17-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1024
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
အာဏာရှင်ခေတ် အနှစ် ၅၀ ကျော်နှင့် ကလေးစစ်သား ပြဿနာ

(၁)

ယခုသတင်းနှင့် ရှုမြင်သုံး သပ်ချက်ရေးမည့် ဆောင်းပါးအ ကြောင်းအရာမှာ မြန်မာ့အလင်း သတင်းစာ (၁ဝ-၉-၂ဝ၁၆) ၊ စာ မျက်နှာ ၁၂ တွင် ဖော်ပြပါရှိသည့် သတင်းတစ်ပုဒ်ကို ရည်ညွှန်းလို၍ ဖြစ်သည်။ သတင်းခေါင်းစဉ်မှာ ဤသို့ဖြစ်၏။

''တပ်မတော်အတွင်းမှ အ ရွယ်မရောက်သေးသူ ကလေးသူငယ် ၆၆ ဦးအား ပြန်လည် နုတ် ထွက်ခွင့်ပြု၍ မိဘများထံ လွှဲ ပြောင်းပေး အပ်''

ထိုသတင်း၏ အကျဉ်းချုပ်မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) နှင့် မြန်မာနိုင်ငံ စောင့်ကြည့်လေ့ လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့တို့၏ အစီအမံဖြင့် တပ်မတော်အတွင်း အရွယ်မ ရောက်သေးသူ ကလေးသူငယ်များ ကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ် အလိုက် အသေးစိတ် စိစစ် နုတ် ထွက်ခွင့်ရှိရာ စုစုပေါင်း ကလေး သူငယ် စစ်သား ၆၆ ဦးတွေ့ရှိခဲ့ပြီး၊ စိစစ်ဖော်ထုတ်ရရှိသော အရွယ်မ ရောက်သေးသူ ကလေးသူငယ်များ အား ¤င်းတို့၏ မိဘများထံ ပြန် လည် ပေးအပ်ပွဲကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ ကျင်းပခဲ့သည်။ အခမ်းအ နားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးချုပ် ခွန်သန့် ဇော်ထူးနှင့် တပ်မတော် အရာရှိ ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံ ခြားရေး ဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အလုပ် သမား အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေး ဝန်ကြီး ဌာန၊ ရှေ့နေချုပ်ရုံးတို့ မှ ဒုတိယဝန်ကြီးများ၊ ညွန်ကြား ရေးမှူးများ၊ နိုင်ငံတကာ အဖွဲ့အ စည်းများဖြစ်ကြသော UNICEF, UNHCR,ILO, Save The Children, World Vision, UNDP တို့အပြင် တပ်မတော်မှ နုတ်ထွက် ခွင့်ရသော ကလေးစစ်သား ၆၆ ဦး၊ ယင်းတို့၏ မိဘဆွေမျိုးများ စုံညီစွာ တက်ရောက်ကြသည်ဟူ၍ ဖြစ်၏။

(၂)

 ပြောချင်သေး၏။ မြန်မာ နိုင်ငံနှင့် အရွယ်မရောက်သေး သော ကလေးစစ်သား ပြဿနာသည် နိုင်ငံတကာ၌ အရုပ်ဆိုးစွာ ဖြင့် ဟိုးဟိုးကျော် ရှုတ်ချပြစ်တင် ခံခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေသည်။

ဤကလေးစစ်သားပြဿနာ သည် အာဏာရှင်ခေတ် ၂၆ နှစ် ကပင် စတင်၍ မြန်မာနိုင်ငံ၌ ဖြစ် ပေါ်ခဲ့သည်။ ထို့နောက်ဗိုလ်ချုပ်မှူး ကြီးစော မောင်ဦးဆောင်သော နဝတအစိုးရခေတ်၊ ထို့နောက် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ တပည့်များဦးဆောင်သော နအဖ အစိုးရ ခေတ်၊ ထို့နောက် ဘောင်းဘီချွတ်၊ ပုဆိုးဝတ်အစိုးရ ၂ဝ၁၁ ဒီမိုကရေစီ အစိုးရခေတ်အထိ မဆုံးနိုင်ဘဲ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ၊ လည် ပတ်နေလာခဲ့သော တကယ့် ပြဿနာကြီးဖြစ်ခဲ့သည်။

