23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
အိုကေ ရှင်းတမ်း၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံကို ဘယ်သူဖြိုခွဲခဲ့သလဲ

(၁)

၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ မြန်မာပြည်သူလူထု၏ လက်သန်းမင်တို့ လျှို့ဝှက်တော် လှန်ရေးကြီး၏ အသီးအပွင့် အဖြစ် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် ဒီမိုကရေစီ အစိုးရအဖွဲ့ကြီးသည် ယခုအခါ၌ မနှေးမ မြန်၊ မှန်မှန်ကြီး ချီတက်လျက် ရှိ သည်။

 နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် (၂၁) ရာစုပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံကြီး၏ အသီးအပွင့်အဖြစ် ဖက် ဒရယ်ပြည်ထောင်စု တည်ထောင် ရေး၊ ဆွေးနွေးပွဲများသည်လည်း ယခုအခါ၌ မှန်မှန်ကြီးကျင်းပ လျက်ရှိကြသည်။

အနှစ် (၅ဝ) ကျော် အာဏာရှင် အဆက်ဆက်တို့၏ နှိပ်စက်ညှဉ်းပန်း အုပ်ချုပ်မှုကို ခံခဲ့ကြရ သော ပြည်သူလူထုသည် ဒီမိုက ရေ စီ နေအရုဏ်တက်ချိန်တွင် မြင် နေရသော မှိန်ပျပျ အလင်းရောင် ဖြင့် အနာဂတ်ရှေ့ခရီးကို မျှော် လင့်ချက်ကြီးစွာဖြင့် လျှောက်လှမ်း လျက်ရှိကြသည်။ ဤအချိန်၊ ဤကာလတွင် လွန်ခဲ့သော အာဏာရှင်ခေတ်၏ အစသမိုင်း ဖြစ်ရပ် မှတ်တမ်းများကို သမင် လည်ပြန် မျှော်ကြည့်လေ့လာသောအခါ ယနေ့ထက်တိုင် အဖြေမရှိသေး သော နိုင်ငံရေး ပုစ္ဆာများကို တွေ့ မြင်နေရလေသည်။

(၂)

 ပြောချင်သေးသည်။ ဤစာ ရေးသူ တက္ကသိုလ်စိန်တင်သည် ၂ဝ၁၆ ခုနှစ်၊ မတ်လတွင် 'မြန်မာ့ ဒီမိုကရေစီ ခရီးနှင့် သူရဦးတင်ဦး' အမည်ရှိသော နိုင်ငံရေး အတ္ထု ပ္ပတ္တိ စာတစ်အုပ်ကို ရန်ကုန်မြို့၊ (၃၁) လမ်းရှိ ဓူဝံစာအုပ်တိုက်မှ ရေးသားထုတ်ဝေခဲ့၏။ ယင်းစာ အုပ်၏ ဒုတိယပိုင်းဖြစ်သော 'မြန်မာ့ ဒီမိုကရေစီ ခရီးနှင့် သူရ ဦးတင်ဦး' စာအုပ်ထုတ်ဝေရန် အသံသွင်း ကက်ဆက်ခွေများကို ဖွင့်၍ နားထောင်ကြည့်မိသည့်အ ခါ ဤဆောင်းပါး ခေါင်းစဉ်တွင် ပါရှိသော OK ရှင်းတမ်း (တ.က. သ အဆောက်အအုံကြီးအား ဖြိုချ၊ မိုင်းခွဲခဲ့သည့် အမိန့်ကို မည်သည့် စစ်အာဏာရှင် တစ်စုံတစ်ယောက်က ထုတ်ပေးခဲ့သနည်း) ဆိုသော ပဟေဠိပုစ္ဆာတစ်ပုဒ် ထွက်ပေါ်လာ ခဲ့လေသည်။

သမိုင်းနောက်ကြောင်းကို အ နည်းငယ်ငဲ့စောင်း၍ ပြန်ပြောင်း ကြည့်ကြပါစို့။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း ဦး ဆောင်သော တော်လှန်ရေး ကောင်စီ သည် နိုင်ငံတော် အာဏာ ကို လက်နက်ကိုင်နည်းဖြင့် သိမ်း ယူခဲ့သည်။

