14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်

ယခုတစ်ပတ်ရန်ကုန် ဆန်ဈေးကွက်တွင် ဆန်ချောဈေးငြိမ်နေပြီး ဆန်ကြမ်းများ ဈေးတက်လာပါသည်။ ဆန်ချောက အရောင်းအဝယ် ပုံမှန်ရှိနေသဖြင့် ဈေးလည်း ပုံမှန်သာရှိနေပါသည်။ ဝါးတန်းကုန်စည်ဒိုင်၏ လက်ကား ဈေးနှုန်းများအရ ပုသိမ်၊ မြောင်းမြပေါ်ဆန်း ထိပ်စတစ်အိတ်လျှင် ကျပ် ၃၆ဝဝဝ နှင့် လတ်စတစ်အိတ်လျှင် ကျပ် ၃၃၅ဝဝ ရှိပါသည်။ ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင်ကျပ် ၄၈ဝဝဝ မှ ၄၉ဝဝဝ ရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးပြောင်းလဲခြင်းမရှိပါ။ ဆန်ကြမ်းမှာ အဝင်နည်းပြီး နယ်စပ်နှင့် ပင်လယ်ရေကြောင်း အိတ်စပို့ အဆွဲများသဖြင့် ယခင်တစ်ပတ်ထက် ဈေး တက်လာပါသည်။ ဧည့်မထ ထိပ်စတစ်အိတ်လျှင် ကျပ် ၂၁၂ဝဝ၊ လတ်စ တစ်အိတ်လျှင် ကျပ် ၁၉၇ဝဝ၊ နွေသီးထပ်ရှယ်တစ်အိတ်လျှင်ကျပ် ၂၁၃ဝဝ မှ ၂၁၄ဝဝ၊ နွေဆန်ရက် ၉ဝ တစ်အိတ်လျှင် ကျပ် ၂၂၅ဝဝ မှ ၂၃ဝဝဝ၊ ဧည့်မထ ၂၅ မှတ် တစ်အိတ်လျှင် ကျပ် ၁၉၅ဝဝမှ ၁၉၇ဝဝ ဖြစ်သဖြင့် တစ်အိတ်လျှင် ကျပ် ၂ဝဝ မှ ၅ဝဝ အထိ ဈေးတက်လာပါသည်။ မူဆယ် ဆန်ဈေးကွက်မှာလည်း ဆန်တစ်အိတ်လျှင် ၁ ယွမ်မှ ၅ ယွမ်အထိ ဈေးတက် လာပါသည်။ မြို့နယ်စုံမှ မူဆယ်သို့ သြဂုတ် ၃ဝ မှ စက်တင်ဘာ ၅ ရက်အထိ ဆန်အဝင်မှာ ၂၃၃၉၃ တန်ရှိသဖြင့် ယခင်တစ်ပတ်ထက် ဆန်အဝင်ပိုလာ ကြောင်း တွေ့ရသည်။ စက်တင်ဘာ ၈ ရက်ရှိ ငွေလဲနှုန်းအရ တစ်ယွမ်ကို ၂၁၄ ကျပ် ဈေးပေါက်သည်ဟု သိရသည်။ သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၂ ရက်ထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စုစုပေါင်းဆန်နှင့် ကောက်ညှင်း ဆန် ၂၄၂၂၅ တန်ကျော် တင်ပို့ခဲ့သဖြင့် ယခင်တစ်ပတ်ထက် ၁၂၇၉ တန် ပိုမို တင်ပို့ခဲ့သည်။ ပင်လယ်ရေကြောင်းမှ သြဂုတ် ၂၇ မှ စက်တင်ဘာ ၂ ရက်ထိ ဆန်ဖြူနှင့် ပေါင်းဆန် ၂၄၂၁၄ တန် တင်ပို့ခဲ့ပါသည်။ သြဂုတ်လ တစ်လလုံး  ပင်လယ်ရေကြောင်းမှ ဆန် ၁၃၇ဝ၉၉ တန် တင်ပို့ခဲ့သဖြင့် ဇူလိုင်လထက် ၇၉ဝ၆၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

 

ပဲမျိုးစုံတင်ပို့မှု

သြဂုတ် ၂၇ မှ စက်တင်ဘာ ၂ ရက်ထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှု FOB အရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ တန်ချိန်အားဖြင့် မတ်ပဲ ၁ဝ၄၂၉ တန်၊ ပဲတီစိမ်း ၇၃၄ တန်၊ ပဲစင်းငုံ ၆၁၂ တန်၊ ကုလားပဲ ၁ဝ၃၉ တန်၊ ပဲလွန်းဖြူ ၅၁ တန်နှင့် မြေထောက်ပဲ ၂ဝ၈ တန် ရှိပါသည်။

ယခုတစ်ပတ် ၈-၉-၂ဝ၁၇ နေ့ထိ ဘုရင့်နောင် ဈေးကွက်တွင် မတ်ပဲ ဈေးတက်ရိပ်ပြခဲ့ပြီး ပဲစင်းငုံနီမှာ ဈေးအနည်းငယ်ကျလာပါသည်။ ယခင်တစ် ပတ်က မတ်ပဲ FAQ(RC) တစ်တန်လျှင် ကျပ် ၅၅၂ဝဝဝ သာ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၅၆ဝဝဝဝ အထိ ဈေးတက်ခဲ့ပြီး၊ မတ်ပဲ SQ(RC) ကလည်း ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၇၄၆ဝဝဝ သာ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၇၉ဝဝဝဝ အထိ ဈေးတက်လာပါသည်။ ပဲစင်းငုံနီ မှာ ယခင်တစ်ပတ်က တစ်တန်လျှင် ၄၃၈ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၄၃၂ဝဝဝ နှင့် ဈေးပြန်ကျလာပါသည်။ မန္တလေးဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံနီ ဈေးတက်ရိပ်ပြခဲ့သော်လည်း ဝယ်ယူသူမရှိသောကြောင့် အရောင်းအဝယ်မဖြစ်ကြောင်း သိရသည်။

 

လားရှိုးပြောင်း ဈေးဆက်တက်ပြီး အရောင်းအဝယ်သွက်

ယခုတစ်ပတ် လားရှိုးဈေးကွက်တွင် ပြောင်းဈေးဆက်လက်တက်ရိပ်ပြခဲ့ ပါသည်။ ယခင်တစ်ပတ်က ပြောင်းတစ်ပိဿာကျပ် ၅၃ဝ နှင့် မြင့်ခဲ့သကဲ့သို့ ယခုတစ်ပတ်တွင်လည်း တစ်ပိဿာကျပ် ၅၉ဝ (တစ်တန်လျှင် ကျပ် ၃၆၁၃ဝဝ) နှင့် ဆက်လက်ဈေးတက်လာပါသဘည်။ အရောင်းအဝယ်ဖြစ်မှု မှာ ယခင်တစ်ပတ်က ပိဿာချိန် ၂၅၄၇ဝဝဝ သာ ရှိခဲ့သော်လည်း ယခုတစ် ပတ်တွင် ပိဿာချိန် ၂၇၁၈ဝဝဝ ကျော်ရှိခဲ့သည်။ သယ်ယူပို့ဆောင်ခအနေဖြင့် မန္တလေးမှ မူဆယ်အထိ ပြောင်းတစ်ပိဿာလျှင် ၂၉ ကျပ် ရှိပါသည်။

 

မောင်သုံးသပ်

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.