17-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1024
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
တက္ကသိုလ် စိန်တင် နှင့် ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး - ၂

(၁)

 'ကျန်းကျန်းမာမာ၊ ချမ်းချမ်း သာသာ၊ ဘေးရန်ကာဆီးမည်'

ဤစာရေးသူ တက္ကသိုလ်စိန် တင်သည် စစ်ကြိုခေတ် 'နဂါးနီ' သီချင်းတွင် ဖော်ပြခဲ့သည့် အ ထက်ပါ သံပြိုင်အပိုဒ်ကို အလွန် သဘောကျ၏။ ယနေ့အချိန်ထိ 'နဂါးနီ' သီချင်းကို သီဆိုမိသည့် အခါတိုင်း အထက်ပါ သံပြိုင်အ ပိုဒ်လေးကို စိတ်အား တက်ကြွ စွာ ဖြင့် ခံစားသီဆိုမိလေသည်။

မှန်ပါ၏။ ကျန်းကျန်းမာမာရှိ ချင်ပါသည်။ ချမ်းချမ်းသာသာ လည်း ရှိချင်ပါသည်။ ဘေးရန် လည်း ကာဆီးချင်ပါသည်။ အာ ရောဂျံ ပရမံလာဘံဟု ဗုဒ္ဓမြတ်စွာ ဘုရားကဟောကြားခဲ့၏။ ကျန်းမာ ခြင်းသည် မြတ်သော လာဘ်တစ် ပါးဖြစ်သည်ဟု အဓိပ္ပာယ်ဖြစ်ပါ ၏။

မိမိမွေးဇာတိဖြူးမြို့တွင် ရှိစဉ်က အသက်ငါးနှစ်အရွယ်မှစ၍ ကျန်းမာစေရန် လူကြီးမိဘများက ခမည်းပေးထားသော မောင်စိန် တင်၏  ကြက်ကလေး အိမ်ခွေး တစ်ကောင်ကိုက်၍ သေသွား၏။ မိမိချစ်မြတ်နိုးသော ကြက်ကလေး ကို အမွေးအတောင်နုတ်၊ ခုတ် ထစ်၍ ဟင်းအိုးထဲရောက်သွား သောနေ့ကစပြီး မောင်စိန်တင် ကြက်သားမစား။ နောက်ထပ်ဝက် သားလည်းမစား။ ဆိတ်သား လည်းမစား။ ဘဲသား၊ အမဲသားကို လည်း မစား၊ ဆိုကြပါစို့။ ကုန်း သတ္တဝါဟူသမျှ အသက်ငါးနှစ်အ ရွယ်မှစ၍ ယခုအချိန်ထိမောင်စိန် တင် မစားတော့ပေ။ သတ္တဝါတို့၏ အသားကို သနားကြင်နာစိတ်ဝင် ၍ မောင်စိန်တင် ဤသို့ကုန်း သတ္တဝါအသားကို ရာသက်ပန်မ စားဘဲ နေခဲ့လေသည်။

 ပြောချင်သေး၏။ ရေသတ္တဝါ သား ငါးနှင့် ပုစွန်ကိုကား အ ဘယ်ကြောင့် စားနေရသေးသလဲဆို သည်ကို မိမိကိုယ်တိုင် အဖြေရှာမ ရ။

ကုန်းသတ္တဝါသားမစားခြင်း ကြောင့် ကိုစိန်တင်ဟင်းသီးဟင်း ရွက်မျိုးစုံစား၏။ ထို့ကြောင့်ပင် ထင်ပါရဲ့။ ယနေ့ ကိုစိန်တင် မှာ သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို၊ အစာအိမ်နှင့် အခြားကြီးကြီးမား မား ရောဂါများ ဘာမှဝင်မလာ ခြင်း ဖြစ်ပေလိမ့်မည်။ တစ်ခါ တရံ ဒူးနာရောဂါတော့ ဒုက္ခပေးတတ် သည်။ မျှစ်နှင့် တညင်းသီး၊ ငါး ပိရည်တို့စရာကို အလွန်ကြိုက် သော စာရေးဆရာသည် ယခုအခါ တညင်းသီးကို ရှောင်၏။ မျှစ်ကိုပင် မစားတော့။ ထို့ကြောင့်ပင်ဖြစ် မည်။ အကြောအခြင်တင်းသော ဒူးနာရောဂါသည် တစ်ခါတစ်ရံ မှ ပေါ်လာတတ်တော့၏။