၇-၇-၁၉၆၂ နေ့တွင် ရန်ကုန် တက္ကသိုလ်၌ ကျောင်းဆောင်နေ ကျောင်းသားတို့အား စည်းကမ်းအ သစ်များ တင်းကျပ်လာသော ကြောင့် ကျောင်းသားတို့က မကျေ မနပ် ဆန္ဒပြခဲ့ကြရာမှ ဒုတိယ ဗိုလ်မှူးကြီး စိန်လွင်ဦးဆောင်သော စစ်တပ်က ပစ်ခတ်သောကြောင့် တက္ကသိုလ်ကျောင်းသားများစွာ ကျ ဆုံးခဲ့သည်။ ၇-၇-၆၂ ညနေတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ အသံလွှင့် ရုံတွင် စခန်းချထားသော ပြည်ထဲ ရေးဝန်ကြီးဌာနတာဝန်ခံ (ဝန်ကြီး) ဦးဆောင်သော စစ်ဗိုလ်တစ်စု သည် ရန်ကုန်တက္ကသိုလ်ကျောင်း သားများ သမဂ္ဂအဆောက်အအုံ ကြီးကို မိုင်းဗုံးခွဲ၍ ဖြိုချရန်ကြံစည် ခဲ့ကြသည်။

ထိုအချိန်တွင် ဒုတိယကာ ကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ် မှူးချုပ်အောင်ကြီးသည် အသံလွှင့် ရုံသို့ရောက်ရှိခဲ့သည်။ အသံလွှင့်ရုံ ရှိ ပြည်ထဲရေးဌာန တာဝန်ခံက ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပျက် ခဲ့သော အကြမ်းဖက်ဖြိုခွင်းမှု အခြေအနေများကို ရှင်းပြခဲ့ပြီး နောက် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက် အအုံကြီးကို မိုင်းဗုံးခွဲဖြိုချရန် ဗိုလ် မှူးချုပ်အောင်ကြီးအား တင်ပြခဲ့ ကြသည်။ ဗိုလ်မှူးချုပ်အောင်ကြီးက ''ယခုဗိုလ်ချုပ်ကြီးနေဝင်း အိမ်သို့ မိမိသွားမည်ဖြစ်ကြောင်း၊ ယနေ့ညနေဖြစ်ပေါ်ခဲ့သော တက္ကသိုလ် ကျောင်း ဝင်းအတွင်းမှ အခြေအနေ အရပ်ရပ်ကို ဗိုလ်ချုပ် ကြီးနေဝင်းထံ မိမိသွားရောက်တင် ပြမည်ဖြစ်ကြောင်း'' ပြောဆိုခဲ့ သည်။ အသံလွှင့်ရုံ၌ ရှိနေကြ သော စစ်ဗိုလ်ကြီးများသည်  ရန်ကုန်တက္ကသိုလ် တ.က.သ အဆောက်အအုံကြီး ဖြိုချရန် ဗိုလ်ချုပ်ကြီးနေဝင်း အိမ်မှ ပြန်လာ မည့် ဗိုလ်မှူးချုပ်အောင်ကြီး၏ အဖြေကို ကြားနာရန် စောင့်ဆိုင်း နေကြသည်။

ဗိုလ်ချုပ်ကြီးနေဝင်းအိမ်မှ ဗိုလ်မှူးချုပ်အောင်ကြီး ပြန်လာ သောအခါ "OK OK" ဟု ဗိုလ်မှူး ချုပ်အောင်ကြီးက အသံလွှင့်ရုံ၌ ရှိနေကြသော စစ်ဗိုလ်ကြီးများအား ပြောဆိုခဲ့သည်ဆို၏။ ဤတွင် ပြည်ထဲရေးဌာနတာဝန်ခံနှင့် စစ် ဗိုလ်များသည် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက် အအုံကြီးကို မိုင်းဗုံးခွဲ၍ ဖြိုချရန် တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီးနေဝင်း ထံမှ ခွင့်ပြုချက် အမိန့်ရရှိသောကြောင့် ဗိုလ်မှူးချုပ် အောင်ကြီးက "OK OK" ဟု ပြော ခြင်းဖြစ်ကြောင်း နားလည် လက်ခံ သွားကြ သည်။

