21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကော်ဖီကြိုက်သူများအတွက် ကမ္ဘာ့ဈေးကွက်ဝင်လာတဲ့ မြန်မာ့ကော်ဖီ

မြန်မာနိုင်ငံအတွင်း ကော်ဖီသောက်သုံးသူများနှင့် ပတ်သက်၍ စစ်တမ်းတစ်စောင်ကို Jobnet.com.mm လုပ်ငန်းခွင်များအတွက် လုပ်ကိုင်နေကြသော ဝန်ထမ်းများကို ပစ် မှတ်ထား၍ ပြုလုပ်ခဲ့သည်။

ထိုစစ်တမ်းအရ မြန်မာနိုင်ငံတွင် အသင့်သောက်သုံးနိုင်သည့် 3 in 1 သကြားပါဝင်သော ကော်ဖီမစ်များကို အဓိကသောက်သုံးနေကြကြောင်း၊ ပထမအများဆုံး ပရီမီယာ ကော်ဖီမစ်နှင့် ဒုတိယအများဆုံး နက်စ်ကဖီးကော်ဖီမစ်များကို လူတစ်ဦးသည် တစ်ရက်လျှင် ပျမ်းမျှနှစ်ခွက်နီးပါး သောက်သုံးကြကြောင်း လေ့လာတွေ့ရှိရသည်ဟု သိရသည်။

နှိုင်းယှဉ်ကြည့်ရန်အတွက် အမေရိကန်နိုင်ငံတွင် လူတစ်ဦးသည် တစ်ရက်လျှင် ပျမ်းမျှ ၃ ဒသမ ၁ ခွက်နှုန်းသောက်သုံးကြသည်ဟု ဆိုပါသည်။

ပရီမီယာကော်ဖီမစ် ထုတ်လုပ်သည့်လုပ်ငန်းကို မြန်မာနိုင်ငံ၌ အခြေစိုက်သော Capital Diamond Star အုပ်စုက ပိုင်ဆိုင်ပြီး နက်စ်ကဖီးကိုကျော်ကာ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာပါသည်။ တခြား နာမည်ကျော် မြန်မာကော်ဖီမစ်ကုန်အမှတ် တံဆိပ်နှစ်ခုဖြစ်သည့် စူပါကော်ဖီမစ်နှင့် ဂိုးလ်ရို့စ်ကော်ဖီမစ်တို့ သောက်သုံးမှုမှာ အဆင့် ၄ နှင့် ၅ သို့ ကျဆင်းလာသည်။

ယခုအခါ မြန်မာနိုင်ငံသည် အရည်အသွေးကောင်းသော ကော်ဖီထုတ်လုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် မိမိ၏ ခြေထောက်ပေါ်တွင် ရပ်တည်လာနိုင်ပါသည်။ အထူးသဖြင့် ရှမ်းပြည်နယ်တွင်ထွက်ရှိသော ကော်ဖီအမျိုးအစားများကို နိုင်ငံခြားမှ ကော်ဖီကျွမ်းကျင်သူများက ချီးမွမ်းမှုများ ရှိလာပါသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ကော်ဖီများကို ဝယ်ယူတင်သွင်းရန် စိတ်ဝင်စားသည့် အမေရိကန်နိုင်ငံမှ ကုန်သည်များက ယခုနှစ်၊ ဖေဖော်ဝါ ရီလ ၉ ရက်မှ ၁၃ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာ့ကော်ဖီများကို လေ့လာစမ်းသပ်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံမှ ကော်ဖီ ၃၆ တန်ကို အမေရိကန်နိုင်ငံသို့လည်းကောင်း၊ ၁၈ တန်ကို ဆွစ်ဇာလန် နိုင်ငံသို့လည်းကောင်း တင်ပို့ရောင်းချခဲ့ရသည်ဟုသိရသည်။ မြန်မာ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများက လာမည့်နှစ် အနည်းငယ်အတွင်း အမေရိကန် နိုင်ငံသို့ ပိုမိုတင်ပို့ ရောင်းချလာနိုင်သည့် အလားအလာများရှိနေသည်ဟု မျှော်လင့်နေကြပါ သည်။

