19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
သင်ခန်းစာ ယူစရာ ဖဆပလ ပြိုကွဲမှုနှင့် အာဏာရှင် လက်အောက် ကျရောက်ခဲ့ရမှု

(၁)

၂၄-၁ဝ-၂ဝ၁၆ နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက် နှာ ၁၈ တွင် ''တရုတ်ကို တရား ဝင်ဆန်တန်ချိန် လေးသိန်း တင်ပို့ နိုင်ရန် တင်ပြထား'' ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန် ရောင်းမည့် သတင်းကြားသိရ သည်။ ထိုသတင်းမှာ လာမည့်နှစ် တွင် တရုတ်နိုင်ငံကို ဆန်တန်ချိန် လေးသိန်း တရားဝင်တင်ပို့ရန် စီးပွားရေး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ တင်ပြထားသည် ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် မှ သိရသည်။

နယ်စပ်မှ တရုတ်ဘက်သို့ တင်ပို့နေသည့် ဆန်များမှာ မကြာ ခဏဖမ်းဆီးခံနေရပြီး ဆန်ဈေးကျ ဆင်းမှုကို ထိန်းချုပ်ရန် ယခုကဲ့သို့ တင်ပြထားခြင်းဖြစ်သည်။

''ဆန်ဈေးကျလာလို့ အရန် ဆန်ဝယ်မယ့် အစီအစဉ်မျိုး၊ ဈေး နှုန်းထိန်းချုပ်မယ့် အစီအစဉ်မျိုး တင်ပြထားပါတယ်။ အိန္ဒိယနဲ့ တရားဝင် ဆန်တန်ချိန် ခြောက်သိန်း တင်ပို့ဖို့ အစိုးရချင်းညှိနှိုင်း မယ့် အစီအစဉ်မျိုး တင်ပြထားပါ တယ်''လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဒေါက် တာစိုးထွန်းကပြောသည်။

''မကြာခင်မှာ မိုးစပါးပေါ် လာတော့မှာမို့ ယခုထက်ပိုပြီး ဆန် ဈေးနှုန်းကျဆင်းမှာကို တောင်သူ တွေက စိုးရိမ်နေကြတယ်။ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကတော့ တရုတ်ဘက် ပို့ဖို့ ညှိနှိုင်းနေပြီး တရုတ်က မြန်မာ့ ဆန်ကို ဝယ်ယူရန် အကြေင်းပြန် ကြားခြင်း မရှိသေးပါ''ဟု ၄င်းက ပြောသည်။

တရုတ်ပြည်သို့ မြန်မာ့ဆန် ရောင်းချရေး ကိစ္စတွင် ထိုမျှလိပ်ခဲ တည်းလည်း ဖြစ်နေသည့် သတင်း ကို သိရသောအခါ တရုတ်ပြည် က မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင် ရွက်မည်ဟူ၍ သူတို့ဆီက ခေါင်း ဆောင်တွေ အမျိုးမျိုးပြောဆိုနေ ကြခြင်းကို သံသယဝင်မိသည်။ ထားပါ။

(၂)

တရုတ်ပြည်သို့ ဆန်ရောင်း မည့် ကိစ္စ သတင်း ယနေ့ဖတ်ရ သောကြောင့် လွန်ခဲ့သော နှစ် ပေါင်း ၆ဝ ခန့်က တရုတ်ပြည်သို့ ချစ်ကြည်ရေးခရီး သွားရောက်ရင်း မြန်မာနိုင်ငံဝန်ကြီးချုပ် ဆန်အ ရောင်းအဝယ်ကောင်းခဲ့ပုံကို သတိ ရမိသေးသည်။ ဦးနု ဆန် အရောင်း ကောင်းသောကြောင့် ဖဆပလ အဖွဲ့ချုပ်ကြီးနိုင်ငံတော် အာဏာကို ကိုင်ထားရာမှ ထင်းစည်းပြေသလို ထင်းချောင်းများ တစ်ချောင်းချင်း ချိုးခံရသည့်နှယ် သမိုင်းအမှောင် တွင်းဝယ်ကျရောက်ခဲ့ခြင်းကို သင် ခန်းစာယူမိသည်။

၁၉၅၆ ခုနှစ်က ဖြစ်သည်။ နိုင်ငံတော် ဝန်ကြီးချုပ် သခင်နု သည် တရုတ်ပြည်ဝန်ကြီးချုပ် ချူ အင်လိုင်း ဖိတ်ကြားချက်ဖြင့် တရုတ်ပြည်သို့ သွားရောက်ခဲ့ သည်။ တရုတ်ပြည်ခရီးစဉ်ပြီးဆုံး သည့်နေ့တွင် နိုင်ငံတော် ဝန်ကြီး ချုပ် ဦးနုက မြန်မာနိုင်ငံ၌ မရောင်း ရသေးသော ဆန်ဟောင်းများရှိနေ ကြောင်း၊ ထိုဆန်များကို တရုတ် ပြည်က ထိုက်သင့်သော ဈေးနှုန်း ဖြင့် ဝယ်ယူမည် ဆိုပါလျှင် ရောင်း လိုကြောင်း ပြောကြားခဲ့သည်။