ထားပါ။ ပြောချင်သည်မှာ ကျန်းမာရေးကို ဤမျှ ဂရုစိုက်သည့် တို့စာရေးဆရာ ကိုစိန်တင် သည် ရုပ်မြင်သံကြား ရိုက်ကူးသော ကျေးဇူးရှင် ဆရာသမားတို့က နေ ရောင်ထဲတွင် မော်တော်ကား ရေ ဆေး၊ သစ် ပင်မြေတောင်မြှောက် လုပ်ငန်းများ လုပ်ဆောင်ပြသပြီး နောက်တစ်နေ့တွင် အမေကယ်ပါ၊ အဘကယ်ပါ ဟူ၍ အော်ဟစ်ကာ ဆီးမသွားနိုင်သော ရောဂါဖြင့် ဆေးရုံ သို့ ရောက် ခဲ့ ရတော့သ တည်း။

(၂)

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါနသံဃာဆေးရုံကြီးတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော ဦးမောင်မောင်နှင့် တက္ကသိုလ်စိန် တင်တို့ ရင်းနှီးခင်မင်ကြ၏။ နှစ်စဉ် နှစ်တိုင်း ကိုစိန်တင်၏ မွေးနေ့၊ စိမ့် ၏ မွေးနေ့တို့တွင် ဇီဝိတဒါနဆေး ရုံကြီးသို့ ငွေကျပ်တစ်သိန်းစီ၊ တစ် နှစ်လျှင်နှစ်ကြိမ် လှူဒါန်းခဲ့သည် မှာ နှစ်အတော်အတန်ပင် ကြာခဲ့ လေပြီ။

ယခင်တစ်ပတ်က ဈေးကွက် ဂျာနယ်တွင် ရေးသားခဲ့သည့်အ တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံ ဆေးရုံကြီးတွင် ကိုစိန်တင်၏ ဆီးမ သွားနိုင်သော ရောဂါကို သက်သာ စေရန် ကုသနေခိုက် တက္ကသိုလ် စိန်တင်က ဇီဝိတဒါနသံဃာဆေး ရုံကြီး ဥက္ကဋ္ဌဦးမောင်မောင် ထံသို့ မိမိ၏ ဆီးကျိတ်ယောင်ရောဂါ ဝေဒနာအကြောင်း ဖုန်းဆက်၍ ပြောပြလိုက်မိသည်။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ်၊ ဇွန်လဆန်းတွင် ဇီဝိတဒါနသံဃာ့ဆေးရုံကြီးသို့ သွားရောက်၍ ဆီးနှင့် ကျောက် ကပ်ရောဂါကု ပါရဂူ ဆရာဝန်ကြီး ဒေါက်တာဦးတင်ဟိန်း၊ ဒေါက်တာ ဦးမောင်မောင်အေးတို့နှင့် စမ်းသပ် ပြသခဲ့ပြီးနောက် ဆရာဝန်ကြီးများ ၏ အစီအစဉ်ဖြင့် ဇီဝိတဒါနသံ ဃာ့ဆေးရုံကြီးအထူးခန်းဆောင် တစ်ခုတွင် တက်ရောက်ကာ တက္ကသိုလ်စိန်တင်၏ ဆီးကျိတ် ယောင်ရောဂါဝေဒနာကို ကုသရန် အစီအစဉ်ဖြစ်ပေါ်လာခဲ့၏။ တက္ကသိုလ်စိန်တင်အား နေရာချ ထားပေးသည့် အဆောင်မှာ အ တော်ပင်ကျယ်ဝန်း၍ ရေချိုးခန်း၊ အိမ်သာတွဲလျက်ရှိ၍ အဆင်ပြေ လှပါသည်။

