23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်

ယခုတစ်ပတ်ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ချောမှာ ပုံမှန်သာ အရောင်း အဝယ်ရှိတဲ့အတွက် ဈေးငြိမ်နေပြီး ဧည့်မထဆန်မှာမူ အိတ်စပို့အဆွဲများသော ကြောင့် တစ်အိတ်လျှင် ကျပ် ၃ဝဝ မှ ၅ဝဝ အထိ ဈေးတက်လာပါသည်။ အိတ်စပို့ ၂၅ မှတ် တစ်အိတ်လျှင် ကျပ် ၁၇ဝဝဝ မှ ၁၇၃ဝဝ ဈေးရှိပါသည်။ ဇွန် ၂၂ ရက်မှ ၂၈ ရက်အထိ မြို့နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ တန် ၁၃၆ဝ၈ တန်ရှိသဖြင့် ယခင်တစ်ပတ်ထက် ဆန်အဝင်တန် ၃၈ဝဝ ကျော် ပိုမိုဝင်လာပြီး ဆန်အရောင်းအဝယ်ပြန်ကောင်းလာသည်ဟု သိရသည်။ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ဆန်နှင့်ကောက် ညှင်းဆန် ၁၂၆၅၄ တန်ကျော် တင်ပို့ခဲ့ရာတွင် မူဆယ်မှ ငစိန်ဆန် ၂၁၃၃ တန်ကျော်၊ ဧည့်မထဆန် ၅၄၆၇ တန်နှင့် ကောက်ညှင်းဆန် ၁ဝ၅ တန်ခန့်၊ ချင်းရွှေဟော်မှ ငစိန်ဆန် ၅၄၉ တန်ခန့်နှင့် ဧည့်မထဆန် ၁ဝ၅ တန်ကျော်၊ လွယ်ဂျယ်မှ ငစိန်ဆန် ၂၆ဝ ကျော် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်က စုစု ပေါင်းဆန်နှင့် ကောက်ညှင်းဆန် ၂၂၄၇၆ တန် တင်ပို့ခဲ့သဖြင့် ယခုတစ်ပတ် တွင် ၉၈၂၂ တန် လျော့နည်းခဲ့ပါသည်။ ယခုတစ်ပတ် ပင်လယ်ရေကြောင်း မှ ဈေးကွက်သစ်အဖြစ် ဆီနီဂေါနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅ဝဝ တင်ပို့ခဲ့သည် ဟု သိရပါသည်။


ပဲမျိုးစုံတင်ပို့မှု

 ဇွန် ၁၇ ရက်မှ ဇွန် ၂၄ ရက်ထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ ဇယား-၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား - ၁        ဈေးနှုန်း USD .PMT
ပဲအမျိုးအမည် 17-6-2017 34-6-2017
မတ်ပဲ 252328 10592
ပဲတီစိမ်း 88444 2759
ပဲစင်းငုံ 150449 4600
ကုလားပဲ 29357 579
ပဲလွန်းဖြူ 11409 125
မြေထောက်ပဲ 7649 28

ယခုတစ်ပတ် ၃ဝ-၆-၂ဝ၁၇ နေ့ထိ ဘုရင့်နောင်ပဲဈေးကွက်တွင် ပဲစင်းငုံ နီ ဈေးပြန်လည်တက်ရိပ်ပြခဲ့သော်လည်း မတ်ပဲဈေးမှာ ဆက်လက်ကျဆင်းနေ ပါသည်။ ယခင်တစ်ပတ်က ပဲစင်းငုံနီတစ်တန်လျှင် ကျပ် ၅၉၁၅ဝဝ နှင့် ဈေးဆက်လက်ကျဆင်းခဲ့ရာမှ ယခုတစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၆၂၁ဝဝဝ နှင့် ဈေးပြန်မြင့်တက်လာပါသည်။ ယခင်တစ်ပတ်က မတ်ပဲ FAQ(RC) တစ်တန်လျှင်ကျပ် ၈၅၅ဝဝဝ နှင့် ဈေးကျခဲ့ပြီး၊ ယခုတစ်ပတ်တွင်လည်း တစ်တန်လျှင် ကျပ် ၈၄၉ဝဝဝ နှင့် ဆက်လက် ဈေးကျဆင်းခဲ့ပါသည်။ ထို့ အတူ မတ်ပဲ SQ(RC) လည်း ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၁ဝ၈ဝဝဝဝ နှင့် ဈေးကျခဲ့သကဲ့သို့ ယခုတစ်ပတ်တွင်လည်း တစ်တန်လျှင် ကျပ် ၁ဝ၅၇ဝဝဝ နှင့် ဈေးထပ်မံကျဆင်းခဲ့ပါသည်။ ယခုတစ်ပတ် မန္တလေး ဈေးကွက်မှာ မတ်ပဲနှင့်ပဲစင်းငုံနီတို့ ပြန်လည်ဈေးတက်လာခဲ့သည်။ ယခင်တစ်ပတ်က မတ်ပဲတစ်ပိဿာလျှင် ၁၃၈၃ ကျပ်နှင့် ဈေးကျခဲ့ရာမှ ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ၁၄၁၇ ကျပ် (တစ်တန်လျှင် ကျပ် ၈၆၇၇၅ဝ) နှင့် ပြန်လည်ဈေးတက်လာခဲ့ပါသည်။ ထို့အတူ ပဲစင်းငုံနီဈေးက လည်း ယခင်တစ်ပတ်က တစ်ပိဿာလျှင် ၉ဝ၅ ကျပ်အထိ ဈေးကျခဲ့ပြီး ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ၉၆၃ ကျပ် (တစ်တန်လျှင် ကျပ် ၅၈၉၇၃ဝ) နှင့် ဈေးပြန်လည်တက်လာပါသည်။

မူဆယ်ပြောင်း ဈေးကွက် ဈေးငြိမ်ပြီး အရောင်းအဝယ်အေး

ယခုတစ်ပတ် မူဆယ်ဈေးကွက်တွင် ပြောင်းဈေးဆက်လက်ငြိမ်နေပါ သည်။ ပြောင်းဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ၅ဝ ကီလို တစ်အိတ်လျှင် ၇၂ ယွမ် မှ ၈၂ ယွမ် (တစ်တန်လျှင် ယွမ် ၁၄၄ဝ မှ ၁၆၄ဝ ) နှင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ ယခုတစ်ပတ်တွင် တရုတ်နိုင်ငံဘက်သို့ တန်ချိန် ၁၄၂ဝဝ ကျော်သာတင်ပို့နိုင်ခဲ့သဖြင့် ယခင်တစ်ပတ်ထက် တန်ချိန် ၄ဝဝ ကျော် လျော့နည်းနေ၍ အရောင်းအဝယ်အေးနေပါသည်။

မောင်သုံးသပ်

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.