23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ဦးနု၊ ဗိုလ်နေ၀င်း နှင့် ဗိုလ်ဇေယျတို့၏ ဇာတ်လမ်းတစ်ပုဒ်

(၁)

မကြာမီက ကျင်းပပြီးစီးသွား သော ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံတွင် တက်ရောက်ခဲ့သည့် ကချင်ပြည်နယ်မှ ကိုယ်စားလှယ် တစ်ဦး၏ တင်ပြချက်တစ်ရပ်ကို သတင်းဂျာနယ်များတွင် ဖတ်ရှု လိုက်ရသည်။ ယင်းတင်ပြချက်မှာ ဤသို့ဖြစ်သည်။

''၂ဝဝ၈ နိုင်ငံတော်ဖွဲ့စည်းပုံ ဥပဒေအခြေခံပါရှိသော ကာကွယ် ရေးဝန်ကြီးဌာနဝန်ကြီးအား တပ်မ တော်သား ပုဂ္ဂိုလ်တစ်ဦးအား ခန့် ထားရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးရမည်ဟု ပါရှိခဲ့သည်။ ယင်းအချက်ကို ပြု ပြင်ရမည်ဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီးသည် တပ်မ တော်သားမဖြစ်စေရ၊ အရပ်သား ပြည်သူ့ကိုယ်စားလှယ်တစ်ဦးသာ လျှင်ဖြစ်သင့် သည်''

ဤသို့ အဓိပ္ပာယ်ထွက်သော တင်ပြချက် ကို ဖတ်လိုက်ရသည်။

(၂)

အထက်ဖော်ပြပါ ကချင်ပြည် နယ်မှ ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်ကို ကြားလိုက်ရသည့် အခါ တက္ကသိုလ်စိန်တင်သည် ဟို ယခင်လွတ်လပ်ရေးရပြီးခါစ၊ အာဏာရ ဖဆပလအဖွဲ့ချုပ် အစိုး ရကြီး၏ အတွင်း၌လည်း စစ်ဗိုလ် ကို ကာကွယ်ရေး ဝန်ကြီးခန့်ထား ရန် ကိစ္စပြဿနာကြီးဖြစ်ပေါ်ခဲ့ဖူး သည်ကို သတိရမိသည်။ထို ပြဿနာနှင့် ပတ်သက်၍ စာရေး ဆရာကြီး ဦးနုက တာတေစနေ သားစာအုပ် တွင် လွတ်လပ်ရေးရ ပြီးခါစ မြန်မာနိုင်ငံအခြေအနေကို ဤသို့ မှတ်တမ်းပြုခဲ့သည်။ ဦးနု၏ တာတေစနေသား စာအုပ်စာမျက် ၁၅၂ တွင် ဤသို့ ပွင့်လင်းစွာ ရေး သားဖော်ပြခဲ့သည်။

(၃)

 နောက်တနင်္ဂနွေ နှစ်ပတ် လောက်ကြာတဲ့အခါနေ့တစ်နေ့မှာ ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်း ဟာ ဝန်ကြီးချုပ် သခင်နုကို လာ တွေ့တယ်။

''အခြေအနေကတော့ အ တော်အရေးကြီးနေပြီ။ ဝန်ကြီး ချုပ်''

''ဘယ်လို အရေးကြီးတာလဲ ကွ''

''ဗိုလ်နေဝင်းကိုဖြစ်ဖြစ်၊ ဗိုလ် ဇေယျကိုဖြစ်ဖြစ် ဝန်ကြီးချုပ်ကြိုက် ရာလူကို ကာကွယ်ရေးဝန်ကြီး ခန့် အပ်ပေးဖို့ တောင်းဆိုနေပြီ''

''ဘယ်သူက တောင်းဆိုတာ လဲ''

''သူတို့နှစ်ဦးစလုံးကပဲ''

''ရန်သူနဲ့ အကြိတ်အနယ် တိုက်နေရတုန်း စစ်ဗိုလ်တွေက ဒီလို အကျပ်ကိုင်တာကောင်း သလား''