 ပြည်ထဲရေးဌာနတာဝန်ခံ (ဝန်ကြီး) သည် ဒုတိယ ဗိုလ်မှူး ကြီးလှမြင့်အား ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက် အအုံကြီးအား မိုင်းဗုံးခွဲ၍ ဖြိုချရန် အမိန့်ပေးလိုက်တော့သည်။

ယခုအခါ ကွယ်လွန်ရှာပြီဖြစ် သော နိုင်ငံတော် သမ္မတဟောင်း ဒေါက်တာမောင်မောင်က သူ မ ကွယ်လွန်မီတွင် အင်္ဂလိပ် ဘာသာ ဖြင့် ရေး သားခဲ့သော မြန်မာနိုင်ငံ ၏ ၁၉၈၈ ခုနှစ် အရေးအခင်း စာအုပ်တွင် ထိုစဉ်က (၇-၇-၆၂) အဆောက်အအုံကြီးကို မိုင်းဗုံးခွဲ၍ ဖြိုချရန် အမိန့်ရရှိသောအခါ ဒုတိယဗိုလ်မှူးကြီးလှမြင့်က ပြည် ထဲရေး ဝန်ကြီးဌာန (ဝန်ကြီး) အား ''လွတ်လပ်ရေး သမိုင်းဝင် တက သ အဆောက်အအုံကြီးကို မိုင်းဗုံး ခွဲ၍ မဖြိုချသင့်ကြောင်း'' ပြန် လည်၍ အယူခံဝင်သေးသည်ဟု ရေးသားဖော်ပြ ခဲ့သည်။

ထိုအခါ၌ ပြည်ထဲရေးဝန်ကြီး ဌာနတာဝန်ခံ (ဝန်ကြီး) ဗိုလ်မှူးကြီးက ''ဟေ့-မင်းစစ်သားမဟုတ် ဘူးလား။ ဒါအမိန့်ကွ'' ဟု ပြောဆို ခဲ့ ကြောင်း၊ ဒုတိယ ဗိုလ်မှူးကြီးလှမြင့် က စာရေးဆရာ ဒေါက်တာမောင် မောင်ကို ပြောကြားခဲ့သည် ဟု ဒေါက်တာမောင်မောင် က ရေးသား ဖော်ပြခဲ့သည်။ ဤတွင် ဒုတိယ ဗိုလ်မှူးကြီးလှမြင့်သည် အထက် အမိန့်တိုင်း ရန်ကုန်တက္ကသိုလ် သမဂ္ဂ အဆောက် အအုံ ကြီးအား မိုင်းဗုံးခွဲဖြိုချရန်အတွက် ထိုစဉ်က စစ်အင်ဂျင်နီယာ တပ်မှူးဗိုလ်မှူး ထွန်းရီ (နောင်တိုင်းရင်းသား စည်း လုံးညီညွတ်ရေး တစညပါတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ-ငြိမ်း) ထံမှ မိုင်းဗုံးခွဲရန် လိုအပ် သော စစ်လက်နက် ပစ္စည်းများ သွားရောက် ထုတ်ယူခဲ့သည်။

ဒုတိယ ဗိုလ်မှူးကြီးလှမြင့်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အအုံကြီးအား မိုင်းဗုံးခွဲဖြိုချရန် အဆင်သင့်ပြု လုပ်ပြီးသည့်အခါ၌ (၈-၇-၁၉၆၂) နေ့၊ နံနက် (၅) နာရီတွင် ရန်ကုန် တက္ကသိုလ်နယ်မြေအနီးသို့ ကျန်း မာရေးအတွက် လမ်းလျှောက် လာ သော ဒုတိယဗိုလ်ချုပ်ကြီးမင်းသိန်း အား တကသ အဆောက်အအုံ ကြီး ဖြိုချဖျက်ဆီးရန် လက်မှတ် ထိုးပေးရန် ပြောဆိုခဲ့သဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးမင်းသိန်းက လက်မှတ် ထိုးခဲ့သည်။

