20-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေးဝမြို့ မြို့တွင်းလမ်းများကို ဇူလိုင်လကုန်အပြီး အဆင့်မြင့်တင်ပြုပြင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1020
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန်ဈေးကွက်သတင်း

ဆန်
ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်တွင် အိတ်စ်ပို့ ၂၅ မှတ် ဆန်တစ် အိတ်လျှင် ကျပ် ၁၆၅ဝဝ မှ ၁၆၇ဝဝ နှင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ် နေပါသည်။ မူဆယ်ဆန်ဈေးကွက်တွင်လည်း ဆန်ဈေးနှုန်း အပြောင်းအလဲ သိပ်မရှိဘဲ အရောင်းအဝယ်ပုံမှန်ပဲရှိပါသည်။ မူဆယ်ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ မှတ် မှော်ဘီတစ်အိတ်လျှင် ၁၃၃ ယွမ်မှ ၁၃၅ ယွမ်၊ ဧည့်မထ ၅ မှတ် စူပါတစ်အိတ်လျှင် ၁၃၂ ယွမ်မှ ၁၃၄ ယွမ်၊ ဧည့်မထ ၁ဝ မှတ် မှော်ဘီနှင့် စူပါတစ်အိတ်လျှင် ယွမ် ၁၃ဝ မှ ၁၃၁ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ်လျှင် ၁၂၂ ယွမ်မှ ၁၂၄ ယွမ်၊ ငစိန် ၁၅ မှတ်တစ်အိတ်လျှင် ၁၁၈ ယွမ်မှ ယွမ် ၁၂ဝ၊ ငစိန် ၂၅ မှတ်တစ်အိတ်လျှင် ၁၁၃ ယွမ်မှ ၁၁၅ ယွမ်၊ မနောသုခတစ်အိတ်လျှင် ၁၁၉ ယွမ်မှ ၁၂၂ ယွမ်ရှိပြီး အပြောင်းအလဲ အနည်းငယ်သာရှိသည်။ မြို့နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ဇွန် ၈ ရက်မှ ၁၄ ရက်အထိ ၁၆၂၂၅ တန်ရှိသဖြင့် ယခင်တစ်ပတ်ထက် လျော့လာပါ သည်။ ဇွန် ၃ ရက်မှ ၉ ရက်အထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ဆန် တင်ပို့မှုမှာ မူဆယ်မှာ ငစိန်ဆန် ၃ဝ၇၇ တန်၊ ဧည့်မထဆန် ၁၄၄၁၁ တန် နှင့် ကောက်ညှင်းဆန် ၃၉၆ တန် ကျော်၊ ချင်းရွှေဟော်မှ ငစိန်ဆန် ၆၈ တန်နှင့် ဧည်မထဆန် ဆန် ၃၉၄ တန်၊ လွယ်ဂျယ်မှ ငစိန်ဆန် ၁၂ဝ၂၇ တန်ကျော် တင်ပို့ခဲ့ပြီး မောင်တောမှ ဧည့်မထဆန်တန် ၅ဝ တင်ပို့ခဲ့သည်။ စုစုပေါင်း ယခင်တစ်ပတ်ထက်တန်ချိန် ၅၈၄၈ လျော့နည်းတင်ပို့ခဲ့သည်။

ပဲမျိုးစုံတင်ပို့မှု
ဇွန် ၃ ရက်မှ ၁ဝ ရက်အထိ ပြည်ပသို့ပဲမျိုးစုံ တင်ပို့မှုမှာ ဇယား-၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား - ၁            ဈေးနှုန်း USD PMT
ပဲအမျိုးအမည်
3-6-2017
10-6-2017
မတ်ပဲ
216271
16130
ပဲတီစိမ်း
84885
1072
ပဲစင်းငုံ
122227
13580
ကုလားပဲ
28182
678
ပဲလွန်းဖြူ
11039
324
မြေထောက်ပဲ
7484
79

ယခုတစ်ပတ် ၁၉-၆-၂ဝ၁၇ နေ့ထိ ဘုရင်နောင်ပဲ ဈေးကွက်တွင် ယခင်တစ်ပတ်အထိ ဈေးဆက်တိုက်ကျဆင်းခဲ့သော မတ်ပဲဈေးသည် ယခုတစ်ပတ် တွင် ပြန်လည်တက်ရိပ်ပြခဲ့သော်လည်း ပဲစင်းငုံနီဈေးမှာမူ ပြန်လည်ကျဆင်းခဲ့သည်။ မတ်ပဲ FAQ(RC) ၏ ဈေးသည် ယခင်တစ်ပတ်က တစ်တန်လျှင် ယခုတစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၉ဝ၇ဝဝဝ အထိ ဈေးပြန်တက်လာခဲ့ သည်။ ထို့အတူ မတ်ပဲ SQ(RC) ၏ ဈေးမှာ ယခင်တစ်ပတ်က ဈေးတစ် တန်လျှင်  ကျပ် ၁ဝ၉၂ဝဝဝ အထိ ဈေးကျဆင်းခဲ့ရာမှ ယခုတစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၁၁၃၅ဝဝဝ ထိ ပြန်တက်လာခဲ့သည်။ ပဲစင်းငုံနီ၏ ဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၆၄၆ဝဝဝ ထိ ဈေးတက် ခဲ့သော်လည်း ယခုတစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၆၄ဝဝဝဝ အထိ ဈေးကျဆင်းလာခဲ့သည်။ မန္တလေးဈေးကွက်တွင်လည်း ယခင်တစ်ပတ်က ဈေးတက်ခဲ့သော ပဲစင်းငုံဈေးမှာ ကျခဲ့ပြီး မတ်ပဲဈေးကမူ ဆက်လက်ငြိမ် နေပါသည်။

မူဆယ်ပြောင်းဈေးတက်ပြီး အရောင်းသွက်နေ
ယခုတစ်ပတ်တွင် မူဆယ်ဈေးကွက်၌ ပြောင်းဈေးတက်ခဲ့သည်။ ရက် သတ္တသုံးပတ်ဆက်၍ ပြောင်းဈေး ၅ဝ ကီလိုတစ်အိတ်လျှင် ယွမ် ၇ဝ မှ ယွမ် ၈ဝ သာရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် ၇၂ ယွမ်မှ ၈၂ ယွမ် (တစ် တန်လျှင် ယွမ် ၁၄၄ဝ မှ ယွမ် ၁၆၄ဝ ထိ) ဈေးတက်ခဲ့သည်။ တရုတ်နိုင်ငံ သို့ တင်ပို့မှုမှာလည်း ယခင်တစ်ပတ်ူက တန်ချိန် ၁၄၉ဝဝ တင်ပို့နိုင်ခဲ့သလို ယခုတစ်ပတ်တွင်လည်း တန်ချိန် ၁၅ဝဝဝ ကျော်တင်ပို့နိုင်ခဲ့သဖြင့် အရောင်း အဝယ်သွက်ခဲ့ပါသည်။

မောင်သုံးသပ်

မောင်သုံးသပ်
 
Untitled Document
sithu said...
Wednesday 28 June 2017, 11:34 pm
thank you sir
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.