ရန်သူနဲ့ အကြိတ်အနယ် တိုက်နေရတုန်း စစ်ဗိုလ်တွေက ဒီလို အကျပ်ကိုင်တာကောင်းသ လားလို့ သခင်နုက ဒေါသနဲ့ ပြော တဲ့အခါ ဦးကျော်ငြိမ်းက ဘာမှပြန် မပြောဘဲ ကြမ်းပြင်ကို စိုက်ကြည့် ပြီး ငြိမ်နေတယ်။ တစ်မိနစ် လောက်ကြာတဲ့အခါ ''ဒီလို အကျပ် ကိုင်တာမကောင်းဘူး၊ ဒါပေမယ့် အကျပ်ကိုင်တဲ့ သူတွေက ကိုင်နေ ကြပြီ။ ဒီပြဿနာကို ဝန်ကြီးချုပ် ကြိုက်သလိုဖြေရှင်းပါလို့'' ဦးကျော် ငြိမ်းက ဆက်ပြောတယ်။

''ဒီလို အကျပ်ကိုင်တာကို ငါ့ ရဲ့အူတွေ၊ အသည်းတွေ၊ ရိုးတွင်း ခြင်ဆီတွေကပါ ငါမုန်းတယ်။ ငါ ဘယ်သူ့ကိုမှ မခန့်ဘူး။ သူတို့လုပ် ချင်တာ လုပ်ကြပါစေ''

''ဝန်ကြီးချုပ်ဟာ ကျွန်တော် တို့ရဲ့ ခေါင်းဆောင်ပါ။ အဲ့ဒီတော့ ဝန်ကြီးချုပ် ကြိုက်သလိုလုပ်ပါ။ ဝန်ကြီးချုပ် သူတို့ကို ခဏလောက် မတွေ့နိုင်ဘူးလား''

''ငါမတွေ့ဘူး''

အဲ့ဒီအချိန်မှာ မျက်ရည်တွေ ဟာ ဦးကျော်ငြိမ်းရဲ့ မျက်လုံးအိမ် ထဲက တတွေတွေစီးကျလာတာကို သခင်နုတွေ့ရတယ်။ ဦးကျော်ငြိမ်း မျက်ရည်တွေကျနေတာကို သူမြင်ရတဲ့အခါ သခင်နုရဲ့ စိတ် ထဲမှာ အတော်ထိခိုက်သွားတယ်။ အဲ့ဒါကြောင့် ''ဟေ့-ကျော်ငြိမ်း၊ မင်း အကောင်တွေ ခေါ်ချင်ခေါ်ခဲ့၊ ငါ တွေ့မယ်လို့'' သခင်နုက ပြော လိုက်တယ်။

ဦးကျော်ငြိမ်းဟာ ရှေ့တစ် လှမ်းတိုးပြီး ''ကျွန်တော်တို့ရဲ့ အစိုး ရအဖွဲ့ထဲမှာ တကယ်အားကိုးနိုင်တဲ့ ဗမာတပ်ဟာ ဗိုလ်နေဝင်းရဲ့ တပ် ရင်း လေးတပ်ပဲ ရှိတော့တယ်။ အဲ့ဒီတော့ ဒီလူတွေလာရင် ဗိုလ် နေဝင်းကို ကာကွယ်ရေးဝန်ကြီးအ ဖြစ် ဝန်ကြီးချုပ်ခန့်စေချင်တယ်'' လို့ ဦးကျော်ငြိမ်းက ဆက်ပြော တယ်။ ''အေးပါကွာ''လို့ ဝန်ကြီး ချုပ်က ကတိပေးလိုက်တယ်။

ညနေ (၃) နာရီအချိန်မှာ ဗိုလ်နေဝင်းနဲ့ ဗိုလ်ဇေယျတို့လာ ကြတယ်။ သူတို့နဲ့အတူ စစ်ဗိုလ် နှစ်ဦး၊ သုံးဦးလည်း ပါလာကြ တယ်။ ဘုတလင် ဦးသိန်းဖေ (သိန်းဖေမြင့်)လည်း ပါလာတယ်။ ဦးကျော်ငြိမ်းနဲ့ ဆိုရှယ်လစ်ခေါင်း ဆောင် အချို့လည်း ပါလာတယ်။ သူတို့ အားလုံးကို ဝန်ကြီးများ အ စည်းအဝေး အခန်းထဲမှာ ထားခဲ့ပြီး ဦးကျော်ငြိမ်းက ဝန်ကြီးချုပ်ကို လာ ခေါ်တယ်။