 ဤသို့ဖြင့်  ၈-၇-၁၉၆၂ နေ့၊ နံနက်တွင် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး သမိုင်း ဝင် ရန်ကုန်တက္ကသိုလ်ကျောင်း သားများ သမဂ္ဂ အဆောက်အအုံ အား အတွေးအခေါ် နိမ့်ကြသည့် စစ်ဗိုလ်တစ်စုက မိုင်းဗုံးခွဲဖြိုချ လိုက်တော့သည်။

(၃)

၁၉၇၅ ခုနှစ်တွင် နိုင်ငံတော် သမ္မတကြီး ဦးနေဝင်း (ဗိုလ်ချုပ်ကြီး နေဝင်း)သည် ဇနီးသည် ဒေါ်နီနီ မြင့်နှင့်အတူ ပုဂံညောင်ဦးမြို့သို့ ခရီးထွက်ခဲ့သည်။

ပုဂံညောင်ဦးမြို့တွင် သမ္မတ ကြီး ဦးနေဝင်းသည် ဇနီးသည် ဒေါ်နီနီမြင့်နှင့်အတူပါလာသော ရန်ကုန်တက္ကသိုလ်သမိုင်းဌာန၊ ကထိက ဆရာမကြီး ဒေါ်တင့်စိန် နှင့်အတူ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ထင်ပါ အပါအဝင် ညစာ ထမင်းစားကြ၏။

ထိုထမင်းစားပွဲတွင် ရန်ကုန် တက္ကသိုလ် သမိုင်းဌာန ဆရာမ ကြီး ဒေါ်တင့်စိန်ကို ဦးနေဝင်းက မေးမြန်းသောကြောင့် ၈-၇-၆၂ နေ့၊ နံနက်တွင် မြန်မာ့လွတ်လပ် ရေး သမိုင်းဝင်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အ ဆောက်အအုံကြီးအား မိုင်းဗုံးခွဲ ဖြို ချဖျက်စီးရန် အမိန့်ပေးခဲ့သူမှာ ထိုစဉ်က တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်းဖြစ် သည်ဟု ပြည်သူလူထုအများက နားလည်သိရှိနေကြကြောင်း ရိုး သားစွာ ပြောပြခဲ့သည်။

ထိုအခါတွင် သမ္မတကြီး ဦးနေဝင်းသည် လက်တွင်ကိုင်ထား သော အရက်ဖန်ခွက်ကို စားပွဲပေါ် သို့ ဆောင့်ချလိုက်ရင်း ''တကသ အဆောက်အအုံဖြိုချဖို့ အမိန့်ပေး တာ ငါမဟုတ်ဘူး။ အောင်ကြီး ဖြစ်တယ်။ ဒီကိစ္စကို အောင်ကြီးက လူလည်လုပ်ပြီး ငါ့ကို သက်သက်မဲ့ တရားခံလုပ်တာ''ဟု ဒေါသတကြီး ပြောဆိုကာ ထမင်းစားပွဲမှ ထွက် ခွာသွားခဲ့၏။ ထိုနေ့ညက တစ်ည လုံးပင် ''ငါမဟုတ်ဘူး၊ အောင်ကြီး၊ တကသ အဆောက်အအုံကို ဖြို တာ အောင်ကြီး၊ ငါ့ကို လူလည် လုပ်ပြီး တရားခံဖြစ်အောင် လုပ် တာ'' ဟု တစ်ညလုံး အော်ဟစ်နေ လေ၏။ ထိုညက တစ်ညလုံးပင် သမ္မတကြီး ဦးနေဝင်းသည် အိပ် ရာမဝင်တော့ဘဲ ဒေါသဖြစ်ကာ ကြိမ်းမောင်း ဆူပူနေသောကြောင့် အတူပါသွားသည့် ဆေးမှူးဒုတိယ ဗိုလ် မှူးကြီး ကျော်ညွှန့် (ဒေါက်တာ ကျော်ညွန့်) က နိုင်ငံတော် သမ္မတ ကြီး ဦးနေဝင်းအား ချော့မော့ကာ အိပ်ရာပေါ်တွင် လှဲစေပြီး အိပ် ဆေး၊ အကြောဆေးထိုးသွင်းကာ အိပ်စေခဲ့ရသည်ဟု ထိုခရီးတွင် အတူပါရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ထင်က  တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး အား ပြော ဆိုခဲ့ ကြောင်း သူရဦးတင်ဦးနှင့် တွေ့ဆုံ မေးမြန်းခန်းအသံသွင်းကြိုးခွေ၌ပါ ရှိခဲ့သည်။