တရုတ်ဝန်ကြီးချုပ် ချူအင် လိုင်းက မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနု၏ ပြောစကားကို လက်ခံပြီး ယင်းဆန်ဟောင်းများကို တရုတ် ပြည်မှ ဝယ်ယူပါမည်ဟု ကတိဝန် ခံချက်ပေးခဲ့သည်။

 နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု ဝမ်းသာသွား၏။ ထို့ကြောင့် မြန်မာ နိုင်ငံ အစိုးရအဖွဲ့ ဒုတိယဝန်ကြီး ချုပ် (စီးပွားရေး) ဦးကျော်ငြိမ်းထံ သို့ ကြေးနန်းရိုက်လိုက်သည်။

''မြန်မာနိုင်ငံက ဆန်အ ဟောင်းများကို တရုတ်ပြည်က ဝယ်ယူဖို့ ကတိစကားရပြီ။ ဆန်အ ဟောင်းများကို မည်သူ့ကိုမျှမ ရောင်းချ ပါနှင့်''

သို့သော် မြန်မာနိုင်ငံရှိ ဒုတိယဝန်ကြီးချုပ် (စီးပွားရေး) ဦးကျော်ငြိမ်းထံမှ ချက်ချင်းပင် ဦးနုထံသို့ ကြေးနန်းတစ်စောင် ပြန် ရောက် လာသည်။

''မြန်မာနိုင်ငံမှ ဆန်အ အဟောင်းများကို ဈေးကောင်းရသ ဖြင့် ရောင်းချပြီးပါပြီ''

ထိုကြေးနန်းစာကို လက်ခံရရှိ သောအခါ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုသည် အလွန်ပင်စိတ်မကောင်း ဖြစ်သွားသည်။ တရုတ်ပြည်ဝန် ကြီးချုပ်နှင့် ပြောဆိုထားသော ကတိစကားမှာ သဲထဲရေသွန်ဖြစ် သွားသည်။ စနေနေ့တွင် မွေးဖွား သော စနေသားဦးနုသည် တရုတ် ပြည်သို့ ဆန်ရောင်းမည့် ကိစ္စအတွက် ကတိပေးပြီးသားကို ဖျက်ရ သောကြောင့်များစွာ ဒေါသထွက် စိတ်မချမ်းမသာဖြစ် သွားခဲ့ သည်။

 နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု မြန်မာနိုင်ငံသို့ ပြန်ရောက်သောအ ခါ တရုတ်ပြည်သို့ ဆန်မရောင်းရ သော ကိစ္စကို အစပြု၍ ဦးနုနှင့် ဦးကျော်ငြိမ်းတို့အကြား သဘော ထားကွဲပြားမှု သန္ဓေတည်ခဲ့ပြီ။

ဦးနုသည် အမှန်ကို အမှန်အ တိုင်း လက်ခံနိုင်သော အရည်အ ချင်းရှိသူဖြစ်၏။ မြန်မာနိုင်ငံ ဆန် ရောင်းဝယ်ရေး ကိစ္စတွင် ဒုတိယ ဝန်ကြီးချုပ် ဦးကျော်ငြိမ်းကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ရောင်းချနိုင် သော အာဏာကို နိုင်ငံတော် ဝန် ကြီးချုပ်က လွှဲအပ်ထားပါကြောင်း ဝန်ခံစကားပြော၏။ ဦးကျော်ငြိမ်း က ဆန်အဟောင်းများကို ဦးနု၏ မိတ်ဆွေဖြစ်သော ဝင်ကုန်ထွက် ကုန် ကုမ္ပဏီပိုင်ရှင် ပင်လုံဒေါ်နု ယဉ်ထံသို့ ဈေးကောင်းကောင်းရ ပြီး ရောင်းချးနိုင်ခဲ့သည်ကိုလည်း ဦးနုက ဝန်ခံစကားပြောခဲ့၏။ သို့ သော် မိမိဆောင်ရွက်ခဲ့သည့် တရုတ်ပြည်သို့ ဆန်ရောင်းချမည့် ကိစ္စမအောင်မမြင်ဖြစ်ခဲ့ရသည်မှာ ဦးကျော်ငြိမ်းကြောင့်ဟူသော အစွဲဆိုးကြီးက ဦးနု၏ အသည်းနှလုံး တွင် စွဲကပ်ခဲ့ပြီဖြစ်၏။

(၃)

