကြောင်း ပြောပြီးတဲသို့ ခေါ်သွား ကြောင်း။

တဲအနီး (၁ဝ) ကိုက်လောက် ရောက်သောအခါတွင် တဲရှင်အဘိုး ကြီးက သူကရင်တဲထဲသို့ ဝင်ပြီး ကြည့်မည်။ ရှိရင် အချက်ပြလိုက် မည်ဟုပြောပြီး တဲထဲသို့ ဝင်သွား ကြောင်း။

အချက်ပေး

အဘိုးကြီး တဲထဲသို့ ရောက် လျှင် စောဘဦးကြီးနှင့် စကားပြော သည်ကို အပြင်မှစောင့်နေသူ တပ် မတော်သားတို့ ကြားရကြောင်း။ ထို့နောက်တဲရှင် အဘိုးကြီးက အချက်ပေးလိုက်ကြောင်း။

ဖော်ကောင်ကိုယ်ရံတော်

ထိုအချိန်တွင် တဲအပြင်ဘက် သို့ စောဘဦး၏ ကိုယ်ရံတော် တပ် သားတစ်ဦးသည် တဲထဲမှထွက်လာ ပြီး တပ်မတော်သားတို့ ပုန်း အောင်းနေရာ ချုံကွယ်တွင် အပေါ့ သွားကြောင်း၊ ထိုသူအား တပ်မ တော်သားတစ်ဦးက -

သေနတ်နှင့် ချိန်ရွယ်ပြီး တဲထဲတွင် မည်သူတွေ ရှိသလဲဟု မေးရာ စောဘဦးကြီး၊ ဗီဗီယန်နှင့် မစ္စတာ ဘေကာတို့ ရှိကြောင်း ၄င်းက ပြောပြ၍ သိရကြောင်း။

ထွက်ခဲ့ မပြေးနဲ့

ထိုအခါ တပ်မတော်ဗိုလ်က ''စောဘဦးကြီး၊ ခင်ဗျားရှိတာ ကျုပ် တို့သိတယ်။ လက်မြှောက်ပြီးထွက် လာခဲ့ပါ''ဟု အမိန့်ပေးလိုက်ရာ  စောဘကြီးနှင့် ဗီဗီယန်တို့က ၄င်းတို့အနီးမှ ကာဘိုင်သေနတ် များကို ယူကာ စတင်ပစ်တော့ ကြောင်း။

ချပြီ

 ထိုအချိန်တွင်မှ တပ်မတော် ဗိုလ်ကမိမိတို့အား 'ပစ်' ဟူသော အမိန့်ပေးလိုက်ရာ  အသင့်ပြင် ထားသော ဘရင်းဂန်းများ မည် ဟည်းသံသည် ထွက်ပေါ်လာတော့ ကြောင်း။

 စောဘဦးကြီးသည် ပထမ တစ်ချက်သာ ကာဘိုင်နှင့် ပစ်နိုင် ပြီး မတ်တတ်မှခွေ၍ မှောက်ရက် လဲ သွားကြောင်း။ ဗီဗီယန်နှင့် ဘေ ကာ တို့မူကား တဲအပေါ်မှ ခုန်ချ သွားသည်ကို မြင်ရကြောင်း။

အချိန်အတန်ကြာသော  အခါ  တပ်မတော်သားတို့သည် တဲထဲသို့ ဝင်ရောက်သွားကြောင်း။ စောဘဦးကြီးမှာ လည်ပင်းတစ် ချက် ကျောတွင်တစ်ချက် ဘရင်း ဂန်းဒဏ်ရာဖြင့် မှောက်ရက်လဲနေ သည်ကို တွေ့ရကြောင်း။