အထူးကု ဆရာဝန်ကြီး ဒေါက်တာဦးတင်ဟိန်းက ခွဲစိတ် ခန်းထဲသို့ ကိုစိန်တင်ကိုသွင်းလိုက် ပြီး ဆီးကျိတ်တွင် ရောင်ရမ်းနေ သော အခြေအနေကို ရုပ်မြင်သံ ကြားစက်မှ ကြည့်ရှု၏။ ဆရာဝန် ကြီး၏ ပထမအစီအစဉ်မှာ ဆီး ကျိတ်လုံးကို စက်ဖြင့် ခြေမွ၍ ထုတ်ယူ ရန်ဖြစ် ၏။ သို့သော် ယခု ဖန်သားပြင်တွင် ကြည့်ရသောအ ခါ၌ တက္ကသိုလ်စိန်တင်၏ ဆီး ကျိတ်မှာ တစ်လုံးတည်းမဟုတ် သုံးလုံးတွဲဖြစ်နေသောကြောင့် ဆီး ကျိတ်ကို ခြေမွထုတ်ယူရန် အခြေ အနေမဖြစ်နိုင်တော့ချေ။ ထို့ ကြောင့် နောက်တစ်ပတ် စနေနေ့ တွင်မှ ကိုစိန်တင်၏ ဆီးကျိတ်သုံး လုံးကို ခွဲစိတ်ကာ ထုတ်ယူတော့ မည်။ ယခုတော့ ဆေးရုံတွင် ရက် သတ္တပတ် တစ်ပတ် ဆေးသောက် ပြီး စောင့်နေရန် အစီအစဉ်ပြု လုပ်ပေး၏။ ဤအတောအတွင်း ဆီးကျိတ်တွင် ကင်ဆာဆဲလ်များရှိ၊ မရှိကို သက်ဆိုင်ရာ ရောဂါရှာဖွေ ရေးဌာနသို့ ဆီးအိမ်မှ သွေးမျှင်များ ခြစ်ထုတ်လျက်ပေးပို့စမ်းသပ်ခဲ့ သည်။ ထိုအချိန်၊ ထိုကာလများ၌ ကိုစိန်တင် ရင်တထိတ်ထိတ်ခုန်နေ လေသည်။ ဆေးရုံသို့ လာရောက် ၍ သတင်းမေးကြသော စာရေး ဆရာမောင်သန်းဆွေ (ထားဝယ်)၊ အားမာန်သစ်စာပေမှ ဦးညိုမှိုင်း၊ ဂုဏ်ထူးစာပေမှ ကိုအောင်မြင့်၊ ကိုစိန်ဝင်း၊ ကိုရာဟူး၊ စာပေဝါသ နာရှင်သမီး ကလေး ဒေါ်ကေခိုင် အောင်ခင်၊ အရုဏ်သစ်စာပေမှ ကိုဝင်းမောင်၊ မသီတာဝင်း၊ Hot News ဂျာနယ်မှ ကိုဝင်းဇော်၊ အပါ အဝင်နေ့စဉ်နှင့်အမျှ ရောက်ရှိလာ ကြသည့် မိတ်ဆွေများအား ရယ် ရယ်မောမော၊ ပြုံးပြုံးရွှင်ရွှင် ဧည့်ခံ စကားပြောနေရသော်လည်း စိတ် ထဲတွင် ပူပင်သောက ဖိစီးခံနေရ ၏။ မြတ်စွာဘုရားကယ်တော်မူပါ။ မိမိ၏ ဆီးအိမ်အတွင်းမှ ဆီးကျိတ် သုံးလုံးသည် ကင်ဆာဆဲလ်များ စွဲ ကပ်ပါဝင်နေခဲ့လျှင် လျှင် လျှင်။

(၃)

ကိုစိန်တင်စိတ်ပူပန်နေသောအခိုက်တွင် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှ ဆီးနှင့် ကျောက်ကပ်ကုဌာန ဆရာဝန် ကြီး ဒေါက်တာ မောင်မောင်အေးက မကြာခဏပင် အားပေးစကားပြောရှာပါသည်။

''ဆရာစိန်တင်ရဲ့ ဆီးကျိတ် ရောဂါ ကင်ဆာဖြစ်နေရင်လည်း စိတ်မပူနဲ့ဗျ၊ မြန်မာနိုင်ငံမှာ လူသိ များ ထင်ရှားတဲ့ တပ်မတော်အရာ ရှိကြီးတစ်ဦးလည်း ဆီးကျိတ်ကင် ဆာဖြစ်တယ်။ ဒါပေမယ့် ဝှေးစေ့ ကို အပြီးထုတ်ပစ်လိုက်နိုင်တာ ကြောင့် ဒီနေ့အထိ ကျန်းမာစွာ အသက်ရှင်လျက်ရှိတယ်။ စင်ကာပူနိုင်ငံက ဝန်ကြီးချုပ် လီရှင်းနင်လည်း ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်တယ်။ ဒါပေမယ့် သူလည်း ဝှေးစေ့အိမ်ထုတ်ပစ်လိုက်တာ ကြောင့် ကင်ဆာဆဲလ်များ အမြစ် တွယ်ပြန့်ပွားနိုင်ခြင်းမရှိလို့ ယနေ့ အထိ ကျန်းမာစွာရှိနေပါတယ်'' တဲ့။

ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်အေးက ထိုကဲ့သို့ဖြေ ဆေးစကား ပြောကြားသောကြောင့် ဆီးကျိတ်ကင်ဆာဟုတ်၊ မဟုတ် ရောဂါရှာဖွေရေးဌာနမှ အကြောင်း ပြန်ချက်မလာသေးခင်တွင် ကိုစိန်တင် အနည်းငယ် စိတ်သက်သာ ရာ ရပါသည်။ ရောဂါ ရှာဖွေရေးဌာနမှ အကြောင်းပြန်ကြားချက်ကို သမီး တူမကလေးမခင်ထားအေး က သွားရောက်ယူလာသောနေတွင် ထိုအဖြေစာအိတ်ကို တက္ကသိုလ်စိန်တင် ဖွင့်မကြည့်ရဲရှာပေ။ ညနေပိုင်းတွင် ဆရာဒေါက်တာမောင် မောင်အေး ရောက် လာတော့မှ ရောဂါ ရှာဖွေရေးဌာနမှ အဖြေ စာရွက်ကို ဖတ်ပြကာ

''ဆရာတက္ကသိုလ်စိန်တင် ကံကောင်းတယ်ဗျာ။ ရောဂါရှာဖွေ ရေးက အဖြေစာရွက်မှာ ကင်ဆာ ဆဲလ်မရှိကြောင်း အဖြေဖော်ပြ ထားတယ်''

 သြော်-တော်ပါသေးရဲ့၊ တော် ပါသေးရဲ့။

(၄)

ဤသို့ဖြင့်၊ ဤသို့ဖြင့် တက္ကသိုလ်စိန်တင်၏ ဆီးအိမ်အ တွင်းမှ ဆီးကျိတ်ကို ခွဲစိတ်ထုတ်ယူ ကုသရန် ချိန်းဆိုထားသော စနေ နေ့သို့ ရောက်လာလေပြီ။ ထိုနေ့ က နံနက်ပိုင်းတွင် စိမ့်(ပညာရေး) ၏ မောင်တော်သူ ဗိုလ်မှူးချုပ်ဝင်း တင် (ငြိမ်း)နှင့် သမီးဒေါက်တာခင် ခင်ဌေး၊ သမီးဒေါ်ဥမ္မာတင်နှင့် ခင်ပွန်း ဗိုလ်ကြီးမင်းဇော်ဦး (ငြိမ်း)တို့ လည်း ကိုစိန်တင်၏ ဝေဒနာ ကို မေးမြန်းရန် ရောက်ရှိလာကြသည်။ ဆွေမျိုးများနှင့် တွေ့ဆုံစဉ်တွင် ကိုစိန်တင် အားတက်ဝမ်းသာ ပျော် ရွှင်နေ၏။ ကင်ဆာဆဲလ် များမရှိ ကြောင်း အဖြေစာရွက်ရောက်ရှိ လာပုံကိုလည်း ပြောပြနေမိသေး ၏။

 ပြောရဦးမည်။ သမီးငယ်လေး ကဲ့သို့ အားကိုးရသော ကွန်ပျူတာ ပညာရှင် မသွယ်သွယ်ဟန်နှင့်  သူ့သူငယ်ချင်း မသင်းသင်းတို့ လည်း ထိုနေ့က လူမမာမေးရောက် လာကြသေး၏။ နေ့လယ်ပိုင်းတွင် ကား ခွဲစိတ်ခန်းသို့ မဝင်မီ ညီမ လေး မခင်ဌေးလှ၊ မခင်စန်းလှ၊ တူနှင့်တူမကိုစိုး၊ ဒေါ်ခင်မမတို့ လည်း ရောက်လာကြသည်။