ဝန်ကြီးချုပ်အခန်းထဲကို ဝင် လာတဲ့အခါ အရိုအသေပေးတဲ့ အနေနဲ့ အားလုံးမတ်တတ်ရပ်ကြ တယ်။ ကံမကောင်းချင်တော့ ဒီလို မတ်တတ်ရပ်တဲ့အခါ စစ်ဗိုလ်တစ် ယောက်ရဲ့ ခါးမှာ ခြောက်လုံးပြူး ထိုးထားတာကို ဝန်ကြီးချုပ်က ဖျတ်ခနဲမြင်လိုက်တယ်။ စိတ်အင် မတန်ဆတ်တဲ့ ဝန်ကြီးချုပ်က ဒါဟာ သူ့ကို ခြိမ်းခြောက်ဖို့အ တွက် သက်သက်ခြောက်လုံးပြူး ယူလာတာဟု ယူဆပြီး စိတ်တွေ ထောင်းခနဲ ဖြစ်သွားတယ်။ ဒါပေ မယ့် သခင်နုဟာ သူ့စိတ်ကို သူ ချုပ်တီးထားလိုက်ပါတယ်။

''အင်း-ပြောပါအုံး၊ ဘာလဲ'' လို့ ဗိုလ်နေဝင်းနဲ့ ဗိုလ်ဇေယျကို ဝန်ကြီးချုပ်ကမေးတယ်။ သူတို့ နှစ်ဦးက ဘာမှမဖြေကြဘူး။ ကိုယ် စားလှယ် အဖြစ်နဲ့ သူတို့ခေါ်လာတဲ့ ဘုတလင်ဦးသိန်းဖေက ''ဝန်ကြီး ချုပ်၊ ဗိုလ်နေဝင်းကို ဖြစ်ဖြစ်၊ ဗိုလ် ဇေယျကို ဖြစ်ဖြစ်၊ ဝန်ကြီးချုပ် ကြိုက်ရာ လူကို ကာကွယ်ရေးဝန် ကြီးခန့်ပါ''လို့ ပြောတယ်။ ဒီ လောက်ဆိုရင် မဆိုးပါဘူး။ ဝန်ကြီး ချုပ်ဟာ ဦးကျော်ငြိမ်းကို ကတိပေး ထားတဲ့အတိုင်း ဗိုလ်နေဝင်းကို ခန့် လိုက်မှာပဲ။ ဒါပေမယ့် ဝန်ကြီးချုပ် ကြိုက်ရာလူကို ကာကွယ်ရေးဝန် ကြီး ခန့်ပါ လို့ ပြောရုံနဲ့ မပြီးသေး ဘူး။ ဘုတလင် ဦးသိန်းဖေက ''ဝန် ကြီးချုပ် စဉ်းစားဖို့ သုံးရက်အချိန် ပေးမယ်''လို့ ဆက်ပြီး ပြောတယ်။

အဲ့ဒီအခါမှာ ဝန်ကြီးချုပ် သခင်နုဟာ ဦးကျော်ငြိမ်းကို ပြော ထားတဲ့ ကတိကိုလည်း သတိမရ တော့ဘူး။ တိုင်းပြည်ကို ဘယ်လို ထိခိုက်မယ်ဆိုတာကိုလည်း မတွေး တောနိုင်တော့ဘူး။ ဘုတလင် ဦးသိန်းဖေနဲ့ စစ်ဗိုလ်တစ်စုဟာ သူ့ကို ရာဇသံပေးလိုက်တယ်လို့ ယူဆလိုက်ပြီး စစ်ဗိုလ်တစ်ဦးရဲ့ ခါးမှာ ခြောက်လုံးပြူးထိုးထားတာကို မြင်ရကတည်းက တအုံအုံတနွေး နွေးဖြစ်နေ တဲ့ ဒေါသဟာ အုပ်မနိုင်၊ ထိန်းမရဖြစ်ပြီး ''သိန်းဖေပြောတဲ့ အဆိုကို စဉ်းစားဖို့ သုံးရက်မပြော နဲ့ သုံးမိနစ်တောင်ငါ အချိန်မယူ ဘူး။ ငါစဉ်းစားပြီးပြီ၊ ဘယ်သူ့ကို မှ မခန့်ဘူး။