မင်းတို့ဘယ်သူတွေလဲ

 စောဘဦးကြီးက တပ်မတော် သားတို့အား မင်းတို့ဘယ်သူလဲဟု မေးသဖြင့် ကျုပ်တို့ပြည်ထောင်စု တပ်မတော်သားများ ဟု ပြောသော အခါ ရေတစ်ခွက်ပေးပါဟု တောင်းကြောင်း။ အိမ်တွင်ရေ အဆင်သင့်မရှိပါဟု ပြန်ပြောပြီး ရေအယူခိုင်းနေစဉ် များ မကြာမီ တွင် စောဘဦးကြီးမှာ အသက် ထွက်သွားကြောင်း။

ဗီဗီယန်နှင့် ဘေကာ

ဗီဗီယန်နှင့် ဘေကာတို့၏ အလောင်းများကို ခြုံထဲတွင် သေ နေသည်ကို တွေ့ရကြောင်း။ ဗီဗီ ယန်ကိုင်ထားသော ကာဘိုင်သေ နတ်တွင် ကျည်ဆန်နှစ်ခုပစ်ပြီးဖြစ် နေသည်ကို တွေ့ရကြောင်း။ ဗီဗီ ယန်နှင့် ဘေကာတို့ နှစ်ဦးသည် တဲပေါ်မှ ခုန်အချတွင် တပ်မတော် ၏ ဘရင်းကျည်ဆန် သင့်သည်ဟု ထင်ရကြောင်း တပ်မတော်ဗိုလ်က ပြောပြကြောင်း။

ကိုယ်ရံတော်များ

ထိုအချိန်၌ တဲ၏ မနီးမဝေး တွင် အိမ်ကြီးတစ်လုံးရှိရာ ထိုအိမ် တွင် စောဘဦးကြီး၏ ကိုယ်ရံတော် တပ်သားတချို့ ရှိနေသဖြင့် တပ်မ တော်တို့နှင့် အပြန်အလှန် ပစ်ခတ် နေကြကြောင်း။ သို့သော် တပ်မ တော်မှ တစ်ယောက်မှ အထိအ ခိုက်မရှိကြောင်း။

တဲငယ်

 စောဘဦးကြီးနေသော တဲ ငယ်သည် ခြေတန်ရှည် တစ်ထပ် တဲ၊ ၁၅ ပေ ပတ်လည်မျှကျယ် လျက် အိမ်အောက်တွင် နွားများ ရှိကြောင်း။

စမတ်ကျကျနဲ့

 စောဘဦးကြီး သေဆုံးစဉ် ပလေကပ်လုံချည်၊ အစိမ်းရောင် ကွက်၊ အင်္ကျီသမင်သွေးရောင် ဝတ်ဆင်သွားကြောင်း။ ¤င်းပိုင် မိုးကာအင်္ကျီမှာ အပြာရောင်ဖြစ် ကြောင်း။ ၄င်း၏ ခါးတွင် အမေရိ ကန်လုပ် ၄၅ ဖို့ ပစ္စတိုရှိကြောင်း။ လက်တွင် လက်ပတ် နာရီ တစ်လုံး၊ ရွှေလက်စွပ်တစ်ကွင်း တွေ့ရ ကြောင်း။ သမင် သွေးရောင် အင်္ကျီ ကို မော်လမြိုင်မှ ဝယ်ယူထား သည်ဟု မော်လမြိုင်မြို့မှ တစ်ဦး က ပြောပြကြောင်း။

အရေးကြီးသော ပစ္စည်း

 စောဘဦးကြီးတဲမှ ရရှိသော ပစ္စည်းများမှာ အရေးကြီးသော စာရွက်စာတမ်းများ၊ မြေပုံများ၊ ၄င်း ထံသို့ ကော့ကရိတ် ကျဆုံး သွား ကြောင်း အစီရင်ခံစာ၊ ၄င်း၏ဇနီး နော်ဧဘုတ် လက်မှတ်နှင့် ဒိုင် ယာရီငယ်တစ်အုပ်၊ ရွှေငွေပစ္စည်း များ စာရင်း၊ အင်္ဂလိပ် ဝတ္ထု တစ် အုပ်ဖြစ်ကြောင်း။ အင်္ကျီအိတ်အ တွင်းမှ စောဘဦးကြီးနှင့် မိတ်ဆွေ တစ်စုတွဲ၍ ရိုက်ထားသော ဓာတ် ပုံများကို တွေ့ရကြောင်း ထိုဓာတ်ပုံ ထဲတွင် စောဘဦးကြီးသည် ကရင် အမျိုးသားဝတ်စုံဝတ်ဆင်ထား ကြောင်း။