ထို့နောက်တွင်ကား ဖဆပလ အဖွဲ့ချုပ်တွင်  အထွေထွေအတွင်း ရေးမှူး ရာထူးကို ဖဆပလ ဥက္ကဋ္ဌ ဦးနုက သခင်ကျော်ထွန်းကိုပေးခဲ့ ပြီး ဦးကျော်ငြိမ်းကို ဒုတိယဥက္ကဋ္ဌ နေရာကို တာဝန်ပေးခဲ့ခြင်းမှစကာ ဦးနုနှင့် ဦးကျော်ငြိမ်းတို့ အကြား၌ တစ်စတစ်စ သဘောထား ကွဲပြားမှုများ ကြီးထွားလာခဲ့သည်။ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဖဆပလ အဖွဲ့ကြီး ညီညွတ်စည်းလုံးကြစဉ် က ဦးနုတို့ သုံးဦး အစည်းအဝေး လုပ်နေခိုက် ဗိုလ်ချုပ်နေဝင်းကား ဝင်လာသည်ကို တွေ့လျှင် ဦးနုက ''အခုဝင်လာတာ ဗိုလ်နေဝင်းကား လားဟေ့၊ ခဏစောင့်နေဦး၊ ပြီး တော့ ခေါ်မယ်ပြောလိုက်'' စသ ဖြင့် ပြောလေ့ရှိသည်။ ဗိုလ်နေဝင်း ကလည်း ဦးနု၊ ဦးဗဆွေ၊ ဦးကျော် ငြိမ်းတို့ သုံးဦးခေါ်သောအခါမှ ရုံး ခန်းထဲဝင်ရရှာ၏။

သို့သော် ဤစာရေးသူ တက္ကသိုလ်စိန်တင်တို့ ငယ်စဉ်က မြန်မာဖတ်စာစာအုပ်တွင် ''ထင်း စည်းတစ်စည်းကို ဖခင်က သား များအား ချိုးခိုင်းရာ အလွယ်တကူ မကျိုးသော သင်ခန်းစာသင်ကြား ရ၏။ ဖခင်ဖြစ်သူက ထင်းစည်းကို ဖြေ၍ တစ်ချောင်းစီချိုးခိုင်းသော အခါ အလွယ်တကူ ထင်းချောင်း များ ကျိုးကုန်တော့သည်။ ထိုသင် ခန်းစာအတိုင်းပင် အာဏာရ ဖဆပလအဖွဲ့ချုပ်ကြီးအတွင်း၌ တည်မြဲ ဖဆပလဟူ၍ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကဖွဲ့၏။ သန့်ရှင်း ဖဆပလဟူ၍ ဦးနုနှင့် သခင်တင် တို့က ဖွဲ့၏။ ဖဆပလအဖွဲ့ကြီး သည် ထင်းစည်းဖြေလိုက်သကဲ့သို့ အင်အားနည်းသွားသည်။ ချိုးချင် သူများ အလွယ်တကူ ချိုးကြပေ ရော့။ ကြိုက်သလိုချိုးကြပေရော့။

၁၉၅၈ ခုနှစ်တွင် ပြည်သူ့လွှတ်တော် ညီလာခံ၌ သန့်ရှင်း မဆပလအဖွဲ့ ခေါင်းဆောင်ဦးနုက ၁၂၇ မဲ၊ တည်မြဲ ဖဆပလ ခေါင်း ဆောင် ဦးဗဆွေက ၁၁၉ မဲဖြင့် မဲခွဲကြ၏။ ဦးနုနိုင်၏။ ဦးဗဆွေရှုံး ၏။ ဦးကျော်ငြိမ်းလည်း ရှုံး၏။ တပ်မတော်ကာကွယ်ရေးဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီးနေဝင်းပြုံး၏။ ဗိုလ်ချုပ်ကြီးနေဝင်းသည် ပြည်သူ့လွှတ်တော်၌ အနိုင်ရသွားသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုအား ''မနက်ဖြန် မနက် ရုံးမတက်ပါနဲ့ ဦးနု၊ စစ်တပ်က အာဏာသိမ်း တော့မယ်''ဟု ဗိုလ်မှူးချုပ်မောင် မောင်၊ ဗိုလ်မှူးချုပ်အောင်ကြီးတို့ အား စေလွှတ် ၍ ပြောခိုင်းသည်။

နောက်ဆုံးတွင် ၁၉၅၈ ခုနှစ်၌ပင် ဗိုလ်ချုပ်ကြီးနေဝင်းက အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်အဖြစ် နိုင်ငံ တော် အာဏာကို သိမ်းယူလိုက် ၏။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းကပင် ပြည်ထောင်စု ပါတီဝန်ကြီးချုပ် ဦးနုထံမှ နိုင်ငံတော်အာဏာကို စစ်တပ်ဖြင့် သိမ်းယူလိုက်၏။

ထိုနေ့ကစ၍ မြန်မာနိုင်ငံ၌ အာဏာရှင်တို့၏ မောင်းပြန် သေ နတ်များဖြင့် အကြမ်းဖက် အုပ်စိုး၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူ များထောင်သောင်းချီ၍ ကျဆုံး၊ တိုင်းပြည်ကြီး လုံးလုံးပြိုကွဲ နှစ် ၅ဝ ကျော် ပြည်သူတို့ အနာကြီးနာခဲ့ရ ၏။ အို-ပြည်သူတို့ ညီညွတ် ကြ၊ စည်းလုံးကြ၊ စိတ်ရှည်ကြ၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံ တော် သမ္မတကြီး ဦးထင်ကျော်တို့ ဦးဆောင်သည့် ဒီမိုကရေစီ ခရီး လမ်းကို တန်းတန်းမတ်မတ် လျှောက်လှမ်းကြ၊ သင်ခန်းစာယူ ကြ။

တက္ကသိုလ် စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.