ဤတွင် မေးရဦးမည်။ မြန်မာ လွတ်လပ်ရေးရပြီးသည့်ခေတ် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုဦး ဆောင်ခဲ့သော ဖဆပလအစိုးရ ခေတ်၌ ထိုကလေးစစ်သားပြဿနာ မရှိခဲ့ဘူးလား။ မရှိခဲ့ဖူးပါဟု ခိုင်မာစွာဆိုရပေမည်။ အဘယ် ကြောင့် ဆိုသော် ထိုခေတ်ထိုအခါ က ယခုအခါ ကွယ်လွန်သွားရှာ ပြီဖြစ်သည့် စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် (ဦးခင်မောင်တင့်) တို့ အပါအဝင် ကျောင်းသား လူငယ်တို့သည် ၁၉၄၉-၅ဝ ပြည့် နှစ်ကာလက ပြည်တွင်းစစ်မီးကြီး တရှိန်ရှိန် တောက်လောင်နေချိန်၌ တက္ကသိုလ်ကျောင်း စာသင်ခန်း များကို စွန့်၍ စစ်တပ်ထဲသို့ ဝင် ရောက်ခဲ့ကြသည့် သာဓကများ ရှိသည်။

 ပြောချင်သည်မှာ ကျောင်း သား လူငယ်များသည် တိုင်းပြည် ကို အန္တရာယ်ပြုနေသည့် သောင်း ကျန်းမှု နှိမ်နင်းရေးအတွက် စစ်ထဲ ဝင်ရသည်ကို ဂုဏ်ရည်မြင့်မား သည်ဟု စွဲမှတ်ခဲ့ကြကြောင်းပင်။

၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် စစ်တပ် သည် မောင်း ပြန် သေနတ်ဖြင့် (၇-၇-၆၂) နေ့ တွင် ရန်ကုန်တက္ကသိုလ်ကျောင်း သားများကို ပစ်ခတ်သတ်ဖြတ်ခဲ့ ၏။ ထို့နောက် ဦးသန့်ဈာပန အ ရေးအခင်းတွင် ကျောင်းသားနှင့် ဆန္ဒပြပြည်သူများ အသက်သေ ဆုံး၊ ကြွေပြုန်းခဲ့ရပြန်၏။ ထို့ နောက် အလုပ်သမား အရေးအ ခင်းတွင်လည်း စစ်တပ်က ပစ် ခတ်သော မောင်းပြန်သေနတ် ကျည်ဆန်များကြောင့် တပ်မတော် ၏ ဂုဏ်ရည်သည် ထိန်းမနိုင် သိမ်းမရလျော့ကျခဲ့ပြန်လေသည်။ ထိုအချိန် ထိုကာလကစ၍ စစ် တပ်ထဲဝင်ပြီး နိုင်ငံ့တာဝန်ထမ်း ဆောင်ရန် မြန်မာ လူငယ်တို့ ဆန္ဒမရှိကြတော့ပြီ။ ဆိုင်းဘုတ်တင်၍ စစ်သားစုဆောင်းရေးဌာနဟု ရုံးဖွင့်ထားသော်လည်း ထိုရုံးတို့မှာ စစ်သားလုပ်စား မည့် သူများ မလာ ကြတော့ပေ။

(၃)

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ် ပွားပြီးသည့်နောက် ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူ များစွာတို့ သည် လမ်းများပေါ်တွင် စစ်သား များနှင့် ရင်ဆိုင်တိုးကာ အမျိုးမျိုး သေပွဲဝင်ခဲ့ရရှာသည်။