ဒိန်းမတ်နိုင်ငံမှ  The Nomad & The Bean ကုမ္ပဏီကလည်း မြန်မာနိုင်ငံထွက် Arabica ကော်ဖီအမျိုးအစားကို စတင်ဝယ်ယူရန်အတွက် လှော်ပြီးသားကော်ဖီစေ့ ၅ဝ ကီလိုဂရမ်ကို လွန်ခဲ့သည့် ဇူလိုင်လကုန်ခန့်က ကိုပင်ဟေဂင်မြို့သို့ စတင်တင်ပို့ခဲ့ သည်ဟုသိရသည်။ မြန်မာနိုင်ငံတွင်ရှိသော ကော်ဖီစေ့များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် နိုင်ငံတကာ ကော်ဖီ အရည်အသွေးစစ်ဆေးမှု သတ်မှတ်ချက်အရ အထူးစံနှုန်း (Special Grade) မှာ ၈၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၈၄ ဒသမ ၅ ရာခိုင်နှုန်း အထိ ရရှိထားကြောင်း မြန်မာနိုင်ငံ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အစုအဖွဲ့မှ သိရပါသည်။

၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီမှာ အရည်အသွေး ကောင်းမွန်သည့်အတွက် ကိုရီးယားကုန်သည်များက တန်ချိန် နှစ်ထောင်ကျော်မှာယူခဲ့ သည်။

မြန်မာ့ကော်ဖီများကို ဆွစ်ဇာလန်နိုင်ငံသို့ ယခုနှစ်မေလဆန်းမှစ၍ တင်ပို့ခဲ့ပါသည်။ ဆွစ်ဇာလန်နိုင်ငံ NAT Coffee ကုမ္ပဏီက တာဝန်ယူတင်ပို့ခဲ့သည်ဟု သိရသည်။ အဆိုပါ NART Coffee ကုမ္ပဏီမှ ဝယ်ယူခဲ့သည့် မြန်မာကော်ဖီ အမျိုးအစားများမှာ ချင်းပြည်နယ်မှထွက်ရှိသော Chin Litai ကော်ဖီ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ထွက်ရှိသော Yellow Diamond ကော်ဖီ၊ မိုးကုတ်မှ ထွက်ရှိသော Ruby ကော်ဖီနှင့် မန္တလေးမြို့မှ ထွက်ရှိသော Jade ကော်ဖီအမျိုးအစားများဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီများကို ယခင်က အာရှတွင် ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ကိုရီးယားနိုင်ငံသို့သာ တင်ပို့ရောင်းချခဲ့ရသော်လည်း ယခုအခါ အမေရိကန်နှင့် ဥရောပနိုင်ငံတို့အထိ တင်ပို့ရောင်းချလာနိုင်ပြီဖြစ်ပါသည်။ မြန်မာ့ကော်ဖီကို နိုင်ငံတကာက အရည်အသွေးမီသော၊ ကောင်းမွန်လတ်ဆတ်သော ကုန်စည်တစ်ခုအဖြစ် လက်ခံထားသော်လည်း ဝယ်လိုအားနှင့်အညီ လုံလောက်စွာစိုက်ပျိုးထုတ် လုပ်ပေးနိုင်မှု မရှိသေးခြင်းနှင့် တင်ပို့ရာတွင် အဟန့်အတားများ၊ ကုန်ကျစရိတ်များမြင့်မားခဲ့မှုများကြောင့် တခြား ကော်ဖီတင်ပို့နေသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပိုများ လျက်ရှိနေသည်ဟု သိရပါသည်။

နိုင်ငံခြားသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံပြီး ဝယ်ယူမည့် ကုမ္ပဏီများကို ကြိုဆိုလက်ခံခြင်း၊ ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်များကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ခြင်း၊ တင်ပို့ ရောင်းချရာတွင် ကြိုးနီစနစ်ကျင့်သုံးခြင်းမပြုဘဲ ဆောင်ရွက်ပေးခြင်းဖြင့် တစ်ဖက်က နိုင်ငံခြားငွေ ရရှိနိုင်သည့် ပို့ကုန်အမယ်သစ်တစ်မျိုး တိုးလာရာရောက်ပြီး အခြား တစ်ဖက်တွင် ကော်ဖီစိုက်တောင်သူများ၏ အခြေခံဘဝများကို မြှင့်တင်ပေးရာ ရောက်ပေသည်။

မောင်ပုဆိုးကြမ်း

Ref: “Easy Cofffee and Gentleman Roasters Inspire in Emerging Myanmar” By Nick Brown (Daily Coffee News)

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.