လက်နက်များ

 စောဘဦးကြီး တဲပေါ်မှ ကာ ဘိုင်သေနတ် နှစ်လက် မစ္စတို နှစ်လက်၊ ခြောက်လုံးပြူးတစ်လက်၊ ရိုင်ဖယ် တစ်လက်နှင့် စတင်းဂန်း တစ်လက် သိမ်းဆည်းရမိကြောင်း

စောဘဦးကြီးအလောင်း

တပ်မတော်သားတို့သည် ဗီဗီယန်၊ ဘေကာနှင့် တခြားသော အလောင်းများကို မသယ်ယူတော့ သဖြင့် ထိုရွာမှာပင် မြှုပ်ခဲ့ ရ ကြောင်း။ စောဘဦးကြီး၏ အ လောင်းကို ငါးမိုင်မျှ ထမ်းစင်နှင့် ထမ်း၍ သယ်ဆောင်လာရ ကြောင်း။

လက်မတင်လေး

 စောဘဦးကြီးအား ၄င်းတို့၏ ကိုယ့်ရံတော်တပ်သား ငါးယောက် သည် ရေကြီးနေသဖြင့် ထိုရွာနှင့် သုံးမိုင်ဝေးသော နေရာအထိသာ ပို့သည်ဟု သိရကြောင်း။ ပိုးကတ် အောရွာမှ တစ်ဆင့် မြဝတီသို့သွား ရန် ဆင်နှင့်လာခေါ်မည့်သူများကို စောင့်နေရသည် ဆိုကြောင်း။ မူလ အစီအစဉ်အရဆိုလျှင် ¤င်းတို့ သည် ထိုနေ့နံနက် ထမင်းစားပြီး လျှင် ထိုရွာမှ ထွက်ကြမည်ဖြစ် ကြောင်း။

တပ်မတော်သားများ အနီးသို့ ရောက်လာခြင်းကိုပင် ၄င်းတို့အား ခေါ်ရန် တပည့်များလာသည်ဟု စောဘဦးကြီး ထင်ဟန်တူသည် ဆို ကြောင်း။

 ကော့ကရိတ်တစ်ဝိုက်တွင် နေထိုင်ကြသူများသည် ကရင် အ မျိုးသားများသာဖြစ်ကြောင်း။ စော ဘဦးကြီးအလောင်းကို တွေ့သော အခါတွင် အလောင်းကို ရေမျှေ လိုက်ပါ။ ကျွန်တော်တို့ တစ်တွေ မှာ ငါးရက်တစ်ကြိမ် ဆန်တစ် ပြည်နှင့် ပိုက်ဆံတစ်မတ် အခွန် ပေးကြရသဖြင့် ထမင်းပင်ဝအောင် မစားကြရပါဟု ကရင် အမျိုးသား တို့က ပြောဆိုကြကြောင်း။ စောဘ ဦးကြီး၏ အလောင်း ကို ထမ်းရန်၊ ကော့ကရိတ် အရောက်ပို့ပေးရန် တပ်မတော်သားတို့က အတော် ချော့မော့ပြော ဆိုတောင်းပန်ရ သည်ဟု ဆိုကြောင်း။

 စောဘဦးကြီး၏ အလောင်း ကို မကြာမီ မီးရှို့သဂြိုဟ်လျက် ပြာ ကို ရေတွင်မျှောမည်ဟု သိရ ကြောင်း။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.