 ပြောချင်သေးသည်။ ဤစာ ရေးသူ တက္ကသိုလ်စိန်တင်၏ ငယ် သူငယ်ချင်း၊ အရာခံဗိုလ်စိန်ကျော် (မင်းဘူးမြို့သား) သည် ရန်ကုန် မြို့ ရွှေတိဂုံဘုရားလမ်းတွင် ''ကိုစိန်တင်ကြီး၊ နေကောင်းလား'' ဟု လာရောက် နှုတ်ဆက်ဖူးသည်။ စစ်ယူနီဖောင်း အပြည့်အစုံဝတ် ဆင်ထားသော အရာခံ ဗိုလ်စိန် ကျော် (နာမည်ပြောင်း) က ကိုစိန် တင်ကို နှုတ်ဆက်သောအခါ ဘတ်စ်ကား မှတ်တိုင်ရှိ ခရီးသည် တို့သည် ဤစာရေးသူအား ရှုတ်ချ လိုသော အကြည့်ဖြင့် ကြည့်ကြ၏။ ထိုခရီးသည်တို့သည် ရှစ်လေးလုံး အရေးတော်ပုံကြီး တွင် ကျောင်း သား ပြည်သူတို့အား အကြမ်းဖက် နှိမ်နင်းခဲ့သည့် စစ်သားတို့၏ ပုံရိပ်ကို ရင်ထဲမှ နာကျင်နေကြဟန်ရှိ ၏။ တက္ကသိုလ် စိန်တင်သည် နောက်တစ်ကြိမ်၌ ငယ်သူငယ်ချင်း စိန်ကျော်နှင့် တွေ့ သောအခါ သူ့ကို လာနှုတ် မဆက်အောင် ဝေါင်ဝေါင် ရှေး၊ ဝေးဝေးရှောင် ပုန်းခဲ့ဖူးလေ သည်။

 ဖြစ်ရပ်မှန်တစ်ခုကို တင်ပြ လို၏။ တက္ကသိုလ်စိန်တင်တို့ နေ ထိုင်သော ဒဂုံမြို့သစ်မြောက်ပိုင်းမှ ဗိုလ်မှူး ဗထူးဈေးရှိ ကုန်စိမ်းဆိုင် တွင် အလုပ်လုပ်သည့် (၁၃) နှစ် အရွယ် လူငယ်ကလေးသည် တစ်ချိန်သောအခါ၌ ရန်ကုန်မြို့၊ လှိုင်မြို့နယ် ကုန်စိမ်းဒိုင်တွင် စစ် ကားတစ်စင်းပေါ်မှ ရဲဘော်အချို့က လာရောက်ဖမ်းဆီးသွားခြင်းခံရ၏။ ထိုစစ်ကားပေါ်၌ တစ်ညလုံး သွားရောက်ဖမ်းဆီး ဆွဲတင် လာ သော လူငယ်များ အပြည့်ပါလာ ၏။ မင်္ဂလာဒုံမြို့နယ်ရှိ စခန်းတစ်ခု သို့ ရောက်လာသောအခါ ဖမ်းဆီး ဆွဲတင်လာသော လူငယ် (၂ဝ) ကျော်အား တာဝန်ရှိ ပုဂ္ဂိုလ်များ က ''ထောင်ထဲသွားမလား။ စစ်ထဲ ဝင်မလား''ဟု မေးခွန်းထုတ်၏။ ကလေးသူငယ် တို့က ''စစ်ထဲပဲဝင် ပါမည်''ဟု ဝန်ခံလက်မှတ်ထိုးကြ သောအခါ တပ်အတွင်း ဆံပင် ညှပ်ဆိုင်၌ ကတုံးဆံထောက် ဆံ ပင်ညှပ်ကြ ရ၏။

ထိုအချိန်၌ ဗိုလ်ဗထူးဈေးကုန်စိမ်းဆိုင်မှ လူငယ်လေးသည် ရုံးရှေ့၌ ဖြတ်လျှောက်လာသော တပ်မ တော်အရာရှိတစ်ဦးအား ''ဗိုလ်ကြီးရယ်၊ ကျွန်တော့်ကို ကယ်ပါ၊ မျက်စိမမြင်တဲ့ အသက် ၈ဝ ကျော် အဘွားကို လုပ်ကျွေးနေရသူပါ။ ကျွန်တော်စစ်ထဲ ဝင်ရမယ်ဆိုရင် အသက် ၈ဝ အဘွား ထမင်းငတ်ပြီး သေရပါတော့မယ် ဗိုလ်ကြီးရယ်''ဟု ငိုယိုကာဖြင့် အသနားခံ တောင်းပန်ခဲ့ သည်။

 နှလုံးသားမြင့်မားသည့် ထိုတပ်မတော်အရာရှိသည် ငိုယို တောင်းပန်သော လူငယ်အား သနားကြင်နာသော အားဖြင့် မြောက်ဒဂုံ ကို ပြန်ရန် ဘတ်စ်ကားခငွေအပြင် စစ်ကားပေါ်ဆွဲတင်ခံရစဉ်က ဖိနပ်ပျောက်ခဲ့၍ ဖိနပ်ဝယ်စီးရန် ငွေတစ်ထောင်ပင် အပို ထပ်ပေးလိုက်သည်ဟု သိရ၏။