မင်းတို့ မကျေနပ်ရင် ဟိုစစ်ဗိုလ်ရဲ့ ခါးမှာခြောက်လုံးပြူး ထိုးထား တာငါတွေ့တယ်။ အဲ့ဒါနဲ့ ငါ့ကို ပစ် သတ်သွားကြ''လို့ ပြောပြီးအား လုံးကို ပြန်လွှတ်လိုက်တယ်။ သူ့အ ခန်းထဲကို ပြန်ရောက်တဲ့အခါ သခင်နုဟာ အတော်ကြီး ဒေါသ ထွက်နေတုန်းရှိသေးတယ်။

(၄)

တာတေစနေသား စာအုပ်တွင် စာရေးဆရာကြီး ဦးနု (ဖဆပလ အစိုးရအဖွဲ့ ဝန်ကြီးချုပ်) သခင်နုက အတိတ်ကို ဆောင် ၍ ပြန်ရေးပြသောကြောင့် မြန်မာ့လွတ်လပ်ရေးရပြီးခါစ အချိန်ဗမာ့သေနတ်ကိုင်တပ်ရင်း (၄)၊ တပ်ရင်းမှူးဗိုလ်နေဝင်းနဲ့ ဗမာ့ သေနတ် ကိုင် တပ်ရင်း (၁)၊ တပ် ရင်းမှူး ဗိုလ်ဇေယျ (နှစ်ဦးစလုံးရဲ ဘော်သုံးကျိပ်ဝင်များ) တို့အား ကာကွယ်ရေးဝန်ကြီး ခန့်ရန် ပြဿနာကို စာဖတ်သူများ ဖတ်ရှု ကြရ၏။

ယခုမကြာမီက ကျင်းပခဲ့ သော ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံကြီးတွင် ကချင်ပြည်နယ်မှ ကိုယ်စားလှယ်တစ်ဦး တင်ပြ သွား သော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပါရှိသည့် ကာကွယ် ရေး ဝန်ကြီးဌာနဝန်ကြီးတာဝန်ကို အရပ်သားပုဂ္ဂိုလ်အား ခန့်ထား ရန် ကိစ္စ မည်သို့ ဖြစ်လာလိမ့်မည် နည်း။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ကိစ္စမှာ စစ် တပ်က သဘောမတူခဲ့လျှင် မည် သို့ အခြေအနေပင်ဖြစ်စေကာမူ လွယ်ကူမည်ကားမဟုတ်။ အမှန် ဆိုလျှင် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံအ သီးသီး၌ ကာကွယ်ရေးဝန်ကြီး တာဝန်ကို ပြည်သူများ ရွေးချယ် တင်မြှောက်သည့် အစိုးရက ကြိုက် နှစ်သက်သလို ရွေးချယ်ခန့်ထား ပေးကြမြဲပင်ဖြစ်သည်။

(၂၁) ရာစုပင်လုံ ညီလာခံကြီး မှ ကိုယ်စားလှယ် အသီးသီးက တင်ပြခဲ့သော အဆိုအရပ်ရပ်ကို ယခုအခါ ညှိနှိုင်းတိုင်ပင်ဆွေးနွေး လျက်ရှိသည့် အချိန်အခါဖြစ် သည်။ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးကို ခန့်ထားရန်အတွက် အလွန်အရေးကြီးသည့် ဆုံးဖြတ် ချက်ကို ဆုပ်ကိုင်ထားသူမှာ မြန် မာ့တပ်မတော်သာလျှင် ဖြစ်သည်။ မြန်မာ့တပ်မတော်သည် အရပ် သား ကာကွယ်ရေးဝန်ကြီး ခန့်ထား ရန်အတွက်ကိုလည်းကောင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တွင် ပီပြင်သော ဒီမိုကရေစီရေးရာ များကို မည်သို့ သဘော တူပေး မည်ကိုလည်းကောင်း၊ နောင်လာ မည့် ၂၁ ရာစုပင်လုံညီလာခံ၏ အစည်းအဝေးများတွင် အဆင်ပြေ နိုင်သော အဖြေတစ်ခုကို ရရှိပါ စေဟု ဆန္ဒပြုရပေတော့၏။

တက္ကသိုလ် စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.