27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ဆန်အဓိက တင်သွင်းသော နိုင်ငံများ၏ ဝယ်လိုအားမြင့်တက်လာမှု ကြောင့် ထိုင်းဆန်ဈေးနှုန်းသည် လေးနှစ်အတွင်း အမြင့်မားဆုံးနှုန်းသို့ ရောက် ခဲ့သည့် နည်းတူ ဗီယက်နမ်ဆန်ဈေးနှုန်းမှာလည်း နှစ်နှစ်အတွင်း အမြင့်ဆုံး နှုန်းသို့ ရောက်ရှိခဲ့ကြောင်း ယခုဇွန်လ ၈ ရက်တွင် ကုန်သည်များက ပြော ကြားခဲ့သည်ကို ရိုက်တာသတင်းတွင် ဖော်ပြထားပါသည်။ ထိုင်း ၅ မှတ် ဆန်၏ အခြေခံထားဈေးနှုန်းမှာ ဘန်ကောက်အက်ဖ်အိုဘီဈေးနှုန်းအရ တစ် တန်လျှင် အမေရိကန် ဒေါ်လာ ၄၄ဝ မှ ၄၅၇ အကြားရှိခဲ့ရာ ယခင်ရက် သတ္တပတ်အတွင်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃ဝ မှ မြင့်တက် လာခြင်းဖြစ်သည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ကုန်သည်များ စတင်တင်ပို့ သော မတ်လမှစ၍ မှန်မှန်မြင့်တက်လာခဲ့ရာ ၂ဝ၁၃ ခုနှစ် သြဂုတ်လ နောက် ပိုင်း တစ်ကြိမ်မျှမရောက်ဖူးသေးသော အခြေအနေကို ရောက်ရှိခဲ့သည်။ ဗီ ယက်နမ် ၅ မှတ် ဆန်မှာ ဆိုင်ဂုံအက်ဖ်အိုဘီဈေးအရ တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၉၅ ဒသမ ၄ဝဝ အထိ ရောက်ရှိခဲ့ရာ ယခင်ရက်သတ္တပတ် က ရှိခဲ့သော တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃ဝဝ မှ မြင့်တက်လာ ခြင်းဖြစ်ပြီး ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ နောက်ပိုင်းအမြင့်ဆုံးဈေးနှုန်းဖြစ်သည်။

အာရှဆန်တင်ပို့သည် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများ အခြေပြဇယား။

ဇယား - ၁                         ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 1-6-2017 7-6-2017
ထိုင်းဆန်ဖြူ 100% 453 470
ထိုင်းဆန်ဖြူ  5% 430 455
ထိုင်းဆန်ဖြူ  25% 414 429
ထိုင်းပေါင်းဆန် 460 470
ဗီယက်နမ်ဆန်ဖြူ   5% 372 372
ဗီယက်နမ်ဆန်ဖြူ  25% 350 350
ပါကစ္စတန်ဆန်ဖြူ  25% 380 375
ပါကစ္စတန် ပေါင်းဆန် 430 425
အိန္ဒိယ ဆန်ဖြူ 25% 365 365
အိန္ဒိယ ပေါင်းဆန် 410 410

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

 မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်းများ အခြေပြ ဇယား။

ဇယား- ၂           ဈေးနှုန်း USD.PMT
ပဲအမျိုးအမည် 2-6-2017 9-6-2017
မတ်ပဲ 737 723
ပဲစင်းငုံ 543 556
ပဲတီစိမ်း 646 630
ကုလားပဲဖြူလုံးကြီး 823 840

 မြန်မာနိုင်ငံမှ တင်သွင်းလာသော ပဲစင်းငုံနီဈေးမှာ CIF အခြေခံဈေးနှုန်း အရ ယခင်ရက်သတ္တပတ်က တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၅ နှုန်း ရှိခဲ့ရာမှ ယခုရက်သတ္တပတ်တွင် အမေရိကန်ဒေါ်လာ ၅၃၉ နှုန်းရှိခဲ့သည်။ မတ်ပဲ FAQ ဈေးမှာ တစ်တန်လျှင် ယခင်ရက်သတ္တပတ်ကရှိခဲ့သည့် အမေရိကန် ဒေါ်လာ ၇၃၈ နှုန်းအတိုင်းရှိပြီး SQ ဈေးမှာ ယခင်ရက်သတ္တပတ်က အမေရိကန်ဒေါ်လာ ၉၄၂ ဒသမ ၇ မှ ယခုအခါ အမေရိကန်ဒေါ်လာ ၉၁၈ နှုန်း၊ ပဲတီစိမ်းမှာ ယခင်ရက်သတ္တပတ်က အမေရိကန်ဒေါ်လာ ၉၁ဝ ရှိခဲ့ရာ မှ ယခုအခါ အမေရိကန်ဒေါ်လာ ၈၅၅ ရှိလာခဲ့သည်။

ပဲဈေးနှုန်းကျဆင်းနေမှုအစိုးရက ဖြေရှင်းပေးရန် အိန္ဒိယဗဟိုဘဏ်တိုက်တွန်း

 ရောင်းလိုအား အလျှံပယ်မြင့်တက်နေမှုကြောင့်ပဲမျိုးစုံဈေးနှုန်းကျဆင်း လျက်ရှိရာ ၄င်းဈေးနှုန်း ကျဆင်းမှုကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရက ဝင်ရောက်၍ ထိန်းသိမ်းကွပ်ကဲပေးရန် အိန္ဒိယ ဗဟိုဘဏ်က တိုက်တွန်း ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ယခုနှစ်အတွင်း ပဲမျိုးစုံထွက်ရှိမှုမှာ စံချိန်တင်မြင့်တက်ခဲ့သဖြင့် ဈေးနှုန်းများကျဆင်းလျက်ရှိရာ အထူးသဖြင့် ပဲစင်းငုံခွဲခြမ်းဈေးနှုန်းမှာ အနိမ့်ဆုံးထောက်ပံ့ကြေးဈေးနှုန်းဖြစ်သည့် တစ်ကွင် တယ်လျှင် ရူပီး ၅ဝ၅ဝ အောက်သို့ ကျဆင်းခဲ့သည်။

မောင်သုံးသပ်

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.