(၄)

 နိုင်ငံတော် သမ္မတကြီး ဦးနေ ဝင်းသည် ပုဂံ-ညောင်ဦးမြို့တွင် အပန်းဖြေ နားနေရန် ခရီးစဉ်ကို ချက်ချင်း ရပ်ဆိုင်းကာ နောက် တစ်နေ့ နံနက်တွင် တပ်မတော် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန် လာခဲ့သည်။ ရန်ကုန်မြို့သို့ ရောက် သည့်အခါ၌ နိုင်ငံတော် ဒုတိယ သမ္မတဦးစန်းယု အပါအဝင် အစိုး ရ အဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော် ထိပ်တန်း အရာရှိကြီးများအား ရန်ကုန်မြို့၊ အေဒီလမ်းရှိ သမ္မတ ကြီး ဦးနေဝင်း၏ အိမ်သို့ ဖိတ်ကြား ခေါ်ယူကာ (၈-၇-၁၉၆၂) နေ့က ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အအုံကို ဖြိုခွင်း ရန် အမိန့်ပေးသူမှာ ထိုစဉ်က တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌဖြစ် သူ မိမိမဟုတ်ကြောင်း၊ ထိုကိစ္စမှာ ၇-၇-၆၂ ညနေ့က မိမိထံသို့ ဗိုလ်မှူးချုပ်အောင်ကြီး ရောက်ရှိလာပြီး အပြန်တွင် မိမိထံသို့ ဘာမျှအသိ မပေးဘဲနှင့် မိမိကပင် တကသ အဆောက်အအုံကို ဖြိုချရန် အ မိန့်ပေးခဲ့ဟန် မဟုတ်မမှန် ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခု တက်ရောက်လာသည့် တာဝန်ရှိ ပုဂ္ဂိုလ်များသည် တကသအ ဆောက်အအုံဖြိုချရန် အမိန့်ပေး သူမှာ မိမိဦးနေဝင်းလား၊ အောင် ကြီးလားဆိုသည်ကို မိမိတို့ ရှုမြင် သုံးသပ်ချက်ဖြင့် အမှန်တိုင်း   ရေးသားကြရန်  ညွှန်ကြားကြောင်း သူရဦးတင်ဦး၏ ပြောဆိုချက် အ သံသွင်းကြိုးခွေ၌ပါ ရှိသည်။

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ညနေက ဗိုလ်ချုပ်ကြီးနေ ဝင်း အိမ်မှ ပြန်လာသော တော် လှန်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူး ချုပ်အောင်ကြီး၏ နှုတ်မှ ထွက်ကျလာသည့် 'OK' ဆိုသော စကားလုံးသည် မြန်မာ့လွတ်လပ် ရေး သမိုင်းဝင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက် အအုံကြီးကို ဖြိုချရန် မည်မျှ လောက် အရေးပါခဲ့သနည်း။ မေး ပါရစေ။ တကသ အဆောက်အအုံ ကြီးကို ဖြိုချရန် အမိန့်ပေးသူမှာ ဦးနေဝင်းလား၊ ဦးအောင်ကြီးလား။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.