 အောင်မယ်၊ ဆွေမျိုးတွေတစ် တပ်တစ်အားနှင့် သူတို့အားပေးမှု များကို ခံယူလျက် နေ့လယ်တစ် နာရီတွင် တက္ကသိုလ်စိန်တင်လိုက် ပါလာသော လက်တွန်း ခုတင် သည် ခွဲစိတ်ခန်းသို့ ဦးတည်၍ ထွက်ခွာလာသည်။ ဆီးတပ်ခု တင်အနီးတွင် စိမ့် (ပညာရေး) ၏ မောင်ကလေးကို စိုးမြင့်ကို မြင် လိုက်ရသည်။ စိမ့်(ပညာရေး) ကတော့ လူနာခန်းဆောင်၌ နေ ရစ်ခဲ့၏။ ကိုစိန်တင်သည် ခွဲစိတ် ခန်း လူနာအဝတ်အစားကို ဝတ် ဆင်ထားလျက်ဆေးရုံခန်းဆောင် မျက်နှာကြက်ဆီသို့ မော့ကြည့်ရင်း ပါလာ၏။ မီးချောင်များ၊ မီးလုံးများသည် မျက်စိထဲတွင် ပေါ်လာ လိုက်၊ ပျောက်သွားလိုက်။ အာရုံ တွေ ထွေပြားနေသောကြောင့် မျက်လုံးကို စုံမှိတ် ထားတော့လေ သည်။ ဘေးကလိုက်ပါလာသော သူနာပြုဆရာမကလေးက ''ဘဘ မျက်လုံးမှိတ်ထား၊ မူးမယ် မူးမယ်'' ဟု သတိပေး၏။ မကြာမီခွဲစိတ် ခန်းသို့ ရောက်လာပါသည်။ တက္ကသိုလ်စိန်တင်ကို ထုံဆေးဖြင့် ကုသမည်ဖြစ်သောကြောင့်အားလုံး ကို မြင်နေရသည်။ ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးတင်ဟိန်း၊ သမီးချွေးမ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်သန္တာ၊ ဆရာဝန် ကြီး ဒေါက်တာမောင်မောင်အေး။

ထိုနေ့မှာ မြန်မာနှင့် ဗီယက် နမ်ယူ (၂ဝ) နောက်ဆုံးဗိုလ်လုပွဲ နေ့ဖြစ်၏။ ဆရာဝန်ကြီး ဒေါက် တာ ဦးတင်ဟိန်းသည် တီဗီဖန် သားပြင်ပေါ်၌ မြန်မာနှင့် ဗီယက် နမ်ပွဲကို တစ်ချက်ကြည့်လိုက် သမီးချွေးမ ဒေါက်တာဒေါ်သန္တာခွဲ စိတ်ကုသနေသော ကိုစိန်တင်၏ ဆီးအိမ်မှ ဆီးကျိတ်များထုတ်ယူပုံ ကို ကြည့်လိုက်ရှိနေ၏။ ဆီးနှင့် ကျောက်ကပ်အထူးကုဆရာဝန် ဒေါက်တာသန္တာကား ကျွမ်းကျင် လှသော ဆေးပညာရှင်ပင်တည်း။ မိနစ် ၃ဝ ခန့်အကြာတွင် တက္ကသိုလ်စိန်တင်၏ ဆီးအိမ်ထဲမှ ဆီးကျိတ်သုံးလုံးကို အောင်မြင်စွာ ခွဲစိတ်ထုတ်ယူနိုင်ပေသည်။ သူနာ ပြု ဆရာမကလေးတစ်ဦးက ဖန် ခွက်ကလေးနှင့် ထည့်ထားသော ဆီးကျိတ်သုံးလုံးကို လာပြ၏။ သတ္တိကောင်းလှသော တက္ကသိုလ် စိန်တင်မမြင်ဝံ့၍ မျက်စိတ်မှိတ် ထားလိုက်၏။ အားလုံး၏ ကျေးဇူး ကို အစဉ်သတိရနေပါ၏။ ဥက္ကဋ္ဌ ကြီးဦးမောင်မောင်၊ ဆရာဝန်ကြီး ဒေါက်တာဦးတင်ဟိန်းနှင့် စေ တနာရှင်များစွာတို့၏ ကျေးဇူးကို မမေ့ပါဗျို့။

တက္ကသိုလ် စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.