16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်
    ထိုင်းနိုင်ငံ၏ အရန်ဆန်လက်ကျန်အားလုံးနီးပါး ရောင်းချပြီးစီးခြင်း၊ ဆန် အဓိက ထုတ်လုပ်သော နိုင်ငံများတွင် ရာသီဥတုဆိုးရွားမှု ဒဏ်နှင့် ရင်ဆိုင် နေရခြင်းတို့ကြောင့် ယခုနှစ်အတွင်း ထိုင်းဆန်တင်ပို့မှုမြင့်တက်လာမည်ဟု ခန့်မှန်းနေကြသည်။ ၂ဝ၁၇ ခုနှစ်တွင် ထိုင်းဆန်တင်ပို့မှုသည် တန်ချိန် ၁၁ သန်းအထိ ရောက်ရှိလာနိုင်ကြောင်း၊ ¤င်းကဲ့သို့ဖြစ်ရခြင်းမှာ ဆန်တင်သွင်း သော နိုင်ငံများက ဝယ်လိုအားမြင့်တက်လာလျက်ရှိကြောင်းနှင့် အခြားဆန် စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများကလည်း ထုတ်လုပ်မှု ကျဆင်းနေခြင်းတို့ ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။ လာမည့် လအနည်းငယ်အတွင်း ဆန်ဈေးနှုန်း ဆက်လက်တိုးမြင့်လာဦးမည်ဟု မျှော်မှန်း၍ ပုံမှန်ဝယ်ယူနေကျ ဆန်တင်သွင်းသည့် နိုင်ငံများက ထိုင်းနိုင်ငံ လာရောင်းချနိုင်မည့် ဆန်အခြေ အနေ အကန့်အသတ်ပေါ်မူတည်၍ ကြိုတင်ကမ်းလှမ်းမှုများရှိလာသည်ဟု ဆိုပါသည်။ ထိုင်းဆန်တင်ပို့သူများအသင်းက ဆန်ဝယ်ယူရန် ကမ်းလှမ်းထားသည့် နိုင်ငံများထဲတွင် အီရန်၊ အီရတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်တို့ ပါဝင်သည်။ ထိုနိုင်ငံများသည် နှစ်ပေါင်းများစွာ ထိုင်းနိုင်ငံမှ ဆန်ဝယ်ယူရန် ရပ်တန့်နေခဲ့ပြီး ယခုအခါ အရည်အသွေးအပေါ် ဦးစားပေးလာသဖြင့် ယခုကဲ့သို့ ပြန်လည် ဝယ်ယူလိုကြခြင်းဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ၏ ဆန်ရောင်းချနိုင်မှုသည် အကန့်အသတ်ရှိလာနေသည်။ ၂ဝ၁၆ ခုနှစ်တွင် အစိုးရက တောင်သူလယ် သမားများအား အခြား စီးပွားဖြစ် သီးနှံဖြစ်သည့် ကြံကို ပြောင်းလဲစိုက်ပျိုး ရန် အားပေးခဲ့ခြင်း၊ နွေစပါးထက် ကြံစိုက်ပျိုးခြင်းက အကျိုးအမြတ်ပိုမိုရရှိ စေနိုင်၍ ဖြစ်ပါသည်။ ထုတ်လုပ်မှု ကျဆင်းသွားသဖြင့် ထိုင်းဆန်ဖြူ ၅ မှတ် ဈေးနှုန်းများ ယခင်လက အမေရိကန်ဒေါ်လာ ၄၁၆ ရှိခဲ့ရာမှ ယခုအခါ ၄၆၂ ဒေါ်လာအထိ တိုးမြင့်လာကြောင်း သိရသည်။


အာရှဆန်တင်ပို့နေသည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB  ဈေးနှုန်းများကို ဇယား-၁အတိုင်း တွေ့ရှိရပါသည်။

ဇယား -1                                ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 14-6-2017 21-6-2017
ထိုင်းဆန်ဖြူ 100% 477 476
ထိုင်းဆန်ဖြူ 5 % 462 461
ထိုင်းဆန်ဖြူ 25% 434 431
ထိုင်းပေါင်းဆန် 486 493
ဗီယက်နမ်ဆန်ဖြူ 5% 400 400
ဗီယက်နမ်ဆန်ဖြူ 25% 375 375
ပါကစ္စတန်ဆန်ဖြူ 25% 375 375
ပါကစ္စတန် ပေါင်းဆန် 425 425
အိန္ဒိယဆန်ဖြူ 365 370
အိန္ဒိယပေါင်းဆန် 410 420

အိန္ဒိယဈေးကွက် ပဲဈေးနှုန်း

မွမ်ဘိုင်းဈေးကွက်တွင်ဖြစ်ပေါ်နေသည့် ပဲမျိုးစုံဈေးနှုန်းများ အခြေအ နေပြဇယား။

ဇယား-2                              ဈေးနှုန်း USD.PMT
ပဲအမျိုးအမည် 16-6-2017 23-6-2017
မတ်ပဲ 759 715
ပဲစင်းငုံ 561 515
ပဲတီစိမ်း 774 -
ကုလားပဲဖြူလုံးကြီး 744 805

မကြာသေးမီက ဈေးနှုန်းများပြန်လည် ဦးမော့လာခဲ့သော်လည်း လက်လီ ရောင်းချရေးလုပ်ငန်းများတွင် ဝယ်လိုအားကျဆင်း လျက်ရှိသဖြင့် ဈေးနှုန်း ဆက်လက်မြင့်တက်လာမည့် အလားအလာမရှိသေးသည်ကို တွေ့ရသည်။ မြန်မာမတ်ပဲ FAQ ၏ ပေါက်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၁၈ နှင့် SQ မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၃၈ နှုန်းရှိသည်။ ပဲ မျိုးစုံဈေးကွက်တစ်ခုလုံးကို ခြုံကြည့်ပါက ဈေးနှုန်းများကျလျက်ရှိသည်။

မောင်သုံးသပ်

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.