27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ကမ္ဘောဒီးယားနိုင်ငံက တစ်နှစ်လျှင် ဆန်တန်ချိန်တစ်သန်းကို ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် လက်ရှိတွင် ယင်းပမာဏ၏ ၄ဝ ရာခိုင်နှုန်းသာ သို လှောင်ရုံများ ရှိသေးသည်ဟု သိရသည်။ ကမ္ဘောဒီးယားမှ ဆန်ထုတ်လုပ်သူ များကို ဝန်ဆောင်မှုပေးရန်အတွက် ဆန်သိုလှောင်ရုံကြီး တစ်ရုံတည်ဆောက် ရန် တရုတ်နိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီများသည် ကမ္ဘောဒီးယားနိုင်ငံရှိ ပြည် တွင်း စီးပွားရေးကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်သော ဆိုမာအုပ်စုနှင့် နားလည် မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် ဘက်သိမ်ဘန်းနှင့် တာကီအို ပြည်နယ်တို့တွင် ဦးစားပေးဆောက်လုပ်သွား မည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခင်နှစ်က ပြည်ပသို့ ဆန်တန် ချိန် ၅၃ဝဝဝဝ တင်ပို့ခဲ့ပြီး ၄င်းတင်ပို့မှုအတွက် ကြိတ်ခွဲမှုမှာ ခြောက်လခန့် ကြာမြင့်ကြောင်း သိရှိရသည်။ ဘက်သိမ်ဘန်း ပြည်နယ်တွင်ရှိသည့် ဆန်ဂို ထောင်တွင် ဆန်တန်ချိန် ၄ဝဝဝဝ ခန့် သိုလှောင်ပြီး၊ လာမည့်နှစ်တွင် ဆန် တန်ချန် ၂ သိန်း သိုလှောင်နိုင်သည့် ဂိုဒေါင်ကြီးတစ်လုံးကို ဆောက်လုပ်လျက် ရှိကြောင်း သိရပါသည်။

အာရှဆန်တင်ပို့နေသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများကို ဇယား - ၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား - ၁          ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 30-6-2017 7-7-2017
ထိုင်းဆန်ဖြူ 100% 470 455
ထိုင်းဆန်ဖြူ 5% 455 439
ထိုင်းဆန်ဖြူ 25% 427 435
ထိုင်းပေါင်းဆန် 485 470
ဗီယက်နမ် ဆန်ဖြူ 5% 410 405
ဗီယက်နမ်ဆန်ဖြူ 25% 3850 380
ပါကစ္စတန် ဆန်ဖြူ 25% 375 375

ပါကစ္စတန် ပေါင်းဆန်

425 425
အိန္ဒိယ ဆန်ဖြူ 25% 365 365
အိန္ဒိယ ပေါင်းဆန် 425 430

အိန္ဒိယဈေးကွက် ပဲဈေးနှုန်း
 မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်းများ အခြေအနေ ပြဇယား။

ဇယား-၂           ဈေးနှုန်း USD.PMT
ပဲအမျိုးအမည် 29-6-2017 7-7-2017
မတ်ပဲ 706 687
ပဲစင်းငုံ 547 541
ပဲတီစိမ်း - -
ကုလားပဲဖြူလုံးကြီး 853 850

အိန္ဒိယနိုင်ငံတွင် မိုးဦးအစကောင်းမွန်သဖြင့် ပဲမျိုးစုံ စိုက်ဧက ၂၃ ရာခိုင် နှုန်းတိုးတက်ကြောင်း သိရသည်။ အိန္ဒိယအနောက်တောင်ပိုင်းရှိ ဒေသ အများ အပြားတွင် မုတ်သုံမိုး ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက်ပဲမျိုးစုံ စိုက်ပျိုး ရေးသည် တစ်နှစ်ထက်တစ်နှစ်တိုးတက်လာခဲ့ရာ ယခုနှစ်တွင် ၂၃ ရာခိုင်နှုန်း အထိ တိုးတက်စိုက်ပျိုးလာနိုင်ခဲ့သည်။ ယခင်နှစ်ပဲစိုက်ရာသီတွင် ပဲမျိုးစုံ စိုက် ပျိုးသည့် ဧရိယာသည် ဟက်တာ ၃ ဒသမ ၃၉ သန်း ရှိခဲ့သော်လည်း ယခု နှစ်တွင် ဟက်တာ ၄ ဒသမ ၁ သန်းအထိ တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့သည်ဟု သိရသည်။


စားအုန်းဆီ ဈေးတစ်လကျော်အတွင်း အမြင့်ဆုံးရောက်

မလေးရှား စားအုန်းဆီဈေးသည် တစ်လအတွင်း အမြင့်ဆုံး ဈေးသို့ ရောက်ရှိခဲ့ခြင်းမှာ ဇွန်လအတွင်းက စားအုန်းဆီ ထုတ်လုပ်မှု လျော့ကျလာမည် ဟု ခန့်မှန်းခဲ့၍ ယခုကဲ့သို့ တစ်ရှိန်ထိုးမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်၏ စက်တင်ဘာလအတွက် စားအုန်းဆီ ကြို ရောင်းကြိုဝယ်ဈေးသည် ၁ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ဈေးပိတ်ချိန် တွင် တစ်တန်လျှင် ရင်းဂစ် ၂၅၃၈  (အမေရိကန် ဒေါ်လာ ၅၉ဝ ဒသမ ၉၂) ရှိခဲ့သည်။ လွန်ခဲ့သည့် မေ ၂၉ ရက်က ဖြစ်ပေါ်ခဲ့သည့် စားအုန်းဆီ ဈေးသည် ၂၅၄၂ ရင်းဂစ်ရှိခဲ့သော်လည်း ၄င်းဈေးသည် ထိုနေ့တစ်နေ့တည်းတွင်သာ အမြင့်ဆုံးဖြစ်ခဲ့သည်ဟု သိရသည်။             

   မောင်သုံးသပ်

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.