ထို ၁၃ နှစ်အရွယ် လူငယ် ကလေးက သူ့ဖြစ်စဉ်ကိုပြန်ပြော ပြသောကြောင့် ဒဂုံမြို့သစ်မြောက် ပိုင်း ဗိုလ်ဗထူးဈေးမှ ဈေးသူ၊ ဈေး သားတို့သည် ပြန်လွှတ်ပေးလိုက် သော တပ်မတော် အရာရှိအား ကျန်းမာပါစေ ချမ်းသာပါစေဟု မေတ္တာပို့နေကြသည်။

(၄)

အထက်ဖော်ပြပါ မြောက်ဒဂုံဗထူးဈေးမှ လူငယ်ကလေးကြုံခဲ့ရပုံ၊ အဖမ်းအဆီးခံခဲ့ရပုံတို့မှာ မြန်မာနိုင်ငံတစ်ဝန်းတွင် အစဉ် ပင်ကြားနေ ရသည့် ကလေးစစ် သားစုဆောင်းခြင်း ဖြစ်ရပ်မှန်ပုံ ပြင်များဖြစ်ပေ၏။

''ဟဲ့ ကောင်လေး၊ ညညအ ချိန်မတော် လျှောက်မလည်နဲ့၊ ကလေးစစ်သားဖမ်းတဲ့ ကားနဲ့ တွေ့ သွားမယ်''ဟူသော ဆိုဆုံးမစကား မှာ မြန်မာနိုင်ငံ မြို့နယ်၊ ကျေးရွာ များတွင် မကြားချင်အဆုံးကြားနေ ရပေသည်။

ယခုအခါ၌ ၂ဝ၁၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် တက် ရောက်လာသော ဒီမိုကရေစီ အစိုးရ အဖွဲ့သည် စစ်တပ်အတွင်း မှ အသက် မပြည့်သေးသော ကလေးစစ်သားများအား ပြန်လည် ဖော်ထုတ်၍ ဆွေမျိုးမိဘများ၏ ရင်ခွင်သို့ ပို့ဆောင်ပေးလျက်ရှိ သည်။

မြန်မာနိုင်ငံ၏ အမြင်ဆိုး လှသည့် ကလေးစစ်သားများ ပြဿနာကို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော UNHCR နှင့် UNDP, UNICEF, ILO, Save The Children အဖွဲ့အစည်းတို့ကလည်း အစဉ်မ ပြတ်စောင့်ကြည့်လျက် မြန်မာ့တပ် မတော်အတွင်းမှ အသက် မပြည့် သေးသော ကလေးစစ်သားများ ဖော်ထုတ်ရေးကို လေ့လာလျက် ရှိကြ၏။

ကလေးများ၏ နေရာအစစ် အမှန်မှာ စာသင်ကျောင်းများသာ ဖြစ်သည်။ အသက်မပြည့်သေး သော ကလေးစစ်သားများအား တပ်မတော်အတွင်းမှ ဖော်ထုတ်၍ စာသင်ကျောင်းများသို့ ပို့ဆောင် ပေးရေး လုပ်ငန်းမှာ အမှန်စင်စစ် ဆိုလျှင် လူသာဓုခေါ်၊ နတ်သာဓု ခေါ် လုပ်ငန်းပင် ဖြစ်ပေ၏။

 မြန်မာနိုင်ငံ၏ နယ်ချဲ့ဆန့် ကျင်ရေးနှင့် အမျိုးသား လွတ် မြောက်ရေးတိုက်ပွဲ လည်းကောင်း၊ ပြည်တွင်းသောင်းကျန်းမှု လုပ်ငန်း နှိမ်နင်းရေးတွင်လည်းကောင်း၊ ဂုဏ်ရည်တင့်တယ်ခဲ့သော မြန်မာ့တပ်မတော်သည် နှစ် ၅ဝ အာဏာရှင် ခေတ်လွန်ကာလ၌ ကလေးစစ်သားများ ပြဿနာမှ အစဉ်ကင်းဝေးပါစေ ဟု ဆန္ဒပြုလိုက်ပါသည်။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.